Kyaw Mega Power

Kyaw Mega Power

Share

11/01/2021

မီတာခသက်သာဖို့
±±±±±±±±±±±±±±

ခလုတ်ပိတ် ထားသော်လည်း ပလပ်ဖြုတ် မထားလျှင် လျှပ်စစ်ဓါတ်ကို ဆွဲယူ သုံးစွဲနေသော ပစ္စည်းများ

မကြာမှီ လျှပ်စစ်မီး သုံးစွဲခတွေလည်း မြှင့်မယ်လို့ ကြားနေရပါတယ်။ ပြည်သူတွေကလည်း လျှပ်စစ်မီးကိုလျော့သုံးဖို့ ကြိုးစားနေကြမှာပါ။ ဒါကြောင့် မသုံးစွဲပဲပိတ်ထားပေမယ့်လည်း လျှပ်စစ်အားသုံးကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများအကြောင်းကို ပြောပြ ခြင်ပါတယ်။

၁။ ဖုန်း Charger

လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါဖြုတ်ထားပါ။

၂။ TV Tuner

တီဗီရဲ့ Channel လိုင်းလေးတွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲ လုံလောက်ပြီလို့ ထင်နေကြတတ်ပါတယ်။

၃။ တီဗီ (TV)

တီဗီကို ခလုတ်လုံး၀ ပိတ်လိုက်တာမဟုတ်ပဲ Standby Modeပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေပါလိမ့်မယ်။

၄။ ကွန်ပျုတာ ( computer )

ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက်ကုန်ပါလိမ့်မယ်။

၅။ Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်း

Timerပါတဲ့ အိမ်သုံးစက်ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန်နေပါလိမ့်မယ်။

တတ်နိုင်ရင် ကိုယ်မသုံးသေးဘူးဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကိုဖြုတ်ထားပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။

သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်းလောက်က အလဟာသ ဖြစ်မှာ ဖြစ်ပါတယ်

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

မီတာခ ပုံမှန်ထက် ပိုမကျအောင် ရှောင်သင့်
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
သည့် အချက် ( ၂၄ ) ချက်
±±±±±±±±±±±±±±±±±±±±

လျှပ်စစ်ဓာတ်အားကို သုံးစွဲရာတွင် စနစ်တကျ အသုံးမပြုခြင်း၊ မလိုအပ်ပဲ ပိုသုံးထားခြင်း စသည့်အချက်များက သင့်အိမ်ရဲ့ မီတာခကို ပုံမှန်ထက် ပိုမို ကျသင့်စေနိုင်ပါသည်။

ထို့ကြောင့် မီတာခ ချွေတာနိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါသည်။

(၁) တစ်အိမ်လုံးတွင် မည်သူမျှ မရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှု အားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ။

(၂) မီးပူတိုက်နေစဉ်၊ တစ်ခုခုလုပ်ရန် ခေတ္တ ထသွားပါက၊ မီးပူခလုပ်ကို ပိတ်ခဲ့ခြင်းဖြင့် လျှပ်စစ်အသုံးကို ချွေတာပါ။

(၃) အမှန်တကယ် ကြည့်မည့်အချိန်၌သာ တီဗွီကိုဖွင့်ပါ။ ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို ရှောင်ကြဉ်ပါ။

(၄) မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ဖွင့်ထားပါက၊ ရေဆုံးရှုံးရပြီး၊ ရေပြန်တင်ရန် လျှပ်စစ်သုံးဖို့ လိုအပ်လာပါမည်။ ထို့ကြောင့် သွားတိုက်နေစဉ် ရေပိုက်ခေါင်းကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

(၅) လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။

(၆) လေအေးပေးစက်၏ အပူချိန်ကို နေသာထိုင်သာရှိသော 24-25°C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။

(၇) တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာ ပိတ်၍ Standby Mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။

(၈) အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အား အသုံးပြုပါ။ ရေများ လျှံကျသည်ကို မြင်ရ ကြားရမှ ရေမော်တာကို ပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှု ဖြစ်စေပါသည်။ မီတာခ ပို၍ ကုန်စေပါမည်။

(၉) ကွန်ပျူတာကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို ပိတ်ပါ။ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်စားမှု ရှိနေသည်ကို သတိပြုစေလိုပါသည်။

(၁၀) Exhaust Fan များကို လိုအပ်သည့်အချိန်သာ သုံးပါ။ အချိန်ပြည့် ဖွင့်မထားသင့်ပါ။

(၁၁) ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ။

(၁၂) လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုပါ။

(၁၃) လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ်ထားပါ။

(၁၄) လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မီတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။

(၁၅) ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။

(၁၆) Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကို ပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။ ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကို အလိုအလျောက် ပိတ်စေသော ရေနွေးတည်ခရားကို သုံးခြင်းဖြင့် လျှပ်စစ်ကို ချွေတာသင့်ပါသည်။

(၁၇) မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

(၁၈) နားထောင်သူမရှိပဲနှင့် အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့် ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ။

(၁၉) အိမ်အတွင်းနှင့် ခြံဝင်းအတွင်း ရေပိုက်မလုံမှု၊ ရေဘုံဘိုင် ရေစိမ့်မှုတို့ကို ပြုပြင်ပါ။ ရေယိုစိမ့်မှုကြောင့် ရေတင်ချိန်ပိုများလေ မီတာခ ပိုကုန်ကျမှု ဖြစ်စေပါမည်။

(၂၀) အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။

(၂၁) လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။ အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်စေသည့်စနစ်ကို တပ်ဆင်ပါ။

(၂၂) ရေပူသုံးဘွိုင်လာ၊ ရေနွေးစက်တို့ကို အသုံးပြုမည့်အချိန်မှ ဖွင့်ပါ။ သုံးပြီးက ခလုပ်ပိတ်ထားပါ။

(၂၃) လေအေးပေးစက်၏ လေစစ်ဇကာနှင့် ဓာတ်ငွေ့တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ် အပြည့်ရအောင် ဆောင်ရွက်ပါ။

(၂၄) မြက်ခင်းရေဖျန်းစနစ်၊ ရေပန်းတို့ကို လိုအပ်သည်ထက် အချိန်ပိုသုံးခြင်းကို လျော့ပါ။ ရေပိုကုန်ရာမှ၊ ရေစုပ်စက်/ရေတင်စက်များကို အချိန်ကြာကြာသုံးရသည်မှ လျှပ်စစ်မီတာခကို ပိုကုန်ကျနိုင်စေပါသည်။

Credit to:
Kyaw Swar Ohnn &
မေသတင်းရပ်ကွက်လေး

08/01/2021

လျှပ်စစ်မီးလင်းရေးကော်မတီများ ဝန်ခံကတိပြု၍ လိုက်နာ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဆောင်ရွက်ရန် အချက် (၁၂) ချက်
••••••••••••••••••••••••••••••••••••••

၁။ ဓာတ်အားလိုင်းတိုင်များသည် အောက်ပါအတိုင်း သတ်မှတ်ထားသော ကွန်ကရစ်တိုင်များ ဖြစ်ရမည်-
(က) 33 kV Line အတွက် အရည်အသွေးပြည့်မီသော 12 M ကွန်ကရစ်တိုင်။
(ခ) 11 kV Line အတွက် အရည်အသွေးပြည့်မီသော 10 M ကွန်ကရစ်တိုင်။
(ဂ) 400 V Line အတွက် အရည်အသွေးပြည့်မီသော 9 M ကွန်ကရစ်တိုင်။

၂။ ဓာတ်အားလိုင်းကြိုးများသည် အောက်ပါအတိုင်းသတ်မှတ်ထားသည့် လိုင်းကြိုးများဖြစ်ရမည်-
(က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၃၃ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 120 mm2 (သို့မဟုတ်) 150 mm2 ကြိုးကို အသုံးပြုရမည်။
(ခ) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားရယူပါက ACSR 95 mm2 ကြိုးကို အသုံးပြုရမည်။
(ဂ) ကျေးရွာအတွင်း ၄၀၀ ဗို့လိုင်းများ တည်ဆောက်မှုကို ဓာတ်အားပျောက်ဆုံးမှု လျော့ နည်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အောက်ပါသတ်မှတ်ချက်အတိုင်း ဆောင်ရွက်သွားရမည်။

• ၃ သွင် ၅ ကြိုး ၄၀၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး (HDBC Wire) No.4 (သို့မဟုတ်) ABC Cable 95mm2
•၂ သွင် ၃ ကြိုး ၄၀၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး (HDBC Wire) No.6 (သို့မဟုတ်) လျှပ်ကာပါဝါယာ (Insulated Wire) 50 mm2
• ၁ သွင် ၂ ကြိုး ၂၃၀ ဗို့ လိုင်းအတွက် လျှပ်ကာပစ္စည်းမပါသော ကြေးကြိုး (HDBC Wire) No.6 (သို့မဟုတ်) လျှပ်ကာပါဝါယာ (Insulated Wire) 50 mm2
• လမ်းမီးကြိုးကို HDBC Wire No.8(သို့မဟုတ်) လျှပ်ကာပါဝါယာ(Insulated Wire) 35 mm2

၃။ သတ်မှတ်သံလက်တန်းနှင့် သတ်မှတ်အဆင့်မီ ကြွေသီးဖြစ်ရမည်။ (၃၃ ကေဗွီလိုင်းများ၌ နှစ်ဆင့်ကြွေသီးများမသုံးရ။)

၄။ သတ်မှတ်ပုံစံအတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုပေးထားသော ပြည်တွင်းလုပ် အဆင့်မီထရန်စဖော်မာကို အသုံးပြုရမည်။ နိုင်ငံခြားမှ တင်သွင်းသော ထရန် စဖော်မာကိုအသုံးပြုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အရည်အသွေးစစ်ဆေးမှု ခံယူ ရမည်။ မီးကြိုး၊ မီးခလုတ်၊ မီးငုတ်များကို နီ၊ ဝါ၊ ပြာ (Red, Yellow, Blue) အရောင် မှန်ကန်စွာ အသုံးပြုရမည်၊ အခြားအရောင် လုံးဝမသုံးရ။ ထရန်စဖော်မာခွဲရုံငယ်အား သတ်မှတ်ထားသော ပုံစံအတိုင်းတည်ဆောက်ပြီး ၂ တိုင်စင်ဖြင့်တည်ဆောက်၍ တိုင်ပတ်လည် အမြင့် ၅ပေ သံဇကာဖြင့် ကာရန်ကာ အင်္ဂတေကြမ်းခင်းလောင်းထားရမည်။

၅။ လမ်းမီးများ ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး လမ်းမီးခ ကျခံရပါမည်။

၆။ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် သတ်မှတ်ချက်များအတိုင်း ကျေးရွာမှ ဆောင်ရွက်ရပါမည်။ ကျေးရွာအတွင်း ဓာတ်အားပျောက်ဆုံးမှု ၁၀%ကို ဌာနကကျခံပေးမည်။ ၁၀% ထက်ကျော်လွန်သော ဓာတ်အားပျောက်ဆုံးမှုကို ကျေးရွာမီးလင်းရေးကော်မတီက ကျခံ ရမည်။

၇။ ဓာတ်တိုင်၏ အောက်ခြေတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသော အုတ်ဖိနပ် (Footing) ကို (၂ပေx ၂ပေx၂.၅ ပေအမြင့်) တည်ဆောက်ရမည်ဖြစ်ပြီး မြေပေါ်တွင် ၆ လက်မ၊ မြေအောက်တွင် ၂ ပေထားရမည်။

၈။ ဓာတ်အားလိုင်းတစ်လျှောက်နှင့် ဓာတ်တိုင်ပတ်ဝန်းကျင် သတ်မှတ်အကွာအဝေးများ အတိုင်း သစ်ပင်ခြုံနွယ်များကို အပြောင်ရှင်းရမည်-
(က) 11kV လိုင်းတွင် ဗဟိုမှ လက်ဝဲ ၁၀ပေ လင်္ကျာဘက် ၁၀ပေ စုစုပေါင်း ၂၀ပေ အပြောင်ရှင်းရန်။
(ခ) 400 Vလိုင်းတွင် ဗဟိုမှ လက်ဝဲ ၅ပေ လင်္ကျာဘက် ၅ပေ စုစုပေါင်း ၁၀ပေ အပြောင်ရှင်းရန်။

၉။ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာ များနှင့် ကျေးရွာအတွင်း သွယ်တန်းထားသော ၄၀၀ ဗို့ဓာတ်အားလိုင်းများ၏ ထိန်းသိမ်းပြုပြင်ခြင်း ကို သက်ဆိုင်ရာကျေးရွာမီးလင်းရေးကော်မတီက ဆက်လက်တာဝန်ယူဆောင်ရွက်ရမည်။

၁၀။ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြင်ပလျှပ်စစ် ကျွမ်းကျင်သူ များဖြင့်ဆောင်ရွက်မည်ဖြစ်ပါက ထိုသူသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနထံမှ လျှပ်စစ်ကျွမ်းကျင်မှတ်ပုံတင်လက်မှတ် ပထမအဆင့် အနိမ့်ဆုံးရရှိပြီးသူ ဖြစ်ရမည်။ တည်ဆောက်မည့်လုပ်ငန်းများအတွက် သုံးစွဲမည့်ပစ္စည်းစာရင်းနှင့် တည်ဆောက်မည့် ဓာတ်အားလိုင်းမြေပုံ၊ ဓာတ်အားခွဲရုံပုံစံတို့ကို အတည်ပြုချက်ရယူရမည်။

၁၁။ အခြားသောဝန်ကြီးဌာနက တည်ဆောက်ထိန်းသိမ်းထားသည့် ဓာတ်အားလိုင်းမှ ဆက်သွယ်ရယူလိုပါက သက်ဆိုင်ရာဌာန၏ သဘောတူညီချက်ရယူရမည်။

၁၂။ ကျေးရွာမီးလင်းရေးကော်မတီ/ ပုဂ္ဂလိကများက တည်ဆောက်ပြီးသော ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အား လိုင်းများကို ဓာတ်အားပို့လွှတ်သည့်အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သို့ လွှဲပြောင်းအပ်နှံရမည်။ အဆိုပါလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက စရိတ်ကျခံပြီး စီမံခန့်ခွဲဆောင်ရွက်ရမည်။ ၎င်းဓာတ်အားလိုင်းမှ ထပ်ဆင့် ဓာတ်အား ချိတ်ဆက်ရယူခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာအရစိစစ်၍ ခွင့်ပြုပေးနိုင်သည်။

Credit: MOEE

18/05/2020

ဝယ်ယူအား​ပေး​ကြသော Customerများအား​
------------------------------------------------------------
ကျေးဇူးတုန့်ပြန်​သောအ​နေဖြင့် 🙏
--------------------------------------------

👉Diamond Plan
5set နှင့် အထက် ဝယ်ယူပြီးသူများအတွက် 25% အရင်ဆုံး​ပေးသွင်းပြီးကျန်​ငွေကို အရစ်ကျအစီစဥ်ဖြင့် ပစ္စည်းတန်ဖိုး၏15%အား လစဥ်​ခွဲ၍ပေးသွင်းနိူင်ပါမည်။

👉Platinum Plan
3set နှင့် အထက် ဝယ်ယူပြီးသူများအတွက် 40% အရင်ဆုံး​ပေးသွင်းပြီးကျန်​ငွေကို အရစ်ကျအစီစဥ်ဖြင့် ပစ္စည်းတန်ဖိုး ၏20%အား လစဥ်​ခွဲ၍ပေးသွင်းနိူင်ပါမည်။

👉Gold Plan
2set နှင့် အထက် ဝယ်ယူပြီးသူများအတွက် 50% အရင်ဆုံး​ပေးသွင်းပြီးကျန်​ငွေကို အရစ်ကျအစီစဥ်ဖြင့် ပစ္စည်းတန်ဖိုး၏25%အား လစဥ်​ခွဲ၍ပေးသွင်းနိူင်ပါမည်။

Auger Machine With Stand Specification: 📋
--------------------------------------------------------------
Model: HM003/2020
Engine Type: single cylinder 2Stoke engine
Engine Power: 2.3kW( 3hp)
Oil: 25:1
Speed: 9000 r/min
Drill size : 300mm
Driling Depth: 1676mm
Digging Duration: 3~10 minutes per hole
Dimension: H2400mm, W600mm, L1500mm
Weight: about 100kg
Country of Original: China

🌀Benefit Of Auger Machine Stand
+++++++++++++++++++++++++++
1: Reduce Human Resource
👉လူစွမ်အားသက်သာ​စေခြင်း✅
2: Reduce Expenses
👉ကုန်ကျစရိတ်သက်သာ​စေခြင်း✅
3: Safe & Healthy Environment
👉​ပါတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်း​စေခြင်း✅
4: Reduce Waste Time
👉အချိန်ကုန်သက်သာ​စေခြင်း✅

Terms and Condition 📌📌
++++++++++++++++
Normal Price: 595,000 Kyats (without Drill)
12"x 6F Drill : 68,500 Kyats
12"x 3F Drill : 56,500 Kyats
===================​စျေး
Set Price : 720,000 Kyats

Payment term: 50% Order and 50% Ready to Delivery
Delivery time: 7~14Days after Ordered.
Service Warranty: Life Time for Service

🎀 Special Gift Plan 🎁
------------------------------------
1-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 1.Nos 💸
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
တစ်စုံတန်ဖိုး = 663,500MMK

2-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 1.Nos💸
12" x 6F Drill : 68,500 Kyats x 1.Nos💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
နှစ်စုံတန်ဖိုး = 1,315,000MMK

3-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 2.Nos💸💸
12" x 6F Drill : 68,500 Kyats x 1.Nos💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
သုံးစုံတန်ဖိုး= 1,978,500MMK

4-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 2.Nos💸💸
12" x 6F Drill : 68,500 Kyats x 2.Nos💰💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
​လေးစုံတန်ဖိုး= 2,630,000MMK

5-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 3.Nos💸💸💸
12" x 6F Drill : 68,500 Kyats x 2.Nos💰💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
​ငါးစုံတန်ဖိုး= 3,293,500MMK

ရန်ကုန်မြို့တွင်းနှင့် မန္တ​လေးမြို့အတွင်း အ​ရောက်ပို့စနစ်ဖြင့်လည်း​ကောင်း၊ နယ်​ဝေးမှ မှာယူ​သောမိတ်​ဆွေများအတွက် သက်ဆိုင်ရာ ကားဂိတ်များသို့လည်း​ကောင်း ပို့​ဆောင်​ပေးပါသည် ရှင့်။ 🚛 ✅

✅စစ်မှန်​သော အရည်အ​သွေးသည်
သုံးစွဲသူကို အပြည့်အဝ စိတ်​ကျေနပ်မူ့​ပေးပါသည်။ ✅🙂

K.M.P Enterprise and General Trading
+++++++++++++++++++++++++++++
Contact:
Email: kyawmegapower@ gmail.com
FB Page: Kyaw Mega Power, Cb(fb messenger),
WhatsApp, We chat, Viber: +95 9 785176967,

KBZ A/C : 25830102702998801
CB A/C : 0031600500044288

**လိုအပ်​​သောလူကြီးမင်းများ Orderမှာယူစာရင်း​ပေးနိူင်ပြီဖြစ်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါတယ်ရှင်။ 🤗❤

13/05/2020

Auger Stand Machine For Pole Hole
++++++++++++++++++++++++++++

K.M.P Enterprise and General Trading မှ Stand Auger Machine များကို တပ်ဆင်​ထုတ်လုပ်ရောင်းချ​ပေး​နေပြီဖြစ်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်ရှင့်။ 🔖🔖🔖

Auger Machine With Stand Specification: 📋
--------------------------------------------------------------
Model: HM003/2020
Engine Type: single cylinder 2Stoke engine
Engine Power: 2.3kW( 3hp)
Oil: 25:1
Speed: 9000 r/min
Drill size : 300mm
Driling Depth: 1676mm
Digging Duration: 3~10 minutes per hole
Dimension: H2400mm, W600mm, L1500mm
Weight: about 100kg
Country of Original: China

🌀Benefit Of Auger Machine Stand
+++++++++++++++++++++++++++
1: Reduce Human Resource
👉လူစွမ်အားသက်သာ​စေခြင်း✅
2: Reduce Expenses
👉ကုန်ကျစရိတ်သက်သာ​စေခြင်း✅
3: Safe & Healthy Environment
👉​ပါတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်း​စေခြင်း✅
4: Reduce Waste Time
👉အချိန်ကုန်သက်သာ​စေခြင်း✅

Terms and Condition 📌📌
++++++++++++++++
Normal Price: 595,000 Kyats (without Drill)
12"x 6F Drill : 68,500 Kyats
12"x 3F Drill : 56,500 Kyats
===================​စျေး
Set Price : 720,000 Kyats

Payment term: 50% Order and 50% Ready to Delivery
Delivery time: 7~14Days after Ordered.
Service Warranty: Life Time for Service

🎀 Special Gift Plan 🎁
------------------------------------
1-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 1.Nos 💸
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
တစ်စုံတန်ဖိုး = 663,500MMK

2-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 1.Nos💸
12" x 6F Drill : 68,500 Kyats x 1.Nos💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
နှစ်စုံတန်ဖိုး = 1,315,000MMK

3-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 2.Nos💸💸
12" x 6F Drill : 68,500 Kyats x 1.Nos💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
သုံးစုံတန်ဖိုး= 1,978,500MMK

4-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 2.Nos💸💸
12" x 6F Drill : 68,500 Kyats x 2.Nos💰💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
​လေးစုံတန်ဖိုး= 2,630,000MMK

5-set ဝယ်ယူအား​ပေး​သောလူကြီးမင်းများအတွက်
12" x 3F Drill : 56,500 Kyats x 3.Nos💸💸💸
12" x 6F Drill : 68,500 Kyats x 2.Nos💰💰
တန်ဖိုးအား လက်​ဆောင်အဖြစ် ​စျေး​လျော့ ရရှိပါမည်ရှင့်။
​ငါးစုံတန်ဖိုး= 3,293,500MMK

ရန်ကုန်မြို့တွင်းနှင့် မန္တ​လေးမြို့အတွင်း အ​ရောက်ပို့စနစ်ဖြင့်လည်း​ကောင်း၊ နယ်​ဝေးမှ မှာယူ​သောမိတ်​ဆွေများအတွက် သက်ဆိုင်ရာ ကားဂိတ်များသို့လည်း​ကောင်း ပို့​ဆောင်​ပေးပါသည် ရှင့်။ 🚛 ✅

✅စစ်မှန်​သော အရည်အ​သွေးသည်
သုံးစွဲသူကို အပြည့်အဝ စိတ်​ကျေနပ်မူ့​ပေးပါသည်။ ✅🙂

K.M.P Enterprise and General Trading
+++++++++++++++++++++++++++++
Contact:
Email: kyawmegapower@ gmail.com
FB Page: Kyaw Mega Power, Cb(fb messenger),

KBZ A/C : 25830102702998801
CB A/C : 0031600500044288

**လိုအပ်​​သောလူကြီးမင်းများ Orderမှာယူစာရင်း​ပေးနိူင်ပြီဖြစ်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါတယ်ရှင်။ 🤗❤

13/05/2020

🏠အိမ်မှာ​နေမရလို့၊ မ​နေနိူင်လို့ အ​ကြောင်းကိစ္စတခုခု​ကြောင့်
မဖြစ်မ​နေ အပြင်သွားရ​တော့မယ်ဆိုရင် ....

⚠️ဒါလေးတွေ သတိထားပေးနော် ❤💞

✴မမြင်နိုင်တဲ့ ကိုမြင့်နိုင်ကြီး (အဲ ကိုဗစ်နိုင်တင်း) ကို သတိကြီးကြီးထားပြီး ကာကွယ်ကြရ​အောင်!!!⚠️

Credit: Uploader

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

45-Ward, North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:30