BGV Creative Institute

BGV Creative Institute

Share

26/01/2026

📝“Revisions are conversations, not corrections.” ဆိုတဲ့အတိုင်း •••

🟡 Revision ဆိုတာ Designer မှားနေလို့ ပြန်ပြင်ရတဲ့အရာ မဟုတ်ပါဘူး။ Client နဲ့ Designer ကြား
နားလည်မှု တိုးလာအောင် ပြန်လည်ဆွေးနွေးတဲ့ Process တစ်ခု ဖြစ်ပါတယ်။

Client က Revision တောင်းတဲ့အခါ -

• “ဒီအရောင် သိပ်မကြိုက်သေးဘူး”
• “Brand ရဲ့ သိပ်မထင်ရှားသေးဘူး”
• “Target audience ကို ပိုပြီး ထိရောက်စေချင်တယ်”

ဆိုတဲ့ တောင်းဆိုချက်တွေဟာ Designer ကို အပြစ်တင်တာ မဟုတ်ဘဲ Client က သူတို့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာတာပါ။

📌 Designer အတွက် အရေးကြီးတာကလည်း

• Revision လာတဲ့အပေါ်ကို defensive မဖြစ်ဘဲ
• “ဘာကြောင့် ဒီလို ခံစားရလဲ?”
• “ဘာကို ပိုမြင်စေချင်တာလဲ?”

ဆိုပြီး Client ရဲ့ လိုအပ်ချက်မေးခွန်းတွေ ပြန်မေးနိုင်ဖို့ပါ။

Revision တစ်ကြိမ်ပြန်လုပ်တိုင်း -

🎯 Design ကို ပိုကောင်းစေတယ်
🎯 Client နဲ့ Designer ကြား ယုံကြည်မှု တည်ဆောက်ပေးတယ်
🎯 Brief ကို ပိုတိကျအောင် လုပ်ပေးတယ်

ဒါကြောင့် Revision ကို “ပြန်ပြင်ရမယ့်အလုပ်” လို့ မမြင်ဘဲ “အတူတူ စကားပြောဆွေးနွေးပြီး အဖြေရှာတဲ့ အခိုက်အတန့်” လို့ မြင်ပေးကြပါနော်။ ✨

25/01/2026

🔍 Why Clients Say “Make Logo Bigger”

Client က “Logo ကို နည်းနည်းကြီးပေးပါ” လို့ ပြောတဲ့အခါ Designer အများစုက သူတို့လုပ်ပေးတဲ့အတိုင်း Design ကို Client ကမကြိုက်လို့ ပြင်ခိုင်းတယ်ဆိုပြီး ထင်တတ်ကြပါတယ်။

တကယ်တော့ Client တွေ Logo ကြီးခိုင်းရတဲ့အကြောင်းရင်းတွေက ပိုပြီး လက်တွေ့ကျပါတယ်။

1️⃣ Brand ကို မမြင်ရမှာ ကြောက်လို့

Client အတွက် Logo က သူ့ Brand ရဲ့ “Image” ပါ။

လူအမြင်မှာ သူတို့ရဲ့ Logo မထင်ရှားရင် -
🔍 လူတွေက Brand ကို မမှတ်မိဘူး
🔍 အဲ့ကျ သူတို့ Marketing လုပ်ရတာ အလဟသ ဖြစ်သွားမယ်
လို့ ခံစားရတတ်ပါတယ်။

2️⃣ စီးပွါးရေး လုပ်ငန်းရှင်ရဲ့ ရှုထောင့်

Designer တွေက Balance, White space, Visual hierarchy စတာတွေကို ကြည့်ကြပါတယ်။

Client ကတော့ -

💭 “ငါ့ Brand ကို လူတွေ ပိုမြင်စေချင်တယ်”
ဆိုတဲ့ Business အမြင်နဲ့ပဲ ကြည့်တာပါ။

အဲ့ဒီ ကွာဟချက်ကြောင့်ပဲ “Logo လေး ပိုကြီးပေးပါ” ဆိုတဲ့ စကား ဖြစ်လာတာပါ။

3️⃣ သူတို့အရင်က ကြုံခဲ့ဖူးတာရဲ့ အကျိုးသက်ရောက်မှု

အရင်က Design တစ်ခုခုမှာ “Logo မမြင်ရဘူး” ဆိုပြီး Feedback လုပ်ခံထားရရင် Client တွေက နောက်တစ်ခါအဲ့လိုထပ်မဖြစ်အောင် သတိထားပြီး Logo ကို ကြီးစေချင်တတ်ကြပါတယ်။

4️⃣ Design ကို မရှင်းပြရသေးလို့

Client က Design ကို မယုံကြည်တာ မဟုတ်ပါဘူး။
Hierarchy, Focal point, Usage Scenario (Facebook, Billboard, Print) စတာတွေမှာ Logo ကို ဘယ်လို သုံးရလဲဆိုတာတွေကို Designer ဖက်က သေချာမရှင်းပြရသေးလို့ပါ။

ကိုယ်က မရှင်းပြရင်တော့ Client က Logo ကို သူတို့ မြင်ရတဲ့ Size နဲ့ပဲ တိုင်းတာလိုက်ကြမှာပါ။

🧐 ဒါဆို Designer အနေနဲ့ ဘာလုပ်သင့်လဲ?

✔️ Client Logo ကြီးခိုင်းတိုင်း လိုက်မကြီးပေးခင်
“ဒီ Design မှာ Logo ကို ဘာကြောင့် ဒီ Size ထားထားတာလဲ” ဆိုတာကို လက်တွေ့ ဥပမာနဲ့ ရှင်းပြပါ။

✔️ ပြောရရင် Mockup မျိုးစုံနဲ့ ထည့်ပြပေးပါ။
– Logo Bigger Version
– Balanced Version
စသဖြင့် Client ကိုယ်တိုင်မြင်ပြီး ဆုံးဖြတ်ခိုင်းပါ။

✔️ Client ကို ထောက်ပြတာထက်၊ နားလည်အောင်လုပ်ပါ။ Client တိုင်းက Design မသိလို့မဟုတ်ဘူး။ သူ့ Brand အတွက်ကို စိုးရိမ်လို့ပါ။

✨ ဒါကြောင့် Client က Logo လေး ကြီးပေးပါ ပြောတာက Designer တွေ၊ Design တွေကို နားမလည်၊ တန်ဖိုးမထားတာ မဟုတ်ဘူးနော်။ သူတို့ရဲ့ Brand ကို ချစ်လို့၊ ပိုကောင်းစေချင်လို့ပြောတဲ့ စကားပါပဲ။ 🫶🏻

18/01/2026

🤝🏻 Designer တွေအနေနဲ့ Client တွေဆီ ရောင်းသင့်တဲ့ အရာက ဘာဖြစ်မလဲ?

Client တွေအနေနဲ့ Designer တွေက PSD, AI, Figma File တွေ ပေးနိုင်လားဆိုတာထက် အဲ့ဒီ Design က သူတို့လုပ်ငန်းအတွက် ဘာပေးနိုင်လဲ ဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။

• Color Combination ဘယ်လိုလဲ
• Font Trend ဘာသုံးထားလဲ
• Animation Smooth ဖြစ်လား
• 3D, Glass, Gradient ပါလား

ဒီအရာတွေက Design Tool Result တွေပဲဖြစ်ပြီး
Client တွေ လိုချင်တဲ့ Business Result မဟုတ်ပါဘူး။

✅ Client တွေ တကယ် လိုချင်တဲ့ Outcome တွေက ~

• Brand ကို တစ်ချက်မြင်ရုံနဲ့ မှတ်မိစေချင်တယ်
• Product ကို ယုံကြည်စေချင်တယ်
• လိုချင်တဲ့ ကို မြန်မြန်နားလည်စေချင်တယ်
• Click, Inquiry, Sales တက်စေချင်တယ်
• Competitor တွေနဲ့ မတူအောင် ခွဲထွက်စေချင်တယ်

Designer က Client ကို ဒီ Outcome တွေ ပေးနိုင်တဲ့အခါ Design က Cost မဟုတ်တော့ဘဲ Investment ဖြစ်သွားပါတယ်။

🔍 ဒါဆို Designer ရဲ့ အလုပ်က ဘာဖြစ်မလဲ?

• Client ရဲ့ ပြဿနာ၊ လိုအပ်ချက်ကို နားလည်ခြင်း
• Audience ကို ခွဲခြားသိမြင်နိုင်ခြင်း
• Message ကို ရှင်းလင်းအောင် ဖော်ပြပေးခြင်း
• Visual Decision တစ်ခုချင်းစီမှာ Reason ထည့်ရှိစေခြင်း

ဒါတွေ မရှိတဲ့ Design ဟာ အမြင်ပိုင်းလှရင်တော့
အဲ့ဒါက Visual Art ဖြစ်သွားနိုင်ပေမယ့် Business Design မဖြစ်ပါဘူး။

Canva, Photoshop, Illustrator,
AI Tool တွေ ဘယ်လောက်ပဲ တိုးတက်လာလာ Client မေးမှာက —

“ဒီ Design နဲ့ ဘယ်လို ရလဒ် ဖြစ်လာမလဲ?” ဆိုတာပါပဲ။

ဒါကြောင့် Designer အနေနဲ့ Design ကို မရောင်းပါနဲ့။ Skill ကို မရောင်းပါနဲ့။

✅Outcome ကို ရောင်းပါ။
✅ Clarity ကို ရောင်းပါ။
✅ Business Result ကို ရောင်းပါ။

Client တွေက ဖိုင်တွေ ထုတ်ပေးသူ မလိုချင်ပါဘူး။
Result ပေးနိုင်ဖို့ လက်တွဲလုပ်ပေးနိုင်မယ့် ပါတနာကိုပဲ လိုချင်တာပါ။ ✨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. , 59-Condo, Dhamayone Street, Myaynigone
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30