Han Myint Mo
28/09/2025
လွန်ခဲ့သောနှစ်များကပုံပါ။ အလုပ်တခုဆိုတာ ယုံကြည်မှု၊
နားလည်မှု၊ ကိုယ်ချင်းစာတရားတွေနဲ့ လုပ်ရတယ်ဆိုတာ
အတော်ရှားပါတယ်။
13/07/2023
ဝယ်သာထားတယ်။တခါပဲလက်တည့်စမ်းရသေး။
02/04/2023
ဖါးအောက်တောရ၊လှည်းကူး။
Level
====
Level ဆိုတာ ညီမျှတယ်လို့ အဓိပ္ပါယ်ရှိပါတယ်။ အညီအမျှဖြစ်တယ်ဆိုတာကို စာလုံးပေါင်းမှာပဲ သိနိုင်
ပါတယ်။ အလယ်မှာရှိတဲ့ V အက္ခရာရဲ့ ရှေ့နဲ့နောက်မှာ
E နဲ့ Lကိုအညီအမျှ ထည့်ပေးထားတာဖြစ်ပါတယ်။ V
ဆိုတာ ချိန်ခွင်ကို ဆိုလိုချင်တာလို့ အင်္ဂလိပ်စာဆရာ
တဦးက ရှင်းပြဖူးပါတယ်။ အခုပြောချင်တာကတော့
အင်္ဂလိပ်စာအကြောင်းမဟုတ်ပါဘူး။ Level instrument
တွေ အကြောင်းဖြစ်ပါတယ်။
အကြမ်းအားဖြင့် ရေပြင်ညီကို ဖေါ်ပြနိုင်တဲ့ Level
Instrumet (၅) မျိုးရှိပါတယ်။
၁။ Tilting level
၂။ Auto level
၃။ Laser level
၄။ spirit level
၅။ Digital level
ဖေါ်ပြပါ level အမျိုးအစားတွေအပြင် လက်သမားသုံး ရေ
ချိန်ပိုက်ဟာလည်း level ပါပဲ။
အခုသိစေချင်တာက Auto level တွေအကြောင်းဖြစ်
ပါတယ်။ Auto level ဆိုတာက instrument ရဲ့ ရေချိန်ညီ
တည်ရှိမှုကို အလိုလိုပြန်ညှိပေးတာပါ။ ဒီလိုမဖြစ်သေးတဲ့အခါ
က Tilting level တွေမှာ တခါချိန်ရင် တကြိမ်ပြန်ညှိပေးရတာ
မျိုးပါ။ U tube ဆိုတာကို တချက်ဖတ် တခါချိန်ရပါတယ်။ ဒါ
ကို Auto ချိန်ညှိပေးတဲ့ကရိယာတခု အပိုပါလာတဲ့အတွက် အ
ခုအခါ Auto level ဆိုပြီး သုံးကြရတာဖြစ်ပါတယ်။ ဒီလို Auto
ချိန်ညှိပေးတာကို compensator ခေါ်ပါတယ်။ ဒီအရာက တခု
နှင့်တခု brand အလိုက်မတူကြပါဘူး။
Compensator တည်ဆောက်ထားပုံက ဖန်တုံးတခုကို
Steel မျှင်ကလေးတွေနဲ့ ဆိုင်းထားတာပါ။ လက်တံတခုက အ
လွတ်တည်ရှိနေရပါတယ်။ ဒီလက်တံဟာ ဖန်တုံးရဲ့ အလေး
ချိန်နဲ့ ညှိပြီး အလယ်တည့်တည့်မှာ ရပ်တည်နေမှ မှန်ပါတယ်။
လက်တံဟာ ဖန်တုံးအလေးမညီမျှလို့ ဘေးတဖက်ဖက်ကို ထိ
နေကပ်နေရင် မမှန်တော့ပါဘူး။ ဒီအခါ instrument က အလို
အလျှောက်ချိန်ညှိနိုင်ခြင်းမရှိတဲ့အတွက် ဖတ်ယူတဲ့ data တွေ
လွဲပါလိမ့်မယ်။
Compensator မှန်မမှန် သိချင်ရင်တော့ staff ကိုချိန်
ထားပြီး instrument ကိုယ်ထည်ကို လက်နဲ့အသာအယာပုတ်
ကြည့်ပါ။ cross hair ဟာ အထက်အောက်ပြေးနေပြီး မကြာ
ခင်ပြန်ပြီးငြိမ်သက်သွားပါလိမ့်မယ်။ ငြိမ်သက်သွားချိန်မှာ မူ
လ မှတ်သားထားတဲ့ ဖတ်ချက်အပေါ်မှာတည့်နေသေးရင် မှန်
ပါတယ်။ လှုပ်ရှားပြီး ပြန်လည်ငြိမ်သက်ချိန်မှာ ဖတ်ချက်နေရာ
လွဲသွားပြီ ဆိုရင်တော့ ဒီ instrument ကို လုံးဝ အသုံးမပြုသင့်
ပါဘူး။ အန္တရယ်ကြီးတဲ့ အမှားတွေ တွေ့ရကြုံရပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon