Infinity Learning Hub
15/07/2026
Have you heard of a cat burglar mission?
"Two years ago" and "Two years before..." What's the difference? 🤔
13/07/2026
Have you ever facilitated anyone before?
12/07/2026
တိတ်ဆိတ်မှုမှာလည်း အသံရှိတယ်။ မေ့လျော့ခြင်းမှာလည်း အမှတ်တရရှိတယ်။ လူတစ်ယောက်ထွက်သွားပြီးနောက်မှာတောင် ကျန်နေသေးတာက သူချန်ထားခဲ့တဲ့ ခံစားချက်တွေပဲ။
📖 Page & Pause #003
Title & Author: The History of Sound by Ben Shattuck
Type: Short Story Collection
တစ်ခါတစ်ရံမှာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေတာက ကြီးမားတဲ့ဖြစ်ရပ်တွေမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းသွားတဲ့ အခိုက်အတန့်လေးတွေ ဖြစ်တတ်ပါတယ်။
ဒီတစ်ခေါက် အတူဖတ်မယ့်စာအုပ်ကတော့ The History of Sound by Ben Shattuck ဖြစ်ပါတယ်။ မတူညီတဲ့ခေတ်ကာလတွေကို ဖြတ်သန်းသွားတဲ့ ဇာတ်လမ်းတိုတွေကနေ အမှတ်တရ၊ ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှုနဲ့ လူတွေရဲ့ဘဝတွေ ဘယ်လိုဆက်နွယ်နေကြသလဲဆိုတာကို နူးနူးညံ့ညံ့ ရေးဖွဲ့ထားပါတယ်။
ဖတ်ပြီးသွားတဲ့အခါ ဇာတ်လမ်းတွေပြီးသွားပေမယ့် အတွေးတွေကတော့ အချိန်တစ်ခုကြာတဲ့အထိ ကိုယ့်ဆီမှာ ကျန်နေဦးမယ့် စာအုပ်တစ်အုပ်ပါ။
စာအုပ်ရဲ့ pdf နဲ့ epub လိုချင်ရင်အောက်က channel ထဲဝင်ယူလို့ရပါတယ်။
https://t.me/infinitylearninghub26
Happy Reading 📖✨
11/07/2026
✨ Infinity Learning Hub ရဲ့ Chat & Chill: Speaking Hub မှာ ဒီတစ်ပတ် Week 5 အတွက် “Beyond Earth” ဆိုတဲ့ topic နဲ့အတူ planets တွေအကြောင်းကို အင်္ဂလိပ်လို အတူဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
💬 ဒီ session မှာတော့ ကိုယ်ဖန်တီးချင်တဲ့ planet တခုကို group နဲ့အတူ စီစဉ်ရမယ့် speaking mission တွေပါဝင်ပါတယ်။
🧠 English ကို သဘာဝကျကျအသုံးပြုပြီး ကိုယ့်အမြင်ကို ရှင်းရှင်းလင်းလင်းပြောနိုင်အောင်၊ ဆုံးဖြတ်ချက်တွေကို အကြောင်းပြချက်နဲ့တကွ ဖော်ပြနိုင်အောင် practice လုပ်သွားမယ့် space တစ်ခုဖြစ်ပါတယ်။
📍ပါဝင်ချင်သူတွေကတော့ အောက်က Telegram channel ကို join လုပ်ပေးရမှာဖြစ်ပါတယ်။
🔗 ILH Telegram Channel Link: https://t.me/infinitylearninghub26
📍Zoom link နဲ့ session အသေးစိတ်တွေကို Telegram channel ကနေတစ်ဆင့်ပို့ပေးသွားမှာဖြစ်လို့ join ထားဖို့မမေ့ပါနဲ့။
Chat & Chill: Speaking Hub အကြောင်းကို ပိုမိုဖတ်ရှုရန်: https://www.facebook.com/share/p/1H1bzYGaYX/?mibextid=wwXIfr
အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိတဲ့ speaking session ဖြစ်ဖို့ရည်ရွယ်ပါတယ်။ Chat & Chill မှာ ပြန်တွေ့ကြမယ်။ ✨
College နဲ့ colleague က အသံထွက် (သို့မဟုတ်) အဓိပ္ပာယ် အတူတူပဲလား?
10/07/2026
📚 Friday Grammar
အပတ်တိုင်း Friday Grammar နဲ့ English grammar လေးတွေကို အလွယ်တကူ ပြန်လေ့လာကြမယ်။ ဒီတစ်ပတ်ရဲ့ grammar ကို ဖတ်ပြီး example sentence လေးတစ်ကြောင်း ရေးခဲ့ပါဦး။
08/07/2026
ဒီ workshop မှာတော့ ဘာသာစကားကို ဘယ်လိုလေ့လာရင် ပိုထိရောက်နိုင်မလဲဆိုတာကို သုတေသနတွေအပေါ် အခြေခံပြီး အတူဆွေးနွေးသွားမှာပါ။
comprehensible Input က ဘာကြောင့် အရေးကြီးတာလဲ၊ vocabulary, grammar, pronunciation နဲ့ speaking တို့က သီးသန့်ကျွမ်းကျင်ရမယ့် skills တွေမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်ပြီး လေ့လာရတာလဲ၊ စာလုပ်ပြီးတဲ့အခါ ခေါင်းနောက်သလို ပင်ပန်းသလို ခံစားရတာက ဘာကြောင့် ဖြစ်နေတာလဲဆိုတာကို လက်တွေ့ဥပမာတွေနဲ့ နားလည်လွယ်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် motivation ကို အားကိုးရုံနဲ့မဟုတ်ဘဲ ရေရှည်ဆက်လေ့လာနိုင်တဲ့ အလေ့အကျင့်တစ်ခုကို ဘယ်လိုတည်ဆောက်မလဲဆိုတာကိုလည်း အတူဆွေးနွေးသွားပါမယ်။
ဒီ workshop က "အင်္ဂလိပ်သင်တန်း ၃ လအပြတ်" ဆိုတဲ့ ဖြတ်လမ်းတွေကို ပြောသွားမှာ မဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကို သင်ယူတဲ့အခါ ဘယ်လိုစဉ်းစားသင့်လဲ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ learning system တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ အချိန်အများကြီး မပေးနိုင်ရင်တောင် နေ့စဉ်ဘဝထဲမှာ ဘယ်လိုထည့်ပြီး လေ့လာနိုင်မလဲဆိုတာကို အတူရှာဖွေကြည့်သွားမှာပါ။ workshop ပြီးသွားတဲ့အခါ “ပိုကြိုးစားရမယ်” ဆိုတဲ့ အတွေးထက် “ပိုမှန်တဲ့နည်းလမ်းနဲ့ လေ့လာရမယ်” ဆိုတဲ့ အမြင်တစ်ခု ရသွားဖို့ မျှော်လင့်ပါတယ်။
📅 15.07.2026
🕗 8:00 PM – 9:00 PM (MMT)
💻 Online via Zoom
Register Now!
workshop တက်ရောက်ရန် စာရင်းပေးသွင်းပြီး Zoom Link ရယူလိုပါက Telegram မှတစ်ဆင့် အောက်ပါ Account ကို ဆက်သွယ်နိုင်ပါတယ်။
👉 t.me/infinity_learning_hub
telegram username:
08/07/2026
Who is the one person that builds castles in the air?
"Thank you" ဆိုရင် "You're welcome" လို့ပဲ ပြောနေကြတုန်းပဲလား ✨
Click here to claim your Sponsored Listing.