LP Library - Online
15/08/2025
ပုရွက်ဆိတ်နီ အကောင် ၁၀၀ နဲ့ ပုရွက်ဆိတ်နက် အကောင် ၁၀၀ ကို ပုလင်းတစ်လုံးထဲ ထည့်လိုက်ရင် ဘာမှမဖြစ်ပါဘူး။
ဒါပေမဲ့ အဲဒီပုလင်းကို အားနဲ့ လှုပ်ခါလိုက်ရင်တော့ တစ်ကောင်နဲ့တစ်ကောင် စပြီး သတ်ကြပါတော့မယ်။
ပုရွက်ဆိတ်နီတွေက ပုရွက်ဆိတ်နက်တွေကို ရန်သူလို့ ထင်တယ်။
ပုရွက်ဆိတ်နက်တွေကလည်း ပုရွက်ဆိတ်နီတွေကို ရန်သူလို့ ထင်တယ်။
တကယ်တော့ အမှန်တကယ်ရန်သူက အဲဒီပုလင်းကို လှုပ်ခါလိုက်တဲ့သူပါပဲ။
ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်လည်း အမှန်ပါပဲ။
ကျွန်တော်တို့ဟာ တစ်ခါတလေ အရောင်တွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေကြောင့် အချင်းချင်း တိုက်ခိုက်ကြတယ်၊ ငြင်းခုံကြတယ်၊ အုပ်စုကွဲကြတယ်။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ခင်မှာ ဘယ်သူက ပုလင်းကို လှုပ်ခါနေတာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မေးသင့်ပါတယ်။
မတုံ့ပြန်ခင် ပိုပြီးနက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့အတွက် သတိပေးလိုက်တာပါပဲ။
Kurt Vonnegut ကို မှီငြမ်းထားသည်။
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
3