MEMC Simultaneous Interpretation, Translation device, System Rental Myanmar
17/10/2025
📡 Simultaneous Interpretation System (SiS) ဆိုတာ အတိုချုပ်ပြောရရင်တော့ —
အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ညီလာခံတွေ၊ ဖိုရမ်တွေ၊ သင်တန်းတွေ၊ Online Conference တွေ နဲ့ အခြားသော Event အမျိုးမျိုးတွေမှာ ဘာသာစကားတခုကနေ အခြားဘာသာတွေကို အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးနိုင်ဖို့ အသုံးပြုတဲ့ စနစ် တစ်ခု ဖြစ်ပါတယ်။ 🎧💬
ဘာသာစကားတခုကနေ အခြားတခုကို ဘာသာပြန်တဲ့အခါ ယေဘုယျအားဖြင့် Translation နဲ့ Interpretation ဆိုပြီးရှိပါတယ်။
သူတို့ နှစ်ခု ဘာကွာလဲဆိုတော့ အဓိကအားဖြင့် Format ကွာပါတယ်။
📖 Translation က ပုံနှိပ်ထားတဲ့ သို့မဟုတ် ရေးသားထားတဲ့ စာရွက်စာတမ်းတွေကို (ဥပမာ - စာအုပ်၊ အစီရင်ခံစာ စသဖြင့်) ဘာသာပြန်တာကိုဆိုလိုပြီး
Interpretation ကတော့ အသံနဲ့ စကားပြောပြီး ဘာသာပြန်တာကို ဆိုလိုပါတယ်။
💼 အခု ဒီ Post မှာ ပြောပြပေးချင်တာကတော့ အသံနဲ့ စကားပြောပြီး ဘာသာပြန်တဲ့ Interpretation ပဲဖြစ်ပါတယ်။
Interpretation မှာ အခြေခံအားဖြင့် လုပ်ဆောင်ချက်ပုံစံ (mode) အလိုက် အောက်ပါအတိုင်း အုပ်စု (၄) ခု ခွဲထားပါတယ်။
၁။ စကားကြားခံ ဘာသာပြန်ခြင်း (Consecutive Interpretation) 🎙️
အလုပ်လုပ်ပုံ - မူလစကားပြောသူက စကားအပိုင်းတစ်ခု (၂ မိနစ်၊ ၅ မိနစ် စသည်) ပြောပြီးတိုင်း ရပ်ပေးရပါတယ်။
ဘာသာပြန်ဆိုသူ (Interpreter) က သူမှတ်ထားတဲ့ မှတ်စုကို ကြည့်ပြီး အဲ့ဒီအပိုင်းကို ဘာသာပြန်ပေးရပါတယ်။
အသုံးပြုသည့်နေရာများ - သတင်းစာရှင်းလင်းပွဲများ၊ တရားရုံးတွင်း သက်သေခံပြောဆိုမှုများ၊ ဆရာဝန်-လူနာ တွေ့ဆုံမှုများ စသဖြင့်
အားသာချက် - စက်ပစ္စည်း မလိုအပ်ပါ။ ဘာသာပြန်ဆိုမှု ပိုမိုတိကျနိုင်ပါတယ်။
အားနည်းချက် - မူလစကားပြောတာရယ် ဘာသာပြန်တာရယ် စုစုပေါင်း အချိန် နှစ်ဆ ကြာနိုင်ပါတယ်။
၂။ အချိန်နှင့် တပြေးညီဘာသာပြန်ခြင်း (Simultaneous Interpretation) 📡🎧
အလုပ်လုပ်ပုံ - မူလစကားပြောသူ ပြောနေစဉ်မှာပဲ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုသူက (Interpreter Booth) လို့ခေါ်တဲ့ အလုံပိတ် သီးသန့်အခန်းငယ်လေးထဲကနေ နားကြပ်နဲ့ နားထောင်ပြီး မိုက်ကရိုဖုန်းကနေ တစ်ပြိုင်နက် ဘာသာပြန်ဆိုတာဖြစ်ပါတယ်။
အသုံးပြုသည့်နေရာများ - နိုင်ငံတကာညီလာခံကြီးများ၊ ထိပ်သီးအစည်းအဝေးများ၊ ဖိုရမ်များ စသဖြင့်
အားသာချက် - အချိန်ကုန်သက်သာပြီး ပွဲအစီအစဉ် ကြာမြင့်မှုကို လျှော့ချနိုင်ပါတယ်။
အားနည်းချက် - စက်ပစ္စည်းတွေ (Audio System၊ Simultaneous Interpretation System၊ Broadcasting System စသဖြင့်) လိုအပ်တယ်။
ဘာသာပြန်ဆိုသူအတွက် အတွေ့အကြုံ အများကြီးလိုအပ်ပါတယ်။ အချိန်နဲ့တပြေးညီ တောက်လျှောက် ဘာသာပြန်ရတဲ့အတွက် တာဝန်လည်းကြီးသလို အင်မတန်ပင်ပန်းပါတယ်။
၃။ တီးတိုးပြောဘာသာပြန်ခြင်း (Whispered Interpretation / Chuchotage) 💬
အလုပ်လုပ်ပုံ - တီးတိုးပြောဘာသာပြန်ခြင်းဟာ Simultaneous Interpretation လို အချိန်နဲ့တပြေးညီ ဘာသာပြန်တာပါပဲ။
သို့ပေမယ့် ဘာသာပြန်ဆိုသူ (Interpreter) က စက်ပစ္စည်းတွေ မသုံးဘဲ နားထောင်သူ ဘေးကနေ တီးတိုးပြောပြီး ဘာသာပြန်ပေးတာဖြစ်ပါတယ်။
အသုံးပြုသည့်နေရာများ - နိုင်ငံအကြီးအကဲတွေ တဦးချင်းတွေ့ဆုံကြတဲ့ အစိုးရပိုင်းဆိုင်ရာ VIP Meeting တွေ၊ စီးပွားရေးတွေ့ဆုံမှုတွေ၊ တရားရုံးကြားနာမှုတွေ စသဖြင့်
အားသာချက် - စက်ပစ္စည်းမလို၊ လွယ်ကူပြီး ချက်ချင်း ဘာသာပြန်နိုင်ပါတယ်။
အားနည်းချက် - နားထောင်သူ လူအများကြီးအတွက် မသင့်တော်ပါ။ တဦးနှစ်ဦးလောက်ပဲ အဆင်ပြေပါတယ်။
၄။ အဝေးမှ ဘာသာပြန်ခြင်း (Remote Interpretation) 🌐💻
အလုပ်လုပ်ပုံ - ဘာသာပြန်ဆိုသူ (Interpreter) နဲ့ စကားပြောသူ/နားထောင်သူတွေဟာ တစ်နေရာထဲမှာ မရှိပဲ၊ အင်တာနက်နည်းပညာကို အသုံးပြုပြီး Zoom, Microsoft Teams, Webex စတဲ့ ဗီဒီယိုခေါ်ဆိုမှုပလက်ဖောင်းတွေကနေ တစ်ဆင့် အဝေးတနေရာကနေ ဘာသာပြန်ခြင်းဖြစ်ပါတယ်။
COVID ကပ်ရောဂါကာလကစပြီး ဒီစနစ်ရဲ့ အရေးပါမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာ အသုံးပြုပြီး ရုပ်မပါဘဲ အသံနဲ့ ဘာသာပြန်တာလည်းရှိပါတယ်။
အသုံးပြုသည့်နေရာများ - ရုံးဖုန်းခေါ်ဆိုမှုများ၊ ချက်ချင်းအကူအညီလိုအပ်သည့်အခြေအနေများ (ဥပမာ - ဆေးရုံခေါ်ဖုန်း၊ ဖောက်သည်ဝန်ဆောင်မှု)၊ အွန်လိုင်းညီလာခံများ၊ Hybrid Event များ၊ အင်တာနက်သင်တန်းများ၊ ဆေးဘက်ဆိုင်ရာ အွန်လိုင်းပညာပေးခြင်းများ စသဖြင့်
အားသာချက် - ကမ္ဘာတစ်ခြမ်းက ဘာသာပြန်ဆိုသူနဲ့ အခြားတစ်ခြမ်းက ပွဲစဉ်ကို ပထဝီအနေအထားကန့်သတ်ချက် မရှိဘဲ ချိတ်ဆက်နိုင်ပါတယ်။
ခရီးစရိတ်၊ နေထိုင်စရိတ်၊ အစည်းအဝေးခန်းမငှားခ၊ စက်ပစ္စည်းငှားရမ်းခ စသည်တို့ကုန်ကျစရိတ် သက်သာပါတယ်။
ကပ်ရောဂါ၊ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်များ ဒဏ်မှ ရှောင်လွှဲနိုင်ပါတယ်။
အားနည်းချက် - အင်တာနက်မြန်နှုန်းနှေးခြင်း၊ အသံပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးအဆင်မပြေမှုများ ဖြစ်နိုင်ပါတယ်။
ဘာသာပြန်ဆိုသူရဲ့ ပတ်ဝန်းကျင်အသံဆူညံမှု၊ သက်တောင့်သက်သာမရှိမှုတို့က ဘာသာပြန်ဆိုမှုအရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။
ဘာသာပြန်ဆိုသူနဲ့ ပွဲစဉ်တို့ရဲ့ အချိန်ဇုန်ကွာခြားမှုကြောင့် စီစဉ်ရ ခက်ခဲနိုင်ပါတယ်။
📖 Interpretation နဲ့ Translation အကြောင်း သိကောင်းစရာတွေကို နောက်ပို့စ်တွေမှာ ထပ်မံဖော်ပြပေးသွားပါဦးမယ်။
if you need any future information about our service, you can contact us +9597799777709
💼
24/02/2020
We provide the simultaneous interpretation system service for 'Nippon Koei Co., Ltd'.
Event Date - 20 February 2020
Event Time - 9AM to 5:30PM
Venue - Royal Taung Gyi Hotel
If you need any further information about our service, you can contact to +959 454500445.
05/02/2020
We provide the simultaneous interpretation system service for 'TEDxYangon 2020'.
Event Date - 2 February 2020
Event Time - 9AM to 6PM
Venue - Dulwich College (Star City).
If you need any further information about our service, you can contact to +959 454500445.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11071