Solutionloof

Solutionloof

Share

09/06/2020

Facebook မှာ Boost လုပ်တဲ့အခါ ကိုယ့်ရဲ့ကြေညာပို့စ်ဟာ တွေ့ကရာ လူဆီရောက်တာမျိုးမဟုတ်ဘဲ မှန်ကန်တဲ့ လူတွေဆီ ရောက်စေဖို့ Target ရွေးတဲ့အခါမှာ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ရွေးရမလဲ?

အဲလို စဉ်းစားတတ်ဖို့ Audience Analysis ဆိုတဲ့ ကိုယ့်ဝယ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုစုဆောင်းရမလဲ?

အရင်ဆုံး Target ရွေးတာ ဘာကြောင့်အရေးကြီးသလဲဆိုတာလေးကို အရင်ရှင်းပြပေးချင်ပါတယ်။ Boost လုပ်တယ်ဆိုတာက ကိုယ့်ကြေညာကို ကိုယ်ရွေးချယ်ထားတဲ့ လူအများ တနည်းအားဖြင့် Audience တွေ မြင်ရအောင် လုပ်ပေးတာပါ။

Boost လုပ်တာကို ကျတော်တို့ လက်ကမ်းစာစောင် flyer တွေ ဝေတဲ့ပုံစံမျိုးစိတ်ထဲပုံဖော်ကြည့်ရအောင်။ ကျတော် ကမ်းဇော်ဆီနဲ့ပါတ်သက်တဲ့ လက်ကမ်းစာစောင်တွေဝေချင်တယ်ဆိုရင် ပန်းခြံတို့ ရုပ်ရှင်ရုံတို့ Shopping Center တို့ရှေ့မှာ ဝေတာကောင်းလား၊ ဆေးရုံတို့ ဆေးဆိုင်ကြီးတို့အရှေ့မှာ ဝေတာကောင်းမလား။ အဲဒါ Target ရွေးတဲ့ အခြေခံသဘောတရားပါပဲ။ ကျတော့်မှာ Marketing Budget ၁ သိန်းရှိလို့ ကမ်းဇော်ဆီအကြောင်း လက်ကမ်းစာစောင် ၁ သိန်းရိုက်ပြီး ပန်းခြံတို့ ရုပ်ရှင်ရုံတို့အရှေ့မှ သွားဝေရင် Flyer ဝေတဲ့သူကတော့ ကုန်အောင် ဝေမှာပါပဲ။ Audience တွေဆီလည်း ရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် Sales ကတော့တက်လာမှာမဟုတ်ပါဘူး။ အားနာလို့ယူသွားပြီး ကွယ်ရာမှာ လွင့်ပစ်လိုက်မှာပါ။ Waste ဖြစ်သွားမှာပါ။

ဒီစာစောင်တွေကိုပဲ အသုံးပြုနိုင်တဲ့ လိုအပ်နိုင်တဲ့ လူတွေ အများစုရှိနိုင်တဲ့ ဆေးရုံတို့ တရားစခန်းတို့ အဲလိုနေရတွေမျိုးကို Target ထားပြီး ဝေရင်တော့ Flyer ၁ သိန်း ကုန်တာချင်းအတူတူ Sales တက်ဖို့ Customer အသစ်တွေထပ်ရဖို့ နီးစပ်ပါတယ်။

Facebook Boosting ကလည်း အဲသဘောပါပဲ ကျတော်တို့မှာ Marketing Budget ဒေါ်လာ ၁၀၀ ရှိလို့ Boost လုပ်လိုက်ရင်တော့ Facebook ကတော့ 100 နှင့် ကိုက်ညီတဲ့ ကိုယ် ထားထားတဲ့ Audience ထဲကလူတွေကို ရွေးပြသွားမှာပါပဲ။ ဒါပေမယ့် ကျတော်တို့ ရောင်းကုန်ကို စိတ်မဝင်စားတဲ့လူတွေဆီကိုသွားပြနေရင် သူတို့က ကျတော်တို့ကြေညာ သူတို့ဖုန်း Screen ပေါ်မှာပေါ်လာတာနဲ့ လက်မလေးနဲ့ ကျော်သွားလိုက်ရင် ကျတော်တို့ Waste ဖြစ်ပြီပေါ့။ Sales ဘယ်တက်လာတော့မလဲ။ အဲဒါကြောင့် ကိုယ့် ကုန်ပစ္စည်း ဝန်ဆောင်မှုကို တကယ်စိတ်ဝင်စားတဲ့ သူတွေဆီကို ရောက်အောင် ရွေးဖို့ အရေးကြီးတာပါ။ ဘယ်လူမျိုးလူတွေက ကိုယ့်ရဲ့ ဝယ်သူဖြစ်လာနိုင်တဲ့လူတွေလည်း ဆိုတာသေချာသိမှရောင်းရမှာပါ။

