Insurance by Hnin Su Hlaing

Insurance by Hnin Su Hlaing

Share

Photos from Insurance by Hnin Su Hlaing's post 04/07/2024

💫 ကျွန်မတို့လူသားတွေဟာ အသွေးသားနဲ့တည်ဆောက်ထားတော့ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်နဲ့ အနာရောဂါတွေဟာမကင်းနိုင်ကြပါဘူး
အကြောင်းမညီညွတ်လို့ ဆေးရုံတက်ရရင် ရောဂါနဲ့ပတ်သက်တဲ့အပူ ငွေကြေးကုန်ကျစရိတ်အပူတွေဖြစ်ကြရပါတယ်
တကယ်လို့ဆေးရုံတက်ရရင် ငွေကြေးကုန်ကျစရိတ်ပူပန်စရာမလိုချင်တဲ့သူတွေအတွက် AIAရဲ့ Own productဖြစ်တဲ့ One Health Solution အလုံးစုံကျန်းမာရေးအာမခံနဲ့ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်

❣️AIAမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ စီစဥ်လို့ရတဲ့ အာမခံအမျိုးစား (၂)ခုရှိပါတယ်
တစ်ခုက ဟိုအရင်ကတည်းက မြန်မာ့အာမခံမှာရောင်းနေတဲ့ ကျန်းမာရေးအာမခံအမျိုးစားအဟောင်းပါ သူကတခြားCompanyတွေမှာလည်းရောင်းတယ် AIAမှာလည်းရောင်းပါတယ် သူက unitနဲ့ဝယ်ရတယ် ဆေးရုံတက်ရရင် ၁ရက်ကို ပုံသေဘယ်လောက်ဆိုတာဘဲပေးပါတယ် ဥပမာ ဆေးရုံ ၁ရက်တက်ရင် (၁သိန်း) ၅ရက်တက်ရင်( ၅သိန်း) စသဖြင့် ရက်တွက်နဲ့ဘဲပေးပါတယ် ဆိုတော့ အပြင်လက်တွေ့အခြေနေနဲ့မကိုက်လှပါဘူး အပြင်မှာက ဆေးရုံ ၁ရက်တက်ရရင် သိန်း(၅၀) (၁၀၀)ကုန်ကျရင်လည်းကုန်ကျတဲ့အတွက်ကြောင့်ပါ

💥 ခုပြောမဲ့ ဒုတိယအာမခံအမျိုးစားက နိုင်ငံတကာမှာရှိတဲ့ကျန်းမာရေးအာမခံတွေလိုဘဲ AIAကစီမံထားတဲ့ ကိုယ်ပိုင်ထုတ်ကုန်အမျိုးစား OHS အလုံးစုံကျန်းမာရေးအာမခံအကြောင်းပါ
ဆေးရုံတက်ရရင် အမှန်တကယ်ကုန်ကျစရိတ်အကုန်လုံးကိုပြန်ပေးပါတယ် ဘယ်နှရက်တက်တက် ကိုယ်ဝယ်ထားတဲ့ plan limitအတိုင်းကုန်ကျသမျှပြန်ပေးပါတယ်

💢 ဝယ်လို့ရတဲ့အသက်က (၁)လသားကနေအသက်(၆၀)မွေးနေ့မတိုင်ခင်အတွင်းစတင်ဝယ်နိုင်ပြီး အသက်(၈၀)အထိ သက်တမ်းတိုးလို့ရတဲ့ နှစ်ရှည်coverပေးတဲ့အာမခံအမျိုးစားပါ

💝 ဝယ်လို့ရတဲ့planက plan 1 to 7ထိရှိပါတယ်
ဘယ်လိုကွာလဲဆိုတော့ တနှစ်အတွင်းမှာ ပြန်ပီးတောင်းခံလို့ရတဲ့ ကျန်းမာရေးကုန်ကျစရိတ် limitကွာပါတယ် Plan1ဆိုရင် ၃၇သိန်း၅သောင်း plan2 ၇၅သိန်း plan3 ၁၅၀သိန်း plan4 ၃၀၀သိန်း plan5 ၄၅၀ plan6 ၇၅၀ plan7 သိန်း ၁၂၀၀ထိရှိပါတယ်

👉 ဒီအာမခံက ဘာတွေတာဝန်ယူပေးလဲဆိုရင်
1.ဆေးရုံတက်တဲ့ ကုန်ကျစရိတ်ကို ကိုယ်ဝယ်ထားတဲ့plan limitအတိုင်း အကုန်ပြန်ပေးပါတယ်
E.g ကိုယ်ဝယ်ထားတာက plan3 ဆေးရုံမှာကုန်ကျတာက သိန်း(၁၀၀)ဆိုရင် သိန်း(၁၀၀)ပြန်ပေးပါတယ် သိန်း(၂၀၀)ကုန်ကျရင်တော့ သိန်း(၁၅၀)ပြန်ပေးပီး (၅၀)က ကိုယ့်ဘာသာရှင်းရပါမယ် ဒါကြောင့် ရောဂါတော်တော်များများကို coverဖြစ်ချင်ရင်တော့
planအမြင့်ဝယ်ထားဖို့လိုပါမယ်

💫 သူ့မှာကန့်သတ်ချက်တခုေတာ့ရှိပာတယ် ဆေးရုံအခန်းခကိုတော့ ကိုယ်ဝယ်ထားတဲ့planအလိုက်ကန့်သတ်ထားပါတယ် e.g plan4ဝယ်ထားသူက ဆေးရုံအခန်းခကို ၇၅၀၀၀ပေးပါတယ် plan1ဆိုရင် ၂၃၀၀၀ ဘာလို့ ကန့်သတ်လဲဆိုရင် ကုသတဲ့ကုန်ကျစရိတ်ကိုအဓိကပေးချင်လို့ပါ ICUအခန်းခကိုတော့ မကန့်သတ်ထားဘဲ ကုန်ကျသမျှပြန်ပေးပါတယ်

👉 ဘယ်ဆေးရုံမှာ တက်ပီးကုသလို့ရလဲ?
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဘယ်ဆေးရုံမှာမဆို
တက်ရောက်ကုသလို့ရပါတယ် ပြည်ပသွားကုချင်ရင်လည်းရပါတယ် ပြည်တွင်းမှာဆိုရင် AIAနဲ့ချိတ်ဆက်ထားတဲ့ ဆေးရုံ(၂၉)ခုရှိပီး ပြည်ပမှာဆိုရင် နိုင်ငံပေါင်း(၁၆)နိုင်ငံက ဆေးရုံပေါင်း (၆၈၀၀)ကျော်မှာ
ကုသလို့ရပါတယ် AIAနဲ့ချိတ်ဆက်ထားတဲ့ဆေးရုံတွေမှာကုသရင်တော့ cashless ကိုယ့်လက်ထဲငွေသားကိုင်ထားစရာမလို ငွေစိုက်ထုတ်ထားစရာမလိုဘဲ ကုသလို့ရပါတယ်

💢 2. ပြင်ပလူနာကုသမှု ဆေးရုံမတက်ရောက်မီ ၂လအတွင်းပြသထားေသာ ေရာဂာ ရှာဖွေခြင်း အရေးပေါ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံ၊ဆေးခန်း၊
သွားဆေးခန်း စသည်ကုသစရိတ်တွေကိုပြန်ပေးပါတယ် နေ့တပိုင်းခွဲစိတ်ကုသမှု ၊ ကျောက်ကပ်ဆေးခြင်း ၊ ကင်ဆာဆေးသွင်းခြင်းတွေအတွက်လည်းပြန်ပေးပါတယ် သာမန်ဖျားနာ ခေါင်းကိုက်တာတွေအတွက်တော့မပေးပါဘူးရှင်

💢 3.Accidentကြောင့်သေဆုံးရင် ကိုယ်ဝယ်ထားတဲ့ planအတိုင်းပေးပါတယ် plan1 ၁၀သိန်း
plan2 ၂၀ ....plan7 ၇၀ပေးပါတယ် အသက်အာမခံမဟုတ်တဲ့အတွက်သိပ်အများကြီးမရပါဘူးရှင်
🤩❣️ Plan2နဲ့အထက်ကစပီးဝယ်ရင် နိုင်ငံခြားဆရာဝန်ပေါင်း(၅၀၀၀)ကျော်ပါဝင်တဲ့ Teledoc health online service ကနေဆေးပညာအကြံပေးတာမျိုး ဆွေးနွေးခွင့် အခမဲ့ပါရှိပါတယ်

👉 တနှစ်ကို ပေးသွင်းရမဲ့ premiumကြေးက အသက်အရွယ် ကျားမနဲ့ planအနိမ့်အမြင့်အလိုက်ကွာခြားပါတယ်
အသက် 4နှစ်မှ 40အတွင်း ၁သိန်းကျော်ကစပါမယ်
အသက် 40ကျော် 60ဝန်းကျင်ဆိုရင် ၂သိန်း
၃သိန်းေကျာ်ဝန်းကျင် စသဖြင့်ကွာခြားပါမယ် premiumကြေးက တနှစ်တခါသွင်းရပီး တကယ်လို့
တနှစ်အတွင်း ဘာclaimမှမတက်ရင် ကျန်းမာတဲ့ဆုကြေးအနေနဲ့ နောက်နှစ်သွင်းရမဲ့ premiumကြေးကို 5%လျှော့သွင်းရပါမယ်ရှင်.

💥☂️ အာမခံဆိုတာက မဖြစ်ခင်မှာကြိုတင်ဆောင်ထားရတဲ့အရာမို့ ဘာရောဂါမှမဖြစ်ခင် ကျန်းမာနေစဥ်မှာ ကြိုတင်အာမခံထားမှ ရောဂါဖြစ်တဲ့အခါ ထိုရောဂါအတွက်ကုသနိုင်မှာပါ ဖြစ်ပီးသားရောဂါတွေအတွက် အာမခံက အကွယ်အကွယ်မရတော့ စောစောအာမခံထားေလ ကိုယ့်အတွက် စိတ်ချရလေပါဘဲ
ရောဂါ၁မျိုးဖြစ်ပီးသူကလည်း နောက်ထပ်၂မျိုး ၃မျိုးဖြစ်မလာခင် အာမခံထားဖို့လိုပါတယ် ❣️

Hnin Su Hlaing
Financial service consultant
[email protected]
09401533026

Level (22)
Junction City Office Tower
Bogyoke Aung San Road
Yangon, Myanmar

04/07/2024

🎗ကင်ဆာရောဂါနဲ့ပတ်သက်ပြီး သင်ဘာကြောင့် စိတ်ပူ
သင့်သလဲ ??

💥 ကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်း အသက်ဆုံးရှုံးမှုများရဲ့ no2အဆင့်အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်

🚨 လူ့ဘဝသက်တမ်းအတွင်း လူ(၅)ယောက်မှာ (၁)ယောက်မကသောနှုန်းဖြင့် ကင်ဆာရောဂါဖြစ်ပွားလျက်ရှိပါတယ်
ကင်ဆာရောဂါကြောင့် နှစ်စဥ် လူပေါင်း ၁၀သန်း အသက်ဆုံးရှုံးလျက်ရှိပါတယ်
~ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများနှင့် ဝင်ငွေနည်းသောနိုင်ငံများတွင် ကင်ဆာဖြင့် သေဆုံးမှုနှုန်းမှာ (၇၀) ရာခိုင်နှုန်းထိရှိပါတယ်

💥 မြန်မာနိုင်ငံတွင်လည်း ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းနှင့် အသက်ဆုံးရှုံးမှုနှုန်းမှာအလွန်မြင့်မားပီး အမျိုးသား အမျိုးသမီး ၂မျိုးလုံးတွင် ဖြစ်ပွားနိုင်ပါတယ်
ကုသမှုကုန်ကျစရိတ်မြင့်မားခြင်းကြောင့် များစွာေသာငွေကြေးဆိုင်ရာထိခိုက်မှုများကြုံတွေ့နိုင်ပါတယ်

☂️ ကင်ဆာရောဂါအကာအကွယ် ဘာကြောင့်ထားရှိ
သင့်တာလဲ??
ရောဂါဝေဒနာခံစားရသူ၏သက်ရောက်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် ငွေကြေးကုန်ကျစရိတ်များစွာ ကြုံတွေ့ခံစားကြရပါတယ် မိသားစုဟာလည်း ဆုံးရှုံးနိုင်မှုကိုကြောက်ရွံ့ခြင်း လိုအပ်လာမည့်ငွေကြေးအတွက် ကြိုတင်စီမံထားရခြင်းနှင့် အကြွေးတင်ခြင်းစသောအပူသောကများစွာခံစားကြရပါတယ်

❣️ ကင်ဆာကြောင့် ငွေကြေး နဲ့ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှု ပူပန်သောကတွေ လျော့ပါးပီး စိတ်သက်သာရာရအောင် AIAကနေ Own product Cancer Care Riderကို ကြိုတင်ဆောင်ထားလို့ရပါပီရှင်
💫 ဒီcare careက ထပ်ဆောင်းအကာအကွယ်ဖြစ်တော့ AIAရဲ့ OHS(အလုံးစုံကျန်းမာရေးအာမခံ) (သို့) UL(တသက်တာရွေးချယ်အသက်အာမခံ)တစ်ခုခုအဆင်ပြေရာနဲ့တွဲဝယ်လို့ရပါမယ်ရှင်

💫 အသက် ၁လသားကနေ အသက်၆၃မပြည့်ခင်ထိဝယ်လို့ရပါမယ် အသက်၆၅အထိသက်တမ်းတိုးလို့ရပါမယ်
👉အာမခံထားငွေ အနည်းဆုံး (၁၀)သိန်းကနေ သိန်း၁၀၀၀,သိန်း၅၀၀၀ ကိုယ်ထားနိုင်သလောက် ကိုယ်အဆင်ပြေရာ ငွေကြေးနဲ့ ရွေးချယ်ထားနိုင်ပါတယ်
ပရီမီယံကြေးမှာ အသက်အရွယ် ကျားမ ပေါ်မူတည်ပီး ကွာခြားပါမယ် အသက်ငယ်လေ ပရီမီယံကြေးနည်းလေပါ

👉 နှစ်စဥ်သွင်းရမဲ့ premiumကြေးကလည်း ရရှိမဲ့အကာအကွယ်နဲ့ယှဥ်ရင် အရမ်းကိုစျေးသက်သာလှပါတယ်
ဥပမာ ကျွန်မတို့အသက်အရွယ် ကျား၃၂နှစ် ကင်ဆာအတွက် သိန်း(300)အာမခံထားလျှင် တနှစ် premium (46500)ကျပ်၊ သိန်း(1000)ထားလျှင် ပရီမီယံ (၁၅၅၀၀၀)ကျပ်ဘဲသွင်းရပါတယ်
အမျိုးသမီး32နှစ် သိန်း(300)အာမခံထားလျှင် (67500)ကျပ်ဘဲသွင်းရပါတယ် သိန်း(1000)ထားလျှင် တနှစ်ကို ၂၂၅၀၀၀ကျပ်သွင်းရပါမယ်
အာမခံထားသူ ပေါ်လစီသက်တမ်းရှိနေစဥ် ကင်ဆာရောဂါဖြစ်ပွားခဲ့ပါက အာမခံထားငွေ ပမာဏ 100%ကို အာမခံထားသူထံပေးအပ်မှာဖြစ်ပါတယ်

☂️ မည်သို့ေသာကင်ဆာများကိုအကာအကွယ်ရနိုင်သလဲ?
1.အနုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီးနောက် ပျံ့နှံ့တတ်သောမည်သည့်ကင်ဆာအကြိတ်မဆို
2. ဝိသေသလက္ခဏာများအရ ကင်ဆာဆဲလ်များ ထိန်းချုပ်မရအောင်ကြီးထွားနေခြင်း ၊
အခြားတစ်သျှူးများကို ထိုးဖောက်ဝင်ရောက်နေကြောင်း အတည်ပြုထားသော အန္တရာယ်ပေးနိုင်တဲ့အကြိတ်များ

👉အဆင့် ၁ နှင့်အထက်
1.ရင်သားကင်ဆာ
2. အဆုတ်ကင်ဆာ
3.အူမကြီးကင်ဆာ
4.အစာအိမ်ကင်ဆာ
5.အသည်းကင်ဆာ
6.သားအိမ်ခေါင်းကင်ဆာ
7.အစာရေမြိုပြွန်
8.ပြန်ရည်ကြိတ်
9.ပန်ကရိယ
10.ကျောက်ကပ်
11.ပါးစပ်
12.သားဥ
13.ဦးနှောက်
14.အရိုး
15.အသံအိုး
16.သည်းခြေအိတ်
17.သားအိမ်
18.ဝှေးစေ့
19.ရိုးတွင်းချဥ်ဆီ
20.အခြားကင်ဆာများ
အဆင့်၂ နှင့်အထက်
1.ဆီးကျိတ်
2.သိုင်းရွိုက်
3.ဆီးအိမ်
အဆင့်၃နှင့်အထက်
1.နာတာရှည်သွေးကင်ဆာ
2.အန္တရယ်ရှိသော Melanoma အရေပြားကင်ဆာ

👉အကာအကွယ်မရနိုင်သော ကင်ဆာအမျိုးအစားများ
1 ကင်ဆာမဖြစ်ခင်အကြိတ် ပျံ့နှံ့ခြင်းမရှိသောကင်ဆာ ဖြစ်နိုင်ရန်မသေချာသော ကင်ဆာ သို့မဟုတ် အလားအလာနည်းသောကင်ဆာများ
2.T1 အဆင့်ရှိ ဆီးကျိတ် သိုင်းရွိုက်နှင့် ဆီးအိမ်ရှိ ကင်ဆာကျိတ်များ
3. RAI အဆင့်၃အောက်ရှိ နာတာရှည် သွေးကင်ဆာများ
4. HIVရောဂါဖြစ်ပွားစဥ် ဖြစ်သည့်ကင်ဆာများ
5. 1.5mm အနက်ထက်တိမ်သည့် အန္တရာယ်
ရှိေသာMelanoma အပါအဝင် မည်သည့်အရေပြားကင်ဆာများမရရှိနိုငိပါ

ကင်ဆာရောဂါနဲ့ပတ်သက်ပီး အကာကွယ်ယူထားချင်လို့ဘဲဖြစ်ဖြစ် အသေးစိတ်သိလိုရာများ ဆက်သွယ်လိုက်ပါရှင် 🤝

Hnin Su Hlaing
Financial service consultant
[email protected]
09401533026

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Junction City Tower, Level 22 , AIA Yangon Office
Yangon