Digital Burma Computer Sale & Services
05/03/2025
ကွန်ပျူတာ တစ်လုံးရဲ့ အလုပ်လုပ်ပုံက တကယ်ကိုရိုးရှင်းပါတယ်။
သူမှာ input, store, processing နဲ့ output ဒီလေးမျိုးကိုပဲ တွက်ချက်ဖော်ပြပါတယ်။
ဒါက အလွယ်ကူဆုံးရှင်းပြတာပါ။
ဒါဆိုတော့ input အကြောင်းအရင်ပြောကျပါမယ်။ input မှာ ဘာတွေပါလဲဆိုတော့ mouse, we**am, keyboard, microphone အစရှိတဲ့ ကွန်ပျူတာကို Data ပေးမဲ့ အရာတွေပါ၀င်ပါတယ်။ ဒီ input ကရတဲ့အချိန်အလက်ကိုမှ ကွန်ပျူတာက သိမ်းရမလား၊ တွက်ချက်မှု့လုပ်ရမှာလားဆိုပြီး ဆုံးဖြတ်ပါတယ်။
store ကို input ကလာတဲ့အချိန်အလက်တွေကတစ်ဆင့် သိမ်းယူခြင်းတွေ လုပ်ဆောင်စေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လိုအပ်ချိန်မှာ ပြန်လည်အသုံးချလို့ လွယ်ကူစေပါတယ်။
store လုပ်ထားတဲ့ data တွေကို လိုအပ်ချိန်မှာ ပြန်လည်တွက်ချက်လုပ်ဆောင်မူ့တွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ ရလဒ်ကို တွက်ချက်မှု့တွေပြုလုပ်ပါတယ်။
ဒီလိုတွက်ချက်မှု့တွေ လုပ်ဆောင်ပြီးမှ output ထုတ်ပေးပါတယ်။ Output မှာတော့ ခုနက တွက်ချက်ရရှိလာတဲ့ ရလဒ်တွေကို ပြသပေးပါတယ်။ Output device တွေက Monitor, speaker, printer အစရှိတဲ့ စက်တွေကနေ ရလဒ်ကို ပြန်ပြပေးတာပါ။
အခြေခံလုပ်ဆောင်မှု့တွေက ဒါတွေပါပဲ။
ဒါဆိုရင် ကွန်ပျူတာရဲ့ လက်ခံတွက်ချက်လုပ်ဆောင်ဖော်ပြပုံကို သိရှိပြီလို့ ထင်ပါတယ်။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲဗျာ.....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |