SLW Book Shop
09/01/2026
မိဘတွေ အသက်ကြီးလာလျှင်
----------------------------------
ကိုယ့်ကိုမွေးသည့် မိဘတွေသည် တဖြည်းဖြည်း အသက်တွေကြီးလာပြီး အိုမင်းကာ နောက်ဆုံးမှာ သေလမ်းကို သွားကြရတော့မည့်သူများဖြစ်ကြသည်။
သူတို့အသက်ကြီးပါစေ
မင်းတို့ကို သူတို့ကြီးပြင်းလာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည့်အတိုင်း သူတို့ကြီးပြင်းပါစေ။
သူတို့ပြောပါစေ
အသက်တွေကြီးလာလျှင် သူတို့အပ်ကြောင်းထပ်အောင် ဇာတ်လမ်းတွေပြောတတ်ပါသည်။ သူတို့ဘဝတွင် မမေ့နိုင်သည့် အကြောင်းတွေဖြစ်နိုင်ပါသည်။ အတတ်နိုင်ဆုံး (မကြာခဏကြားပြီးဖြစ်သော်လည်း) စိတ်ရှည် စွာဖြင့် နားထောင်ပေးလိုက်ပါ။ ပြောပါစေ။ မင်းတို့ငယ်စဉ်က သူတို့ပုံပြင်ပြောပြတာကို နားထောင်ခဲ့သလိုမျိုး နားထောင်ပေးလိုက်ပါ။
သူတို့နိုင်ပါစေ
အသက်တွေကြီးလာလျှင် သူတို့အယူအဆတွေကို ခိုင်မာစေချင်သောကြောင့် (အစွဲတွေကိုမချွတ်နိုင် သောကြောင့်) အလျှော့မပေးဘဲ တင်းခံတတ်ကြသည်။ အနိုင်ယူချင်သည့်စိတ်တွေကြောင့်လည်း သူတို့ မှန်ကြောင်း သက်သေပြတတ်ကြသည်။ သူတို့နိုင်ပါစေ။ မင်းတို့ငယ်စဉ်ကလည်း မင်းတို့မိဘတွေက အလျှော့ပေးပြီး အရှုံးပေးခဲ့တာတွေကို ပြန်သတိရလိုက်ပါ။
သူတို့ပျော်ပါစေ
အသက်တွေကြီးလာလျှင် သူတို့သူငယ်ချင်း အပေါင်းအသင်းတွေကို တွေ့ချင်၊ မြင်ချင်၊ ခင်မင်မှုတွေပိုချင်ကြ သည်။ ကိုယ်လည်း ငယ်စဉ်က သူငယ်ချင်းအပေါင်းအသင်းတွေကို ပိုပြီးခင်မင်သည့် သဘောဖြစ်သည်။ သူတို့ သူငယ်ချင်းတွေနှင့် တွေ့နိုင်၊ ဆုံနိုင်၊ ပြောဆိုနိုင်အောင် စီစဉ်ပေးကြစေချင်သည်။ သူတို့ပျော်ပါစေ။ သူတို့မှာ နောက်ထပ်ပျော်စရာ အခွင့်အလမ်းတွေ နည်းပါးနေသည်ကို သတိပြကြစေချင်သည်။
သူတို့နောက်ထပ်ပျော်ပါစေ
သူတို့မှာ မြေးတွေရှိလျှင် မြေးတွေနှင့် နေထိုင်နိုင်ခွင့်ကို အချိန်များများပေးသင့်ပါသည်။ သူတို့သည် မြေးတွေကို တွေ့ချင်ကြသည်မှာ သဘာဝကျပါသည်။ အဘယ်ကြောင့်ဆိုသော် မြေးတွေထဲတွင် မင်းတို့၏ ငယ်စဉ်ဘဝ တွေကို သူတို့မြင်ကာ ပျော်ရွှင်ကြည်နူးနေတတ်သောကြောင့်ဖြစ်သည်။
သူတို့မက်မောပါစေ
အသက်တွေကြီးလာလျှင် သူတို့စွဲလမ်းသည့် ပစ္စည်းလေးတွေကို မျက်စိအောက်က အပျောက်မခံ ခုံမင် တွယ်တာတတ်ကြသည်။ ထိုပစ္စည်းလေးတွေ ထိခိုက်၊ ကွဲရှ၊ ပျက်စီးသွားလျှင် သူတို့ဘဝတွေ ပျက်စီးဆုံးရှုံးသွား သည့်ပမာ ထင်မှတ်တတ်ကြသည်။ ထို့ကြောင့် သူတို့ခင်မင်တွယ်တာသည့် ပစ္စည်းလေးများကို ဂရုစိုက်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်သည်။
သူတို့မှားပါစေ
အသက်တွေကြီးလာလျှင် အမှားတွေပြုကောင်းပြုနိုင်ပါသည်။ မင်းတို့ငယ်စဉ်ကလည်း အမှားပေါင်းများစွာ အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်ကို သူတို့ခွင့်လွှတ်ပေးခဲ့ကြောင်း သတိရလိုက်ပါ။ အဖေ့အမှား၊ အမေ့အမှားကို ခွင့် မလွှတ်နိုင်လောက်အောင်၊ မခေါ်မပြောနိုင်လောက်အောင် မဖြစ်ကြစေလိုပါ။
သူတို့ရှင်သန်ပါစေ
သူတို့သည် မည်သည့်အချိန်မှန်းမသိသော်လည်း မကြာမီ ဤလောကမှ ထွက်ခွာသွားရတော့မည့် သူများဖြစ် ပါသည်။ သူတို့သည် မင်းတို့ငယ်စဉ်က လမ်းမှန်ကိုလျှောက်နိုင်အောင် လက်တွဲခေါ်ခဲ့သူတွေဖြစ်ကြောင်း မမေ့သင့်ပါ။ သို့ဖြစ်ရာ သူတို့ဘဝနေဝင်ချိန်တွင် ကိုယ်ကပြန်ပြီး သူတို့၏ နောက်ဆုံးခရီးလမ်းကို လက်တွဲကာ ခေါ်သွားနိုင်ရန် မမေ့သင့်ပါ။
မင်းတို့ အဖေနှင့် အမေတွေကို လေးစားစွာဂုဏ်ပြုရင်း မင်းတို့လည်း အသက်ရှည်ရာ အနာမဲ့ကြောင်း ကိုယ့်ခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်နိုင်ကြပါစေ။
(When Parents Get Old ကိုမှီငြမ်းပါသည်)
(Photo Credit: The Times)
တင်ညွန့်
၉.၁.၂၀၂၆
ဆရာဦးတင်ညွန့်၏ Sayar Tin နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |