American DV Service - ADVS
07/05/2025
ADVS မှ DV2026 Winner (6)ဦး
Total လူဦးရေ စုစုပေါင်း (10) ဦး ကံထူးသွားပါတယ်။
DV Winner တွေအားလုံး ဂုဏ်ယူပါတယ်။
Single Form 3 စောင်၊ Married Form 1စောင် နှင့် Family Form 2စောင် ကံထူးသွားတာပါ။
ADVS မှ အပ်နှံထားသော ဖောင်များအားလုံးကိုစစ်ဆေးပြီးဖြစ်ပါတယ်။
ကံမထူးသေးသူများလဲ နောက်နှစ်ကံထူးကြပါစေ။
ကံထူးသူများလဲ Visa Approved ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
American DV Service - ADVS
06/05/2025
DV ပေါက်ပြီ DV Winner ဖြစ်သွားပြီ
ဘာတွေဆက်လုပ်ရမလဲ? ဘာတွေပြင်ဆင်မလဲ?
1️⃣ DS260 ဖောင်တင်ရပါမယ်။
DV ပေါက်ပြီဆိုတာနဲ့ DS260 ဖောင်တင်ရတယ်ဆိုတိုင်း ဒီနေ့ပေါက် နောက်နေ့တင်စရာမလိုပါဘူး။ မိမိရရှိထားတဲ့ Case Number ကိုကြည့်ပြီး တင်လို့ရတယ် မြန်ဖို့ထက် မှန်ကန်ဖို့ အရေးကြီးတဲ့ဖောင်ဖြစ်ပါတယ်။ မြန်မြန်တင်လို့ Interview စောစောမဝင်ရပါဘူး။
အဲ့လိုဆိုတိုင်း ခက်ခဲမယ်ထင်စရာမလိုပါဘူး။ DS260 ဆိုတာ မိမိအကြောင်း ဖော်ပြရတဲ့ ကိုယ်တိုင်ရေးရာဇာဝင် တစ်ခုဘဲဖြစ်ပါတယ်။ Single သမားတွေအတွက်ဆို ဖောင်တင်ရတာ လွယ်ကူတယ်။ မိသားစုဝင်တွေပါတဲ့သူက DS260 ဖောင်မှာလဲ မိသားစုဝင်တွေရဲ့ အချက်အလက်ပါ ထည့်သွင်းဖောင်ဖြည့်ရပါမယ်။ ဖောင်တင်ဖို့ခန့်မှန်းကြာချိန် လူတစ်ဦးကို ၁နာရီခွဲ ကနေ ၂နာရီလောက် ကြာပါတယ်။
ဖောင်တင်ပြီး Submit နှိပ်လိုက်ပြီးတာနဲ့ DS260 တင်ပြီးကြောင်း Confirmation Letter ကို Email ကနေ ရလာပါမယ်။ Email ကမရလဲ DS260 တင်ထားတဲ့ Website ကနေ Print ထုတ် Screenshots လို့ရတယ်။
DS260 ဖောင်ကိုဘယ်ချိန်တင်ရမလဲ?
သက်ဆိုင်ရာ DV Program Year မကုန်ခင်တင်လို့ရပါတယ်။
DV2026 အတွက်ဆို 30 September 2026 ထိတင်လို့ရပါတယ်။
Case Number 10,000 အောက်ဆိုရင် DV ထွက်ပြီး 3လ~4လ အတွင်း DS260 တင်ထားသင့်ပါတယ်။
2️⃣ DS260 တင်ပြီးရင် ကို့ရဲ့ Case Number ကို KCC ကနေ လတိုင်းထုတ်တဲ့ Bulletin ထဲပါဖို့စောင့်ရပါမယ်။
Bulletin ဆိုတာကတော့ DV သမားတွေအတွက်ခေါ်တဲ့နံပါတ်စဥ်စာရင်းပါ။နောက်မှာ KCC ကဘာလဲ Bulletin က ဘယ်လိုလဲဆိုတာ အသေးစိတ်ထပ်ရေးပေးပါမယ်။ ADVS Page ကနေလဲလစဥ် Bulletin စာရင်း Update များတင်ပေးသွားမှာဖြစ်ပါတယ်။
3️⃣ Interview ဝင်ဖို့ စာရွက်စာတမ်းတွေ ကြိုတင်ပြင်ဆင်ထားရပါမယ်။
1. မွေးစာရင်းမူရင်း (မူရင်းမရှိရင် သက်ဆိုင်ရာမြို့နယ်ကျန်မာရေးမှူးရုံးမှာပြန်လျောက်ထားရပါမယ်။)
2. PASSPORT
3. ပညာအရည်အချင်းအထောက်အထား
(10တန်းအောင်ဆိုရင် 10တန်းအောင်လက်မှတ်
ဘွဲ့ရဆိုရင် ဘွဲ့လက်မှတ်မူရင်းအပြင် 10တန်းအောင်လက်မှတ်ပါပြပေးရပါမယ်)
အောင်လက်မှတ်မရှိတော့ရင်ပြန်လည်လျှောက်ထားနိုင်ပါတယ်။ အရမ်းမခက်ခဲပါ။
4. လက်ထပ်ထားသူဆိုရင် လက်ထပ်စာချုပ်
ကွာရှင်းထားရင် ကွာရှင်းစာချုပ်
5. ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ
6. မှတ်ပုံတင်မူရင်း
7. အိမ်ထောင်စုစာရင်း (လင်မယားစုံတွဲများ သန်ခေါင်စာရင်းတစ်ခုတည်းဖြစ်စရာမလိုပါ။)
8. ဆေးစစ်ချက်အဖြေစာရွက်
9.DS260 Confirmation Letter စာရွက်
10.Additional Form
11. 2" ပတ်လည် ကာလာလိုင်စင်ပုံ
4️⃣ ကို့ရဲ့ Case Number က Bulletin စာရင်းထဲပါလာပြီဆိုရင် KCC ကနေ 2NL (Second Notification Letter) Mail ပို့လာမှာဖြစ်ပါတယ်။ ထို Mail ရပြီဆိုတာနဲ့ 2NL ကပို့လာတဲ့ Mail စာရွက်ကို Print ထုတ်ပြီးသတ်မှတ်ဆေးခန်းမှာ ကျန်းမာရေးစစ်ဆေးဖို့ Booking ယူပြီး ဆေးစစ်ရပါမယ်။
5️⃣ ဆေးအောင်တဲ့ဆေးစစ်ချက်ရပြီဆိုရင် သံရုံးကို Mail ပို့ပြီး Interview ရက်ချိန်းတောင်းယူရပါမယ်။
6️⃣ သံရုံးကပေးတဲ့ရက်ချိန်းရောက်လျှင် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ Visa Fee US$ 330 (တစ်ဦးစာအတွက်) Interview ဖြေနိုင်ပါပြီ။
7️⃣ Interview ကို မြန်မာစကားနဲ့ဖြစ်စေ အဂ်လိပ်စကားနဲ့ဖြစ်စေဖြေဆိုနိုင်ပါတယ်။ Interview ဖြေပြီးတာနဲ့ အောင်မအောင်တစ်ခါတည်းပြောပေးလိုက်ပါတယ်။ သံရုံးကပြန်ဆက်သွယ်မယ့်နေ့မှာ Visa သွားထုတ်နိုင်ပါပြီ။ Passport မှာ US Visa Sticker ကပ်ပေးလိုက်မှာဖြစ်ပါတယ်။
DV Winners အားလုံး Visa Approved ဖြစ်ကြပါစေ။
American DV Service - ADVS
ADVS မှ Clients များအားလုံးကိုအစဥ်လိုက် စစ်ဆေးပေးနေပါတယ်။
အခုလက်ရှိအချိန်ထိ Winner 4 ဦးထွက်နေပါပြီ။ Winner များကိုလဲအကြောင်းကြားပေးထားပါတယ်။
ထပ်စစ်ပေးရမဲ့ Clients တွေလဲအများကြီးကျန်နေပါသေးတယ်။ ကျေးဇူးပြု၍ စောင့်ဆိုင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
VIBER မှာတစ်ဦးချင်းစီစစ်ဆေးပေးဖို့ပြောတာတွေအကုန်လုံး ညနေ 6:00 PM ကစပြီး စစ်ဆေးပါမယ်နော်။
DV Result စစ်လို့ရတဲ့အခါ တစ်ကမ္ဘာလုံးက DV ကံစမ်းထားသူတွေ ဝင်ရောက်စစ်ဆေးကြတာဖြစ်လို့ Website ဝင်မရတာတွေ လိုင်းကြပ်တာတွေရှိနေတတ်ပါတယ်။
ဖြေးဖြေးချင်း အေးအေးဆေးဆေးစစ်လို့ရပါတယ်နော်။
DV Result စစ်ရန် Link
https://dvprogram.state.gov/
DV Result ကို ကိုယ်တိုင်ဘယ်လိုစစ်မလဲ?
https://www.facebook.com/share/p/15wVy3DpgM/
Confirmation Number ပျောက်သွားခဲ့ရင်??
https://www.facebook.com/share/p/1AFveoYNN4/
ADVS မှာ Service အပ်ထားသူများကို အချိန်နဲ့တစ်ပြေးညီ အစဥ်လိုက်စစ်ဆေးပေးနေပါတယ်။ အပ်နှံသူများပြားတဲ့အတွက် စိတ်ရှည်စွာစောင်းဆိုင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
DV2026 Winner များဖြစ်ကြပါစေ။
American DV Service - ADVS
Good Luck All 💛
Electronic Diversity Visa The entry period for the DV-2026 Diversity Visa Program was between October 2, 2024 and November 7, 2024. Entries are not being accepted at this time.
03/05/2025
DV2026 စတင်စစ်ဆေးလို့ရပါပြီ။
DV Result စစ်လို့ရတဲ့အခါ တစ်ကမ္ဘာလုံးက DV ကံစမ်းထားသူတွေ ဝင်ရောက်စစ်ဆေးကြတာဖြစ်လို့ Website ဝင်မရတာတွေ လိုင်းကြပ်တာတွေရှိနေတတ်ပါတယ်။
ဖြေးဖြေးချင်း အေးအေးဆေးဆေးစစ်လို့ရပါတယ်နော်။
DV Result စစ်ရန် Link
https://dvprogram.state.gov/
DV Result ကို ကိုယ်တိုင်ဘယ်လိုစစ်မလဲ?
https://www.facebook.com/share/p/15wVy3DpgM/
Confirmation Number ပျောက်သွားခဲ့ရင်??
https://www.facebook.com/share/p/1AFveoYNN4/
ADVS မှာ Service အပ်ထားသူများကို အချိန်နဲ့တစ်ပြေးညီ အစဥ်လိုက်စစ်ဆေးပေးနေပါတယ်။ အပ်နှံသူများပြားတဲ့အတွက် စိတ်ရှည်စွာစောင်းဆိုင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
DV2026 Winner များဖြစ်ကြပါစေ။
American DV Service - ADVS