တနည်းအားဖြင့် ကိုယ့်ရဲ့ Audience ကို ကိုယ်သေချာသိနေဖို့လိုပါတယ်။ လူတိုင်းကို ရောင်းချင်လို့မရပါဘူး။ သေချာရွေးချယ်တတ်ဖို့လိုပါတယ်။

ကိုယ့် Audience အကြောင်းကို ကိုယ်သေချာသိသွားပြီဆိုရင် သူတို့အကြိုက်တွေ၊ သူတို့ကိုဆွဲဆောင်နိုင်မယ့် အပြင်အဆင်တွေ၊ သူတို့နှစ်သက်မယ့် ကမ်းလှမ်းချက်တွေနဲ့ ကျတော်တို့ Content ကောင်းကောင်းတွေ ဖန်တီးနိုင်လာပါလိမ့်မယ်။ မှန်ကန်တဲ့ Target Audience တွေလည်း ဆောက်နိုင်လာပါလိမ့်မယ်။ အဲဒီ ၂ ချက်က အောင်မြင်တဲ့ Boosting တွေ လုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။

Audience တွေအကြောင်းကို လက်ရှိ ဝယ်သူတွေဆီကနေ ရှာဖွေရပါတယ်။ ဝယ်သူတစ်ယောက်ဟာ ကိုယ့်ဆီက ပစ္စည်းတစ်ခု ဝယ်သွားပြီးပြီဆိုတာနဲ့ ပြီးသွားပြီလို့ မယူဆဘဲ သူ့ရဲ့ အကြောင်းတွေကို Customer Data Base ထဲမှာ ထည့်သွင်းတတ်ဖို့လိုပါတယ်။ အဲဒီမှာ ကိုယ်က Online ပေါ်ကနေကြေညာမယ်ဆိုရင် ကိုယ့်ရဲ့ရောင်းကုန်/ ဝန်ဆောင်မှုအလိုက် စားသုံးသူကို Target ထားမလား၊ ဝယ်သူကို Target ထားမလားဆိုတာတွေကို ခွဲခြားတတ်ရပါမယ်။ ကိုယ်က ကလေးပစ္စည်းတွေရောင်းတယ်ဆိုရင် စားသုံးသူက ကလေးဆိုပေမယ့် ဝယ်သူက မိဘပါ။ အွန်လိုင်းပေါ်ကနေကြေညာမယ်ဆိုရင် ကလေးတွေကို Target ထားပြီး သွားကြေညာလို့မရပါဘူး။ မိဘတွေကို Target ထားပြီး သူတို့ရဲ့ Needs and Wants တွေ Pain Point တွေနဲ့ Content တွေတည်ဆောက်ရပါမယ်။ ပြီးရင် သူတို့ကို Target ထားပြီး Boost ရမှာပါ။

Customer data base မှာဖြည့်ဖို့ အချက်အလက်တွေကို Customer ဘက်ကနေ လိုလိုလားပေးချင်လာအောင် ကိုယ်ဘက်က Offer ပေးရတာတွေရှိပါတယ်။

ကိုယ်သိချင်တဲ့အချက်အလက်အချို့ကို ပြောပြမယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလျှော့ပေးတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ ဝယ်သူဘက်က ဖြေဖို့ စိတ်ဝင်စားလာစေမယ့် တစ်ခုခုပေးဖို့ပဲလိုပါတယ်။ မေးရမယ့်မေးခွန်းတွေကတော့ ကိုယ့်ဘာသာသေချာစဉ်းစားရမှာပါ။ ကိုယ် Target ရွေးတဲ့အခါ ဘယ်အချက်တွေလိုအပ်မလဲဆိုတာ ကုန်ပစ္စည်းအလိုက်အများကြီးကွဲပြားသွားပါလိမ့်မယ်။

ကျတော်ကတော့ အမေးမျာတဲ့ မေးခွန်းလေးတွေပဲ ပြောပြသွားမှာပါ။ ဘယ်ကနေမေးရမယ်ဆိုတာကတော့ Google Form တွေရှိပါတယ်။ Lead Generation တွေရှိပါတယ်။ အဲဒါတွေမလုပ်တတ်ဘူးဆိုရင် ဖုန်းဆက်ပြီးမေးလို့ရပါတယ်။ ကိုယ်ကအပြင်မှာပါ ဆိုင်နဲ့ရောင်းနေတယ်ဆိုရင် အပြင်မှာတစ်ခါတည်း ဖြည့်ခိုင်းလို့လည်းရပါတယ်။

Facebook Marketing အတွက် အမေးများကြတာကတော့ အသက်၊ မြို့နယ်၊ ကိုယ့်ကုန်ပစ္စည်းကို ဘယ်ကနေသိတာလဲ၊ Facebook ကဆိုရင် ဘယ်ကြေညာကို ကြည့်မိပြီး စသတိထားမိသွားတာလဲ၊ ဘာအတွက် ဝယ်တာလဲ၊ ဘယ်အချက်ကြောင့် ဒီကုန်ပစ္စည်းက ဝယ်သင့်တယ်ထင်ပြီး ဝယ်ဖြစ်သွားတာလဲ၊ စသဖြင့်မေးကြပါတယ်။

အချို့ဆိုရင် မွေးနေ့တွေပါမေးကြပါတယ်။ ပြီးရင် အဲနေ့ရောက်တာနှင့် မွေးနေ့မှာပျော်ရွှင်ပါစေ၊ ဘယ်ကုမ္ပဏီကပါ စသဖြင့် Messenger/ စာတိုလေးတွေ (သို့မဟုတ်) Viber ကနေတဆင့် ပို့ပေးကြပါတယ်။ ဝယ်သူက ကြွေပြီပေါ့ဗျာ၊ အဲလိုလေးတွေသာပို့ပေးလို့ကတော့။

ပိုစ်လေးက တော်တော်ကို ရှည်သွားပါပြီ အချုပ်ပြန်ပြောရမယ်ဆိုရင် Facebook မှာ Boosting လုပ်တာကမီးလိုပါပဲ။ သုံးတတ်ရင် အရမ်းအကျိုးရှိပြီး မသုံးတတ်ရင် ရှိတာလေးတွေကုန်သွားမှာပါ။ Audience တွေအကြောင်းကို သိအောင်လုပ်ပါ။ ဝယ်သူတွေက သူတို့အကြောင်းတွေကို အရမ်းပြောပြချင်တာပါ။ ကိုယ်ဘက်က နားထောင်တတ်ဖို့ပဲလိုပါတယ်။ ပြီးရင် Data Base ကောင်းကောင်းတည်ဆောက်ပါ။ ပြီးရင် သေချာ Plan ချပြီး သူတို့လိုလူမျိုတွေဆီကို ကိုယ့်ကြေညာတွေရောက်အောင် Boost တွေလုပ်ကြည့်ပါ။

တကယ်လို့ မိတ်ဆွေမှာ အဲလိုတွေလိုက်လုပ်နေဖို့ အချိန်တွေမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဖို့မဖြစ်နိုင်ရင် အကောင်းဆုံးနည်းက နားလည်တတ်ကျွမ်းတဲ့သူတွေကို လုပ်ခိုင်းတာပါပဲ။ အဲဒီအတွက် ကျွန်တော်တို့ မိတ်ဆွေကို အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ အလွန်သက်သာတဲ့ နှုန်းထားများနှင့်

👉page Management Services တွေ
👉Auto Reply Chat Bot Services တွေအပြင်
👉ရောင်းအားတက်စေမယ့် Copy Writing တွေ
👉Branding ဖြစ်စေမယ့် Content Writing Services တွေ
👉Boosting Services တွေကို တစ်ခုချင်းသော်လည်းကောင်း Package အလိုက်သော်လည်းကောင်း ဝန်ဆောင်မှုပေးနေပါတယ်။

စိတ်ဝင်စားရင်တော့ ဖုန်းလေးနဲ့သာ ဆက်သွယ်လိုက်ပါ။ ပြီးမှ လုပ်သင့်မလုပ်သင့် စဉ်းစားပါ။

Your Business is Our Business
Solutionloof
09-958126185

04/06/2020

ရောင်းအားတက်စေမယ့် Content တွေရေးဖို့ဆိုတာ မိတ်ဆွေမှာ Audience Analysis ကောင်းကောင်းရှိဖို့လိုပါတယ်။ မိတ်ဆွေဆီက ဘယ်လိုလူတွေ ဝယ်နေတယ်ဆိုတာ မိတ်ဆွေကောင်းကောင်းသိဖို့လိုတယ်။ နောက်ပြီး လူတွေရဲ့ Purchase Decision တွေက Logic Thinking နဲ့ စဉ်းစားပြီး ဝယ်တာက ရှားပါတယ်။ Emotion ကို ဉီးစားပေးပြီး ဝယ်ချင်လို့ကို ဝယ်တာတွေကများပါတယ်။

အခုမိတ်ဆွေအနားမှာရှိတဲ့ ကုန်ပစ္စည်းတွေ ဒါမှမဟုတ် မိတ်ဆွေရဲ့ ဗီရိုထဲက အဝတ်အစားတွေကို တချက်စဉ်းစာကြည့်ပါ။ အဲဒါတွေ ဝယ်တုန်းက မိတ်ဆွေ Logic ကျကျစဉ်းစားပြီး တကယ် လိုအပ်လို့ဝယ်ခဲ့တာလား ခံစားချက်ကို ဉီးစားပေးပြီး ဝယ်ချင်လို့ ဝယ်ခဲ့တာလားဆိုတာကို…

မိတ်ဆွေရဲ့ ကုန်ပစ္စည်းတွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေက သက်ဆိုင်ရာ ဝယ်သူတွေအနေနဲ့ ဝယ်ကို ဝယ်သင့်တဲ့ ကုန်ပစ္စည်းတွေပါ။ မဟုတ်ရင် မိတ်ဆွေဘာလို့ရောင်းနေမလဲ… ဒါဖြင့်ရင် သူတို့ ဝယ်သင့်ပါလျက်နဲ့ ဘာလို့ မိတ်ဆွေဆီကမဝယ်ဘဲ ပြိုင်ဘက်တွေဆီကနေဝယ်နေကြလဲ…

မိတ်ဆွေရဲ့ အားသာချက်တွေ၊ ယုံကြည်စရာကောင်းတာတွေ၊ မိတ်ဆွေဆီက ဝယ်ယူလိုက်ချင်းဖြင့် သူတို့ ရရှိသွားစေမယ့် အကျိုးကျေးဇူးတွေ၊ မိတ်ဆွေရဲ့ သူတို့အပေါ် ဂရုစိုက်မှုတွေကို သူတို့ သိအောင် သင့်လျော်တဲ့ အချိန်မှာ သင့်လျော်တဲ့ နေရာတွေကနေ မိတ်ဆွေသေချာပြောပြဖို့ လိုနေပါပီ။

သတိထားမိစေမယ့်၊ စိတ်ဝင်စားစေမယ့် လိုချင်စိတ်တွေဖြစ်လာစေမယ့် အခုချက်ချင်း မိတ်ဆွေဆီကို ဆက်သွယ်လာစေမယ့် Content ဖန်တီးမှုတွေ မိတ်ဆွေလိုနေပါပြီ။

အဲဒီလို စံချိန်မှီ Content တွေကို Boost လုပ်ရင် Target ဘယ်လိုဆောက်မလဲ၊ Interest ဘယ်လိုတွေထားမယ်၊ ဘယ် နရက်လောက် Run မလဲ၊ ပြီးရင် ဘယ်လို analysis ပြန်လုပ်မလဲ၊ ပိုကောင်းလာအောင် ဘယ်လိုတွေ ထပ်ပြင်ဆင်မလဲ စတာတွေကို မိတ်ဆွေလိုနေပါပြီ။

အဲဒီအရေးကြီးတဲ့ အခြေခံအချက်တွေကို မိတ်ဆွေအနေနဲ့ မလုပ်ချင်ဘူး၊ မလုပ်တတ်ဘူး၊ မလုပ်အားဘူးဆိုရင်တော့ လုပ်တတ်တဲ့သူတွေကို လုပ်ခိုင်းလိုက်တာ မိတ်ဆွေအတွက် မှန်ကန်ပြီး ပိုအကျိုးရှိပါလိမ့်မယ်။

ကျွန်တော်တို့ စားသောက်ဆိုင်တွေ၊ စားသောက်ကုန်တွေနဲ့ စီးပွားရေး လုပ်ငန်းများစွာကို Facebook Marketing နဲ့ပါတ်သက်ပြီး ကူညီ လုပ်ကိုင်ဝန်ဆောင်မှုပေးခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ။

ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့ Solutionloof ရဲ့ ဝန်ထမ်းတွေက မိတ်ဆွေရဲ့ page အတွက် Setting ချိန်တာကအစ Content Creation တွေ၊ Boosting တွေ အလယ် Google Map Marketing တွေ Chat Bot Marketing တွေအဆုံး မိတ်ဆွေအတွက် လိုအပ်မယ်ထင်တာတွေအကုန်လုံးကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထိထိမိမိ ကူညီဖြေရှင်းပေးနိုင်ပါတယ်။

စမ်းကြည့်ရကောင်းမလားလို့ စဉ်းစားနေတယ်ဆိုရင်တော့ တွေဝေမနေဘဲ အခုပဲ ဒီဖုန်းနံပါတ် 09-958126185 လေးကို ဆက်ပြီးစုံစမ်းကြည့်ပါ။ နောက်ပြီးမှ လုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်ကြတာပေါ့...

မကြာခင်တွေ့ကြမယ်...

08/05/2020

မိတ်ဆွေရဲ့ အလားအလာရှိတဲ့ ဝယ်သူတွေမေးသမျှကို ၂၄ နာရီအချိန်ပြည့် ဖြေကြားပေးပြီး လစာမပေးရတဲ့ ဒါမျိုး Chat Bot လေးတွေလုပ်ချင်တယ်ဆိုရင် ဖုန်း 09-958126185 ကို အခုပဲဆက်သွယ်လိုက်ပါနော်...

အောက်မှာ ကျွန်တော်တို့ လုပ်ပေးထားတဲ့ နမူနာ Chat Bot လေးတွေရှိပါတယ်။ ဝင်သုံးကြည့်ပေးပါဦး။

https://m.me/STK.BakerySupplyShop

https://m.me/897416027258169

https://m.me/koreanrestaurantmyanmar

https://m.me/mrcowmyanmar

ကိုယ့်စိတ်ကြိုက်ဖန်တီးထားလို့ရတဲ့ Chat Bot လေးတွေကို အပြီးအစီး life time warranty နဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ အသုံးပြုမယ့် Flow များအပေါ်မူတည်ပြီး ကျပ် ၁ သောင်းကနေစ အပ်လို့ရပါတယ်ခင်ဗျာ။

ဒါ့အပြင် မိတ်ဆွေရဲ့ page မှာလိုအပ်နေတဲ့ Setting ချိန်ညှိမှုတွေနဲ့ Error တွေကိုပါ အခမဲ့ပြင်ဆင်ပေးသွားပါဦးမယ်။ 😍

အခုပဲဆက်သွယ်လိုက်တော့နော်...

10/03/2020

🤗
Solutionloof Myanmar Companyတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများလိုအပ်လျှက်ရှိပါသည်

(1) ✍️Content Engagement Specialist (Full time) (Male/Female (3)Post)
----------------------------------------------
- ဘွဲ့ရရှိပြီးသူဖြစ်ရမည် ☺️
- Facebook Digital Marketingအတွက် Review အရေးအသား ကျွမ်းကျင်ရမည်
- အစားအသောက်တွေလိုက်စားပြီးတော့ Review
ကောင်းကောင်းရေးနိုင်ရမည်
- အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသူဖြစ်ရမည်
- Customers နှင့်ကောင်းမွန်ပြေပြစ်စွာပြောဆိုတတ်ရမည်
- အတွေ့အကြုံရှိသူ ဦးစားပေးမည်



👇👇👇👇👇
အလုပ်ချိန် - မနက် (9:00) မှ ညနေ (6:00)အထိ
✌ (စနေနေ့တစ်ဝက်/တနင်္ဂနွေ)ပိတ်သည် ✌️
Gyo Phyo St, Mingalar Taung Nyunt Tps, Yangon.
😇လျှောက်ထားလိုသူများသည် CV form,ရက်ကွက်ထောက်ခံစာ,အိမ်ထောင်စုစာရင်း,ပညာအရည်အချင်းထောက်ခံစာမိတ္တူတို့နှင့်အတူ
[email protected]
သို့ပေးပို့လျှောက်ထားနိုင်ပါသည်....😇
Ph No. 09450339078

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon