Modern PMgt
13/06/2022
" အပေါ်ယံ မကြည့်နဲ့ "
လူတစ်ယောက်ကို အပေါ်ယံ
ကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့။
အေးစက်တဲ့ အပြုအမူတွေ
နောက်မှာ နွေးထွေးတဲ့ နှလုံးသား
ရှိနိုင်သလို နွေးထွေးတဲ့ အပြုအမူ
တွေ နောက်မှာ ရက်စက်တဲ့
နှလုံးသား ရှိနေနိုင်တယ်။
အကျည်းတန်တဲ့ ရုပ်ရည်နောက်မှာ
လှပတဲ့ နှလုံးသား ရှိနိုင်သလို
လှပတဲ့ ရုပ်ရည်နောက်မှာ
အကျည်းတန်တဲ့
နှလုံးသား ရှိနေနိုင်တယ်။
ဖြူစင်တဲ့ အင်္ကျီနောက်မှာ
ညစ်ထေးတဲ့ နှလုံးသား ရှိနေနိုင်သလို
ညစ်ထေးတဲ့ အင်္ကျီနောက်မှာ
ဖြူစင်တဲ့ နှလုံးသား ရှိနေနိုင်တယ်။
ချိုသာတဲ့ စကားလုံးတွေ နောက်မှာ
ခါးသက်တဲ့ ဝေဒနာတွေ ရှိနေနိုင်သလို
ခါးသက်တဲ့ စကားလုံးတွေ နောက်မှာ
ချိုသာတဲ့ စေတနာတွေ ရှိနေနိုင်တယ်။
တောက်ပတဲ့ ကြွားဝါမှုတွေ နောက်မှာ
ချို့တဲ့,တဲ့ အသိတရားတွေ ရှိနေနိုင်သလို
ဟန်မာန်မရှိတဲ့ သာမာန်ဖြစ်မှုတွေ
နောက်မှာ တောက်ပတဲ့
အသိတရားတွေ ရှိနေနိုင်တယ်။
အရေခြုံထားတဲ့ ပျော်ရွှင်မှုတွေ
နောက်မှာ စိတ်ဓာတ်ကျ ညှိုးငယ်မှု
တွေ ရှိနေနိုင်သလို ပကတိ
တည်ငြိမ်တဲ့ ခံစားချက်တွေ
နောက်မှာ သာယာချမ်းမြေ့တဲ့
ဘဝတွေ ရှိနေနိုင်တယ်။
အယောင်ဆောင်ထားတဲ့
သိတတ်ခြင်းတွေ နောက်မှာ
မှားယွင်းနေတဲ့ စိတ်ဓာတ်တွေ
ရှိနေနိုင်သလို ပွင့်လင်းတဲ့
သာမာန်နေထိုင်မှု နောက်မှာ
ရိုးစင်းတဲ့ စိတ်ထားတွေ ရှိနေနိုင်တယ်။
ပြသကြွားဝါနေတဲ့ ကြွယ်ဝမှုတွေ
နောက်မှာ မရှိရှား ဘဝတွေ ရှိနေသလို
ရိုးရှင်းအေးဆေးတဲ့ သိုသိပ်မှုတွေ
နောက်မှာ တောက်ပတဲ့ ခမ်းနားမှု
တွေ ရှိနေနိုင်တယ်။
အပေါ်ယံကြည့်ပြီး ဆုံးဖြတ်
ခဲ့ရင်တော့ အမှားကြီး မှားမှာပေါ့။
Credit Photol
Click here to claim your Sponsored Listing.