Authentic Myanmar Outbound Tours
11/08/2025
ခရီးစဉ် နောက်ဆုံးနေ့
🇪🇪 ESTONIA
Tallinn မြို့ဟာ မြို့ဟောင်း နဲ့ မြို့သစ် ၂ ပိုင်း တည်ရှိနေတဲ့ မြို့ပေါ့
Toompea Hill ပေါ်မှာ တည်ရှိတဲ့ သမ္မတ နန်းတော်ဘက်ကို လည်ပတ်ရင်း ကျွန်မတို့ တနေ့တာ လည်ပတ်မှု့ စတင်ပါတယ်
ပန်းခြံကျယ်ကြီးထဲမှာ ထည်ထည်ဝါဝါ တည်ရှိနေတဲ့ နန်းတော် အဝင်ဝမှာထဲက တစ်အားကို လှပတဲ့ ပန်းခင်းတွေကို အပေါ်စီးကနေပြီး မြင်ရတယ်
အနားယူဖို့ ထိုင်ခုံလေးတွေ အမှတ်တရ ဆိုင်ခန်းလေး နဲ့ ဆင်ဝင်လေးက တစ်ကယ်ကို ပနံ့ရပါတယ်
ရေပန်းတွေ အများကြီး နဲ့ ရေကန် ကြီးရယ် လျှောက်လမ်းတစ်လျှောက် ကျွန်မတို့ ဖြတ်လျှောက်ကြတယ်
အဲ့ဒီ့ကနေမှ ကျွန်မတို့ဟာ ရှေးခေတ်ကျောက်တုံး ဟောင်းတွေ နဲ့ လမ်းဖန်တီးထားတဲ့ UNESCO စာရင်းဝင် မြို့ဟောင်း တစ်လျှောက်မှာ အရောင်မျိုးစုံ နဲ့ အိမ်တွေ အမိုးချွန်ရှိတဲ့ ဘုရားကျောင်းတွေကို လှည့်ပတ် လေ့လာကြတယ်
တချို့ ဘုရားကျောင်း အမိုးခုံး အလုံးတွေဟာ မူဆလင် ဘုရားကျောင်း ခေါင်မိုးတွေ နဲ့ ဆင်တူသလို ထင်ရတယ် သို့ပေမယ့် အတွင်းပိုင်း ဗိသုကာကတော့ ဥရောပ အရှေ့ပိုင်း ဗိသုကာဆန်တာ တွေ့ရတယ်
မြို့ဟောင်းထဲမှာ ပျားရည် သဘာဝ ချည်ထည်တွေ ဒေသထွက် ပေါင်မုန့်မဲ အရောင်းဆိုင်တွေ ရှိတယ်
မြို့ဟောင်းကို ဖြတ်သန်းတဲ့ ရထားတွေလည်း တွေ့ရတယ် ။ ဘူတာကြီးကိုလည်း တွေ့ရတော့ မြို့ကြီးတွေ တစ်ခုနဲ့တစ်ခုနဲ့ ဒီရထားတွေနဲ့ပဲ သွားလာကြတာ သိရတယ်
Estonia နိုင်ငံက ဥရောပ အလယ်ပိုင်း နဲ့ အရှေ့ပိုင်း ဒေသတွေထဲမှာ စီးပွါးရေး အမြင့်ဆုံး နိုင်ငံဖြစ်တယ် လို့ သိရတယ်
မြို့သစ်ထဲမှာကို မိုးမျှော်တိုက်တွေ တွေ့နေတာပဲလေ
မြို့လယ်ကောင်မှာလည်း ယူကရိန်းအလံ နဲ့ အစ္စတိုးနီးယား အလံ အကြီးကြီး ၂ ခု တွဲရပ်ကို အဆောက်အဦးတစ်ခုပေါ်မှာ ကပ်ထားပါတယ်
ယူကရိန်း ရရှား စစ်ပွဲ မပြီးဆုံးသရွေ့ နယ်မြေနီးစပ်တဲ့ တိုင်းပြည်တွေ အကုန်လုံးက သတိထား နေထိုင်နေကြရတဲ့ သဘောပါပဲ
ဒီနိုင်ငံဟာ Digital marketing, financial services တွေ နဲ့ information technology အလွန် ဖွံ့ဖြိုးတဲ့ နိုင်ငံ တစ်ခုလို့ သိရတယ်
အစိုးရ အဆက်ဆက်က ခရီးသွား လုပ်ငန်းအတွက် အဓိက ထားပြီး သစ်တော ထိမ်းသိမ်းမှု့တွေ ရှေးဟောင်း အဆောက်အဦး ထိမ်း သိမ်းမှု့တွေ အစဉ်တစိုက် ပြုလုပ်လေ့ ရှိတယ်လို့ သိရတယ်။
ကမ်းခြေတွေ ကျွန်းတွေ ပန်းခြံတွေ ကို ဂရုတစိုက် သန့်ရှင်းအောင် ထားတာတွေ တွေ့ခဲ့ရပါတယ်
Baltic triangle ခရီးစဉ် ပြီးဆုံးပါပြီ
နောက်ထပ် ခရီးစဉ်သစ်တွေကို မိတ်ဆက်ပေးမှာ ဖြစ်လို့ Authentic Myanmar Outbound Page ကို Like ပြုလုပ်ထားနိုင်ပါတယ်
Check our website for more information 👉
www.authenticmyanmar-outbound.com
သီးသန့် ခရီးစဉ်များအတွက် ဆက်သွယ်ရန်
What’s up business
သတိုးသူဇာအောင်
+33 6 10 14 23 81
10/08/2025
🇱🇻 Turaida Museum, Latvia
ဒီနေ့ မနက်ပိုင်းက အထင်ကရ ရဲတိုက်ကြီးကို လည်ပတ်တာနဲ့ စပါတယ်
ရဲတိုက် ပတ်ပတ်လည်မှာ ပန်းခြံကျယ်ကြီးမှာ အပန်းဖြေ အနားယူလို့ ရပါတယ်
ခေတ် အဆက်ဆက်မှာ လူတွေက စစ်တိုက်ရတာ ကြိုက်ကြတယ်မလား
ဒီရဲတိုက်မှာလည်း စစ်ပွဲ တစ်ခုနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့တယ်
၁၆၀၁ ခုနှစ်က တူရာဒါ ရဲတိုက်နားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ခုပေါ့
“ပိုလန်–ဆွီဒင် စစ်ပွဲ” (၁၆၀၀-၁၆၂၉)အစပိုင်းကာလက ဇာတ်လမ်းပေါ့
၁၆၀၁ ခုနှစ်မှာ ဆွီဒင်နဲ့ ပိုလန်-လစ်သူဝေးနီးယား တပ်တွေ တိုက်ခိုက်ပြီးတဲ့နောက်မှာ ရဲတိုက် အဆောက်အဦး ပျက်စီးနေရာမှာ အသက်ရှင်ကျန်ရစ်သူ မိန်းကလေးတစ်ဦးကို ဆွီဒင် စစ်သားတွေ ရှာတွေ့ ခဲ့ကြတယ်။
ဆွီဒင် စစ်တပ်ခေါင်းဆောင် Michel က သူမကို မွေးစားပြီး Maija လို့ အမည်ပေးခဲ့တယ်။ အလွန်လှပတဲ့ မိန်းကလေးမို့ ဇာတ်လမ်းထဲမှာ သူမကို “ Turaidas Roze” လို့လည်း တင်စား ခေါ်ဝေါ်ပါတယ်။
Maija အရွယ်ရောက်လာတော့ ရဲတိုက်က ဥယျာဉ်မှုး
Viktor နဲ့ ချစ်သူတွေ ဖြစ်ကြတယ်တဲ့။ မကြာခင် လက်ထပ် ထိမ်းမြှားဖို့ စီစဉ်ထားခဲ့တယ်တဲ့
Maija ရဲ့ အလှကို ယစ်မူးနေတဲ့ ပိုလန်တပ်သားဟောင်း Adam Jakubowski က လူမိုက်တစ်ယောက်က Maija ကို လိမ်လည် ပေါင်းသင်းဖို့ ကြံစည်တယ်
သူက Viktor က တွေ့ချင်လို့ခေါ်တာပါလို့ ဆိုပြီး Maija ကို Gutmanis Cave ကို ဖျားယောင်း ခေါ်ဆောင်လာတယ်။ Maija က သူ့ရဲ့ အကြံကို ရိပ်မိပြီး သူမဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူမရဲ့ ခန္တာကိုယ်ကို ပုဝါနီအောက်မှာ ကွယ်ပြီး တန်ခိုးနဲ့ ဖျောက်ပလိုက်တယ် ဆိုပဲ … Adam ရဲ့ ဓါးလက်နက်ရဲ့ အစွမ်းကို သိဖို့ ထိုးသွင်း စမ်းသပ်ကြည့်ဖို့ တောင်းဆိုတယ်
Maija ရဲ့ စကားကို ယုံကြည်ခဲ့တဲ့ ပိုလန်စစ်သားဟာ သူ့ရဲ့ ဓါးချက်နဲ့ Maija ကို အသေသတ်မိလိုက်ပါတယ်
နောက်ပိုင်းမှာ ပိုလန် စစ်သား Adam Jakubowski ကို တရားရုံးက အပြစ်ပေးခဲ့တယ်။ Maija ရဲ့ ခန္တာကိုယ် ကို အခု ရဲတိုက်ကြီးနားမှာ မြုပ်နှံလိုက်ကြတယ်
ယနေ့ အချိန်ထိအောင် Maija ရဲ့ အုတ်ဂူပေါ်မှာ
ချစ်စုံတွဲတွေ လာရောက်ပြီး ပန်းအလှလေးတွေ တင်ပေးကြတယ်။
သူမရဲ့ ဇာတ်လမ်းဟာ သစ္စာတရား သတ္တိနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုလို့ ဒီနိုင်ငံရဲ့ Juillet လို့တင်စားခေါ်ဝေါ်ကြတယ်။
ပုံပြင်လေး ပြီးပါပြီ …
ဆက်လက် လေ့လာခဲ့ရတဲ့ ချစ်စဖွယ် ရိုးရာ မင်္ဂလာဆောင် ပုံစံကို ရှင်းပြပါမယ်
💍 ဒေသခံရိုးရာမှာတော့ မင်္ဂလာပွဲနေ့မှာ ဘုရားကျောင်းထဲမှာ အမျိုးသမီးတွေက ဘုရားကျောင်းထဲ အဝင် ဘယ်ဘက်ခြမ်းမှာ ထိုင်ကြရပြီး အမျိးသားတွေက ညဘက် အခြမ်းမှာ ထိုင်ကြရပါတယ်
သတို့သမီးဟာ ပန်းတွေနဲ့ အလှဆင်ထားတဲ့ သရဖူကို
ခေါင်းပေါ်မှာ ညာဘက်ခြမ်းကို ယိမ်းပြီး ဆောင်းထားပါတယ် မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတောြ ခင်ပွန်းရဲ့နှလုံးသားဘက်ဖြစ်တဲ့ ဘယ်ဘက်ကို ယိမ်းပြီးဆောင်းကြပါသတဲ့
ဆက်လက်ပြီးတော့ ကျွန်မတို့ Estonia နိုင်ငံကို
ခရီးထွက်ကြပါတယ်
🚜 Estonia ကို သွားတဲ့ လမ်းက ယာတော တစ်ခုမှာ နေ့လည်စာ စားကြပါတယ်
လယ်ပိုင်ရှင်က သူတို့ ရိုးရာ အိမ်အမိုးတပ်ဖို့ သစ်သားတွေ ဖြတ်တာ အမိုးပြားတွေ ခွါတာတွေကို လက်တွေ့ သရုပ်ပြပါတယ်
အလွှာလိုက် တစ်ခုချင်းစီ ထပ်ပြီး တပ်ဆင်တဲ့ ဒီ အမိုးတပ်နည်းနဲ့ လုပ်ထားတဲ့ အိမ်သစ်အမိုးတွေဟာ နှစ် ၃၀ ခန့် ခိုင်ခန့်တယ်လို့ သိရပါတယ်
🍯 ပြီးတော့ နေ့လည်စာ Estonian ရိုးရာ အစားအစာ စားကြပါတယ်။ အသီးအရွက် အစုံရယ်၊ အိမ်လုပ် ပေါင်မုန့် နဲ့ ထောပတ်တွေရယ်၊ အချဉ်ဖောက်ထားတဲ့ ဂေါ်ဖီနဲ့ ပြုလုပ်ထားတဲ့ ဝက်သားပေါင်းဟင်းရယ် ဒေသထွက် ဘီယာရယ် အပြင် လယ်တော တစ်ဖက်က တိုက်လာတဲ့ လေနုအေး အောက်မှာ နေ့လည်စာ စားရတာ တကယ့်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်။
အချိုတည်းဖို့ ဒေသထွက် ပျားရည်အမျိုးမျိုး နဲ့ ကော်ဖီခါးခါးကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ်။
နေ့လည်စာ စားအပြီးမှာ Estonia မြို့တော် Tallinn ကို ဆက်လက် ခရီးထွက်ခဲ့ကြပါတယ်
🌊 ညနေနှောင်းပိုင်းမှ ဟိုတယ်ကို ရောက်ကြပါတယ် ဟိုတယ်မှာ ညစာစားပြီးတဲ့ အခါ ဟိုတယ်နဲ့ ကပ်လျှက် Baltic Sea ဘက်ကို လမ်းလျှောက်ပြီး ယနေ့ ခရီးစဉ် ပြီးဆုံးပါပြီ
သီးသန့် ခရီးစဉ်များ အတွက် ဆက်သွယ်ရန်
သတိုးသူဇာအောင်
What’s up business
+33 6 10 14 23 81
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No-001, Building C, Thazinminn Avenue, Thumingalar Housing, P. O, Thin Gan Gyun Township
Yangon
11071
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:00 |