44XL
02/01/2025
လက်ကျန်ပစ္စည်း ရှင်းတဲ့အနေနဲ့
US ကနေ သွင်းထားတဲ့ 100% Authentic Dr Martens နဲ့ Caterpillar Boot (Europe size 42/43/44) အရံ အချို့ကို လက်ရှိ US Store ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်မှာဖြစ်ပြီး
- US Tax တွေ
- Shipping Fees တွေ
- Profit တွေ မပါတဲ့ဈေးနဲ့ ၀ယ်ယူနိုင်မယ့် အခွင့်အရေးပါ
ဆိုင်မှာရှိတဲ့
ဖိနပ်တွေရဲ့ Model နဲ့ မူရင်းဈေးနှုန်းကို Comment မှာ link တွေနဲ့ ဖော်ပြပေးထားပါတယ်။ ကြည့်ပြီးတော့ တန်မတန်ဆိုတာကို ဆုံးဖြတ်နိုင်မယ်လို့ ယူဆပါတယ်။
Size အဆင်ပြေတဲ့ Customer တွေအနေနဲ့ ကျနော်တို့ Ryzen Store (44XL) No 49B ဥယျာဉ်လမ်း ကြည့်မြင်တိုင်မှာ ကိုယ်တိုင်လာရောက် စမ်းသပ် ဝယ်ယူနိုင်ပါတယ်ခင်ဗျား။ 09 42100 4001 ကိုလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
100% Authentic ဖြစ်ပြီး ကျနော်တို့ရောင်းတာ မမှန်ခဲ့ရင် ဝယ်ယူထားတဲ့ပစ္စည်းတန်ဖိုးရဲ့ ၁၀ဆ ပြန်အမ်းပေးမယ်လို့ အာမခံပါတယ်။
Dr Martens
1460 Smooth Leather Lace Up Boots (Black — Smooth Leather) Size 42/43 - $170
1460 Smooth Leather Lace Up Boots ( Cherry Red — Smooth Leather) Size 42/43 - $170
Caterpillar
Men's Second Shift Work Boot (Black) Size 43/44 - $114,95
Men's Second Shift Work Boot (Honey) Size 43/44 - $114.95
Invader Steel Toe Work Shoe (Black/Full Moon) Size 43/44 - $114.95
Intruder Shoe (White | Yellow) Size 43/44 - $109.95
Threshold Waterproof Steel Toe Work Boot (Black) Size 43/44 - $109.95
ပထမအသုတ်မှာ မထင်မှတ်ပဲ အတော်များများ အားပေးခဲ့တဲ့ Customer တွေကို ဒီနေရာကနေ ကျေးဇူးအထူးပဲ တင်မိပါတယ်ခင်ဗျား။
Stock အသစ်အနေနဲ့ April 22 မှာ Dr Martens နဲ့ Caterpillar တွေ ထပ်ရောက်ပါမယ်။ Order မှာထားတဲ့ Customer တွေကိုလဲ သတ်မှတ်ရက်ချိန်းထက် နောက်ကျသွားတာတွက် အနူးအညွတ် တောင်းပန်ချင်ပါတယ်။
Stock အသစ် ထပ်ရောက်ခဲ့ရင် Page မှာ တင်ပေးပါ့မယ်ခင်ဗျား
13/02/2024
Dr Martens Vegan 1461 Felix Oxford Shoes
COLOR - Black — Felix Rub Off
Price - 710,000 Ks
Avaviable Size - US Men 9 and 10
Instock Now
Experience the iconic comfort and style of Dr. Martens Boots, sourced directly from the official US Store. Rest assured, our collection boasts 100% authenticity, ensuring you receive the genuine product you deserve.
At 44XL, we prioritize customer satisfaction and confidence. With every purchase, we provide an email receipt directly from the US store, granting you peace of mind and the assurance of a legitimate transaction.
Indulge in the timeless quality and unmatched craftsmanship of Dr. Martens, exclusively with our 44XL.
13/02/2024
Dr Martens 1460 Smooth Leather Lace Up Boots
COLOR - Black / Cherry Red
Price - 890,000 Ks
Avaviable Size - US Men 9 and 10
Instock Now
Experience the iconic comfort and style of Dr. Martens Boots, sourced directly from the official US Store. Rest assured, our collection boasts 100% authenticity, ensuring you receive the genuine product you deserve.
At 44XL, we prioritize customer satisfaction and confidence. With every purchase, we provide an email receipt directly from the US store, granting you peace of mind and the assurance of a legitimate transaction.
Indulge in the timeless quality and unmatched craftsmanship of Dr. Martens, exclusively with our 44XL.
04/02/2024
Intruder Shoe က Caterpillar ရဲ့ သိသာထင်ရှားပြီး ခေတ်ဟောင်းဆန်တဲ့ မူလလက်ဟောင်းဖိနပ်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ခေတ်စားနေတဲ့ ထုထည်ကြီးကြီးနဲ့ ဖန်တီးထားတဲ့ဖိနပ်တွေက ၉၀ ပြည့်နှစ်တုန်းက CAT Footwear မှ ထုတ်လုပ်ခဲ့တဲ့ ဖိနပ်ဒီဇိုင်းတွေအတိုင်းပါပဲ။ ပြောရမယ်ဆိုရင် ပြန်လည်ဆန်းသစ်ထားတဲ့ Intruder Shoe ဒီဇိုင်းအသစ်တွေက ယခင် CAT အမှတ်အသားဖြစ်ခဲ့တဲ့ စတိုင်တွေကို ပြန်ပြီးအသက်သွင်းထားတယ်ဆိုရင် မမှားပါဘူး။ Intruder Shoe က အခုဆိုရင် ဒီဇိုင်းပိုင်းရော၊ စွမ်းဆောင်ရည်ရော အကောင်းဆုံးပုံစံနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီအပြင် ဖိနပ်အပေါ်ပိုင်းကို Mesh နဲ့ Nubuck သားရေနှစ်မျိုး ရောစပ်ပြီး ချုပ်လုပ်ထားပါတယ်။ မူလ Dad trainer ဖိနပ်တွေရဲ့ အဓိကထူးခြားချက်ဖြစ်တဲ့ ထူထဲတဲ့ ရော်ဘာအောက်ခုံကို ဒီဖိနပ်မှာပြန်သုံးထားပြီး အရင်တုန်းကရခဲ့တဲ့ သစ်လွင်တဲ့ အသွင်ကို ပြန်ရအောင် ဖန်တီးထားပါတယ်။
Caterpillar Intruder Shoe - 470,000 Ks
Color : White | Yellow
Size : US Men 9 / 10
မူရင်းဈေး $109.95 ရှိပါတယ်။
https://www.catfootwear.com/US/en/intruder-shoe/884506776344.html?&utm_source=SFMC&utm_medium=email&utm_campaign=TRAN-CATP-US-ECOM-OrderConfirm&utm_term=Transaction&utm_content=Order&src=
အတက်နိုင်ဆုံး Caterpillar ကို စိတ်ဝင်စားသူတွေအတွက် ဈေးသက်သာဆုံးဖြစ်အောင်တော့ စီစဥ်ပေးထားပါတယ်ခင်ဗျား
02/02/2024
တိုးတက်မှုအတွက် အပြိုင်အဆိုင်ကြိုးစားနေရတဲ့ ကမ္ဘာကြီးမှာ Streamline Runner ဖိနပ်က သင့်ရဲ့အမြန်နှုန်းနဲ့ ကိုက်ညီမယ့် အားကစားဖိနပ်တစ်ရံပဲ ဖြစ်ပါတယ်။
ကာဗွန်ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ထိပ်ဦးအကာက ပေါ့ပါးမှုရှိလို့ စိတ်တိုင်းကျ ပြေးလွှားနိုင်မယ့်အပြင် ထိခိုက်မှုမရှိစေအောင်လဲ အကာအကွယ်ပေးပါတယ်။ ခြေကုပ်အား ကောင်းစေတဲ့ လုပ်ငန်းသုံးအဆင့် ဖိနပ်အောက်ခုံကြောင့် ဘယ်လိုနေရာမှာမဆို သင့်ကို ယိုင်လဲသွားစေမှာ မဟုတ်ပါဘူး။ အားကစားသမားများအတွက် ဖန်တီးထားတဲ့ Streamline Runner ဖိနပ်က ပိုပြီးမြန်မြန်ရွေ့လျားစေဖို့ ပြုလုပ်ထားတဲ့ဖိနပ်ပဲ ဖြစ်ပါတယ်။
Caterpillar Men's Streamline Runner Carbon Composite Toe Work Shoe - 650,000 Ks
Color : Black/Cat Yellow
Size : US Men 10
အဓိကထူးခြားချက်များ
- ကာဗွန်ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ထိပ်အကာက အပေါ့ပါ့ဆုံး၊ အကျစ်လစ်ဆုံး အကာအကွယ်ဖြစ်ပြီး ထိခိုက်မှုတွေ၊ နင်းချေမှုဒဏ်တွေကို ယုံကြည်စိတ်ချစွာ ကာကွယ်ပေးနိုင်တဲ့ သတ္တုမဲ့ အကာအကွယ်ဖြစ်ပါတယ်။ (ATSM F2413-18)
- ခြေချော်မှုကို ကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းသုံးအဆင့် ရော်ဘာသား ဖိနပ်အောက်ခုံကို ခြေကုပ်အား အထူးကောင်းမွန်အောင် ဖန်တီးထားတာဖြစ်လို့ ချော်လဲတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
- ၁၀၀%သန့်စင်ပြီး ပြန်လည်အသုံးပြုထားတဲ့ ဖိနပ်တွင်း lining က စိုစွတ်မှုကင်းပြီး အနံ့ဆိုးမထွက်အောင် ထိန်းသိမ်းပေးထားမှာပါ။
- ReVive ခြေနင်းပြားကို သက်သောင့်သက်သာရှိပြီး ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်စေကာ ခြေဖဝါးကို ထောက်ပင့်ပေးနိုင်ဖို့ ဒီဇိုင်းဆွဲဖန်တီးထားပါတယ်။
- ခြောက်သွေ့နေတဲ့အခြေအနေမှာ ဓါတ်လိုက်မှုအန္တရာယ်ကို ဗို့အား ၆၀၀အထိ ကာကွယ်ပေးနိုင်ပါတယ်။ (ASTM F2413-18)
01/02/2024
Ryzen Store ရဲ့ 44XL Shop ကနေ Caterpillar Boot ကို နှစ်သက်သဘောကျတဲ့ Customer တွေအတွက် အထူးဈေးနှုန်းတခု စီစဥ်ထားပါတယ်ခင်ဗျား။ မူရင်းဈေး $129.95 ရှိပါတယ်။ Tax and Freight Charge တွေ မပါသေးတဲ့ဈေးပါ။ https://www.catfootwear.com/US/en/second-shift-waterproof-steel-toe-work-boot/195019654501.html?&utm_source=SFMC&utm_medium=email&utm_campaign=TRAN-CATP-US-ECOM-OrderConfirm&utm_term=Transaction&utm_content=Order&src=
ကိုယ်တိုင်လေ့လာနိုင်ပါတယ်ခင်ဗျား။ ပထမဆုံးရောင်းချပေးမယ့် Second Shift Waterproof Steel Toe Work Boot ကို အမြတ်မယူပဲ သယ်ယူစရိတ်ပေါင်းပြီးပဲ ရောင်းချပေးမှာမို့ တန်မတန်ဆိုတာကတော့ ဝယ်ယူမယ့်သူတွေအနေနဲ့ ကိုယ်တိုင်ဆုံးဖြတ်ရုံပါ။ စိတ်ဝင်စားမှုရှိလို့ ဝယ်ယူချင်တဲ့ Customer တွေအနေနဲ့ ကျနော်တို့ 44XL Shop မှာ In-stock ဝယ်ယူနိုင်ပါတယ်ခင်ဗျား။
Caterpillar Men's Second Shift Waterproof Steel Toe Work Boot - 560,000 Ks
Black / Honey Reset ဆိုပြီး အရောင် ၂မျိုး ရွေးချယ်နိုင်ပါတယ်။
Size တွေကတော့ US Men 9 နဲ့ 10 ၂မျိုး ရရှိနိုင်ပါမယ်။
Caterpillar Men's Second Shift Waterproof Steel Toe Work Boot တွေက မူလလက်ဟောင်းစတိုင်ကိုမှ အခုဆိုရင် မိုးလုံရေလုံဖိနပ် ဖြစ်သွားတဲ့ Second Shift Work Boot ဟာ စတီးပြားခံအကာအကွယ်နဲ့ မာကြောမှုတွေ ရှိပါတယ်။ အရည်အသွေးမြင့် သားရေသားက အလုပ်ချိန်ရော၊ အလုပ်ချိန်ပြင်ပမှာပါ နေ့စဉ်စီးစရာ ဖိနပ်တရံ ဖြစ်နေစေပါတယ်။
အဓိကထူးခြားချက်များ
- လုပ်ငန်းသုံးအဆင့် ရော်ဘာသားက CAT ယန္တရားကြီးတွေရဲ့ ဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။
- ရေလုံးဝမစိမ့်ဝင်နိုင်တဲ့ ဖိနပ်သားကြောင့် သင့်ခြေထောက်တွေကို အမြဲခြောက်သွေ့နေစေမှာပါ။
- Goodyear သားရေပြားခံ ချုပ်လုပ်နည်းကြောင့် အကြမ်းခံမှုအရှိဆုံး ဖိနပ်တစ်ရံလည်း ဖြစ်ပါတယ်။
- ကုပ်အားနည်းတဲ့ မျက်နှာပြင်တွေအတွက် ချော်ထွက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဖိနပ်အောက်ခုံ
- ခြောက်သွေ့နေတဲ့ အခြေအနေမှာ ဓါတ်လိုက်မှုအန္တရာယ်ကို ဗို့အား ၆၀၀အထိ ကာကွယ်ပေးနိုင်မှု (ASTM F2413-18)
- ခြေချောင်းအတွက် စတီးပြားအကာအကွယ် (ASTM F2413-18)
- ဖိနပ်အပေါ်ပိုင်း ရေမစိမ့်နိုင်တဲ့ အရည်အသွေးမြင့်သားရေ
- သက်သောင့်သက်သာရှိစေဖို့ ReVive နည်းပညာသုံး ခြေနင်းပြား
- Goodyear သားရေပြားခံစနစ်
- လုပ်ငန်းသုံးအဆင့် အကြမ်းအခံဆုံး ရော်ဘာသား
16/01/2024
မကြာခင်အချိန်အတွင်း ကျနော်တို့ 44XL မှာ Instock ထပ်မံပြီးဝယ်ယူနိုင်မယ့် Main Brand ကတော့ Caterpillar ပဲ ဖြစ်ပါတယ်။ ဝယ်ယူရရှိနိုင်မယ့် Model နဲ့ ဈေးနှုန်းတွေကို မတင်သေးခင် Caterpillar အကြောင်းကို သိရှိရအောင် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်ခင်ဗျား။
Caterpillar Inc. ဟာ ဆောက်လုပ်ရေးသုံး၊ မိုင်းတွင်းသုံးစက်ပစ္စည်းများ၊ အင်ဂျင်များကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ရောင်းချနေတဲ့ စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး အီလီနွိုက် (Illinois) ပြည်နယ်၊ ဒီယားဖီးဒ် (Deerfield) မှာ အခြေစိုက်ပါတယ်။ အဆိုပါကုမ္ပဏီကို ၁၉၂၅ခုနှစ်မှာ ဘင်ဂျမင်ဟို့တ် (Benjamin Holt) ဆိုသူက စတင်ထည်ထောင်ခဲ့ပါတယ်။ သူဟာ မြေမျက်နှာသွင်ပြင်အမျိုးမျိုးမှာ မောင်းနှင်နိုင်တဲ့ ထွန်စက်တွေကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
Caterpillar ရဲ့ ထုတ်ကုန်တွေကို Cat®, Case®, JCB® (Joint Control Benches) ဒါမှမဟုတ် ဩစတြေးလျ (Australia)နဲ့ နယူးဇီလန် (New Zealand)မှာဆိုရင် Kenworth® စသဖြင့် တခြားကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ပြီးသား အမှတ်တံဆိပ်အောက်ကနေ ရောင်းချလျက် ရှိပါတယ်။ Caterpillar က သူ့ရဲ့အမှတ်တံဆိပ်နာမည်ကို တခြားကုမ္ပဏီတွေဆီ လိုင်စင်ရောင်းထားလေ့ ရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန် အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Legendary Whitetails ဆိုရင် ဒီအမှတ်တံဆိပ်ကို သူတို့ရောင်းချတဲ့ အမျိုးသားဝတ်အထည်တချို့မှာ ထည့်သုံးလေ့ရှိပါတယ်။
အစပိုင်းမှာ Caterpillar ကုမ္ပဏီက ထွန်စက်တွေပဲ ထုတ်လုပ်ခဲ့ရာမှ "ဖိနပ်တွေလည်း ထုတ်ရအောင်"ဆိုပြီး ဖိနပ်တွေပါ ထုတ်ဖြစ်သွားတာပါ။
အစောပိုင်းကာလတွေမှာတော့ ဈေးကွက်အပြိုင်အဆိုင်များမှုတွေ၊
စီးနေကျဖိနပ်တံဆိပ်ကနေ တခြားဖိနပ်ပြောင်းစီးဖို့ မဝံ့မရဲဖြစ်နေတဲ့ မိုင်းလုပ်သားတွေကြောင့် ကုမ္ပဏီအနေနဲ့ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Caterpillar ဖိနပ်တွေရဲ့ မာကျောပြီး အကြမ်းခံတဲ့ဂုဏ်သတင်းက ပျံ့နှံ့လာခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွေမှာတော့ သူတို့ရဲ့ဖိနပ်တွေကို တစ်ကမ္ဘာလုံးအနှံ့ ရောင်းချနေရပါပြီ။ ၁၉၃၀ပြည့်နှစ်တွေမှာတော့ အမျိုးသားတွေရော အမျိုးသမီးများအတွက်ပါ ဖိနပ်နဲ့ အဝတ်အထည် ပစ္စည်းအသစ်တွေ တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ Caterpillar ဟာ ကမ္ဘာ့အကျော်ကြားဆုံး ဖိနပ်တံဆိပ်တွေထဲက တစ်ခုဖြစ်လာပြီး သူ့ရဲ့ သက်သောင့်သက်သာရှိမှု၊ အကြမ်းခံမှု၊ စတိုင်ကျမှုတွေကြောင့် စက်ရုံအလုပ်သမားတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဖိနပ်တံဆိပ်ပဲ ဖြစ်ပါတယ်။ ထင်ထားတာထက် ပိုတဲ့အောင်မြင်မှုကို ရရှိထားသည့်တိုင် သုံးစွဲသူတွေ မျှော်လင့်ထားတာထက် ပိုတဲ့ အရည်အသွေးမြင့်ပစ္စည်းတွေကို ဆက်ပြီးထုတ်လုပ်သွားဖို့က ဒီကုမ္ပဏီရဲ့ရည်မှန်းချက် ဖြစ်နေဆဲပါပဲ။
ဖိနပ်ချုပ်လုပ်တဲ့နေရာမှာသုံးတဲ့ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေ၊
တခြားဖိနပ်တံဆိပ်တွေနဲ့ ကွဲထွက်နေတဲ့ ဆန်းသစ်တီထွင်ထားတဲ့ ဒီဇိုင်းတွေကြောင့် Caterpillar ဖိနပ်တွေဟာ အဆင့်အတန်းတခုမှာ ရှိနေတဲ့ ဖိနပ်တွေဖြစ်နေပါတယ်။ ဒီ Post မှာတော့ ကျနော်တို့က Caterpillar ရဲ့ သမိုင်းကြောင်းနဲ့ တိုးတက်ပြောင်းလဲလာပုံတွေ၊ ဒီဖိနပ်တွေက ဘာလို့ဒီလောက်နာမည်ကြီးပြီး သူများနဲ့ ကွဲပြားနေလဲဆိုတဲ့ အကြောင်းတွေ၊ သူ့ရဲ့ထူးခြားချက်တွေနဲ့ Caterpillar ဖိနပ်ဒီဇိုင်းအမျိုးမျိုးအကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Caterpillar ဖိနပ်တွေ ဈေးကွက်ထဲမှာ နာမည်အကြီးဆုံးဖြစ်နေရတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။
ပထမဆုံးအချက်ကတော့ ကြာရှည်ခံအောင် ချုပ်လုပ်ထားလို့ပါ။ Caterpillar က သူတို့ရဲ့ဖိနပ်တွေ အကြမ်းခံအောင် အရည်အသွေးအကောင်းဆုံး ကုန်ကြမ်းတွေကိုပဲ အသုံးပြုထုတ်လုပ်ထားတာပါ။ အဲဒီအပြင် အသေးစိတ်ကအစ ဂရုစိုက်ပြီး ဖိနပ်တစ်ရံချင်းစီကို စနစ်တကျ ချုပ်လုပ်ထားခြင်း ရှိမရှိ၊ အပြင်းထန်ဆုံး လှုပ်ရှားမှုတွေကို ခံနိုင်ရည်ရှိမရှိ သေချာစစ်ဆေးထားပါသေးတယ်။
Caterpillar ဖိနပ်တွေ နာမည်ကြီးရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ လုံခြုံမှုအတွက် စိတ်ချရလို့ပဲ ဖြစ်ပါတယ်။ Caterpillar ဖိနပ်တွေကို စီးနင်းသူရဲ့လုံခြုံရေးအတွက် အဓိကထားပြီး ထုတ်လုပ်ထားသလို လုပ်ငန်းခွင်လုံခြုံရေး စံနှုန်းအားလုံးနဲ့ ကိုက်ညီတဲ့အပြင် ပိုလို့တောင်နေပါသေးတယ်။ ဒါကြောင့်ပဲ အန္တရာယ်အများဆုံးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရသူတွေ၊ ကိုယ့်ဖိနပ်နဲ့ပတ်သက်ပြီး နောက်ဆံမတင်းချင်တဲ့ သူတွေအတွက် အဓိကရွေးချယ်စရာ ဖြစ်နေတာပါ။
နောက်ဆုံးအချက်ကတော့ Caterpillar ဖိနပ်တွေရဲ့ သက်သောင့်သက်သာရှိမှုကြောင့်ပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ နာရီပေါင်းများစွာ မတ်တပ်ရပ်နေရမယ်ဆိုရင်တောင် ဒီဖိနပ်တွေက သင့်ခြေထောက်တွေ တနေ့တာလုံး သက်သောင့်သက်သာရှိစေဖို့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ဒီဇိုင်းအမျိုးမျိုး ထုတ်လုပ်ထားတာကြောင့် သင်နဲ့လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်စီးနင်းနိုင်ပါတယ်။
Caterpillar က ဘာလို့ထူးခြားနေရလဲဆိုတော့ လုပ်ငန်းခွင်တိုင်း၊ နေ့စဉ်လူနေမှုပုံစံတိုင်းအတွက် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ထားလို့ပဲ ဖြစ်ပါတယ်။ အလုပ်ကြမ်းစီးတဲ့ ဖိနပ်တစ်ရံ လိုအပ်နေလား၊ စတိုင်ကျတဲ့ Shoe ဖိနပ်တစ်ရံ လိုအပ်နေလား၊ Caterpillar မှာ သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဖိနပ်တွေရှိပါတယ်။ အဲဒီအပြင် Caterpillar ရဲ့ ဖိနပ်တွေက Design အစုံ၊ Size အစုံရှိတာဖြစ်လို့ သင်နဲ့အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်ကို အလွယ်တကူရှာဖွေနိုင်မှာပါ။
တခြားဖိနပ်တွေနဲ့ မတူတဲ့ Caterpillar ဖိနပ်တွေရဲ့ ထူးခြားချက်တချို့ကတော့
Caterpillar ဘွတ်ဖိနပ်တွေဟာ မာကျောခိုင်ခံ့တဲ့ ချုပ်လုပ်မှုနဲ့ သက်သောင့်သက်သာရှိမှုတို့ကြောင့် အလုပ်သမားတွေ၊ အားကစားသမားတွေရဲ့ စိတ်ကြိုက်ရွေးချယ်မှုတခု ဖြစ်နေတာပါ။
ဖိနပ်ရဲ့ အပေါ်ပိုင်းအတွက် အရည်အသွေးမြင့် သားရေကို အသုံးပြုထားပြီး ဖိနပ်ခုံတွေကိုတော့ အထူးအကြမ်းခံတဲ့ ရော်ဘာသားနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ချုပ်ရိုးချုပ်သားကို ပိုမိုခိုင်ခံ့စေပြီး ချုပ်ကြိုးပြေသွားတာမျိုးကို ကာကွယ်ပေးနိုင်တဲ့ အထူးနည်းပညာကိုလည်း Caterpillar ဖိနပ်တွေမှာ အသုံးပြုထားပါတယ်။
ဒါကြောင့် ဘယ်လောက်ထိ ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်မျိုး၊ ဘယ်လောက်ထိ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေပါစေ၊ Caterpillar ဖိနပ်တွေ ကြာရှည်ခံနေတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အကြမ်းခံပါတယ်ဆိုတဲ့ ဖိနပ်ကိုမှ ရှာနေပါတယ်ဆိုရင် Caterpillarက ရွေးချယ်မှုကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
Caterpillar ဖိနပ်တွေရဲ့ အောက်ခုံပိုင်းကို ကုတ်အားကောင်းပြီး ခြေချော်တာ ချော်လဲတာမျိုးတွေ မဖြစ်အောင် ဒီဇိုင်းဆွဲထားပါတယ်။ ဒါ့အပြင် သင့်ခြေထောက်တွေ အေးမြခြောက်သွေ့နေအောင် လေဝင်လေထွက်ကောင်းတဲ့ ကုန်ကြမ်းတွေ အသုံးပြုထားပါတယ်။ Caterpillar ဖိနပ်တွေက ဈေးအနည်းငယ်ကြီးပေမဲ့ အဲဒီကပြန်ရတဲ့ လုံခြုံမှုနဲ့ သက်သောင့်သက်သာရှိမှုအရ တန်ဖိုးနဲ့ထိုက်တန်တဲ့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် Caterpillar ဖိနပ်တွေကို ဝယ်လိုက်တာနဲ့ သင်ဟာ လုံခြုံရေးစံနှုန်း အမြင့်ဆုံးဖိနပ်တစ်ရံကို ပိုင်ဆိုင်သွားပြီဆိုတာ ရဲရဲကြီးယုံကြည်လိုက်နိုင်ပါပြီ။ Caterpillar ဖိနပ်ကို စီးထားလိုက်တာနဲ့ ခြေထောက်အတွက် လုံခြုံသွားပြီဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်ချလက်ချ အလုပ်လုပ်နိုင်ပါပြီ။
13/01/2024
မကြာခင်အချိန်အတွင်း ကျနော်တို့ 44XL မှာ Instock ထပ်မံပြီးဝယ်ယူနိုင်မယ့် Brand ကတော့ Vans ပဲ ဖြစ်ပါတယ်။ ဝယ်ယူရရှိနိုင်မယ့် Model နဲ့ ဈေးနှုန်းတွေကို မတင်သေးခင် Vans ရဲ့ သမိုင်းကြောင်းကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်ခင်ဗျား။
Vans ဆိုတာ စကိတ်စီးဖိနပ်နဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီဖြစ်ပြီး VFကော်ပိုရေးရှင်းကပိုင်ဆိုင်ကာ အန်နာဟိုင်း (Anaheim) မြို့၊ကယ်လီဖိုးနီးယား (California) မှာ စတင်ထူထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီက ရေလွှာလှိုင်းစီးအသင်းတွေ၊ နှင်းလျှောစီးအသင်းတွေ၊ BMXစက်ဘီးနဲ့ ခရီးကြမ်း ဆိုင်ကယ်စီးအသင်းတွေကိုလည်း စပွန်ဆာပေးထားပါတယ်။ ၁၉၉၆ ကနေ ၂၀၁၉အထိ ဒီကုမ္ပဏီဟာ နှစ်စဉ်ကျင်းပတဲ့ Warped Tour ဂီတပွဲတော်ရဲ့ မူလစပွန်ဆာဖြစ်ခဲ့ပါတယ်။
သမိုင်းကြောင်း
ပေါလ်ဗန်ဒိုရန်း (Paul Van Doren)၊ ညီဖြစ်သူ ဂျိမ်းစ်(James) နဲ့ ဂေါ်ဒွန်စီလီ (Gordon C.Lee) တို့ဟာ ပထမဆုံး Vans စတိုးကို "The Van Doren Rubber Company" ဆိုတဲ့နာမည်နဲ့ ၁၉၆၆ခုနှစ် မတ်လ၁၆ရက်မှာ အန်နာဟိုင်း(Anaheim)မြို့၊ ကယ်လီဖိုးနီးယား (California)ရှိ အမှတ်၇၀၄၊ အရှေ့ဘရော့ဒ်ဝေး (East Broadway) လမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ သူတို့ဆိုင်က ဖိနပ်တွေကို ဆိုင်မှာပဲထုတ်လုပ်ပြီး ဝယ်သူတွေကို တစ်ခါတည်းရောင်းချပေးခဲ့တာပါ။ စဖွင့်တဲ့နေ့မှာ လက်ရှိ "Authentic"လို့ ခေါ်ကြတဲ့ Vans လည်တိုဖိနပ်တွေကို ဆိုင်မှာလာဝယ်သူ ၁၂ယောက်သာ ရှိခဲ့ပါတယ်။ ဒီဖိနပ်တွေက Kedsတွေထုတ်တဲ့ ဖိနပ်တွေနဲ့ ဆင်တူပေမဲ့ ဖိနပ်ခုံပိုထူပါတယ်။ သူတို့ဆိုင်မှာ ယူအက်စ်ဒေါ်လာ ၂.၄၉ ကနေ ၄.၉၉ ဒေါ်လာအထိ တန်ကြေးရှိတဲ့ ဖိနပ်ပုံစံသုံးမျိုးကို ခင်းကျင်းပြသထားပေမဲ့ ဝယ်ယူသူလာတာနဲ့ ရောင်းနိုင်အောင် လက်ထဲမှာ အရံသင့် မရှိသလို ပြန်အမ်းစရာ အကြွေရယ်လို့တောင် ပေါလ်ဗန်ဒိုရန်း (Paul Van Doren) ဆီမှာ မရှိခဲ့ပါဘူး။ ဝယ်သူတွေကလည်း ဖိနပ်ကို အိမ်ယူသွားပြီး နောက်နေ့မှ ပိုက်ဆံပြန်လာပေးရတာမျိုးပါ။
မူလလက်ဟောင်း Vans စကိတ်ဘုတ်တံဆိပ်ကို ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ အဲဒီအချိန်မှာ ဥက္ကဌဖြစ်နေတဲ့ ဂျိမ်းစ်ဗန်ဒိုရန်းရဲ့ သားဖြစ်သူ အသက်၁၃နှစ်အရွယ် မာ့ခ်ဗန်ဒိုရန်း (Mark Van Doren) က ၁၉၇၀ပြည့်နှစ်တွေထဲမှာ ကော်စတာမေဆာ (Costa Mesa)၊ ကယ်လီဖိုးနီးယား(California)မှာ ရေးဆွဲခဲ့တာပါ။ မာ့ခ်က အဲဒီတံဆိပ်ကို သူ့စကိတ်ဘုတ်တွေပေါ်မှာ စပရေးဖြန်း ရေးဆွဲထားတာပါ။ အဆိုပါဒီဇိုင်းကို အစောပိုင်း Vans စကိတ်ဘုတ်ဖိနပ်တွေဖြစ်တဲ့ Style 95 တွေရဲ့ ဖနောင့်ပိုင်းမှာ တပ်ဆင်ခဲ့ပါတယ်။ စကိတ်စီးရတာကို စိတ်ဝင်စားတဲ့ မာ့ခ်ကြောင့်ပဲ Vans ဟာ စကိတ်ဘုတ်စီးဖိနပ်တွေ အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။
၁၉၇၆မှာ Vans က စကိတ်ဘုတ်သမားတွေ စကိတ်ကွင်းထဲ အလွတ်ခုန်စကေးလ်ပြတဲ့ အချိန်မှာ သုံးတတ်ကြတဲ့ "Off The Wall" ဆိုတဲ့စကားကို ဆောင်ပုဒ်အဖြစ် စတင်သုံးစွဲ ခဲ့ပါတယ်။ အဲဒီကာလဝန်းကျင်မှာပဲ Vans က သူတို့ရဲ့ Vans Side-stripe နဲ့ "Old Skool"လို့ သိကြတဲ့ Vans #36 ကို စတင်ဖြန့်ချိခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာတော့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေ၊ Vansအတုတွေ ဈေးကွက်ထဲ အများအပြား ဝင်ရောက်လာတာကြောင့် Vans အနေနဲ့ ဖိနပ်တွေကို ဈေးလျှော့ရောင်းချခဲ့ရပြီး နောက်ဆုံးမှာတော့ ဒေဝါလီကာကွယ်ရေးစာရင်း တင်သွင်းလိုက်ရပါတယ်။ ၁၉၈၈ခုနှစ်မှာ ဗန်ဒိုရန်းနဲ့ လီတို့ဟာ သူတို့ကုမ္ပဏီကို McCown De Leeuw & Co. ဘဏ်လုပ်ငန်းဆီ ဒေါ်လာ ၇၄.၄သန်းနဲ့ ရောင်းချလိုက်ပါတယ်။ ၁၉၈၉ခုနှစ်မှာ အမေရိကန်နဲ့ မက္ကဆီကိုအစိုးရတွေက Vans အတုထုတ်သူတွေကို လိုက်လံဖမ်းဆီးပြီး ထုတ်လုပ်ရောင်းချမှုကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပါတယ်။
၁၉၉၁ခုနှစ်မှာ Vansကုမ္ပဏီထုတ်ဖိနပ်တွေဟာ ရောင်းအားနဲ့ ဝယ်လိုအားမမျှတဲ့အဖြစ်ကြောင့် ဈေးအတော်လေးမြောက်သွားခဲ့ပါတယ်။ ကုမ္ပဏီဘက်ကလည်း နိုင်ငံတကာထိ ဈေးကွက်ချဲ့ထွင်ကာ နှင်းလျှောစီးဖိနပ်တွေအပါအဝင် မော်ဒယ်အသစ်တွေ ထုတ်လုပ်ပြီး
ကုမ္ပဏီနာမည်ကိုလည်း ဝယ်ယူသူတွေ အဖျားဆွတ်ခေါ်ကြတဲ့ "Vans"ကို အစွဲပြုပြီး Vans, Incရယ်လို့ အမည်ပြောင်းလိုက်ပါတယ်။ အဲဒီနှစ်မှာပဲ NASDAQ စတော့ဈေးကွက်မှာ Vans ရဲ့ရှယ်ယာတွေဟာ ဝေစုတစ်ခုကို ၁၄ဒေါ်လာနှုန်းနဲ့ ဈေးစဖွင့်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာ Vans က မြောက်ကယ်ရိုလိုင်းနား(North Carolina) အခြေစိုက် VFကော်ပိုရေးရှင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ နှစ်၅၀ပြည့်အထိမ်းအမှတ်အနေနဲ့ Vansရဲ့ အမှတ်တံဆိပ်အသစ်ကို ချပြခဲ့ပြီး ဒီထက်ပိုပြီး ဝယ်ယူသူများလာအောင် လုပ်ဆောင်မယ့် ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ်မှာ Vans က VR3 ဖိနပ်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီဖိနပ်တွေရဲ့ ထူးခြားချက်က ဖိနပ်ရဲ့ ၃၀%ကို ပြန်လည်သန့်စင်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ VF ကော်ပိုရေးရှင်းက VR3 တွေကို တခြားဖိနပ်ဒီဇိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းအမျိုးမျိုးအဖြစ် ချဲ့ထွင်ရောင်းချသွားမှာပါ။
ပွဲစပွန်ဆာပေးမှု
၁၉၉၉ခုနှစ်ကစလို့ Vans ဟာ မြောက်အမေရိကရဲ့ သက်တမ်းအရှည်ဆုံး နယ်လှည့်ဂီတဖျော်ဖြေပွဲဖြစ်တဲ့ Warped Tourကို စပွန်ဆာပေးခဲ့ပါတယ်။ ၂၀၀၁ခုနှစ်မှာ Warped Tourကို Vans Warped Tour ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။
၂၀၁၄ခုနှစ်မှာ Vansဟာ ဟမ်တင်တန် (Huntington)ကမ်းခြေ၊ ကယ်လီဖိုးနီးယား (California)မှာ ကျင်းပတဲ့ US Open ရေလွှာလှိုင်းစီးပြိုင်ပွဲရဲ့ အဓိကစပွန်ဆာဖြစ်လာပြီး ၂၀၁၀ခုနှစ်မှာတော့ Duct Tape Invitational ပွဲကို စပွန်ဆာပေးခဲ့ပါတယ်။
၂၀၂၂ခုနှစ်မှာ US Open ရေလွှာလှိုင်းစီးပြိုင်ပွဲကာလကို စဖွင့်တဲ့အနေနဲ့ ဖရီးစတိုင် BMX ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ BMX Waffle Cup ကို Vans က ဦးစီးကျင်းပပေးခဲ့ပါတယ်။ ကုမ္ပဏီကပိုင်ဆိုင်တဲ့ ဟမ်တင်တန်(Huntington)ကမ်းခြေ စကိတ်ကွင်းကို BMXသမားတွေက ပြိုင်ပွဲအတွက် သူတို့စိတ်ကြိုက် ပြင်ဆင်ခဲ့ပြီး US open စတိုင်ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။
အများပိုင်စကိတ်ကွင်းများ
Vans ဟာ သူတို့ရဲ့ ပထမဆုံးစကိတ်ကွင်းကို ၁၉၉၈ခုနှစ်မှာ အောရိန့်ဂျ် (Orange) ကယ်လီဖိုးနီးယား(California)မှာရှိတဲ့ The Outlets at Orange ဆိုတဲ့နေရာမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကွင်းမှာ စတုရန်းပေ ၂၀,၀၀၀ (စတုရန်းမီတာ ၁,၉၀၀) ရှိတဲ့ ရုံတွင်းစကိတ်ကွင်း၊ ၁၂ပေ (၃.၇မီတာ) အနက်ရှိတဲ့ ဖရီးစတိုင်ပြလို့ရတဲ့နေရာ၊ အပျော်တမ်းသမားတွေ စီးဖို့နေရာ၊ စကိတ်လျှော အသေးစားတွေ၊ ရုံပြင် စကိတ်ကွင်းတွေနဲ့ ဂိမ်းရုံတစ်ခု ပါဝင်ခဲ့ပါတယ်။ ဒီစကိတ်ကွင်းကို ၂၀၀၉ခုနှစ်မှာ အဆင့်မြှင့်တင်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ် မတ်လမှာ အဲဒီကွင်းအတွင်းမှာပဲ BMX စက်ဘီးသမား တိုင်လာကာနား (Tyler Kanarr) ဒဏ်ရာအကြီးအကျယ်ရပြီး သေဆုံးသွားတဲ့နောက် အဲဒီအချိန်ကနေ အခုထိ ဒီကွင်းကို ပိတ်ထားခဲ့ပါတယ်။
သူတို့ရဲ့ ဒုတိယစကိတ်ကွင်းကိုတော့ ဟမ်တင်တန် (Huntington) ကမ်းခြေ၊ ကယ်လီဖိုးနီးယား (California)မှာ ၂၀၁၀ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကွင်းမှာ စတုရန်းပေ ၁၇,၅၀၀ (စတုရန်းမီတာ ၁,၆၃၀)ရှိတဲ့ စကိတ်ကွင်းနဲ့ စတုရန်းပေ ၂၅,၀၀၀ (စတုရန်းမီတာ ၂,၃၀၀) ရှိတဲ့ စကိတ်ပလာဇာတို့ ပါဝင်ပါတယ်။ ဒီကွင်းဟာ စတုရန်းပေ ၄၂,၅၀၀ (စတုရန်းမီတာ ၃,၉၅၀) ကျယ်ဝန်းပြီး Vans က အဲဒီမြေကို နှစ်၂၀ ငှားရမ်းခွင့်အတွက် မြို့တော်အုပ်ချုပ်ရေးကို တစ်နှစ်ကို တစ်ဒေါ်လာ ပေးချေခဲ့ပါတယ်။
လန်ဒန် (London) က The Old Vic ဥမင်ထဲမှာလည်း House of Vansဆိုတဲ့ စကိတ်ကွင်း တစ်ခု ရှိပါသေးတယ်။
လူငယ်တွေကြား ရေပန်းစားမှုများ
Vans ဖိနပ်တွေကို ဝတ်ဆင်သူတွေက သူတို့စိတ်ကြိုက် ပြန်လည်အလှဆင်တတ်ကြပြီး အဲဒီလိုရေးဆွဲထားတဲ့ ပုံတွေ၊ ဒီဇိုင်းပုံစံတွေကို ကုမ္ပဏီဘက်ကနေ တရားဝင်မော်ဒယ်အဖြစ် ပြန်လည်ရွေးချယ်တတ်ပါတယ်။ အထင်ရှားဆုံးကတော့ စကိတ်စီးသမားတွေ သူတို့ဖိနပ်တွေမှာ စိတ်ကြိုက်ဆွဲထားတဲ့ ဒီဇိုင်းကို ကုမ္ပဏီဘက်က သတိထားမိသွားပြီး စကိတ်နဲ့ ပန့်ခ်လောကမှာ နာမည်ကြီးတဲ့ စစ်တုရင်ခုံဒီဇိုင်းကို စတင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်မှာ ရှောင်ပင်း (Sean Penn) က Fast Times at Ridgemont High ဇာတ်ကားထဲက သူ့ဇာတ်ကောင် ဂျက်ဖ်စပီကိုလီ (Jeff Spicoli) မှာ Vansရဲ့ စစ်တုရင်ခုံဒီဇိုင်း ခြေစွပ်ဖိနပ်တွေကို ဝတ်ဆင်ပြလိုက်ရာမှ တနိုင်ငံလုံးမှာ ရေပန်းစားလာတဲ့ ဖိနပ်တွေ ဖြစ်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ Vans ဖိနပ်ဝတ်ဆင်ထားတဲ့ ကယ်လီဖိုးနီးယား (California) က ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဒန်နီယယ် လာရာ (Daniel Lara) ရဲ့ "Damn Daniel"ဆိုတဲ့ အင်တာနက်ဟာသသ (meme) တခုဟာ အတော်လေး နာမည်ကြီးသွားတာကြောင့် Vans ဘက်ကနေ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ Laraကို Vans ဖိနပ်တွေ တသက်တာ အခမဲ့စီးခွင့်ပေးလိုက်ပါတယ်။
မေဂျာလိဂ်ဘေ့စ်ဘော (Major League Baseball ) ပြိုင်ပွဲမှ ဘောလုံးပစ်သမား မိုက်ကယ်လိုရန်ဇန် (Michael Lorenzen) ဟာ Vans ဖိနပ်တွေနဲ့ စကိတ်စီးရင်း ကြီးပြင်းလာခဲ့သူ တစ်ယောက်ပါ။ ၂၀၂၃ခုနှစ်မှာ သူဟာ ပုံမှန်ဘေ့စ်ဘောဖိနပ်တွေမစီးဘဲ ဘားတွေပါပြီး သူ့စိတ်ကြိုက် ဒီဇိုင်းဆွဲထားတဲ့ Vans UltraRange Exos ဖိနပ်တွေကိုစီးပြီး ပွဲကစားခဲ့ပါတယ်။ ၂၀၂၃ခုနှစ် ဩဂုတ်လ ၉ရက်မှာ လိုရန်ဇန်ဟာ Vans ဖိနပ်တွေစီးပြီး တစ်ဖက်အသင်း no hit ဖြစ်အောင် ပစ်နိုင်တဲ့ ပထမဆုံး ဘောလုံးပစ်သမား ဖြစ်လာခဲ့သလို အဲဒီ Vans ဖိနပ်တွေကိုလည်း National Baseball Hall of Fame ထဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။
10/01/2024
Caterpillar Threshold Waterproof Work Boot တွေက အလုပ်ကြမ်းတွေနဲ့ ခရီးကြမ်းတွေအတွက် သင့်တော်တဲ့ ဘက်စုံသုံး ဘွတ်ဖိနပ်တွေပဲ ဖြစ်ပါတယ်။ ဖိနပ်ထိပ်ဦးကို သတ္တုပြားအကာ ဒါမှမဟုတ် အပျော့သားအကာဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်။ ဒီဖိနပ်တွေက ချော်လဲမှုမရှိအောင်၊ ဓါတ်လိုက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို တနေ့တာလုံး သက်သောင့်သက်သာရှိစွာ စီးနင်းနိုင်တဲ့ဖိနပ်တွေ ဖြစ်ပါတယ်။
အဓိကထူးခြားချက်များ
- ခြေချော်မှုကို ကာကွယ်ပေးနိုင်တဲ့ ဖိနပ်အောက်ခုံက ကုပ်အားနည်းတဲ့ မျက်နှာပြင် တွေပေါ်မှာ စီးရင်တောင် ASTM Safety Standards ရဲ့ စံနှုန်းထက်သာတဲ့ ကုပ်အားကို ပေးစွမ်းနိုင်ပါတယ်။
- ရေလုံအောင် အထူးချုပ်လုပ်ထားတာကြောင့် ဘက်ပေါင်းစုံကနေ ရေစိမ့်ဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- အရည်အသွေးမြင့် သားရေနဲ့ ချုပ်လုပ်ထားလို့ အကြမ်းခံတယ်၊ ကာကွယ်မှုအပြည့်ရှိတယ်၊ အစင်းနဲ့ ခြစ်ရာဒဏ်ကို ခံနိုင်ပါတယ်။
နောက်ထပ်အချက်အလက်များ
- ခြောက်သွေ့နေတဲ့ အခြေအနေမှာ ဓါတ်လိုက်မှုအန္တရာယ်ကို ဗို့အား ၆၀၀အထိ ကာကွယ်ပေးနိုင်ပါတယ်။ (ASTM F2413-18)
- ကွေးဆန့်လို့ရတဲ့ ERGO ဖိနပ်ခုံသားက စံသတ်မှတ်ထားတဲ့ EVA အသားထက် ၃၀% ပိုပေါ့ပါးပြီး ဖိအားဒဏ်ကို ပိုခံနိုင်ပါတယ်။
- ရွှေအဆင့်ရ သားရေစက်ရုံတွေမှာ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။
- Steel Toe ဖိနပ်ထိပ်ပိုင်းအကာက ထိခိုက်မှုနဲ့ နင်းချေမှုဒဏ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ (ASTM F2413-18)
09/01/2024
Caterpillar လို့ ဆိုလိုက်တာနဲ့ Steel Toe ပါတဲ့ Boot တွေကို အရင်ဆုံး မျက်စိထဲ မြင်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် ပြေးလွှားခုန်ပေါက် ကျန်းမာရေးလိုက်စားဖို့အတွက် Comfort ဖြစ်မယ့် အကြမ်းခံတဲ့ ဖိနပ်တရံကို စဥ်းစားနေတယ်ဆိုရင် CAT Streamline Runner Carbon Composite Toe Work Shoe ကို ရွေးချယ်ဖို့ Option တခုအနေနဲ့ စဥ်းစားနိုင်ပါလိမ့်မယ်။
တိုးတက်မှုအတွက် အပြိုင်အဆိုင်ကြိုးစားနေရတဲ့ ကမ္ဘာကြီးမှာ Streamline Runner ဖိနပ်က သင့်ရဲ့အမြန်နှုန်းနဲ့ ကိုက်ညီမယ့် အားကစားဖိနပ်တစ်ရံပဲ ဖြစ်ပါတယ်။
ကာဗွန်ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ထိပ်ဦးအကာက ပေါ့ပါးမှုရှိလို့ စိတ်တိုင်းကျ ပြေးလွှားနိုင်မှာပါ။ ခြေကုပ်အား ကောင်းစေတဲ့ လုပ်ငန်းသုံးအဆင့် ဖိနပ်အောက်ခုံကြောင့် ဘယ်လိုနေရာမှာမဆို သင့်ကို ယိုင်လဲသွားစေမှာ မဟုတ်ပါဘူး။ အားကစားသမားများ
အတွက် ဖန်တီးထားတဲ့ Streamline Runnerဖိနပ်က ပိုပြီးမြန်မြန်ရွေ့လျားစေဖို့ ပြုလုပ်ထားတဲ့ဖိနပ်ပဲ ဖြစ်ပါတယ်။
အဓိကထူးခြားချက်များ
- ကာဗွန်ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ထိပ်အကာက အပေါ့ပါ့ဆုံး၊ အကျစ်လစ်ဆုံး အကာအကွယ်ဖြစ်ပြီး ထိခိုက်မှုတွေ၊ နင်းချေမှုဒဏ်တွေကို ယုံကြည်စိတ်ချစွာ ကာကွယ်ပေးနိုင်တဲ့ သတ္တုမဲ့ အကာအကွယ်ဖြစ်ပါတယ်။ (ATSM F2413-18)
- ခြေချော်မှုကို ကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းသုံးအဆင့် ရော်ဘာသား ဖိနပ်အောက်ခုံကို ခြေကုပ်အား အထူးကောင်းမွန်အောင် ဖန်တီးထားတာဖြစ်လို့ ချော်လဲတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
- ၁၀၀%သန့်စင်ပြီး ပြန်လည်အသုံးပြုထားတဲ့ ဖိနပ်တွင်း lining က စိုစွတ်မှုကင်းပြီး အနံ့ဆိုးမထွက်အောင် ထိန်းသိမ်းပေးထားမှာပါ။
- ReVive ခြေနင်းပြားကို သက်သောင့်သက်သာရှိပြီး ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်စေကာ ခြေဖဝါးကို ထောက်ပင့်ပေးနိုင်ဖို့ ဒီဇိုင်းဆွဲဖန်တီးထားပါတယ်။
- ခြောက်သွေ့နေတဲ့အခြေအနေမှာ ဓါတ်လိုက်မှုအန္တရာယ်ကို ဗို့အား ၆၀၀အထိ ကာကွယ်ပေးနိုင်ပါတယ်။ (ASTM F2413-18)
08/01/2024
Ryzen Store ရဲ့ 44XL Shop ကနေ Caterpillar Boot ကို နှစ်သက်သဘောကျတဲ့ Customer တွေအတွက် အထူးဈေးနှုန်းတခု စီစဥ်ထားပါတယ်ခင်ဗျား။
Caterpillar Men's Second Shift Waterproof Steel Toe Work Boot - 540,000 Ks
Color: Black / Honey Reset
Size: US Men 9 / 10
မူရင်ဈေး $129.95 ရှိပါတယ်။ Tax and Freight Charge တွေ မပါသေးတဲ့ဈေးပါ။
Caterpillar Men's Second Shift Waterproof Steel Toe Work Boot တွေက မူလလက်ဟောင်းစတိုင်ကိုမှ အခုဆိုရင် မိုးလုံရေလုံဖိနပ် ဖြစ်သွားတဲ့ Second Shift လုပ်ငန်းသုံး ဘွတ်ဖိနပ်ဟာ ဘယ်လိုအလုပ်ကြမ်းမျိုးမဆို လုပ်ဆောင်နိုင်အောင် ကူညီပေးမယ့် စတီးပြားခံအကာအကွယ်နဲ့ မာကြောမှုတွေ ရှိပါတယ်။ အစင်းတွေပါဝင်တဲ့စတိုင်နဲ့ အရည်အသွေးမြင့်သားရေသားက အလုပ်ချိန်ရော၊ အလုပ်ချိန်ပြင်ပမှာပါ နေ့စဉ်စီးစရာ ဖိနပ်တရံ ဖြစ်နေစေပါတယ်။
အဓိကထူးခြားချက်များ
- လုပ်ငန်းသုံးအဆင့် ရော်ဘာသားက CAT ယန္တရားကြီးတွေရဲ့ ဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။
- ရေလုံးဝမစိမ့်ဝင်နိုင်တဲ့ ဖိနပ်သားကြောင့် လုပ်ငန်းခွင်အတွင်း သင့်ခြေထောက်တွေကို အမြဲခြောက်သွေ့နေစေမှာပါ။
- Goodyear သားရေပြားခံ ချုပ်လုပ်နည်းကြောင့် အကြမ်းခံမှုအရှိဆုံး ဖိနပ်တစ်ရံလည်း ဖြစ်ပါတယ်။
နောက်ထပ်အချက်အလက်များ
- ကုပ်အားနည်းတဲ့ မျက်နှာပြင်တွေအတွက် ချော်ထွက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဖိနပ်အောက်ခုံ
- ခြောက်သွေ့နေတဲ့ အခြေအနေမှာ ဓါတ်လိုက်မှုအန္တရာယ်ကို ဗို့အား ၆၀၀အထိ ကာကွယ်ပေးနိုင်မှု (ASTM F2413-18)
- ခြေချောင်းအကာအကွယ် - စတီးပြားအကာအကွယ် (ASTM F2413-18)
- ဖိနပ်အပေါ်ပိုင်း - ရေမစိမ့်နိုင်တဲ့ အရည်အသွေးမြင့်သားရေ
- ဖိနပ်ခြေနင်းပြား - သက်သောင့်သက်သာရှိစေဖို့ ReVive နည်းပညာသုံး ခြေနင်းပြား
- ဖိနပ်ခြေနင်းပြားအကာ - စွန့်ပစ်ပစ္စည်းများကို ၁၀၀% ပြန်လည်သန့်စင်ထားသော Lining
- ချုပ်လုပ်ပုံ - Goodyear သားရေပြားခံစနစ်
- ဖိနပ်အောက်ခုံ - လုပ်ငန်းသုံးအဆင့် အကြမ်းအခံဆုံး ရော်ဘာသား
January Last Week မှာ Instock ဝယ်ယူနိုင်ပါမယ်ခင်ဗျား
https://www.catfootwear.com/US/en/second-shift-steel-toe-work-boot/15961M.html?dwvar_15961M_color=P89135 =mens-steel-toe&start=1
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Yangon
11101