Aung Chan Thar Photography

Aung Chan Thar Photography

Share

02/07/2026

USD10,000 ထိုက်တန်ခဲ့တဲ့
ဒီဓာတ်ပုံလေးက အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ် 📸🎉

၂၀၂၂ ခုနှစ်မှာ အင်ဒိုနီးရှားကို
YAS Program နဲ့ သွားခွင့်ရခဲ့ပြီး ဒါဟာ ကျွန်တော့်အတွက် ပြည်ပကို ပထမဆုံးအကြိမ် ထွက်ဖူးခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားကို သွားခွင့်ရမယ်ဆိုတော့ ကျွန်တော်တို့ ဓာတ်ပုံဆရာတိုင်းလိုလို ရောက်ဖူးချင်တဲ့ Bromo မီးတောင်ကို သွားချင်စိတ်က အလိုလို ဖြစ်ပေါ်လာခဲ့ပါတယ်။

အရင်က အွန်လိုင်းကနေပဲ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ကူးယဥ်ခဲ့ရတာပါ။ အခုတော့ အင်ဒိုနီးရှားကို ရောက်တုန်း အဲ့ကို ရောက်အောင်သွားမယ်ဆိုပြီး လက်ထဲရှိတဲ့ ပိုက်ဆံလေးတွေဆုပြီး USD500 ဝယ်ပြီး သွားခဲ့ပါတယ်။ YAS Program နဲ့ သွားခွင့်ရတာဆိုတော့ အင်ဒိုနီးရှား အသွားအပြန် လေယာဥ်လက်မှတ်တွေ သူတို့ဘက်က အားလုံးစီစဥ်ပေးတာမို့ အပြန်ရက်ကို Program အပြီး (၃) ရက်လောက်ခွာပြီး ဖြတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပထမဆုံးအကြိမ် ပြည်ပခရီးသွားဖူးတာဆိုတော့ စီစဥ်ထားတာတွေ တော်တော်များများ လွဲချော်ပြီး Bromo မီးတောင်ကို ကိုယ်ရောက်နေတဲ့ နေရာကနေ လေယာဥ်စီးပြီးသွားမှ အိမ်ပြန်ရက်နဲ့ အချိန်မှီနိုင်တော့မှမို့ ကုန်ကျစရိတ်လည်း ထင်ထားတာထက် ပိုကုန်ခဲ့ပါတယ်။ အတူသွားမယ့် ကမ္ဘောဒီးယားက သူငယ်ချင်းကိုလည်း သူအဆင်ပြေအောင် လေယာဥ်လက်မှတ်ဖိုး ကူစိုက်ပေးခဲ့တာမို့ အသုံးစရိတ်ကိုတောင် ချွေတာသုံးခဲ့ကြရပါတယ်။

Bromo မီးတောင်ကို ရောက်အောင် သွားနိုင်ခဲ့ပေမယ့် ရိုက်ကူးချိန်က တစ်ရက်ပဲ ရတာမို့ တောင်ပေါ်မတက်ခင် ညက ရင်တွေ အရမ်းခုန်ခဲ့ရပြီး မနက် (၂) နာရီလောက် ထသွားခဲ့ရတာမို့ အိပ်တောင် မအိပ်လိုက်ရပါဘူး။ အိပ်ရေးမဝပေမယ့် Bromo မီးတောင်ရဲ့ ဒီလိုလှပတဲ့ မနက်ခင်းမြင်ကွင်းကို လက်တွေ့မြင်ခွင့်ရပြီး ဓာတ်ပုံတွေ တဝကြီး ရိုက်ခွင့်ရခဲ့တာမို့ အဲ့နေ့ကို ဘယ်တော့မှ မေ့လို့ရတော့မှာ မဟုတ်ပါဘူး။

လူငယ်တစ်ယောက်အနေနဲ့
ဓာတ်ပုံဝါသနာရှင်တစ်ယောက်အနေနဲ့ ကမ္ဘာပေါ်က အလှဆုံးနေရာတွေထဲက တစ်ခုကို ကိုယ်စိတ်ကူးယဥ်ထားတဲ့ မြင်ကွင်းအတိုင်း ထိတွေ့ခွင့်ရခဲ့တာဟာ ဘဝရဲ့ အလှပဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

ကျွန်တော်က ပြိုင်ပွဲတွေ ပြိုင်တယ်ဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ ပြိုင်ပွဲအတွက်ပဲ အာရုံစိုက်နေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် အဓိပ္ပါယ်ရှိမယ့် အခိုက်အတန့်တွေကိုလည်း လက်တွေ့ခံစားရင်း ကိုယ့်ကို တိုးတက်စေမယ့် အလုပ်တွေကိုလည်း ဖြစ်အောင် လုပ်ပါတယ်။

ခရီးသွားရင် ကိုယ်သွားချင်တဲ့ နေရာတွေကို ရောက်အောင်သွားပြီး ကိုယ်စားချင်တာတွေကိုလည်း စားပါတယ်။ ဒါပေမယ့် ဒီခရီးကနေ အကျိုးရလဒ်တစ်ခုခု ထွက်အောင်လို့ ကိုယ်ကျွမ်းကျင်တဲ့ ဓာတ်ပုံပညာ၊ ပြိုင်ပွဲအမြင်တွေနဲ့ ဓာတ်ပုံတွေ ဖန်တီးပြီး နောက်ထပ်နေရာအသစ်တွေ ထပ်သွားနိုင်ဖို့ ဝင်ငွေတစ်ခုပြန်ရအောင် အမြဲကြိုးစားပါတယ်။

ဒီလိုနဲ့ အသက် (၂၀) အရွယ်ထိ ဘာမှမဖြစ်ထွန်း၊ ဘယ်နိုင်ငံမှ မရောက်ဖူးတဲ့ လူငယ်တစ်ယောက်ဟာ ဓာတ်ပုံဝါသနာပါပြီး (၅) နှစ်ကျော် အချိန်ကာလအတွင်းမှာ နိုင်ငံပေါင်း (၉) နိုင်ငံအထိ ခရီးတွေသွား၊ ဆုတွေသွားယူနိုင်ခဲ့ပြီး အခုဆို နိုင်ငံပေါင်း (၃၅) နိုင်ငံကျော်က ချီးမြှင့်တဲ့ နိုင်ငံတကာဓာတ်ပုံဆုပေါင်း (၂၀၀) ကျော်ထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အခုမှ အစလို့တွေးပြီး
အမြဲ ပိုပိုကောင်းအောင် ဆက်လက်ကြိုးစားနေဆဲပါပဲခင်ဗျာ 📸

29/06/2026

USD10,000 တန်တဲ့
Bromo မီးတောင် မနက်ခင်း 📸🎉

22/06/2026

သင်ခန်းစာ အများကြီးပေးခဲ့တဲ့
အကယ်ဒမီနဲ့ တူတဲ့ ဓာတ်ပုံဆု 📸🎉

17/06/2026

UNESCO က ပို့ထားတဲ့ ဓာတ်ပုံစာအုပ်သုံးအုပ် 📸🎉

Want your business to be the top-listed Photography Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon