Zatt Down
ဘာမှမတင်တာကြာလို့ Demo Version လေးတင်လိုက်ပါတယ်။ second verse ဆိုမယ့် Artist ကိုခန့်မှန်းကြည့်ပါ။
Diss with Me
Bro Minus နဲ့ကျွန်တော်ဘာအကန့်မှမရှိပါ။ ဒီတိုင်း Diss rap ဆိုလို့ Diss ပေးလိုက်ယုံပါဘဲ။ Rapper တွေလေ သိတယ််မလား
12/08/2024
🐳 Beautiful Consciousness
ကျွန်တော်တို့ဒီရက်ထဲ အပူများစရာ ကိစ္စတွေနဲ့ဘဲဖြတ်သန်းနေကြရတယ်။ အမှီးကောင်ပေါက်စ လုပ်ချင်တာတွေ အားကုန်ထုတ်ပြီးလုပ်နိုင်မယ့်အချိန်အခါကျမှ ကျပျောက်ပျက်စီးနေတဲ့အခြေအနေက ကျွန်တော့်အားလုံးကိုဝင်တိုက်ခဲ့။ ဒါပေမယ့် ညနေတွေဟာ အရင်လိုဘဲလှပနေဆဲ။ အပူများနေတဲ့လူသားတွေကို ဖြေဖျော်ပေးမြဲ။ ကောင်းကင်ကိုကြည့်ရင်းစိတ်ကူးထဲမှာ မြစ်တွေပေါ်လာခဲ့၊ လေပြေတွေပြေးလာခဲ့စမြဲ။ အရာရာကို ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးနဲ့ အနိုင်အရှုံး အသွားအလာ စိတ်ဆန္ဒကို ဆုံးဖြတ်ခဲ့ကြတဲ့ ကျွန်တော်တို့တွေလည်း စုံစံစိကိုထားခဲ့ရပြီ။ ရှေ့မှာလမ်းကမှောင်တယ် မင်းလိုက်ရဲပါ့မလားတဲ့။ အဲ့အချိန် ဝုန်းကနဲ ကျွန်တော့်ဆီ Hip Hop ရောက်လာတယ်။ Jazz တွေရောက်လာတယ်။ မီးမှောင်မှောင် လမ်းထိပ်အုတ်ခုံဘေးမှာ ကြယ်ရောင်လရောင်တွေနဲ့ ဘော်ဒါတွေနဲ့ လက်တန်း Rap အပိုင်းအစတွေ ထွက်ကျတတ်လာတယ်။ ဘာကိုကြောက်ရမှာလဲလို့တောင် မေးလိုက်ဦးမယ်။ တချို့လူညစ်ညစ်တွေတွေ့တော့လဲ ကမ္ဘာကြီးကတော့ တစ်ကမ္ဘာလုံးစာကြီး ဖြူစင်နေသေးတာဘဲကွာဆိုပြီး ဖြေသိမ့်လိုက်လို့ရပါတယ်။ ငါ့မှာရှိသင့်တာအကုန် ငါ့မှာရှိနေတာဘဲ။ အပြင်ခဏခဏထွက်ချင်တယ်။ အနားနားရပ်ချင်။ လေရူးသုန်သုန်။ မိုးတိမ်တွေ။
မပျက်ပါဘူးတဲ့ ချစ်ဖရန့်တို့ရေ။ ညနေ ဒီကဘဲ သီချင်းတင်ပါမယ်နော် ဟီးဟီး။
Click here to claim your Sponsored Listing.