Little Mouse
21/01/2022
V day အတွက် ခဲမှုန့်ပုံတူလေးတွေ စတင်အပ်ထည်လက်ခံနေပါပြီ
VDay ဆိုတာ စုံတွဲတွေ အတွက်တင်မကပါဘူး
ချစ်ခင်ရတဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေတွေကလည်း
ချစ်ခင်ရသူတွေဖြစ်လို့ အမှတ်တရ လက်ဆောင်ပေးနိူင်ပါတယ် ။
V day အမှတ်တရအဖြစ်
ပထမဆုံး လာရောက်အပ်နှံသူ ၃ ဦးကို 30 % off ပေးပါ့မယ် ။
V day အမှီ ဆွဲပေးမှာမို့ ၁၀ ဦးသာ လက်ခံပါ့မယ်ဗျ ။
အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်များကို ကျေးဇူးတင်ပါတယ်ခင်ဗျ ။
20/10/2021
Special Discount for U & your better half 💝💝
19.10.21 မှ 23.10.21 အထိ ချစ်စရာ Watercolor စားပွဲတင် series လေးကို
ဘောင်အပါ 💵၁၀၀၀၀ ကျပ်တည်း နဲ့ ရမှာနော် 😉😉
ကဗျာလေးနဲ့ Design လေးကိုတော့ ပြထားတဲ့ ပုံအပြင် Customized ရွေးချယ် နိုင်ပါတယ်နော် 💋💋
18/10/2021
Customized logo 📨📨🔖🔖
logo မှာ significant factor ဘာလေးတွေ ပါအောင် ထည့်ပေးရမလဲ အကို🤔🤔. .. ဆိုတော့
""background ကို ဆိုင် color နဲ့တူအောင် အစိမ်းရောင်လေး ထားပေး. . ပြီးရင် ကျွန်တော်နဲ့ တူတဲ့ကာတွန်းရုပ်လေး ပါအောင်ဆွဲပေး "" လို့ ဆိုလာတဲ့ Customer အကိုကြီးရဲ့
🍜🍜ကျော် မုန့်ဟင်းခါး logo 🍜🍜
01/10/2021
ကျနော့် page လေး ရပ်သွားခဲ့ရတာ ကြာခဲ့ပါပြီ ။
လွန်ခဲ့တဲ့ လများက
COVID ကြောင့် ပိတ်လှောင် နေကြတဲ့ ကျနော်တို့တွေဟာ
အစက ပြန်စကြဖို့ အရှိန်ရပြီးကာမှပဲ ...
ကိုဗစ်ထက် ဆိုးရွားတဲ့ အရာကြောင့်
အားလုံးရဲ့ အနာဂတ်တွေဝေဝါးသွားခဲ့ရတယ် ...
၈ လ ကြာခဲ့ပြီ ... ခုထိလဲ ပိုပို ဆိုးရွားနေကြတုန်းပါပဲ
ဒါပေမယ့် ကျနော်တို့ ဟာ သက်ရှိလူသားတွေ ဖြစ်လို့ ရပ်တန့်နေလို့ မရပါဘူး ဆက်သွားကြရမှာပါပဲ ... လုပ်သင့်တာကို လဲ လုပ်ကြရင်းနဲ့ပေါ့
ကျနော်လည်း အလုပ်ထွက်ဖြစ်သွားတော့ ဝါသနာပါတဲ့ ပန်းချီကိုတော့ ပိုဆွဲဖြစ်တာပေါ့ဗျာ
ဒီလဟာ မင်မင်ကောင်မလေး မွေးနေ့လည်းရှိတော့
သူ့မွေးလ အစမှာ
ဖုန်းဘေလေး မဲဖောတ်ပေးချင်ပါတယ် ။
ကြားထဲမှာ ဆွဲဖြစ်တဲ့ ခဲမှုန်လေးတွေလည်း တင်ရင်းပေါ့ ။
ဒီpost ကို like and share တွေလည်း လုပ်ပေးစရာမလိုပါဘူး
စိတ်ထဲရှိတာ တစ်ခုခု မန့်ခဲ့ပေးရုံပါပဲ
ကျနော်လည်း အချိန်ပေးပြီး ဖတ်ပေးပါ့မယ် ။
ဘာမှ မမန့်ချင်ရင်လည်း အစက်လေးပဲ ချခဲ့လို့ရပါတယ် ။
မန့်တဲ့သူထဲက ၃ ဦးကို မဲနှိုက်ပြီး ၃ ရက်နေ့ညမှာ
ဖုန်းဘေ ၁၀၀၀ စီ ထည့်ပေးပါ့မယ် ။
ဆော့ဝဲနဲ့ ရွေးချယ်မှာဖြစ်လို့ acc ၁ ခုကို တစ်ခါ မန့်ယုံနဲ့ လုံလောက်ပါတယ်ဗျ ။
အားလုံးကို ကျေးဇူးတင်ပါတယ် 🐭
ခက်ခဲနေကြတဲ့ကြားထဲမှာ
ပန်းချီကားတွေ လာအပ်ပေးကြလို့လည်း ကျေးဇူးပါခင်ဗျာ..
🐭☘️
Click here to claim your Sponsored Listing.