One Construction - Yangon
Seismic Load (Earthquake load) ဟာ
Structure planning မှာထဲက မဖြစ်မနေ ထည့်စဉ်းစားရမယ့် အရာဖြစ်ပါတယ်။
ကုန်ကျစရိတ်ကိုကြည့်ပြီး Load မကြည့်ကြတဲ့အခါ
ဆုံးရှုံးမှုက အတိုင်းထက်အလွန်ဖြစ်တတ်ပါတယ်။
အိမ်ရှင်ဘက်ကရော၊ Construction ဘက်ကရော
ဖြစ်လေ့ဖြစ်ထမရှိတဲ့ Natural disaster live loads တွေကို ထည့်စဉ်းစားတာ
ရေရှည်အသက်အန္တာရယ်အတွက် အကောင်းဆုံးပါ။
One Construction - Yangon
မဂ်လာ Sunday ပါ။
One Construction - Yangon
09/09/2023
အိမ်ရောင်းတော့ မည့် LG
Smart Home တွေဆိုတာ အခုနောက်ပိုင်းမှာ အတော်လေး ကျယ် ပြန့်လာပြီ IFA မှာ LG ချပြသွားတဲ့ Concept က မိုက်တယ်
သာမန် End User အနေနဲ့ Smart Home Product တွေ ပြန့်ကျဲနေတာ ဘယ်လို ဆင်ရမလဲ မသိတဲ့ အချိန် LG က Smart Cottage ဆိုတဲ့ LG ရဲ့ Smart Home Product အစုံပါတဲ့ Modular Home ကို ချပြသွားတာပါ
ဒီ Prototype က အကျယ်အဝန်း 31.4 square metre ရှိပြီး အထပ်နှစ်ထပ်နဲ့ အိပ်ခန်း တစ်ခန်း ပါဝင်မှာပါ ဒီ အိမ်ထဲမှာ LG ရဲ့ စမတ် အိမ်သုံးပစ္စည်းအစုံပါမယ်
ခေါင်မိုးမှာက 4 kilowatt ဆိုလာ Panel တပ်ဆင်ပေးထားမယ် LG ကတော့ ဒီ Smart Cottage အတွက် Startup Company တစ်ခု နဲ့ ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမယ် ဆိုပါတယ်
ဒီ LG Smart Cottage က IFA က Concept သက်သက်ပဲလား ၊ စျေးကွက်ထဲကို ပို့ပေးလာမှာလားကတော့ စိတ်ဝင်စားစရာပါပဲ
13/07/2023
အိမ်တွေက အခင်းကြွေပြားတွေ ဘာကြောင့်ကွဲအက်ရလဲ 🧱🧱
လူနေအိမ်အဆောက်အဦးတွေမှာ ကြွေပြားများ ခုံးလာခြင်း၊ အက်ကွဲကြောင်းပေါ်လာခြင်း၊ လန်ထွက်လာခြင်းစတဲ့ ပြဿနာတွေ တွေ့ကြုံတတ်ကြပါတယ်
ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်စေတဲ့အကြောင်းရင်းတချို့ကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်
1️⃣ တပ်ဆင်မှုညံ့ဖျင်းခြင်း
ကြွေပြားကပ်ခြင်းဟာ ဂရုစိုက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွမ်းကျင်အဆင့် လူများကပ်ပါမှ စိတ်ချရတဲ့ အခြေအနေမှာရှိပါတယ်
ကြွေပြားမှန်ကန်စွာနေရာချတတ်ဖို့၊ ချိန်ညှိဖို့ဆိုတာတွေဟာ ကျွမ်းကျင်လေဘာများသာ လုပ်ဆောင်နိုင်တဲ့ ပညာရပ်တွေဖြစ်ပါတယ်
2️⃣ အပူချိန်အပြောင်းအလဲ
ပူရင်ပွ အေးလျှင်ကြုံ့တတ်တဲ့ သဘာဝရှိတာကြောင့် ကြွေပြားချပ်တွေကြားမှာ သင်တင့်တဲ့ နှာလိုင်း(expansion joint)များပါဝင်ပါမှ ကြာရှည်ခံတဲ့ ကြွေပြားကပ်ခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်
3️⃣ ကြွေပြားကပ်ကော်မှန်ကန်စွာ အသုံးပြုခြင်း
ကြွေပြားကပ်ကော် ကောင်းကောင်းနဲ့ သရိုးအချိုးအစားမှန်မှန်နဲ့ သုံးခြင်းဟာ ကြွေပြားကြာကြာခံခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်
4️⃣ညီညာတဲ့ အောက်ခံမျက်နှာပြင်နဲ့ သန့်ရှင်းရေး
ကြွေပြားအောက်ခံမျက်နှာပြင် (ကြမ်းခင်း၊နံရံ) စတာတွေဟာ ညီညာချောမွတ်နေဖို့လိုအပ်ပြီး ကြွေပြားမကပ်ခင် ဖုန်၊ အမှိုက်များကင်းစင်နေဖို့လည်းလိုအပ်ပါသေးတယ်
5️⃣ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်
ငလျင်လိုမျိုးတုန်ခါမှုတွေကြောင့်လည်း ကြွေပြားများကွဲအက်ရလေ့ရှိပါသေးတယ်
အခုတင်ပြခဲ့တာကတော့ ကြွေပြားကွဲခြင်း၊ အက်ခြင်းဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအချို့ဖြစ်ပြီး ကြွေပြားကပ်ဖို့ ကန်ထရိုက်ကောင်းကောင်းရှာနေတယ်ဆိုရင်တော့ ONE C&Iကိုသတိရလိုက်ပါ
ကျွမ်းကျင်လေဘာများနဲ့ errorအနည်းဆုံး ကြွေပြားကပ်လုပ်ငန်းအတွက် ONE C&Iမှတာဝန်ယူပေးပါရစေ
ဆက်သွယ်ရန်:
☎ 09 765 411 577
📧 [email protected]
🏬 အမှတ် ၉၁၈၊ ဗိုလ်ဆွန်ပက်လမ်း၊ ရပ်ကွက် ၃၆၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
&I
Click here to claim your Sponsored Listing.