The Happy Hive

The Happy Hive

Share

19/04/2026

Hello 🤗❤️
အားလုံးပဲ မင်္ဂလာပါရှင်
The Happy Hive ရဲ့ Founder ဖြစ်တဲ့ Admin ဖူးဝင့်လွှာသီ ပါရှင်

The Happy Hive page လေးအကြောင်း ပြောပြချင်လို့ပါရှင်

ဒီ Page လေးမှာ
ဘာတွေ ရောင်းမှာလဲ ဆိုတော့
ကိုယ်ကြိုက်တာတွေ ရောင်းမှာပါလို့ 😁
သုံးလို့ကောင်းပြီး ပေးရတဲ့ ဈေး နဲ့ တန်တဲ့ ပစ္စည်းတွေပေါ့နော် 😍

Admin ဖူး လိုပဲ
အလှအပဆိုင်ရာ ပစ္စည်းကောင်းလေးတွေကို နှစ်သက်သူတွေ
တခြား အသုံးအဆောင်ပစ္စည်းကောင်းလေးတွေကို ရှာဖွေသုံးစွဲချင်တဲ့ သူတွေအတွက်
" The Happy Hive " ရှိနေပါမယ် နော်

ဆိုတော့
အလှအပနဲ့ ပက်သက်တဲ့ Skincare နဲ့ Cosmetic တွေ
တစ်ကိုယ်ရေသုံး Styling Tools တွေ
Fashion ပိုင်းဆိုလည်း အိတ်တွေ ဖိနပ်တွေ အပြင်
အိမ်သုံး ပစ္စည်းကောင်းလေးတွေ နဲ့ Electronic device တွေကိုလည်း ရောင်းချသွားမှာပါ

ကိုယ်တိုင်လည်း ပစ္စည်းကောင်းလေးတွေကို ရွေးချယ်သုံးစွဲရတာ
ကြိုက်တဲ့သူမို့
" The Happy Hive" က မှာရင် ပစ္စည်း စစ်မှန်ဖို့ အရည်အသွေး စိတ်ချရဖို့ အထူး တာဝန်ယူပါတယ်နော်

ယုံကြည်စိတ်ချစွာ မှာယူ အားပေးနိုင်ပါတယ်ရှင်

သိလိုတာတွေ မေးမြန်းချင်တာတွေကိုလည်း
page ရဲ့ chat box မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

Admin team က အမြန်ဆုံး ဖြေကြားပေးသွားပါမယ်နော်

မင်္ဂလာရှိတဲ့ နှစ်သစ်က စပြီး အားလုံးပဲ
နေကောင်း ကျန်းမာကျပါစေ
နှလုံးစိတ်ဝမ်း ချမ်းမြေ့ကျပါစေ
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကျပါစေ ရှင် ♥️

18/04/2026

YSL Make Me Blush 37 နဲ့ 44 အရောင်လေးတွေ
မေမြတ်နိုးလေး သုံးပြထားတာ လှနေရော 😍💗

ဘူးဒီဇိုင်းလေးကကို လိုချင်စရာလေး ဖြစ်နေတာ

18/04/2026

အရမ်းလူကြိုက်များတဲ့ ပါးနီအရောင်လှလှလေးတွေချည်း စုထားတဲ့ HG Ambient Lighting Palette
နောက်ဆုံး အသစ်ထွက်တာလေး မှာလို့ ရပါပြီ

ဧပြီ ၂၅ရက်နေ့ ရန်ကုန်ရောက်မှာမို့ အမြန်ဆုံး ရမှာပါ
နောက်တစ်သုတ် ပစ္စည်းထပ်ရောက်မှာက ဧပြီ ၃၀ရက်နေ့ ပါရှင်

အမြန်ဆုံး နဲ့ အတန်ဆုံးလေး ဦးဦးဖျားဖျား သုံးဖို့ ရောင်းဖို့

လက်လီ လက်ကား မှာယူနိုင်ပါပြီနော် 😍😍

ပါးနီလေးတွေ အရောင်စုံသုံးချင်တဲ့သူတွေ ယူကိုယူပါနော်
အရောင်လေးတွေက နေ့စဉ်သုံးဖို့ အရမ်းလှတဲ့အပြင်
ပါးပေါ်မှာ ဝင်းဝင်းမွတ်မွတ်လေးနဲ့ အရမ်းလှတာ H_o_u_r_g_l_a_s_s ပါးနီတွေရဲ့ အားသာချက်ပါ

အရမ်းနာမည်ကြီးပြီး လူကြိုက်များလို့ အရမ်းကောင်းတယ်ဆိုတာ အထူးမညွှန်းတော့ဘူးနော်

ပုံမှန်ဆို 1.3g size ကိုတောင် ၁သိန်းခွဲလောက် ရှိတာမို့
အခု 1.4g size အရောင် ၄ရောင် ပါတဲ့ Palette တစ်ခုကိုမှ 39,5000 ပဲနော်
အရမ်းတန်ပါတယ်

မှာယူမယ်ဆို ငွေအပြည့်ကြိုလွှဲ ရပါမယ်ရှင်

ငွေကြိုလွှဲပြီး ပစ္စည်းရဖို့ နဲ့ ပစ္စည်း စစ်မှန်မှုအတွက် 100% အာမခံပါတယ်ရှင်
ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်နော်

မြန်မာနိုင်ငံအနှံ့ အိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင် ♥️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon