Language Gate Japanese Center
02/08/2022
JLPT ဖောင်တင်ကြမယ့် ကျောင်းသား ကျောင်းသူတွေအတွက် ဖောင်ဖြည့်နည်းနဲ့ ဖောင်ဖြည့်တဲ့အချိန်သတိထားရမယ့်အချက်လေးတွေတင်ပေးလိုက်ပါတယ်။
⭐သိထားရမယ့်အချက်တွေက
password ထားတဲ့အခါတူရာဂဏန်းတွေချည်းမထားပါနဲ့ အောင်စရင်းကြည့်တဲ့အခါ ရလဒ်ကြည့်လို့မရဖြစ်တတ်ပါတယ်။ နံပါတ်မတူအောင်ထားကြပါ။
1,4,7 ရေးရင်
1 က ခေါင်းမထွက်ရအောက်မပိတ်ရ
4 က ထိပ်ကိုမပိတ်ရ အပွင့်အတိုင်းရေးပါ
7 က အလယ်ကို အဖြတ်မထည့်ရပါ
အရင်ဆုံးဖောင်ဝယ်လာရင်ဖောင်က A,B,C ဆိုတာရယ် Test Voucher ၂ ရွက်ရယ်ပါပါလိမ့်မယ်။
အပေါ်ဆုံးက A ဆိုတဲ့စာရွက်လေးမှာပဲ ဖောင်ဖြည့်ရမှာဖြစ်ပါတယ်။ဖောင်ဖြည့်တဲ့အချိန်မှာလည်း သတိထားဖို့က စာရွက်က မှင်ခံစာရွက်ဖြစ်တဲ့အတွက် အပေါ်ဆုံးမှာ အမှားပါသွားရင် ကျန်တာတွေမှာပါ အမှားပါ သွားမှာဖြစ်တဲ့တွက် အမှားမပါ အောင်သတိထားဖြည့်ကြပါ။
ဖောင်ဖြည့်တဲ့အခါမှာလည်းမှင်ပြန့်တက်လို့ မှင်စိုနဲ့ မဖြေကြပါနဲ့ မှင်ခြောက်အမဲနဲ့သာဖြည့်ပါ။ အကြံပေးချင်တာက Copy ကူးပြီးအကြမ်းအရင်ဖြည့်ကြည့်တာပိုကောင်းပါတယ်။ ဖောင်မှာမှားသွားရင်ပြင်လို့မလွယ်တာကြောင့်ပါ။
No.1 ( Test Level ) မှာက ကိုယ်ဖြေမယ့် Level ကိုဖြည့်ပါ။
No.2 ( Test Site ) မှာက Yangon မှာဆို Yangon / Mandalay မှာဆို Mandalay ဖြည့်ပါ။
No.3 ( Name ) မှာက မိမိနာမည်ကို အင်္ဂလိပ်စာလုံးအကြီးနဲ့ Mg , Ma မပါပဲဖြည့်ရပါမယ်။
ဥပမာ - TUN TUN AUNG ( နာမည်တစ်လုံးနဲ့တစ်လုံးကြားမှာ အကွက်တစ်ကွက်ခြားပေးရပါမယ် )
No.4 ( Gender ) မှာက တော့ ယောက်ျားလေး သို့မဟုတ် မိန်းကလေးကို အမှန်ခြစ်ပေးလိုက်ရင်ရပါပြီ။
No.5 ( Date Of Birth ) မှာကတော့ နှစ်/လ/ရက် ထည့်ပေးရပါမယ်။
ဥပမာ - 1995 05 21
No.6 မှာကတော့ အောင်စာရင်းထွက်ရင်ကြည့်ရမယ့်ကိုယ်ထားချင်တဲ့ password 8 လုံးထည့်ပေးရပါမယ်။
No.7 ( Native Language ) မှာက မြန်မာဘာသာစကားအတွက် 105 ကိုဖြည့်ပါ။
No.8 ( Address ) မှာက ကိုယ့်နေရပ်လိပ်စာတွေ mail address တွေဖြည့်ပါ။
Postal code ကိုမသိရင် Google မှာရှာကြည့်ပါ။
ဥပမာ - လသာဆိုရင် Latha postal code ဆိုပြီးရှာပါ။အောက်မှာ နမူနာပုံထည့်ပေးထားပါတယ်။
No.9 မှာက ကိုယ်တက်ခဲ့တဲ့ သင်တန်းနာမည်ကိုထည့်ရပါမယ်။
No.10 to 14 ကကိုယ်နဲ့ကိုက်ညီတဲ့ နံပါတ်လေးရွေးလိုက်ရင်ရပါပြီ။ Survey ကောက်တဲ့ သဘောဖြစ်တဲ့အတွက်အတိအကျမလိုပါဘူး။
ဖောင်ဝယ်ရင်ပါတဲ့စာအုပ်လေးမှာလည်း အချက်အလက်လေးတွေကြည့်လို့ရပါတယ်။
No.15 to 20 အထိကလည်းသူပေးထားတဲ့ နံပါတ်လေးတွေကိုကိုယ်နဲ့ကိုက်ညီတဲ့ နံပါတ် ဝိုင်းရင်ရပါပြီ။
Survey ကောက်တဲ့ သဘောဖြစ်တဲ့အတွက်အတိအကျမလိုပါဘူး။
No.21 to 30 က အရင်ကဖြေဖူးတဲ့သူတွေပဲဖြည့်ရမှာဖြစ်ပါတယ်။ဖြေဖူးတဲ့သူဆိုရင် ကိုယ်ဖြေဖူးတဲ့ Level အောက်မှာဖြေဖူးတဲ့ အကြိမ်ရယ် အောင်လား ကျလားရယ် ရွေးရုံပါပဲ
No.32 မှာက Signature နေရာမှက ကိုယ့်လက်မှတ်ထိုးရမယ် / Date နေရာမှာ ဖောင်တင်မယ့်ရက်စွဲထည့်ပါ။
No.33 မှာက Mr. or Mrs. ရွေး ကိုယ့်နာမည်ဖြည့်ပါ။Address မှာက အပေါ်မှာတုန်းက ဖြည့်ခဲ့တဲ့ Information တွေအတိုင်းပြန်ဖြည့်ပါ။
JLPT ဖောင်တင်ခြင်း အဆင့်ဆင့်ကို
ပြန်လည် မျှဝေပေးလိုက်ပါတယ်။
မူရင်း post ပိုင်ရှင်ကို credit ပေးပါတယ်
28/07/2022
ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ
JLPT 2022 December
ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့များ၌ ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲအတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်းလက်ခံသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (ရန်ကုန်)
ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
နေ့ရက် - Level N5 (၉,၄၉၉ ဦး) - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၅.၈.၂၀၂၂ (သောကြာနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၉.၈.၂၀၂၂ (အင်္ဂါနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက် ။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 (၉,၄၉၉ ဦး) - ၄.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၇.၈.၂၀၂၂ (တနင်္ဂနွေနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၄။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (မန္တလေး)
MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
လျှောက်လွှာအရောင်းကာလ (မန္တလေး)
နေ့ရက် - ၃.၈.၂၀၂၂ (တနင်္လာနေ့) မှ ၁၄.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက်။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (မန္တလေး)
Level N1 (၁၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N2 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N3 (၇၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N4 (၄,၅၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N5 (၃,၀၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၅။ Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်ပြား) ပြန်ထုတ်ကာလ (ရန်ကုန်၊ မန္တလေး)
နေ့ရက် - ၃.၁၀.၂၀၂၂ (တနင်္လာနေ့) မှ ၂၁.၁၀.၂၀၂၂ (သောကြာနေ့) (အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (နေ့လည် ၁၂ နာရီ မှ ၁ နာရီအထိ ထမင်းစားနားပါမည်။)
နေရာ (ရန်ကုန်) - MAJA Office
အမှတ် 2B(5)၊ နှင်းဥယျာဉ်အိမ်ယာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 428 756 746, 09 986 093 637
နေရာ (မန္တလေး) – MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09-250 1625 33
၆။ လျှောက်လွှာတင်ကြေး - တစ်စောင် = ၃,၀၀၀ ကျပ်
၇။ စာမေးပွဲကြေး - N1, N2, N3 = ၄၀,၀၀၀ ကျပ်
N4, N5 = ၃၅,၀၀၀ ကျပ်
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတင်ကြေး (၃,၀၀၀ ကျပ်) ပေးသွင်းပြီး လျှောက်လွှာထုတ်ယူရမည်။ လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ လူကိုယ်တိုင် လာရောက် လျှောက်ထား နိုင်ပါသည်။
လျှောက်လွှာတင်ချိန်တွင် လိုက်နာရမည့်အချက်များ
၁။ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ရန်။ (အချက်အလက်မပြည့်စုံသောလျှောက်လွှာများအား လုံးဝလက်မခံပါ။)
၂။ ဓါတ်ပုံ (၂) ပုံ (လိုင်စင်ဓါတ်ပုံဆိုဒ်)
၃။ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသောသက်သေခံကတ်ပြားမိတ္တူ
(က) မှတ်ပုံတင်မိတ္တူပေါ်တွင် အမည်အား အင်္ဂလိပ်စာလုံးအကြီးဖြင့် ရေးပေးရန်။
(ခ) မှတ်ပုံတင်မိတ္တူပေါ်တွင် မွေးသက္ကရာဇ်အား အင်္ဂလိပ်ဘာသာဖြင့်ရေးရန်။ (မြန်မာမွေးသက္ကရာဇ်အား
အင်္ဂလိပ်မွေးသက္ကရာဇ် ပြောင်း၍ ရေးပေးရန်။)
(ဂ) ကျောင်းသားကတ်ဖြင့် လျှောက်လွှာတင်သူများအနေဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ကျောင်းသားကတ်ကိုသာ နောက်ဆုံးထား၍ လက်ခံမည်ဖြစ်သည်။
၂။ Online ဖြင့်လျှောက်ထားခြင်း။
Online မှ လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်၊ မန္တလေးအတွက် Online System အသစ်ဖြင့် လက်ခံမည်ဖြစ်ပြီး လူဦးရေအနည်းငယ်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online System ဖြင့် လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အား ထပ်မံ သီးသန့်ကြေငြာပါမည်။
အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကတ်ပြားများဖြင့် လျှောက်ထားနိုင်ပါသည်။ ယင်းကတ်ပြားများမှလွဲ၍ ကျန် အခြားမည်သည့်ကတ်ပြားနှင့်မျှ လျှောက်ထား၍ မရနိုင်ပါ။
(၁) ယာဉ်မောင်းလိုင်စင်
(၂) နိုင်ငံကူးလက်မှတ်
(၃) ကျောင်းသားကတ် (အစိုးရ အခြေခံပညာကျောင်းများနှင့် အစိုးရ လိုင်စင်ရ အခြေခံပညာကျောင်းများ)
(၄) ကျောင်းသားကတ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ)
(၅) မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)
အသေးစိတ်သိရှိလိုသည်များကို ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ပြန်လည်မျှဝေပေးလိုက်ပါတယ်
အားလုံး အဆင်ပြေ ကြပါစေ
14/06/2022
Languages Gate Japanese Center က နေ အမြဲ ဝေမျှပေးနေတဲ့ Vocabularies လေးတွေကဘယ်တော့မှရိုးမသွားဘူးနော် အမြဲ ကိုဆန်းသစ်နေစေရမယ် 🥰
ဒီနေ့တော့ ခန္ဓာကိုယ် အစိတ်အပိုင်းလေး ၅ခုကို Kanji
လေးနဲ့ တကွ တွဲမှတ်လိုက်ပါအုံးနော်😍
သင်တန်း စုံစမ်းလိုပါက
အမှတ် ၇၈၅ သရေခေတ္တရာ ၂၂လမ်း ၅ရပ်ကွက် တောင်ဥက္ကလာပ ရန်ကုန်
📞☎️09790565755
Or Language Gate Japanese Center ရဲ့ Messenger Chat box မှစုံစမ်းနိုင်ပါတယ်နော်🥰
ကျေးဇူးတင်ပါသည်🙏🙏🙏
06/06/2022
LGJ ကနေပြီး ဒီနေ့ကစပြီး တစ်နေ့ကို စင်တူ,ဆန့်ကျင်ဖက် Kanji ၂လုံးစီတင်ပေးပါ့မယ်နော်😍
N5 Level ကစမှာ မလို့ page လေးကို အဆက်မပျက် Follow လုပ်နေရင် ကြာရင် ကြာသလောက် မှတ်ရတာ လွယ်လာမှာ ဖြစ်ပါတယ်နော်✨🥰
အခြေခံ ပညာဒါန Calss လေးကလဲ မနက်ဖြန် မနက် ၁၀နာရီမှာ စမှာ ဆိုတော့ ဘာအပ်မယ့်သူတွေက လာအပ်လို့ရပါသေးတယ်နော် 🤗
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon