Next In
21/06/2026
■ ဟောင်ကောင်ဘီလျံနာသူဌေးသားနဲ့ Naran လက်ထပ်တော့မယ်ဆိုပြီး သတင်းထွက်
- - - “Creation of the Gods” ရုပ်ရှင်ကားထဲက Daji ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ မင်းသမီး Naran ဟာ လာမယ့် နိုဝင်ဘာလမှာ ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင် Eric Fok နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ QQ ရဲ့ ဖော်ပြချက်အရ မင်းသမီးနဲ့ မော်ဒယ် Naran ဟာ တရုတ်နိုင်ငံ၊ Hainan မှာ နိုဝင်ဘာလအတွင်း Eric Fok နဲ့ လက်ထပ်မယ့် သတင်းကြောင့် လူတွေရဲ့အာရုံစိုက်ခြင်း ခံနေရတာပါ။ အသက် (၄၃) နှစ်အရွယ် Eric Fok ဟာ Naran ထက် (၁၄) နှစ် ပိုကြီးပြီး ဟောင်ကောင်ရဲ့ နာမည်အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ အရင်တုန်းကလည်း မင်းသမီး Zhang Ziyi၊ လူမှုရေးသမား Laurinda Ho တို့အပါအဝင် နာမည်ကျော်တွေနဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးသူပါ။
Eric Fok နဲ့ Naran တို့ရဲ့ ဆက်ဆံရေးဟာ Naran ဟောင်ကောင်ကို ပြောင်းရွှေ့ပြီး Genesis Model Agency မှာ ပါဝင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။ အဲဒီကုမ္ပဏီကိုတော့ CEO နဲ့ အဓိကရှယ်ယာရှင်အဖြစ် Eric Fok က ဦးဆောင်နေတာပါ။ အဲဒီအချိန်တုန်းက Naran ဟာ နာမည်မကြီးသေးတဲ့ မော်ဒယ်တစ်ဦးသာ ဖြစ်ပြီး Eric Fok ကတော့ ကြွယ်ဝတဲ့ နောက်ခံနဲ့ သြဇာကြီးတဲ့ မိသားစုကြောင့် ဟောင်ကောင်ရဲ့ လူပျိုကြီးတွေထဲမှာ အလိုချင်ဆုံးသူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။
Naran ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Creation of the Gods I” ရုပ်ရှင်ကားထဲက Daji ဇာတ်ကောင်နဲ့ နာမည်ကြီးလာခဲ့တာပါ။ ပရိသတ်တွေက သူ့ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးခဲ့ကြပြီး တချို့ဆိုရင် သူဟာ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်း ဖန်သားပြင်ပေါ်က အလှဆုံး Daji လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီစုံတွဲဟာ ၂၀၂၄ ခုနှစ်မှာ တရားဝင်စတင်တွဲခဲ့ကြပြီး အဲဒီအချိန်မှာ Naran ဟာ ဟောင်ကောင်ကို မကြာခဏ သွားရောက်ကာ Cantonese စကားကိုလည်း သင်ယူခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
Sources: k14
21/06/2026
■ လက်ထပ်ပြီး (၁၉) နှစ်ကြာမှ ပထမဆုံးအကြိမ် အတူတူဓာတ်ပုံရိုက်ဖြစ်တဲ့ နာမည်ကျော်စုံတွဲ
- - - ကိုရီးယားရဲ့ အချစ်ခံရဆုံးစုံတွဲတစ်တွဲဖြစ်တဲ့ Han Ga In နဲ့ Yeon Jung Hoon တို့ဟာ လက်ထပ်ပြီး (၁၉) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အတူတူ ဓာတ်ပုံရိုက်ခဲ့ကြတာကြောင့် အွန်လိုင်းမှာ တော်တော်လေး ရေပန်းစားနေပါတယ်။
မင်းသမီး Han Ga In က သူနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် Yeon Jung Hoon တို့ရဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းတဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ပေးခဲ့တာပါ။ အဲဒီပုံတွေက ပရိသတ်တွေနဲ့ Netizen တွေကြားမှာ တော်တော်လေး စိတ်ဝင်စားမှု မြင့်တက်နေတာပါ။
“ကျွန်မတို့ လက်ထပ်ပြီး (၁၉) နှစ်ရှိပြီ၊ အဲဒီအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ အချစ်ဦးနဲ့အတူ ဓာတ်ပုံရိုက်ထားပါတယ်”လို့ Han Ga In က ရေးသားထားပါတယ်။ Han Ga In နဲ့ Yeon Jung Hoon တို့ဟာ သာမန်ဝတ်စုံလေးတွေနဲ့တင် သူတို့ရဲ့ အလှတရားတွေကို ပေါ်လွင်စေပြီး အရမ်းကို လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲပုံစံလေး ဖြစ်နေတာပါ။
တစ်ယောက်ကိုတစ်ယောက် ချစ်ရည်ရွှန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ပုံတွေက သူတို့ရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အချစ်ခရီးလမ်းကို သက်သေပြနေသလိုပါပဲ။ ဒီဓာတ်ပုံတွေက အခုဆိုရင် ကိုရီးယားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေပြီး NAVER မှာတောင် ကြည့်ရှုသူ အများဆုံးသတင်းတွေထဲမှာ ဒုတိယနေရာအထိ ရောက်နေပါတယ်။ ပရိသတ်တွေကလည်း “(၁၉) နှစ်ကြာပေမဲ့ အခုထိ လှနေတုန်းပဲ”၊ “အရမ်းကို ချစ်ဖို့ကောင်းတယ်”၊ “မျက်စိပသာဒ ဖြစ်လိုက်တာ” ဆိုပြီး မှတ်ချက်တွေ ပေးနေကြတာပါ။
သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Yellow Handkerchief” ဇာတ်လမ်းတွဲမှာ အတူတွဲရိုက်ရင်း သိကျွမ်းခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ လက်ထပ်ခဲ့ကြတာပါ။ Han Ga In ဟာ အသက် (၂၀) ကျော်အရွယ် အောင်မြင်နေတဲ့ အချိန်မှာပဲ လက်ထပ်ခဲ့တာဖြစ်လို့ အဲဒီတုန်းက မီဒီယာတွေမှာ တော်တော်လေး သတင်းကြီးခဲ့ပါသေးတယ်။
အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ကတော့ နှစ်တွေကြာလာလေ ပိုခိုင်မြဲလာလေပါပဲ။ ၂၀၁၄ ခုနှစ်က ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အဖြစ်အပျက်ကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ သမီးလေးတစ်ယောက်၊ ၂၀၁၉ ခုနှစ်၊ မေလမှာတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီး မိသားစုဘဝလေးကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။
Photos: /Instagram
20/06/2026
■ Lee Hi နဲ့အချစ်ပုံပြင်ကို ဖွင့်ဟခဲ့တဲ့ Rapper Dok2
- - - Rapper Dok2 ဟာ အဆိုတော် Lee Hi နဲ့ သူတို့ရဲ့ လူသိရှင်ကြား ချစ်သူတွေဖြစ်နေတဲ့ အကြောင်းကို ကိုယ်တိုင်ပြောပြလာခဲ့ပါတယ်။ သူဟာ YouTube အစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး သူတို့ ဘယ်လိုမျိုး စတင်တွဲဖြစ်ခဲ့လဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ဝေမျှခဲ့တာပါ။
“ကျွန်တော်တို့မှာ ကြာရှည်တဲ့ ဆက်ဆံရေးသမိုင်းကြောင်း ရှိပါတယ်။ ၂၀၁၄ ဒါမှမဟုတ် ၂၀၁၅ လောက်မှာ အသိမိတ်ဆွေတွေကတစ်ဆင့် ဆုံခဲ့ကြတာပါ။ ကျွန်တော့်အယ်လ်ဘမ်အတွက် အလုပ်လုပ်ရင်းနဲ့ ရင်းနှီးလာခဲ့ပြီး တွဲဖို့တောင် နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းနေမကောင်းဖြစ်နေခဲ့ပြီး Lee Hi ကိုတော့ မပြောခဲ့မိပါဘူး” လို့ Dok2 က ဆိုပါတယ်။
အဲဒီအချိန်တုန်းက သူဟာ ကျန်းမာရေးပြဿနာတွေကြောင့် L.A. ကို ပြောင်းရွှေ့ခဲ့ရပြီး ကိုရိုနာကပ်ရောဂါ ဖြစ်ပွားလာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ သဘာဝအတိုင်းပဲ ဝေးကွာသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ လန်ဒန်မြို့မှာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။
“လန်ဒန်မှာ ကျွန်တော့်ရဲ့ ရှိုးပွဲတစ်ခု ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်တွေ ပြန်လုပ်ဖြစ်ခဲ့ပါတယ်။ အရာအားလုံးက သဘာဝအတိုင်းပဲ ဖြစ်ပျက်နေသလို ခံစားခဲ့ရပါတယ်။ ကျွန်တော် အနုပညာလောကထဲ စဝင်ကတည်းက သူ့ရဲ့ ပရိသတ်အကြီးစားတစ်ယောက်ပါ။ သူတွေကိုတောင် ‘အဲဒါ Lee Hi မဟုတ်လား’ လို့ မေးလေ့ရှိပြီး သူ့နဲ့အတူ သီချင်းဆိုဖို့ အမြဲတမ်း ဆန္ဒရှိခဲ့ပါတယ်”လို့ Dok2 က ပြောဆိုခဲ့ပါတယ်။
သူတို့ရဲ့ အသက်အရွယ်ကွာဟမှုနဲ့ ဝေးကွာနေတဲ့ အကွာအဝေးကတော့ လက်တွေ့ကျတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ “ကျွန်တော်က (၃၆) နှစ်၊ သူက (၂၉) နှစ်ပါ။ ကျွန်တော်က L.A. မှာ၊ သူက ကိုရီးယားမှာပါ။ ကျွန်တို့ရဲ့ အချစ်ဇာတ်လမ်းကို ချက်ချင်း မစတင်နိုင်ခဲ့တာကြောင့် အတူတူ သီချင်းဖန်တီးကြဖို့ အကြံရခဲ့ပါတယ်”လို့ Dok2 က ပြောပါတယ်။ အဲဒီလိုနဲ့ပဲ သူတို့ဟာ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုတော့ “858 High Recordings” ဆိုတဲ့ တေးသံသွင်းကုမ္ပဏီကို ပူးတွဲထူထောင်ထားပါတယ်။
Source: insight
Click here to claim your Sponsored Listing.
Contact the establishment
Website
Address
11221