M.Net Electronic & Gadget Store
28/03/2025
EVE 26V လေးတွေ နည်းနည်းထပ်ရောက်ထားပါတယ်။ 5800ကျပ်ပါ။ဖာဈေးသီးသန့်ရှိပါတယ်။ cb or 09420288880
14/03/2025
All Sold out
1C အနည်းငယ်ရပါဦးမယ် #
EVE 26V 3C နှင့် 1C 2000mAh cell လေးတွေရောက်ထားပါတယ်။
ဈေးနူန်းက
26V 6300ks
1C 2000mAh 4100ks
100ဈေးသီးသန့်ရှိပါမယ်။ရန်ကုန်မြို့တွင်း COD ရပါတယ်။
လမ်းကြပ်တော့ ပစ္စည်းကနည်းနည်းစီ ခွဲဝင်နေတာမလို့ အများကြီးမရှိပါဘူး။အလုံး 1000+2000 ပဲရှိပါတယ်။
လိုအပ်ရင် cb or 09420288880 တို့ကနေမှာယူနိုင်ပါတယ်။
လာဝယ်လို့ရမည့်လိပ်စာက အမှတ်,၅၂၊ဗိုလ်မင်းရောင်လမ်း၊ကမာကဆစ်ရပ်ကွက်၊ဒလမြို့(mnet mobile)
05/02/2025
M.Net WiFi UPS
**🔋 Stay Connected with Our WiFi UPS! ⚡**
မီးပျက်ချိန်တွေမှာတောင် အင်တာနက်နဲ့ ဆက်သွယ်နေချင်သလား ❓❓❓
M.Net WiFi UPS နဲ့ဆို အင်တာနက်ကို မီးပျက်ပျက်၊မီးလာလာ မနားတမ်းသုံးလို့ရနေပါပြီ။✅
**✨💢 အဓိကအားသာချက်များ **
- **ကြာရှည်ခံသော 🔋ဘက်ထရီ**
🕯️မီးပျက်ချိန်တွေမှာ Wifi စက်မျိုးအစားအပေါ်မူတည်၍ ၈နာရီ ကနေ ၁၀နာရီအထိ အင်တာနက်ကို အဆက်မပြတ်အသုံးပြုနိုင်ပါသည်။ စွမ်းဆောင်ရည်မြင့် Lithium ဘက်ထရီ အသစ်ကိုသာ အသုံးပြုထားလို့ ကာလကြာရှည်စွာ အသုံးခံပါသည်။
- **လွယ်ကူစွာ တပ်ဆင်နိုင်မူ**: WiFi စက် များအားလုံးနှင့် ရိုးရှင်း၊လွယ်ကူစွာတပ်ဆင်နိုင်သည်။တပ်ဆင်နည်း အညွှန်းစာရွှက်ထည့် ပေးထားလို့ မည်သူမဆို လွယ်ကူစွာတပ်ဆင် အသုံးပြုနိုင်သည်။
- **အကောင်းဆုံး အာမခံ**: အလုံးစုံ အာမခံ ၆လ နှင့် ၁နှစ် လက်ခမဲ့ ပြင်ဆင်ခွင့် ရရှိပါမည်။ထို့အပြင် စက်ပြင်ဆင်ချိန်တွင် အသုံးပြုနိုင်ရန် **အစားထိုး wifi ups စက်**ပြန်လည်ပေးအပ်ထားပါမည်။
-**ကုန်ကျစရိတ် သက်သာမူ**: Power Bank တွေလို *ပျက်ရင်*လွှင့်ပစ်မဟုတ်လို့၊ပါဝင်သည့် ဘက်ထရီ(သို့)အခြားအစိတ်အပိုင်းများ၊သက်တမ်းကုန်သွားခဲ့သော်(သို့)ပျက်စီးခဲ့လျှင်လဲ အလွယ်တကူအကြိမ်ကြိမ် လဲလှယ်အသုံးပြုနိုင်သည်။
အသုံးပြုသည့် WiFi Router အမျိုးအစားအလိုက် 8နာရီဝန်းကျင် အသုံးခံပါသည်။
1A 10800mAh 47,000ကျပ်
2A 12000mAh 58,000ကျပ်
Super fast 2A 15000mAh 69,000ကျပ် (With Charger)
Super fast 23500mAh 89,000ကျပ် (With Charger)
"" Charger များ အာမခံ မပါရှိပါ။"'
မီးပျက်ချိန်တွေမှာပါ အင်တာနက်သုံးနေလို့ရအောင် M.Net Wifi UPS ကိုမှာယူလိုက်ပါ။
ဆက်သွယ်ရန်
Page Cb or 0942028880
**ခဲဘက်ထရီနှင့် လီသီယမ်ဘက်ထရီ ကွာခြားချက်များ၊ အားသာချက်နှင့် အားနည်းချက်များ**
# # # **ကွာခြားချက်များ**
**ခဲဘက်ထရီ**
ပါဝင်ပစ္စည်း - ခဲပြား၊ဆာလ်ဖျုရစ်အက်ဆစ်
အလေးချိန် - လေးလံ
စွမ်းအင်သိပ်သည်းဆ - နိမ့် (၃၀-၅၀ Wh/kg)
သက်တမ်း - အားသွင်းအကြိမ်ရေ (၃၀၀ မှ ၅၀၀ အထိ)
ဈေးနူန်း - သက်သာ (ကနဦး)
ထိမ်းသိမ်းမူ - ရေထပ်ဖြည့်ရန် လိုအပ်နိုင်
သဘာဝပတ်ဝန်းကျင် - ခဲနှင့်အက်ဆစ်သည် အဆိပ်သင့်နိုင်
အားအသုံးခံနိုင်မူ - ၅၀% ထက်ပို၍မသုံးသင့်(သက်တမ်းကျဆင်း)
----
**လီသီယမ်ဘက်ထရီ**
ပါဝင်ပစ္စည်း - လီသီယမ်ဒြပ်ပေါင်း
အလေးချိန် - ပေါ့ပါး (လီသီယမ်သည် သိပ်သည်းဆမြင့်)
စွမ်းအင်သိပ်သည်းဆ - မြင့် (၁၀၀ -၂၅၀ Wh/kg)
သက်တမ်း - အားသွင်းအကြိမ်ရေ ၁၀၀၀ မှ ၆၀၀၀ အထိ
ဈေးနူန်း - ဈေးကြီး (ကနဦး)
ထိန်းသိမ်းမူ - ထိန်းသိမ်းရန်မလိုအပ်
သဘာဝပတ်ဝန်းကျင် - ထုတ်လုပ်မူနှင့်စွန့်ပစ်မူတွင် ပြသနာရှိ
အားအသုံးခံနိုင်မူ - ၈၀-၉၀% ထိအသုံးပြုနိုင်(သက်တမ်းမထိခိုက်)
---
# # # **ခဲဘက်ထရီ၏ အားသာချက်များ**
1. **စျေးသက်သာ** – ကနဦးစရိတ်နည်း။
2. **စွယ်စုံသုံးနိုင်** – ကား၊ UPS၊ ဆိုလာစနစ်များတွင် အသုံးများ။
3. **အပူချိန်လိုက်လျောညီထွေရှိ** – အပူမြင့်ဒဏ်ကို ပိုခံနိုင်သည်။
4. **ပြန်လည်သုံးစွဲနိုင်မှု** – ခဲပြန်လည်သန့်စင်သည့် နည်းပညာဖြင့် ပြန်လည်အသုံးပြုနိုင်။
# # # **ခဲဘက်ထရီ၏ အားနည်းချက်များ**
1. **လေးလံခြင်း** – သယ်ဆောင်ရခက်ခဲ။
2. **သက်တမ်းတိုခြင်း** – အားသွင်းအကြိမ်ရေ နည်း။
3. **စွမ်းအင်သိပ်သည်းဆနိမ့်ခြင်း** – အရွယ်အစားကြီးမားခြင်း။
4. **ထိန်းသိမ်းမှုလိုအပ်ခြင်း** – ရေဖြည့်ရန် လိုအပ်နိုင်။
---
# # # **လီသီယမ်ဘက်ထရီ၏ အားသာချက်များ**
1. **စွမ်းအင်သိပ်သည်းဆမြင့်** – အရွယ်အစားသေး၊ ပေါ့ပါး။
2. **သက်တမ်းရှည်** – နှစ်ပေါင်းများစွာ အသုံးပြုနိုင်။
3. **အကျိုးရှိသောအားသွင်းစနစ်** – မြန်ဆန်ပြီး စွမ်းအင်ဆုံးရှုံးမှုနည်း။
4. **အားအသုံးကုန်ခံနိုင်မူ** – ၉၀%အထိအသုံးပြုနိုင်၊သက်တမ်းမကျဆင်း။
# # # **လီသီယမ်ဘက်ထရီ၏ အားနည်းချက်များ**
1. **စျေးကြီးခြင်း** – ကနဦးစရိတ်မြင့်။
2. **လုံခြုံရေးစိုးရိမ်မှု** – ပြင်းထန်သောအပူချိန် (သို့) ပျက်စီးပါက မီးလောင်နိုင်။
3. **အအေးဒဏ်မခံနိုင်** – အလွန်အေးသောရာသီတွင် စွမ်းဆောင်ရည်ကျဆင်း။
4. **ပြန်လည်သုံးစွဲနိုင်မှု** – လီသီယမ်ပြန်လည်သန့်စင်သည့် စနစ်များ ရှုပ်ထွေး၍၊စိန်ခေါ်မူများရှိသေး။
---
# # # **အသုံးချနယ်ပယ်များ**
- **ခဲဘက်ထရီ** – မော်တော်ကား၊ ကျေးရွာလျှပ်စစ်စနစ်၊ UPS စနစ်များ။
- **လီသီယမ်ဘက်ထရီ** – လက်ကိုင်ပစ္စည်း (ဖုန်း၊ လက်တော့ပ်),လျှပ်စစ်ကား၊ နေရောင်ခြည်စွမ်းအင်သိုလှောင်စနစ်၊စွမ်းအင်လိုအပ်ချက် ကြီးမားသော အိမ်နှင့်လုပ်ငန်းခွင်များ။
ဤအချက်များကို လိုအပ်ချက်၊ ဘတ်ဂျက်နှင့် အသုံးပြုမည့်နေရာအလိုက် ချိန်ဆရွေးချယ်အသုံးပြုသင့်ပါသည်။
.Net
24/01/2025
ပစ္စည်းလေးတွေပြတ်နေလို့ ရောက်နိုး...ရောက်နိုးနဲ့ .....
07/11/2024
လူစီးကုန်တင် Battery သုံးဘီး အကြီးတစီးရောက်ထားပါတယ်။
Motor 1000W
Battery 32Ah
Wheel 3-12 အကြီး
ဘက်မှန်
သူခိုးအလန်း
တောင်တက်ဂီယာ
Battery အာမခံ 10လ
လမ်းပိတ်ထားတာကနေ သွင်းရတာမို့ ကုန်ကျစရိတ်များလို့ ဈေးအနည်းငယ်များပါမယ်။ရတုန်းလေးယူထားကြပါ။ပစ္စည်းထပ်ဝင်ဖို့ အရမ်းကြာနိုင်ပါတယ်။
ဈေးက59သိန်းခွဲပါ။လိုအပ်ရင် 09799308030၊09420288880 ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
25/10/2024
#ခဲရောင်လေးပဲကျန်တော့တယ်....
30/09/2024
#၄၃သိန်းခွဲ # ငွေဈေးထပ်ကျလို့ ဈေးထပ်ချပေးထားပါတယ်။၄၃သိန်း၅သောင်းကျပ်ပါ။အရောင်သုံးရောင်ပဲရပါတော့မယ်။သုံးစီးပဲကျန်ပါတော့တယ်။
72V 1200W motor
23Ah Battery
Remote
သူခိုးအလန်း
ဘက်မှန်
Wheel lock
မိုးကာ
ဦးထုပ်
လေထိုးပိုက်
ကယ်ရီပဲဆွဲဆွဲ၊အိမ်သုံးပဲစီးစီး၊ပစ္စည်းပဲတင်တင် အရမ်းမိုက်တဲ့ဒီဇိုင်းလေးတွေပါ။ဘော်ဒီသံသားအထူနဲ့ 72V23Ah special version ဖြစ်လို့ အရည်အသွေးပိုင်းက ပြောစရာမလို့အောင် ဂွတ်ရှယ်ပါ။ cb or 09799308030 မှာဆက်သွယ်ဝယ်ယူနိုင်ပါတယါ။
28/09/2024
လက်ဆောင် ...ခဲ၊အဖြူ၊နီညို သုံးရောင်ပဲရပါတော့မယ်။
26/09/2024
ငွေဈေးကျလို့ဈေးလျှော့ပေးထားတယ်နော်။
44သိန်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |