Colorful Corner

Colorful Corner

Share

Photos from Colorful Corner's post 02/06/2019

Iphone & Samsaung Ph cover
Quality - A+++

Preorder ဖြစ်လို့ waiting time ကတော့ 2 weeks ပါ
Feedback ​ကောင်း​ကောင်း​လေး​တွေ ပြန်​ရထားပြီး အရမ်းမှာကြတဲ့ design ​လေးပါ

ph model - 6, 6 plus, 7, 7 plus, 8, 8 plus, X, Xs, Xs Max, XR
Samsaung note 7, note 8 plus , note 9 ,S7 , S8

မှာယူလိုပါက comment or message box ကနေ code နံပါတ်လေးပြောပြီးမှာလို့ရပါတယ်နော်။

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေပါ။ အခြားမြို့နယ်တွေကတော့ ငွေကြိုလွှဲပေးရပါမယ်။ နီးစပ်ရာ ကားဂိတ်ကနေ ပို့ဆောင်ပေးပါမယ်နော်။

မြို့နယ် အလိုက် delivery fees တော့ပေးချေရပါမယ်ရှင့်။

order တင်ပြီးမှ cancel လုပ်ခြင်းသည်းခံပါရှင်။

Photos from Colorful Corner's post 31/05/2019

Iphone cover
Quality - A++

Preorder ဖြစ်လို့ waiting time ကတော့ 2 weeks ပါ။

ရနိုင်တဲ့ ph modelတွေကို တစ်ပုံချင်းစီအောက်မှာ အသေးစိတ်ရေးပေးထားပါတယ်ရှင့်။

မှာယူလိုပါက comment or message box ကနေ code နံပါတ်လေးပြောပြီးမှာလို့ရပါတယ်နော်။

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေပါ။ အခြားမြို့နယ်တွေကတော့ ငွေကြိုလွှဲပေးရပါမယ်။ နီးစပ်ရာ ကားဂိတ်ကနေ ပို့ဆောင်ပေးပါမယ်နော်။

မြို့နယ် အလိုက် delivery fees တော့ပေးချေရပါမယ်ရှင့်။

order တင်ပြီးမှ cancel လုပ်ခြင်းသည်းခံပါရှင်။

26/05/2019

💡Just for knowledge 💡

😞Depression😞

Depression ဆိုတာ သိပ်ကိုဆိုးရွားပြီးကြောက်စရာကောင်းတဲ့အရာဖြစ်ကြောင်းကို ခံစားဖူးတဲ့သူမှ စာနာနိုင်မယ်။မကောင်းဆိုးဝါးတစ်ကောင်က ကိုယ့်ဂုတ်ကို ခွစီးနေသလို ကိုယ့်နောက်မှာ ထပ်ကြပ်မကွာလိုက်နေတဲ့အရိပ်မည်းကြီး တစ်ခုလို ကိုယ်ကလွတ်မြောက်ချင်ပေမယ့် လှောင်ပိတ်မိနေတာမျိုး။လေးဘက်လေးတန်အလုံပိတ်ထားတဲ့အခန်းထဲမှာ လူသားစားတတ်တဲ့ zoombie တစ်ကောင်နဲ့ ကိုယ်နဲ့ပဲရှိနေသလိုမျိုးပေါ့။

Depression ဆိုတာဘယ်ကစဖြစ်သလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။တစ်ချို့က အကြောင်းအရာ ကြီးကြီးမားမားတစ်ခုကြောင့် တစ်ချို့ကသေးသေးမွှားမွှားလေးတွေစုစုလာရင်းက စဖြစ်တတ်ကြတယ်။တစ်ခုခုကြောင့် depression ရနေတဲ့အချိန်မှာ ထပ်ထပ်ပြီးဝင်လာတဲ့အကြောင်းအရာတွေကလည်း ဒါကိုပိုဆိုးစေတာမျိုး ကိုယ်ကိုကမှန်မှန်ကန်ကန်မတွေးခေါ်နိုင်တော့ ဖြစ်လာသမျှအကြောင်းအရာတိုင်းကို depression ဝင်ဖို့အထောက်အပံ့လို့ထင်စရာဖြစ်လာတာမျိုးနဲ့ မုန့်လုံးစက္ကူ ကပ်ပြီး ဆိုးကျော့သံသရာလည်ရင်းနဲ့ depression ဟာပိုခိုင်မာလာတော့တာပဲ။

depression ရနေတဲ့လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ အမြဲတမ်းပဲ့တင်ထပ်နေတာက uselessness နဲ့ hopelessness ပဲ။ကိုယ်ဟာအသုံးမဝင်ဘူးလို့ခံစားရတယ်။ကိုယ့်ဘဝဟာမျှော်လင့်ချက်မဲ့တယ်လို့ ခံစားရတယ်။ဒီလိုအချိန်မှာ သူဟာဘေးကရင်းနှီးသူတွေကို အကူအညီတောင်းကြည့်မယ်။ငြင်းပယ်ခံလိုက်ရတဲ့အခါ helpnessness ဆိုတဲ့ ကူကယ်ရာမဲ့မှုပါ ထပ်ဆောင်းရလိုက်တယ်။ရှိနေပြီးသား depression ဟာ အဆင်းဘီးတပ်ခံလိုက်ရသလို အင်နဲ့အားနဲ့ ဝုန်းဒိုင်းလိမ့်ဆင်းတော့တာပဲ။အဆင်းဟာ ဘယ်အချိန်မှာ ရပ်တန့်မလဲ။ဟိုးအောက်က ကျောက်ဆောင်ကျောက်သားနဲ့ အရှိန်ပြင်းပြင်းဆောင့်မိပြီး ချုပ်ငြိမ်းပျက်စီးသွားတဲ့အခါ ရပ်တန့်မယ်ပေါ့။

လူတွေဟာ ကိုယ့်ရဲ့အမှောင်ခြမ်းကို လူတကာကိုလှစ်ဟပြလေ့မရှိကြဘူး။သူတို့သိပ်ယုံကြည်အားကိုးချစ်ခင်မှသာ ပြဖို့ကြိုးစားကြတာဖြစ်တယ်။လူတစ်ယောက်က ကိုယ့်ကိုသူ့ရဲ့အမှောင်ကမ္ဘာမှာပြိုလဲပျက်စီးနေသမျှကို ကိုယ့်ကိုအရိပ်အမြွက်လောက်အသိပေးခဲ့ရင်ပဲ လျစ်လျူ ရှုမထားသင့်ဘူး။ကိုယ့်ရဲ့ဥပေက္ခာက သူ့ကို ကူကယ်ရာမဲ့တဲ့ခံစားချက်ပါ ထပ်ဆောင်းပေးလိုက်မှာမို့ပဲ။တစ်ချို့ ကကျတော့လည်း ကိုယ်ချစ်ရတဲ့လူတစ်ယောက် မူမမှန်နေတာတော့ သတိထားမိပေမယ့် ကိုယ့်နိစ္စဓူဝကိစ္စတွေနဲ့မအားတဲ့အခါ ဒီကိစ္စကိုရင်ဆိုင်ဖို့ရွှေ့ဆိုင်းထားတတ်ကြတယ်။ကိုယ်ကရင်ဆိုင်မေးမြန်းဖို့ သတိရပြန်တော့လည်း ကာယကံရှင်ကဘာမှမဖြစ်သလို ဟန်ဆောင်ဖုံးကွယ်ထားတဲ့အခိုက်အတန့်မျိုးနဲ့ ကြုံ ကြိုက်တဲ့အခါ သြော် သူပုံမှန်လိုပါပဲလို့ ထင်မှတ်မှားသွားမိပြန်တယ်။ဒီလိုနဲ့ပဲ မဖြစ်သင့်တာဖြစ်သွားတဲ့အခါမှ အံ့သြတကြီးဖြေမဆည်နိုင်ဖြစ်ကြရတာပဲ။

Depression သိပ်ဆိုးရွားလာတဲ့အခါ ခဏခဏဦးတည်လာတာက suicidal tendency ပဲ။ဒီလောကကနေ ကိုယ်ပျောက်ကွယ်သွားဖို့ဆန္ဒရှိတယ်။သေခြင်းကလွဲပြီး ဒါဟာမဖြစ်နိုင်တော့ သေခြင်းကိုပဲရွေးကြတယ်။Depression ကနေ su***de အထိရောက်ဖို့ဆိုတာ ကြားထဲမှာသိပ်တော့မမြန်လှပါဘူး။depression ဟာကြာလာမယ်။ကိုယ့်ကိုယ်ကို အသုံးမဝင်ဘူး မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့ ခံစားချက်ကနေရုန်းထွက်နိုင်အောင် တိတ်တဆိတ်ကြိုးစားကြတယ်။လူရဲ့ပုံမှန်သဘောက မသေချင်ဘူး သေရမှာ ကြောက်တယ်။ဘေးကလက်တွေကို လှမ်းဆွဲဖို့ကြိုးစားတယ်။အမှတ်မထင်ပုတ်ထုတ်ခံလိုက်ရတယ်။ဟိုဘက်ကအမှတ်မထင်ပေမယ့် ဒီဘက်က အမှတ်ထင်ထင်ဖြစ်လာတယ်။သေရမှာကြောက်တာထက် ရှင်ရမှာပိုကြောက်လာတယ်။ဒီလိုနဲ့ပဲ လူတွေရဲ့ချစ်ခင်ရတဲ့လူတွေ အံ့သြဖို့ကောင်းစွာရုတ်တရက်ကွယ်ပျောက်သွားကြတယ်။ဘာလို့လဲ ဘာလို့လဲမေးခွန်းတွေနဲ့ ကျန်ရစ်ခဲ့တဲ့အချိန်မှာ သူကတော့ မပြန်လမ်းကိုထွက်သွားနှင့်ပြီ။

Depression ရနေတဲ့သူငယ်ချင်း ချစ်သူ မိသားစုဝင်ရှိရင် ကိုယ်ဘာလုပ်ဖြစ်မယ်တွေးသလဲ။အများစုကဖြေကြမယ်။သူ့အပေါ်နားလည်ပေးမယ် နားထောင်ပေးမယ်။သူစိတ်ပျော်အောင်ကြိုးစားပေးမယ်ပေါ့။ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို ထွက်မသွားစေချင်ကြဘူးလေ။ဒါပေမယ့် ဒါဟာ ဒီလူဟာ depression ရနေတယ်ဆိုတာ ကိုယ်သိဦးမှပေါ့။

ခက်တာက Depression ရနေတဲ့လူဟာ ငါ depression ရနေပါတယ်လို့ ဖွင့်ပြောဖို့အင်မတန်ခက်ခဲတတ်တယ်။သူ့မှာ နဂိုကတည်းက uselessness နဲ့ hopelessness က ခံစားနေရပြီးသား။ဒါကို တိုက်ထုတ်ဖို့သူ့မှာအကြိမ်ကြိမ်လဲပြိုလိုက် အောင်မြင်မလိုရှိလိုက် ထပ်လဲကျလိုက်နဲ့တစ်ယောက်တည်း တိတ်တဆိတ်တိုက်ပွဲဝင်နေရတတ်တာမျိုး။ Depression ဝင်နေတဲ့လူမှန်းဘယ်လိုသိနိုင်မလဲ။တစ်ယောက်တည်း သီးသန့်အခန်းထဲအောင်းနေတဲ့လူမှ Depression ဝင်နေတယ်ထင်မလား။အမှန်က ကို်ယ့်ဘေးမှာ ပုံမှန်အတိုင်း လှုပ်ရှားနေသူ ပြုံးရယ်နေသူ တက်ကြွနေသူဟာလည်း မထင်ထားလောက်အောင် depression ဝင်နေတဲ့သူဖြစ်နိုင်တာပဲ။အတွင်းထဲမှာ သေနေတဲ့စိတ်ကိုဖုံးဖို့ လိုတာထက်ပိုပြီး တက်ကြွပျော်ရွှင်နေတဲ့ပုံပေါ်အောင်ကြိုးစားနေတာလည်း ဖြစ်နိုင်တာပဲ။တဟားဟားနဲ့အော်ရယ်နေပြီး ခြောက်ကပ်နေတဲ့မျက်ဝန်းသေတွေကို ဖုံးကွယ်ထားတတ်ကြတာမျိုးပေါ့။

depression ရပြီး su***de လုပ်သွားတဲ့လူတွေ သေသွားတဲ့အခါ သူချစ်ခင်ရသူတွေက သူတို့ကိုသာပြောခဲ့ရင် ဂရုစိုက်မိမှာပေါ့လို့ မချိတင်ကဲရေရွတ်တတ်ကြတယ်။အမှန်က depression ရနေတဲ့လူလည်း အစောပိုင်းကာလတွေမှာ လွတ်မြောက်ဖို့အကူအညီတောင်းတတ်ကြပါတယ်။ဒါပေမယ့် သူတို့ကိုယ်သူတို့ useless ဖြစ်နေတယ်လို့ ခံစားနေရတဲ့သူတို့ဟာ လူတွေအတွက်ငါဟာ burden ပါလားဆိုတဲ့ ခံစားချက်ကို ထပ်မလိုချင်ကြဘူး။အဲ့တော့ သူတို့ဟာ depression ရနေပါတယ် ကူညီပါလို့ တိုက်ရိုက်ထုတ်မပြောတတ်ကြဘူး။သွယ်ဝိုက်သောနည်းတွေနဲ့ သူဟာငါ့ကိုကယ်တင်ချင်ရဲ့လားဆိုတာ မသိမသာတီးခေါက်ကြည့်ကြတယ်။ပုံမှန်မဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆိုးပြတာ စိတ်ကောက်ပြတာတွေ လုပ်တတ်ကြတယ်။တစ်ဖက်သားကလည်း သူ depression ဝင်နေတာပဲလို့ နားမလည်လိုက်တဲ့အခါ နင်ဟာ ဘာမဟုတ်တာနဲ့ ပြဿ နာသိပ်ရှာတာပဲ attention ရှာပြန်ပြီ စသဖြင့် စသဖြင့်အမှတ်မထင်ပြောထွက်လိုက်ကြတယ်။သူကတော့မေ့မေ့ပျောက်ပျောက်ပြောလိုက်ပေမယ့် ဒီဘက်ကလူကတော့ ငါ့ကိုသူလည်းကယ်တင်ချင်တဲ့ပုံမရဘူး ငါသူ့အတွက်ဝန်ထုပ်ဝန်ပိုးပဲ လို့ မှတ်ယူသွားပြီး တိတ်ဆိတ်နေလိုက်တော့တယ်။ဒီလိုနဲ့ပဲ နောက်ထပ်အငြင်းခံရမှာကြောက်မိရင်း ကမ်းလိုက်တဲ့လက်ကို ရှောင်ဖယ်ပုတ်ထုတ်ခံရမှာကြောက်မိရင်း ဘယ်သူ့ကိုမှ အကူအညီမတောင်းဖြစ်တော့တဲ့ အဆင့်ရောက်လာတယ်။

depression ကို တစ်ယောက်တည်း တိုက်ထုတ်ရတာခက်ပါတယ်။ခံစစ်နဲ့ကစားနေရတဲ့ပွဲမှာ အနိုင်ရဖို့ဆိုတာ လွယ်သလား ခက်သလား။ကိုယ့်ရဲ့အခက်အခဲတွေကို နားထောင်ပေးမယ်ပြောပါလို့ ပြောလာသူတိုင်းကိုလည်း ကိုယ်ကမဖွင့်ဟနိုင်ဘူး။ကိုယ်ကဖွင့်ဟချင်ပြီးကယ်တင်စေချင်တဲ့သူကကျတော့ ကိုယ့်ကိုနားမထောင်ပေးချင်ဘူး။စိတ်ကျန်းမာရေးဆရာဝန်ဆီရောက်သွားတဲ့သူတွေဟာ သူ့အတွက်သူနောက်ဆုံးကြိုးစားမှုအနေနဲ့ ရောက်သွားကြတာပဲ။ဒီပွဲမှာ အောင်နိုင်တဲ့လူလည်းရှိသလို အရှုံးပေးသွားတဲ့လူတွေလည်း များလှတာပဲ။Depression ဟာ လူမှုအဖွဲ့အစည်းအတွင်းမှာ ဖွဲမီးလိုတအုံနွေးနွေးနဲ့ လှိုက်စားလောင်ကျွမ်းနေတယ်။ပြာဖြစ်သွားတော့မှ သိလိုက်ရတဲ့လောင်စာတွေအတွက် ကြေကွဲရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။

ညတွေမှာ depression နဲ့လုံးထွေးသတ်ပုတ်ပြီး မနက်ကျ ပုံမှန်အတိုင်းလို ကြိုးစားရှင်သန်နေကြသူတွေအများကြီးရှိပါတယ်။တစ်မနက်မှာ သူမနိုးထလာတော့မှ သူခံစားခဲ့ရတဲ့ကြေကွဲမှုအတိုင်းအဆကို သိလိုက်ကြရတာတွေရှိမယ်။အသက်ရှင်နေရတာသေရတာထက်ပိုခက်ခဲတယ်ဆိုတဲ့အတွေးနဲ့လူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ သိပ်မနည်းလှဘူးဆိုတာ မြင်နိုင်ကြရင် ပိုကောင်းမှာပါပဲ။

Credit...Dr. Pwint Phyo Kyaw
စီအန်အို ပိုစ့်မှ ကူးယူဖေါ်ပြပါသည် ။
Photo -Tha Ha

Photos from Colorful Corner's post 24/05/2019

Babe တို့ရဲ့ အပူ​​တွေ ​လျော့ချ​ပေးမယ့်​ အ​ဖော်​မွန်​​လေး💧💧
Waiting time 2 weeks only

ချစ်​ရတဲ့ babe တို့​ရေ
နေပူရှိန်​မြင့်​တက်​လာတာနဲ့အပြိုင်​ ရွာ​တော့မလိုလို မရွာသလိုလို လုပ်​​နေတဲ့ မိုး​ကြောင့်​ ပူ​လောင်​လွန်းပြီး ​ခေါင်းကိုက်​ မအီမသာ ဖြစ်​​နေကြရတယ်​မလား
ပူတယ်​ဆိုပြီး ပန်​ကာ​လေ အမြဲခံ​နေရင်​လဲ လူက ​လေးလံထိုင်းမှိုင်းမှုစတဲ့ ဆိုးကျိုး​တွေ ခံစားရ​စေနိုင်​တယ်​​နော်
ပန်​ကာဟာ အသံတိတ်​လူသတ်​သမားလို့​တောင်​ ကျန်းမာ​ရေး ရှု့​ထောင့်​​တွေက ​ပြောဖူးတယ်
💧မင်​မင်​တို့ရဲ့ humidifier ​လေးက ပန်​ကာလိုလဲ​အေးမယ်​ ဒါ​ပေမယ့်​ ပန်​ကာလို လူကိုဆိုးကျိုးသက်​​ရောက်​နိုင်​မှု နည်းတယ်
💧​မွေးကင်းစက​လေး က​နေ အသက်​ကြီးတဲ့ လူကြီး​တွေထိ သုံးလို့ရတယ်​ဆို​တော့ တစ်​မိသားစုလုံးအတွက်​ အဆင်​​ပြေပါပဲရှင့်
💧ပစ္စည်းက ဝန်​​သေးတဲ့အတွက်​ ​နေရာလဲ အများကြီး မယူဘူး​နော်
💧တညလုံးဖွင့်​အိပ်​ထားရင်​​တောင်​ သူက ပန်​ကာလို လူကိုမထိခိုက်​​စေနိုင်​ဘူး ဆိုတဲ့ အချက်​နဲ့တင်​ ​​တော်​​တော်​မိုက်​😉
💧ပြီး​တော့ ​ထည့်​ထားတဲ့​ရေကို ဖြတ်​ပြီးမှ လာတဲ့​လေမလို့ ​လေ​အေး​အေး​လေး​တွေ ခံစား​စေရနိုင်​မယ်​​နော်
💧Humidifier သုံးပေးခြင်းကနေ အသက်ရှူလမ်းကြောင်းခြောက်သွေ့တာ၊ ချောင်းခြောက်ဆိုးတာ၊ အသက်ရှူမ၀တာ၊ အိပ်ရင် ဟောက်တာ စတာတွေကို သိသိသာသာ သက်သာစေပါတယ်
💧 USB ပေါက်လေးမှာ တပ်သုံးဖို့ LED Lamp လေးပါဝင်ထားတဲ့အတွက် စာကြည့်မီး ညကြည့်မီး အနေနဲ့ အသုံးဝင်ဦးမှာပါ။
💧 USB ပန်ကာလေးလဲထပ်ထည့်ပေးထားလို့ ပူအိုက်လို့ပဲဖြစ်ဖြစ် အငွေ့ပြန့်စေချင်လို့ပဲဖြစ်ဖြစ် သုံးလို့ရဦးမှာပါ
💧သွား​လေရာ သယ်​သွားလို့လဲ အဆင်​​ပြေတယ်​ဆို​တော့ ခရီးသွားရင်​လဲ ထည့်​ယူသွားဖို့ အသင့်​​တော်​ဆုံးပဲ​နော်
💧power bank နဲ့လဲ ဖွင့်​လို့ရတယ်​ဆို​တော့ မီးမလာတဲ့အချိန်​​တွေမှာ​တောင်​ ကိုယ့်​babe​လေး​တွေ ​အေးချမ်း​နေနိုင်​ပြီ​နော့😉
💧 ခေါင်းကိုက်​တတ်​တဲ့ ​ဖေ​ဖေ ​မေ​မေတို့အတွက်​လဲ ​မွှေးရနံ့လေးတွေနဲ့ ရနံ့ကုထုံး စက်အနေဖြင့်​ အသုံးပြုနိုင်ပါတယ်။မွှေးရနံ ဘူး​လေး​တွေလဲ လိုချင်​ရင်​ ရှိပါတယ်​​နော်
💧​အောက်​ပုံ​လေး​တွေမှာ price ​လေး​တွေနဲ့ code ​လေး​တွေ တွဲ​ရေး​ပေးထားပါတယ်​​နော်
ရန်​ကုန်​ မန္တ​လေး အိမ်​​ရောက်​​ငွေ​ချေစနစ်​ဖြင့်​ ပို့​ဆောင်​​ပေးပါတယ်​​နော်
Preorder ဖြစ်​တဲ့အတွက်​ တခြားနယ်​မြို့အသီးသီးကို​တော့ ​ငွေလွှဲဝင်​ပြီးမှ order confirmed ဖြစ်​မှာပါရှင့်

ဖုန်းနဲ့ မှာယူလိုပါက
📞📞09446066660
📞📞09446066661 ကို တိုက်​ရိုက်​ဆက်​သွယ်​ပြီး order လို့ရပါတယ်​​နော်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11131