WARA Logistics

WARA Logistics

Share

Photos from WARA Logistics's post 01/02/2022

ရန်ကုန်စည်ပင်သာယာရေးကော်မတီ မှ
တံတားခံနိုင်ဝန်လျှော့ချသတ်မှတ်ကြောင်း
အကြောင်းကြားခြင်း

05/10/2021

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် နောက်ဆုံးကျန်ရှိသည့် ချင်းရွှေဟော်ဂိတ်ကိုလည်း မနက်ဖြန်က စပိတ်မည်

- ကိုဗစ် ၁၉ ဆက်စပ်ပစ္စည်းများမှလွဲ၍ ကျန်ကုန်ပစ္စည်းများ တင်သွင်းခွင့်မပြုတော့

ရန်ကုန်၊ အောက်တိုဘာ ၅

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး တရုတ်ဘက်ခြမ်းက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားခဲ့ပြီးနောက် ယခုအခါ နောက်ဆုံးကျန်ရှိတဲ့ ချင်းရွှေဟော်ဂိတ်ကတစ်ဆင့် အောက်တိုဘာလ (၆) ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်သွင်းမှုကို ခွင့်မပြုတော့ဘူးလို့ ထပ်မံကြေညာလိုက်ပါပြီ။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တစ်ဖက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းတွေကလွဲပြီး ကျန်ကုန်ပစ္စည်းတွေကို တင်သွင်းမှုကို ခွင့်မပြုကြောင်း ညွှန်ကြားလာတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောပါတယ်။

‘‘တရုတ်ဘက်က ဒီအတိုင်းသာ ကြာရှည်ပိတ်ထားမယ်ဆိုရင် ပြည်တွင်းက
စိုက်ပျိုးရေးထွက်ကုန်တွေ ထိခိုက်ဆုံးရှုံးမှု အများအပြား ဖြစ်နေဦးမှာပဲ။ ဘာပဲပြောပြော ပြန်ဖွင့်စေချင်တယ်’’ လို့ တရုတ်-မြန်မာနယ်စပ် ကုန်သည်တစ်ဦးဖြစ်သူ ဦးမင်းသိန်းက ပြောပါတယ်။

ဒီလို တင်သွင်းမှု ရပ်ဆိုင်းလိုက်တာကြောင့် ပဲတီစိမ်း၊ ကုလားပဲ၊ ကြက်သွန်၊ ငါးခြောက်အပါအဝင် အခြားလယ်ယာထွက်ကုန်တွေ တင်ပို့ခွင့်မရတော့ဘဲ တရုတ်ဘက်ခြမ်းက တင်သွင်းနေရတဲ့ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲ၊ သစ်သီးစတဲ့ စားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။

‘‘မြန်မာဘက်ကတော့ တောင်းဆိုတာရှိတယ်။ တစ်ဖက်ကလည်း ဗဟိုအစိုးရရဲ့
တိုက်ရိုက်ညွှန်ကြားချက်ဖြစ်လို့ သူတို့လည်း ဘာမှလုပ်မပေးနိုင်ဘူး ဖြစ်နေတာ။ အကြာကြီးတော့ ပိတ်ထားလို့ မရဘူး’’ လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူအချို့ကတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်မြို့နယ်က ရန်လုံကျိုင်းတံတားအနီး နယ်စပ်မိုင်တိုင်အမှတ် ဘီပီ-၁၂၄ အနီးဝန်းကျင်မှာ နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ်ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁) ရက်က
သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ်နယ်စပ်ဖြစ်တဲ့ ကျယ်ဂေါင်က
တရုတ်သွင်းကုန်ပစ္စည်းတွေကို အောက်တိုဘာလအကုန် အပြီးသတ် သယ်ဆောင်ဖို့ ကြေညာခဲ့ပြီး ခန့်မှန်းကုန်ကားအစီးရေ (၇၀၀) ခန့်စာ ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ကိုဗစ်-၁၉ အကြောင်းပြပြီး ကုန်သွယ်မှု ကန့်သတ်ခြင်းတို့ကြောင့် ချင်းရွှေဟော်ဂိတ်ကတစ်ဆင့်
နှစ်ဖက်ကုန်သွယ်မှုပမာဏက စက်တင်ဘာလ (၂၉)ရက်အထိ အမေရိကန်ဒေါ်လာသန်း (၄၅၀)ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် ဒေါ်လာ (၇၆)သန်းကျော် လျော့နည်းသွားခဲ့တယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့
ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

သတင်း - BETV Business

23/11/2020

(1-12-2020) ရက်နေ့မှစတင်၍ ပို့ကုန်လိုင်စင်ပါမစ်များအားလုံး Tradenet 2.0 စနစ်တွင်လျောက်ထားရမည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် အသုံးပြုနိုင်သည့် Myanmar Tradenet 2.0 စနစ်အား အဆင့်လိုက်အသုံးပြု ခွင့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း Tradenet Member လျှောက်ထားခြင်း၊ ပသကလျှောက်ထားခြင်းနှင့် ဆက်စပ်မှတ်ပုံတင်ခြင်းအား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်ပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်(ရုံးချုပ်)ပို့ကုန်လိုင်စင်၊ ပါမစ်များအားလုံးအား Tradenet 2.0 (www.myanmartradenet.com) မှ လျှောက်ထားကြရမည်ဖြစ်ပြီး ယခင်လျှောက်ထားထုတ်ပေးနေသည့် Fully Online စနစ်မှလျှောက် ထားခြင်းအား အဆိုပါနေ့မှစတင်၍ လျှောက်ထားခွင့်ပြုတော့မည် မဟုတ်ပါ။
ပို့ကုန်လိုင်စင်ပါမစ်အားလုံးအတွက် လျှောက်ထားရာတွင် ယခင် Section များအစား Section (1) တစ်ခုတည်းဖြင့်သာ ပြောင်းလဲသတ်မှတ်ထားပြီး ပို့ကုန်လိုင်စင်ပါမစ်များအတွက် လိုအပ်သည့် ထောက်ခံချက်များအား (၁-၁၂-၂၀၂၀) မတိုင်မီ ထုတ်ပေးထားရှိသည့် ထောက်ခံစာများအား လုပ်ငန်းရှင်ကိုယ်တိုင် လိုင်စင်များလျှောက်ထားရာတွင် attach file ဖြင့် တင်ပြရမည်ဖြစ်ပြီး (၁-၁၂-၂၀၂၀) ရက်နေ့မှ နောက်ပိုင်းထုတ်ပေးသည့် ပို့ကုန်စနစ်အတွက်လိုအပ်သည့် ထောက်ခံချက်များအား သက်ဆိုင်ရာ ထောက်ခံချက် ထုတ်ပေးသည့်ဌာနအဖွဲ့အစည်းများ(OGAs) ကိုယ်တိုင် Tradenet 2.0 စနစ်တွင် ဝင်ရောက်ချိတ်ဆက် ပေးပို့ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30