MOODS Myanmar

MOODS Myanmar

Share

20/10/2025

𝐇𝐚𝐩𝐩𝐲 𝐃𝐢𝐰𝐚𝐥𝐢 𝐟𝐫𝐨𝐦 Alvor🌟

May the Festival of Lights bring good health, happiness, and prosperity to all homes. ✨🪔🪔🪔

06/10/2025

Happy Thadingyut everyone!🪔🪔🪔

ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မိဘပြည်သူအပေါင်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ၊ချစ်ခင်ရသော မိဘ၊ ဆွေမျိုး၊ ဆရာသမားများနှင့် မိတ်ဆွေများနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရနေ့ရက်များကို အတူဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မတို့ 𝗔𝗟𝗩𝗢𝗥 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်…..🙏🙏🙏🪔🪔🪔

Photos from ALVOR Healthcare's post 15/08/2025

Career Opportunities in ALVOR!

Team အသစ်အတွက်ပါ။
အောက်က position တွေလျှောက်လို့ရပါတယ်နော်
~MSR - Yangon (6 post),Mandalay (5 post),Magwe (1 post), Taungyi (1 post) , Pathein -(1 post) , Taungoo -(1 post),Nay Pyi Taw -(2 post)
~Product Manager - 1 post
~ABM - Yangon (1 post) , Mandalay (2 post)
~SR - Yangon (2 post)

Email or Viber မှာ CV ပို့လို့ရပါတယ်

Interested candidates may send CV to [email protected] or Viber 09952845242

23/06/2025

Latex Condom ဆိုတာဘာလဲ?
Latex condom တွေကို သဘာဝရော်ဘာ (natural rubber latex) ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး
➡️ မပေါက်ပြဲပဲတာရှည်ခံနိုင်မှု (Durability)
➡️ ဆွဲဆန့်နိုင်မှု (Elasticity)
➡️ ကာကွယ်မှုမြင့်မားမှု (Effectiveness) တို့ကြောင့် အသုံးများကြပါတယ်။

✅ Latex Condom ရဲ့ အားသာချက်တွေက
ယုံကြည်စိတ်ချရတဲ့ကာကွယ်မှု – နည်းလမ်းမှန်ကန်စွာ အသုံးပြုမယ်ဆို မလိုလားတဲ့ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ (STD) နဲ့ HIV တို့ကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။
အလွယ်တကူ ဝယ်ယူလို့ရ – ဆေးဆိုင်၊ စတိုးဆိုင်၊ convenience store တွေနဲ့ အွန်လိုင်းကနေပါရနိုင်ပြီး အနံ့အရသာ၊ အရွယ်အစားနဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။
စျေးနှုန်းချိုသာ – Latex condom တွေက အခြား condom တွေထပ် စျေးနှုန်းပိုမိုသက်သာပြီး လူတိုင်းအတွက် အလွယ်တကူ ဝယ်ယူနိုင်စေပါတယ်။

⚠️ Latex Condom သုံးတဲ့အခါ သတိထားရမယ့် အချက်တွေကတော့
❗ Latex Allergy – အချို့လူတွေမှာ latex နဲ့ ဓာတ်မတည့်မှုကြောင့် နာကျင်မှု၊ ယားယံမှုနှင့် ေရာင်ရမ်းမှုစတဲ့ ဓာတ်မတည့်မှုများ ဖြစ်နိုင်ပါတယ်။
⚠️ အဆီပါဝင်မှုနှုန်းများတဲ့ ချောဆီ Lubricant နဲ့ တွဲမသုံးရပါဘူး – Petroleum Jelly, Baby Oil, Coconut Oil တွေဟာ Latex ကို ပျက်ဆီးစေနိုင်တာမလို့ တွဲမသုံးရပါဘူး။
Water based Lubricant မျိုးကိုသာ အသုံးပြုပေးရပါမယ်။

✌🏻 MOODS Condom များဟာ Latex Condom အမျိုးစားဖြစ်တာကြောင့် လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့အပြင် စျေးနှုန်းသက်သာပြီး အမျိုးစားအစုံ ရွေးချယ်လို့ရနိုင်ပါတယ်။

#ကွန်ဒုံး

14/06/2025

အဖုထစ်လေးတွေရဲ့ ထူးခြားတဲ့ ထုဆစ်မှု 🤨

🔘 ထူးခြားတဲ့ အဖုလေးတွေက ပိုမိုပြင်းထန်တဲ့ အထိအတွေ့ကို ပေးစွမ်းပြီး ပျော်ရွှင်မှုကို အသစ်တဖန် ထုဆစ်ပေးပါလိမ့်မယ်။
🔘 အရည်အသွေးမြင့် MOODS Dotted နဲ့ မမေ့နိုင်တဲ့ ခံစားမှုကို ရယူပါ။

Moods Dotted နဲ့ ထုဆစ်ထားတဲ့ ထူးခြားတဲ့ခံစားမှုကို ခံစားကြည့်လိုက်ပါ 💥

11/06/2025

MOODS နဲ့ လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်မှု ✨

လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခုပါ။
ဒါပေမဲ့ ပျော်ရွှင်မှုနဲ့အတူ လုံခြုံမှုကလည်း အရေးကြီးပါတယ်။⚠️

လိင်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုကိုယ်သာမက ကိုယ့်ရဲ့ချစ်သူကိုပါ တန်ဖိုးထားလေးစားရာရောက်ပါတယ်။ 💞

☝🏻 ကျွန်တော်တို့ရဲ့ MOODS ကွန်ဒုံးတွေက အရည်သွေးမြင့်မားပြီး လုံခြုံစိတ်ချရတဲ့အပြင် အမျိုးစားစုံလင်တာကြောင့်မလို့ သင့်ကို အမျိုးမျိုးသောပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

✅ ပျော်ရွှင်မှုနဲ့ လုံခြုံမှု တစ်ပြိုင်နက်တည်း ရယူလိုသူတွေအတွက် အကောင်းဆုံးသော ရွေးချယ်မှု MOODS….

Your Time…Your Place…Your MOODS…

04/06/2025

☝🏻 သဘောတူညီမှုရဲ့ အခြေခံအချက်အလက်တွေကို "FRIES" ဆိုတဲ့ အချက်လေးနဲ့ ရှင်းပြထားတာကို မျှဝေပေးချင်ပါတယ်။

F - လွတ်လပ်စွာပေးအပ်ခြင်း (Freely given): လိင်ဆက်ဆံမှုမှာ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ လှည့်ဖြားမှုမျိုးမှမပါဘဲ ကိုယ့်ရဲ့ လွတ်လပ်တဲ့ ဆန္ဒအလျောက် သဘောတူညီမှုရှိရပါမယ်။

R - ပြန်လည်ရုပ်သိမ်းနိုင်ခြင်း (Reversible): သဘောတူညီချက်ကို ဘယ်အချိန်မှာမဆို ပြန်လည် ရုပ်သိမ်းနိုင်ပါတယ်။ ရုပ်သိမ်းပိုင်ခွင့်လည်းရှိပါတယ်။ No means No!

I - အသိပေးခြင်း (Informed): မိမိ သဘောတူညီလက်ခံမည့်အချက်ကို ရှင်းရှင်းလင်းလင်း အသိပေးထားရမှာဖြစ်ပြီး တစ်ဖက်မှာလည်း အသိပေးထားတဲ့အတိုင်း လက်ခံလိုက်နာ ပေးရမှာဖြစ်ပါတယ်။

E - စိတ်အားထက်သန်စွာပါဝင်ခြင်း (Enthusiastic): "Yes!" ဟု စိတ်အားထက်သန်စွာနဲ့ သဘောတူလက်ခံတဲ့ အဖြေမဟုတ်ပါက "No" လို့သာ မှတ်ယူရမှာပါ။

S - သီးခြားဖြစ်ခြင်း (Specific): တစ်ကြိမ် (သို့) တစ်ခုအတွက်သာ ပေးထားတဲ့ သဘောတူညီချက်ဟာ နောက်တစ်ကြိမ်နှင့် အခြား လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အလိုအလျောက်သဘောတူညီမှု ရှိတာမဟုတ်ပါ။ အနမ်းပေးဖို့ သဘောတူညီတာဟာ လိင်ဆက်ဆံဖို့ သဘောတူညီတာမျိုးမဟုတ်ပါဘူး။



#ကွန်ဒုံး

31/05/2025

ကွန်ဒုံးရွေးတဲ့အခါမှာ ညိုကီတို့ ပထမဆုံး ဦးစားပေးရွေးချယ်တဲ့ အချက်က? 🤔

☝🏻လုံခြုံစိတ်ချရမှုရှိဖို့ (Safety First)
☝🏻ခံစားမှုအပြည့်အဝရရှိနိုင်ဖို့ (Ultimate Sensation)
☝🏻ဝတ်ရတာ သက်သောင့်သက်သာရှိဖိို့ (Comfort)
☝🏻ဈေးနှုန်းနဲ့ အရည်သွေး (Price and Quality)

တစ်ခြားအချက်တွေရှိရင် ကျန်တဲ့ညိုကီတွေသိအောင် ကွန်မန့်လေးမှာ ဝေမျှခဲ့ပေးပါဦး 😉🤝



#ကွန်ဒုံး

23/05/2025

ကွန်ဒုံးနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆများနှင့် မှန်ကန်တဲ့ အချက်အလက်များ ❌✅

အမျိုးသားသုံးကွန်ဒုံးနဲ့ပတ်သက်ပြီး အယူဆအမှားတွေ နားလည်မှုလွဲမှားတာတွေ အများကြီးရှိတတ်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် တကယ့်အမှန်တရားတွေကို သိရှိထားဖို့က အရေးကြီးပါတယ်။

အမှား ❌: ကွန်ဒုံးက ခံစားမှု (Pleasure or sensation) ကို လျော့နည်းစေတယ်။
အမှန် ✅: ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါရမှာတွေကို စိုးရိမ်ပူပန်မှု မရှိခြင်းဟာ လိင်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ မတူညီတဲ့ အမျိုးအစား၊ အရွယ်အစားတွေနဲ့ ခေတ်မှီတဲ့ ကွန်ဒုံးတွေကြောင့်မလို့ ခံစားမှုအသစ်တွေကိုပါ ရှာတွေ့စေနိုင်ပါတယ်။

အမှား ❌: ကွန်ဒုံးတွေက လွယ်ကူစွာ ပေါက်ပြဲတတ်တယ်။
အမှန် ✅: နည်းလမ်းမှန်ကန်စွာ စနစ်တကျ အသုံးပြုမယ်ဆိုရင် ကွန်ဒုံးက အလွယ်တကူ မပေါက်ပြဲပါဘူး။ လိင်ဆက်ဆံစဉ် ဖိအားတွေကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လေမဝင်အောင် မှန်ကန်စွာ စွပ်ဖို့နဲ့ သက်တမ်းလွန်မလွန်စစ်ဖို့၊ ချွန်ထက်တဲ့အရာတွေနဲ့ မထိတွေ့ဖို့ပဲ လိုပါတယ်။

အမှား ❌: ကွန်ဒုံးနှစ်ထပ်သုံးရင် နှစ်ဆပိုပြီး ကာကွယ်မှု ပေးနိုင်တယ်။
အမှန် ✅: ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပြီး ကာကွယ်မှု ပိုလျော့နည်းစေနိုင်ပါတယ်။ နှစ်ခုထပ်သုံးရင် ပွတ်တိုက်မှုကြောင့် ပေါက်ပြဲကျွတ်ထွက်နိုင်ပါတယ်။
အရည်အသွေးကောင်းတဲ့ ကွန်ဒုံးတစ်ခုကို မှန်ကန်စွာ ရွေးချယ်သုံးတာ အကောင်းဆုံးပါ။

အမှား ❌: ကွန်ဒုံးတွေမှာ အမျိုးစားမရှိဘူး၊ ဘယ်ဟာဝယ်သုံးသုံးရတယ်၊ အတူတူပဲ။
အမှန် ✅: ကွန်ဒုံးတွေမှာ အရွယ်အစား၊ ပုံစံမျိုးစုံ၊ ပြုလုပ်ထားတဲ့ ပစ္စည်းမတူညီတာတွေ မျိုးစုံရှိပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ အရွယ်စားကို ရွေးချယ်ဝယ်ယူဖို့ကလည်း အရေးကြီးပါတယ်။
MOODS Condom မှာဆို Absolute Xtasy, Ribbed, Dotted, Allnight စတဲ့ အမျိုးစားတွေလည်း ရှိတာမလို့ ခံစားမှုမျိုးစုံကို ရွေးချယ်လို့ ရပါတယ်။

အမှား ❌:ကွန်ဒုံးက ကိုယ်ဝန်တားဖို့အတွက်ပဲ သုံးတာ။
အမှန် ✅: ကွန်ဒုံးဟာ ကိုယ်ဝန်တားဆီးနိုင်တဲ့အပြင် HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအများစုကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော သန္ဓေတားနည်းလမ်း ဖြစ်ပါတယ်။

အမှား ❌: တားဆေးသုံးနေတာရှိရင် ကွန်ဒုံးထပ်သုံးဖို့မလိုဘူး။
အမှန် ✅: တားဆေးတွေဟာ ကိုယ်ဝန်ကိုပဲ တားဆီးပေးနိုင်တာပါ။ HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့်မလို့ ကူးစက်ရောဂါတွေမှ ကာကွယ်ဖို့ဆို ကွန်ဒုံးအသုံးပြုပေးဖို့လိုပါတယ်၊၊

အမှား ❌: ကွန်ဒုံးသည် လိင်အင်္ဂါချင်း ထိတွေ့မှုရှိသော လိင်ဆက်ဆံမှုအတွက်သာ ဖြစ်သည်။
အမှန် ✅: ကွန်ဒုံးကို ထိုးသွင်းမှုပြုလုပ်တဲ့ ဆက်ဆံမှုတိုင်းအတွက် အသုံးပြုဖို့လိုအပ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှာလည်း ကူးစက်ရောဂါများကို ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးပေးရပါတယ်။

အပေါ်က အချက်တွေအပြင် တစ်ခြား ကွန်ဒုံးနှင့်ပတ်သက်သည့် အယူအဆမှားတွေရှိရင် အောက်က ကွန်မန့်လေးမှာ မျှဝေပေးသွားပါဦးနော်!!!

21/05/2025

ကျန်းမာပြီး လေးစားမှုရှိတဲ့ ဆက်ဆံရေးရဲ့ အခြေခံ -
သဘောတူညီမှု (Consent) နဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုမှု (Communication) 💬💖

ဆက်ဆံရေးတိုင်းမှာ အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ဖို့အတွက် သဘောတူညီမှု ရယူခြင်းနဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းဟာ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အထူးသဖြင့် လိင်မှုကိစ္စမှာ သဘောတူညီချက် (Consent) နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှုဟာ အလွန်အရေးကြီးပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လိင်ဆက်ဆံမှုတစ်ခုကို တည်ဆောက်ဖို့အတွက် မိမိရဲ့ ဆန္ဒအပြင် တစ်ဖက်လူရဲ့ ဆန္ဒကို လေးစားဖို့နဲ့ညှိနှိုင်းဖို့လည်း လိုအပ်ပါတယ်။

✅ MOODS ကွန်ဒုံးအနေဖြင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုကိုသာ အားပေးပါတယ်။
✅ MOODS ကွန်ဒုံးက သင့်ရဲ့ လုံခြုံစိတ်ချရတဲ့ ရွေးချယ်မှုတွေကို ပံ့ပိုးပေးပြီး၊
✅ သဘောတူညီမှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးအတွက် စိတ်အေးချမ်းသာမှု ပေးနိုင်ပါတယ်။

✨ သဘောတူညီမှုနဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းကို ဦးစားပေးခြင်းဖြင့် ကျန်းမာ၊ လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို MOODS ကွန်ဒုံးနဲ့အတူ ပုံဖော်လိုက်ပါ။ ✨



#ကွန်ဒုံး

Photos from MOODS Myanmar's post 17/05/2025

အရည်သွေးမှာ စိတ်ချရတယ် 💯
အမျိုးစားစုံလင်တယ် ✅
ဆန်းသစ်တဲ့အထိတွေ့နဲ့ မတူညီတဲ့ ခံစားမှုမျိုး အတွက် Indian No.1 Condom - MOODS 💥

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon