နန်းထက်ထက်ချစ် Journalist

နန်းထက်ထက်ချစ် Journalist

Share

Photos from နန်းထက်ထက်ချစ် Journalist's post 16/03/2026

🎓 စိုက်မွေးစီးပွားသတင်းတွေ စရေးသားချိန်ကစပြီး၊ 17.3.2019 အထိ အချိန်အတောအတွင်းမှာ ရွှေမြစ်မခသတင်းအေဂျင်စီ၊ Global New Light of Myanmar Newspaper၊ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာ၊ ဒို့ကျေးရွာဂျာနယ်၊ လယ်ယာစီးပွားစာစောင်၊ မန္တလေးနေ့စဥ်၊ ဒီမိုကရေစီတူဒေးသတင်းစာ၊ Bintz Mobile Application၊ The Farmer Journal & Magazine၊ Myanmar National Times၊ Gromaxx- Myanmar၊ Greenway Mobile Application၊ မြန်မာပြည်စီးပွားရေးလမ်းညွှန်..., စတဲ့ သတင်းဌာနအစုံတို့အတွက် စိုက်ပျိုးမွေးမြူရေးနဲ့ဆက်စပ် သတင်း+ ဆောင်းပါး ပုဒ်ရေ (600)အထက်ကို ရေးသားခဲ့တယ်။ ခုလိုမျိုး သမိုင်းမှတ်တိုင်အဖြစ် Profile ထည့်ပေးခဲ့တဲ့ Greenway Mobile Application (အစိမ်းရောင်လမ်း စိုက်မွေးဆော့ဝဲ)ကိုလည်း အထူးကျေးဇူးပါ။ Memories လေး ပြန်တက်လာလို့ ကြည်နူးရတယ်။

🗓ယနေ့ 17.3.2026 အတွင်း ရေးသားဖော်ပြခဲ့သမျှကို တွက်ချက်ကြည့်ရင်တော့... ကျမအနေနဲ့ သတင်းနှင့်ဆောင်းပါး ပုဒ်ရေ (1,000)အထက်၊ တောင်သူအင်တာဗျူးသီးသန့် အရေအတွက် ပုဒ်ရေ (200)ခန့်ကို တောင်သူများကိုယ်စားပြု ရေးသားတင်ဆက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။✍️

#နန်းထက်ထက်ချစ်

15/01/2026

ကုန်ကျစရိတ်ဇီးရိုးဖြင့် သဘာဝပိုးသတ်နည်း

Photos from နန်းထက်ထက်ချစ် Journalist's post 20/03/2025

🤝အခုတစ်လော..စိတ်မကောင်းဖြစ်စရာ..😭Thailand🇹🇭မှာ Overstay ဖြစ်သွားပြီး၊ ဘတ်ရိုက်ထားပြီး၊ Passport ထဲ Non-LA Visa ထည့်ထားပြီး၊ General Worker History ရှိလို့၊ 😔"ကျွန်တော်ကျွန်မတို့တော့.. နိုင်ငံကြီးတွေရဲ့ Visa ရဖို့ ခက်သွားပြီ.."ဆိုပြီး အားငယ်နေကြတဲ့ လူငယ်တစ်ချို့နဲ့ ကြုံတွေ့ရတယ်။

💥ကျမလေ.. အကြံတစ်ခုပေးချင်တယ်။ အခုလောက် နေရာလေးအထိ ရောက်ဖို့ကို ကျမတို့မြန်မာနိုင်ငံသားတွေဟာ..❤️‍🩹 စိတ်ရောကိုယ်ပါ အများကြီး.. ရုန်းကန်ခဲ့ကြပြီးပါပြီ။ 🇱🇷🇰🇷တတိယနိုင်ငံ၊ စတုတ္ထနိုင်ငံတွေလောက်ပဲ အာရုံထားနေရင် ဘဝက အမြင်ကျဥ်းသွားတယ်၊ အတွေးတွေထဲမှာတင် ပြိုလဲနေရတာမျိုး ရှိလာမယ်။ ခဏခဏ ပြိုလဲနေရင် အချိန်တွေ ပုပ်လာမယ်။

👣ကိုယ်တွေဘဝ..ခုလို ရှေ့မရောက်တာ ဘယ်သူ့ကြောင့်.. ဘယ်ဝါ့ကြောင့်..ဆိုပြီးလည်း အပြစ်တွေ တင်မနေနဲ့၊ ဘေးက လာဝေဖန်ကြတဲ့ အတင်းအဖျင်းတွေနဲ့လည်း အာရုံအနောက် မခံနဲ့။❤️‍🔥💪လဲကျရင် ကုန်းရုန်းသာ_ထ။ ထတာ နောက်ကျရင် ကိုယ်တွေပဲ နစ်နာရမှာ..။ ကိုယ်လဲကျနေတဲ့အချိန်မှာ 🌐🚀ကမ္ဘာကြီးက Update တွေ ပြောင်းလဲ နေပြီ.. ဆက်ရွေ့လျားသွားနေပြီ။ လက်ရှိအနေအထားလေးမှာပဲ ကျန်ခဲ့ မခံကြတော့နဲ့။

👑🏆Non-LA Visa နဲ့မို့လည်း အားမငယ်နဲ့။ မဖြစ်သေးတာတွေ တွေးမပူနဲ့။ ဘာသာစကားသစ်တစ်ခုခုကို နေ့စဥ် လေ့လာသင်ယူပါ။ ချမ်းသာအောင်မြင်ဖို့ကို ရည်မှန်းချက် ခိုင်ခိုင်မာမာ ဆက်ပြီးထားကြပါ။ ကိုယ်ကအခု အခြေခံလုပ်သား ဖြစ်ရင်ဖြစ်နေမယ်၊ တစ်နေ့နေ့မှာတော့.. ✨️🛩ဝင်ငွေကောင်းတဲ့သူဌေးကြီးတွေအဖြစ်နဲ့ ကမ္ဘာပတ်သွားနိုင်ရမယ်..ဆိုတဲ့ စိတ်နဲ့ အားတင်းရင်ဆိုင်,ကြိုးစားကြပါ.. ထိုင်းရောက် ရွှေမြန်မာတို့ရေ။💛💚❤

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ခိုလှုံလာကြတဲ့၊ ဘဝတူ ရွှေမြန်မာတိုင်းကို အရမ်းချစ်ပါတယ်ရှင်..🇲🇲🦺🙏 Fighting ပါ။




#ထိုင်း_မြန်မာ #ဗီဇာ #ဘတ်ရိုက် #ထိုင်းရောက်မြန်မာ #ဘတ်စာရင်း #ရွှေ့ပြောင်းလုပ်သား

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address


Yangon
951