MCA Network
16/10/2025
အစ်မ "ဒေါ်ဇင်မျိုးသန်း"ဟာ အသက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီးကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်လည်း မကြာခင်နှစ်ပိုင်းအတွင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ သမီးငယ်လေးက နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေပြီး လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ ညီအစ်ကိုမောင်နှမများရဲ့ ဝန်းရံမှုနဲ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာ မိမိနဲ့ဘ၀တူ မိခင်တွေ၊ အော်တစ်ဇင် သားသမီးတွေအတွက်လည်း အမှုဆောင်တစ်ယောက်အနေနဲ့ မြန်မာအော်တစ်ဇင်အသင်းမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်တဲ့အတွက် အစ်မ "ဒေါ်ဇင်မျိုးသန်း" ကို Digital Storytelling ရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ Video Podcast ပြောဆိုဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ဖိတ်ခေါ်ခဲ့ပါတယ်။
အသိုက်ကလေးမှာ ချိန်းဆိုခဲ့တဲ့ နေ့ရက်ရောက်တဲ့အခါ သာမန် အင်တာဗျူးမျိုးတွေ မလုပ်စေဘဲ ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် Host လုပ်ပြီး တစ်ကိုယ်တော် ဇာတ်ကြောင်းပြောဆို တင်ဆက်စေခဲ့ပါတယ်။ အစ်မရဲ့ ခံစားသက်ဝင်မှု အားကောင်းတာရယ်၊ ပြောဆိုတင်ပြလိုတဲ့ စေတနာတွေကြောင့် သိပ်ပြီးလမ်းကြောင်းပေးစရာ မလိုခဲ့ဘဲ အောင်မြင်ချောမောစွာနဲ့ပဲ အားရပါးရတင်ဆက်ထားတဲ့ အရုပ်၊ အသံဖိုင်တွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အစ်မဖက်က လိုအပ်မယ့် အဖြည့်ရုပ်ကပ်လေးတွေ အသုံးပြုခွင့်ပေးခဲ့တာကြောင့် အစ်မရဲ့ Video Podcast အခန်းဆက်တွေဟာ တစ်ခုပြီးတစ်ခု ဆက်နားထောင်ချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်စေခဲ့ပါတယ်။
အော်တစ်ဇင်မိခင်တစ်ဦးအနေနဲ့ရော အိမ်ရှင်မတစ်ယောက်အနေနဲ့ပါ မိမိရဲ့အားသာချက်၊ ကျွမ်းကျင်မှုတွေနဲ့ ဘ၀အတွေ့အကြုံတွေကနေ Personal Brand တည်ဆောက်ဖို့အတွက် ဒီတင်ဆက်မှုကို အစပြုစေခဲ့သလို တစ်ဖက်မှာလည်း နားဆင်သူ အမျိုးသမီးထုအတွက် အစ်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံနဲ့ စိတ်နေစိတ်ထားတွေဟာ နမူနာယူစရာ၊ ခွန်အားရစရာတွေ ဖြစ်စေခဲ့မယ်လို့လည်း ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ အစ်မရဲ့ တင်ဆက်မှုတွေကို နားထောင်ဖူးကြသူများ အနေနဲ့လည်း အစ်မ "ဒေါ်ဇင်မျိုးသန်း"လို့ နာမည်ကြားလိုက်တာနဲ့တင် အစ်မကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ အမှတ်ရခင်မင် သိကျွမ်းနေကြမှာ အသေအချာပါပဲ။
ဒီအစီအစဉ်ကို တည်းဖြတ်ပြီးနောက်မှာ ကျွန်မအနေနဲ့လည်း အခုလို အကြောင်းအမျိုးမျိုးကြောင့် ခင်ပွန်းသည်ဆုံးပါးသွားပြီး ကိုယ်ထူကိုယ်ထ ရပ်တည်နေသူ အမျိုးသမီးများကို ပိုပြီးလက်တွဲကူညီချင်စိတ်တွေ ဖြစ်ပေါ်လာမိပါတယ်။ ဒါကြောင့်ပဲ "Your Story, Your Life, Your Brand" ဆိုတဲ့ Pilot Program တစ်ခုကို အစပြုဖြစ်ခဲ့ပါတယ်။ မြန်မာ့အသိုက်အဝန်းက ခေါ်လေ့ရှိကြတဲ့ "မုဆိုးမ"များအတွက် မိမိတတ်စွမ်းတဲ့ဖက်က လက်တွဲကူညီဖေးမခြင်းဟာ ဘာသာတရားတိုင်းရဲ့ အဆုံးအမနဲ့လည်း ညီညွတ်တာဖြစ်လို့ ၂၀၂၆မှာ Personal Brand တည်ဆောက်ပြီး အွန်လိုင်းပေါ်မှာ ဝင်ငွေရှာနိုင်တဲ့အထိ ရပ်တည်လိုကြတဲ့ အမျိုးကောင်းသမီး အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ကျွန်မတို့ Myanmar CinemAbility Network ကနေ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါတယ်။
အစ်မ "ဒေါ်ဇင်မျိုးသန်း"ရဲ့ တင်ဆက်မှုများကိုလည်း ကျွန်မရဲ့ စာမျက်နှာမှာ လာရောက်အားပေး ရှုစားနိုင်ပါတယ်ရှင်။ နောက်ထပ်ရောက်လာမယ့် အသစ်သော အစ်မ၊ ညီမများရဲ့ ဇာတ်ကြောင်းပြောဆို တင်ဆက်မှုများကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါ့မယ်။ အားလုံးပဲ Personal Brand တွေတည်ဆောက်ပြီး အွန်လိုင်းမှာ အတူတူ တောက်ပကြရအောင်။
ဒီနေရာမှာ Your Story, Your Life, Your Brand ကိုလေ့လာ လျှောက်ထားပါ။
https://www.facebook.com/photo?fbid=1236911921784980&set=a.455519146590932
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster & Founder
https://t.me/nwayezarchesoe
https://filmfreeway.com/nwayezarchesoe
https://nwayezarchesoe.wordpress.com/
13/02/2025
𝑴𝙮𝑺𝙩𝒐𝙧𝒊𝙚𝒔 ရဲ့ ဒုတိယခြေလှမ်း -
👑 𝐓𝐡𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐌𝐚𝐬𝐭𝐞𝐫𝐦𝐢𝐧𝐝 ✨
(One-Day Mini Forum) 𝑂𝑟𝑔𝑎𝑛𝑖𝑧𝑒𝑑 𝑏𝑦: 💙 𝐄𝐥𝐞𝐯𝐚𝐭𝐞𝐌𝐞 of 𝑴𝙮𝑺𝙩𝒐𝙧𝒊𝙚𝒔
👇🏼𝐑𝐞𝐬𝐞𝐫𝐯𝐞 𝐘𝐨𝐮𝐫 𝐒𝐩𝐨𝐭👇🏼
https://forms.gle/ERPEWXk2tTvQvFX29
- - - - - - - - - - - - - - - - - - - - - -
ဒီ Forum လေးမှာ 🗣️ Keynote Speaker အဖြစ်ပါဝင်သွားမယ့်သူကတော့ Marketing နဲ့ Personal Branding တွေအတွက် Storytelling Expert အဖြစ်ရပ်တည်နေတဲ့ မနွေးဇာခြည်စိုးပဲဖြစ်ပါတယ်။ မနွေးရဲ့အကြောင်းလေးကို ပုံအောက်မှာဖတ်ကြည့်ပါဦးနော်...
- - - - - - - - - - - - - - - - - - - - - -
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐧𝐞𝐦𝐀𝐛𝐢𝐥𝐢𝐭𝐲 𝐍𝐞𝐭𝐰𝐨𝐫𝐤 ရဲ့ Founder တဦးဖြစ်တဲ့ မနွေးဇာခြည်စိုးဟာ ရန်ကုန်ရုပ်ရှင်ကျောင်းရဲ့ ပဲ့ကိုင်ကော်မတီဝင်တစ်ဦးအနေနဲ့လည်း တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်။ 🎞️🎥
Digital Storytelling Expert တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မနွေးဟာ ရုပ်ရှင်ထုတ်လုပ်ခြင်းဆိုင်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ပညာသင်ဆုတွေရရှိခဲ့ပြီး လူမှုအကျိုးပြုဆုရ မှတ်တမ်းရုပ်ရှင်တိုများကို ဖန်တီးခဲ့သူတဦးဖြစ်ပါတယ်။ မနွေးဟာ လူမှုဖွံ့ဖြိုးရေး နယ်ပယ်ပေါင်းစုံမှာလည်း သူမတတ်ကျွမ်းတဲ့ ရုပ်ရှင်ပညာကို အလွှာပေါင်းစုံက လူငယ်တွေအသုံးချနိုင်ဖို့ မိတ်ဆက်ပေးခဲ့တဲ့အပြင် မြန်မာအမျိုးသမီးငယ်လေးများ နည်းပညာနဲ့လက်လှမ်းမဝေးဖို့အတွက် MBAPF နဲ့ Ooredoo Myanmar တို့ဦးဆောင်တဲ့ Tech Age Girls Myanmar စီမံကိန်းမှာ Digital Storytelling နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သူတဦးဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းလူငယ်များ ကိုယ်တိုင်ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် Myanmar CinemAbility Network ကို ၂၀၁၆ ခုနှစ်တည်းက စတင်ထူထောင်ခဲ့ပြီးခဲ့ပြီး ဦးဆောင်လမ်းပြပေးလျက်ရှိနေပါတယ်။ 💖✨
၂၀၂၃ ခုနှစ်အတွင်း Women Transforming Myanmar ရဲ့ Women Entrepreneurship & Empowerment Course အတွက် UN Women နဲ့ UNDP ရဲ့ ဆုရ Video Pitch နဲ့အတူ Digital Storytelling ကို MSMEs လုပ်ငန်းရှင် အမျိုးသမီးများအတွက်ပါ ချဲ့ထွင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အမျိုးသမီး၊ အမျိုးသားပေါင်း ၁၀၀ ကျော်နဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ Marketing အားကောင်းဖို့၊ Personal Branding ပိုင်းကို ရေရှည်စီမံချက်တွေချမှတ် အကောင်အထည်ဖော်နိုင်ဖို့၊ ကင်မရာရှေ့မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတတ်လာဖို့၊ စိတ်ကူးရှိတိုင်း ဖန်တီးတတ်လာဖို့အတွက် The Nest Space Hub မှာ အပတ်စဉ် လူတွေ့ကူညီသင်ကြားပေးနေပါတယ်။
အနာဂတ် ရည်မှန်းချက်အနေနဲ့ မြန်မာပြည်က နယ်ပယ်ကဏ္ဍအသီးသီးမှာ အောင်မြင်ထူးချွန်ကြတဲ့ စွမ်းဆောင်ရှင်တွေရဲ့ ဇာတ်ကြောင်းတွေ၊ မြန်မာ့ဂုဏ်ဆောင် ထုတ်ကုန်တွေရဲ့ အမှတ်တံဆိပ်ဂုဏ်ဒြပ်တွေကို နိုင်ငံတကာနယ်ပယ်အထိ ဖန်တီးမှုမျိုးစုံနဲ့ လမ်းကြောင်းဖွင့် ထိုးဖောက်နိုင်အောင် မြန်မာလှိုင်း Myanmar Wave ဖြစ်ပေါ်လာရေး သူမတတ်စွမ်းသလောက် ကူညီပေးသွားဖို့ စိတ်အားပြင်းပြနေသူဖြစ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - -
Marketing နဲ့ Personal Branding အတွက် မနွေးဇာခြည်စိုးရဲ့ ဆွေးနွေးမျှဝေမှုတွေကို နားထောင်နိုင်ဖို့အတွက် The Marketing Mastermind ပွဲလေးမှာ တွေ့ကြမယ်နော်..
Register လုပ်ရမယ့် Link လေးက ဒီမှာပါ.. 👇🏼
https://forms.gle/ERPEWXk2tTvQvFX29
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |