Tetra Pak Myanmar

Tetra Pak Myanmar

Share

30/01/2021

ျေးဝယ်ပြန်လာတဲ့အခါ ရင်သွေးလေးက သူကြိုက်တဲ့ နို့ဘူးလေးကိုသောက်ချင်လို့ တံခါးဝမှာ မျှော်နေပြီလား။ Tetra Pak နည်းပညာနဲ့ ထုပ်ပိုးထားတဲ့ UHT နို့ဘူးလေးကို သူလေး သောက်ဖို့ တစ်ဘူး လှမ်းပေးရင်း ကျန်တာတွေကို အကြာကြီးသိမ်းထားလို့ ရသေးတယ်နော်။UHT နည်းပညာနဲ့ပြင်ဆင်မှုရယ်၊ Tetra Pak အဆင့်မြင့်ထုပ်ပိုးမှုပုံစံတွေကြောင့် Tetra Pakဘူးခွံနဲ့ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းတွေကို ၆လ အထိ သိမ်းထားလို့ရတဲ့အပြင် မဖွင့်မချင်း ရေခဲသေတ္တာထဲထားစရာမလိုတဲ့အတွက် မေမေတို့ အနေနဲ့ တစ်ပတ်ခြားတစ်ခါ အချိန်ကုန်ခံ စျေးထွက်ဝယ်စရာမလိုတော့ဘူးပေါ့။UHT နို့တွေဟာ မေမေတို့အတွက် လွယ်ကူအဆင်ပြေသလို သားသားမီးမီးတွေအတွက်လည်း အာဟာရရင်းမြစ်ကောင်းတစ်ခုပါ။

27/01/2021

သားသားမီးမီးတွေအတွက် လိုအပ်တဲ့ ပြည့်ဝအာဟာရအစားအသောက်တွေကို နေ့စဥ်တိုက်ကျွေးဖို့က မေမေတိုင်းရဲ့ ပန်းတိုင်တစ်ခုပါ။ တခါတလေမှာတော့ လုပ်စရာတွေပုံနေတာမျိုး၊ အလုပ်ရှုပ်နေတတ်တဲ့ရက်မျိုးမှာ အာဟာရပြည့်ဝတဲ့အစားအသောက်တွေပြင်ဆင်ဖို့ အခက်အခဲရှိတတ်ပါတယ်။ မကြာခင်မှာ အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ဝင်းဝင်းမြင့်က ကလေးငယ်တွေအတွက် အာဟာရပြည့်ဝပြီး တိုက်ကျွေးရ လွယ်ကူတဲ့ Tetra Pakဘူးခွံနဲ့ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းတွေအကြောင်းအပြင် ကလေးငယ်တွေအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးပေးသွားမှာပါ။ သားသားမီးမီးတွေအတွက် ဒီ UHTနို့ထွက်ပစ္စည်းတွေက ဘယ်လောက်အထိ လွယ်ကူသက်သာစွာ အာဟာရဖြစ်စေနိုင်လဲဆိုတာ သိရဖို့ မေးခွန်းလေးတွေမေးထားခဲ့ပါဦးနော်။

23/12/2020

’ချစ်မေတ္တာဖြင့် ပြုလုပ်သည်’ ပြိုင်ပွဲမှာ အနိုင်ရရှိသူမေမေတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြေညာပေးပါရစေ။ သားသားမီးမီးများနဲ့ မေမေတို့ရဲ့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးတွေကို အမိအရဖမ်းယူထားတဲ့ ချစ်စဖွယ် ဓာတ်ပုံလေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့သူ မေမေတစ်ဦးချင်းစီတိုင်းအနေနဲ့ ကိုယ့်ရဲ့ လှပနွေးထွေးတဲ့ အမှတ်တရတွေကို မျှဝေပေးလို့ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဆုရရှိသွားတဲ့ မေမေတွေကတော့ Aye Myat၊ Zwel Thinzar Paing၊ Hsu Honey Ko၊ Lwinmar Aung နဲ့ Swe Zin တို့ပဲဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်ရှင်။ မေမေတို့ဆီကို Hotpot and Grill စက်တွေ မကြာခင်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အခုလို Stay-home ကာလမှာ မေမေတို့က ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေနဲ့ အမှတ်တရဖန်တီးနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲလေးမှာ အားလုံးလည်း ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ခဲ့မယ်လို့ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့ မေမေတစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိရပါကြောင်း ထပ်ပြီးပြောလိုက်ချင်ပါသေးတယ်ရှင်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

၁၆(ခ) ငွေဝတ်မှုံရပ်ကွက် ရွှေတောင်ကြား(၁)လမ်း ဗဟန်းမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00