Achievers Academy
15/05/2025
We are Hiring !!
Achievers Academy Center မှ Mathematics B ဆရာအသစ်ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
🌟 သက်ဆိုင်ရာ ဘာသာရပ်ကို အထူးကျွမ်းကျင်စွာ သင်ကြားနိုင်ရန်လိုအပ်ပါသည်။
🌟 အမှတ်ပေးစည်းမျဉ်းများ၊ ဘာသာရပ်၏ သဘောတရားများနှင့် စာမေးပွဲ မေးခွန်းဟောင်းများ နားလည်ထားရန်လိုအပ်ပါသည်။
💎 ယခင်ကတည်းက သက်ဆိုင်ရာ IGCSE သင်ကြားပြသနေသော ဆရာဆရာမ များ
💎 Mathematics B သင်ကြားနိုင်ပြီး
💎 Subject အများအပြား
သင်ကြားနိုင်သူများအား ဦးစားပေးခန့်အပ်မည်။
🎆 Salary - Negotiate
လျှောက်ထားလိုပါက မိမိတို့၏ CV form ကိုသက်ဆိုင်ရာ လက်မှတ်အထောက်အထားများနှင့် ပူးတွဲ၍ အောက်ပါ Email မှတဆင့်ပေးပို့လျှောက်ထားနိုင်ပါသည်။
📧 [email protected]
☎️ 09421148516၊ 09795787922၊ 09757934478
🏠 No.4, Apartment 201, Pin Shwe Nyaung street, Tamwe Tsp, Yangon.
01/05/2025
The International worker's day 2025 is today. I hope everyone will have wonderful holiday. Happy Labour Day.
Tution will be closed 1.5.2025
22/04/2025
Achievers Academy မှ IGCSE O level (Physical) On-Campus program အသစ်လေးကို June လ (first week) မှာ
စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Achievers Academy ၏ IGCSE အတန်းသစ်အတွက် စာသင်ခန်းတစ်ခန်းကို ကျောင်းသူ/သား
(၈) ယောက်သာ လက်ခံမည်ဖြစ်သောကြောင့် နောက်မကျခင် စာရင်းပေးသွင်းကြဖို့ အကြံကောင်းပေးအပ်ပါတယ်။
Edexcel IGCSE တန်းခွဲသစ်ကို တစ်နှစ်သင်ကြားပြီး နောက်နှစ် May/June 2026 မှာ ဖြေဆိုဖို့အတွက် ရည်ရွယ်ထားပါတယ်။
သင်ကြားမည့်ဘာသာရပ်များ
📖 English as Second Language
📖 English as First Language
📖 Chemistry
📖 Physics
📖 Mathematics B
📖 Further Pure Maths
📖 Computer Science
📖 ICT
📖 Business Studies
📖 Accounting
📖 Human Biology
📖 Biology
📖 Economics
Achievers Academy ရဲ့ IGCSE program ကို စာသင်နှစ်အတွေ့အကြုံများစွာ ရှိတဲ့ ဆရာ/မများက သင်ကြားနေပြီး IGCSE ရလာဒ်ကောင်းများစွာကို ရရှိထားပါတယ်။
Achievers Academy ဟာ Edexcel-approved center (Center No: 95426) ဖြစ်တဲ့အတွက် ကျောင်းသားတွေအနေဖြင့် Center မှာပဲ IGCSE ကို
အစအဆုံးသင်ကြားပြီး စာမေးပွဲဖြေဆိုလို့ရပါတယ်။
ကျောင်းသား/သူများ စာသင်ကြားရာတွင်
- guide လုပ်ပေးခြင်း၊
- မေးခွန်းဟောင်းများကို လေ့ကျင့်ပေးခြင်း၊
- အိမ်စာများပုံမှန်ပေးခြင်း၊
- အစမ်းစာမေးပွဲများစစ်ပေးခြင်းတို့ကြောင့်
မိဘများအနေဖြင့် ကျောင်းသူ/သားများ၏ ပညာရေး အခြေအနေကိုလဲသိရှိနေမှာပဲဖြစ်ပါတယ်။
Program ရဲ့ အဆုံးမှာတော့ Center မှာပဲ register လုပ်ပြီး IGCSE စာမေးပွဲကိုဝင်ရောက် ဖြေဆိုနိုင်မှာပဲဖြစ်ပါတယ်။ အတန်းတစ်ခုမှာ (၈) ယောက်ထက်
ပိုလက်မခံတဲ့အတွက် စောစောစာရင်းသွင်းဖို့တော့ လိုပါလိမ့်မယ်။
Achievers Academy ရဲ့ 1-year IGCSE intensive program မှာ ဘာလို့ရလာဒ်ကောင်းတွေ ထွက်နေရတာလဲ??
Small-size class များဖြင့် သင်ကြားပေးခြင်း - တစ်ဦးချင်းစီကို အနီးကပ်အာရုံစိုက်ပြီး သင်ကြားပေးသည့်အတွက် ကျောင်းသား/သူတွေအတွက်လဲ ထိရောက်မှုရှိကြပါသည်
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း - သင်ကြားတဲ့ဆရာများဟာ မိမိသင်ကြားတဲ့ဘာသာရပ်များတွင် ကျွမ်းကျင်မှု အပြည့်အဝရှိကြသည့်အတွက်
ကျောင်းသားကျောင်းသူများအနေနဲ့ စာနားလည်ဖို့ မခက်ခဲကြပါဘူး
စာမေးပွဲပုံစံကို ပိုင်နိုင်ခြင်း - သင်ကြားတဲ့ဆရာတွေဟာ IGCSE သင်ရိုးကို အကျွမ်းတဝင်နားလည်တဲ့အတွက် ကျောင်းသားကျောင်းသူတွေကို အမှတ်ကောင်းရအောင်
ထိထိရောက်ရောက်နဲ့ သင်ကြားပေးနိုင်တဲ့အပြင် ဆရာအားလုံးဟာ IGCSE သင်ကြားတဲ့အတွေ့အကြုံနှစ်ချီ ရှိပါသည်။
သင်ရိုးပေါင်းစုံကို လိုအပ်သလို အသုံးချခြင်း - ဆရာဆရာမများဟာ textbook, Notes နဲ့ Past Papers များကို သင့်တော်သလို အသုံးချတဲ့အပြင်
သင်ရိုးပေါင်းစုံက အရေးအကြီးဆုံးအချက်အလက်များကို ဦးစားပေးသင်ကြားပေးတာ ဖြစ်တဲ့အတွက် အချိန်တိုတိုအတွင်းမှာ ကျွမ်းကျင်မှု ပိုမြင့်လာစေပါတယ်။
Achievers Academy ၏ အားသာချက်
- small-class size (၈ ယောက်ထက် ပိုလက်မခံပါ) နှင့် အနီးကပ်သင်ကြားပေးခြင်း၊
- IGCSE သင်ရိုးကို ရင်းနှီးကျွမ်းဝင်ပြီး IGCSE သင်ကြားမှုကို ကျွမ်းကျင်သော ဆရာဆရာမများက သင်ကြားပေးခြင်း၊
- စာသင်ကြားပေးခြင်း၊ စာနွှေးပေးခြင်း၊ မေးခွန်းဟောင်းလေ့ကျင့်ပေးခြင်း၊ စာမေးပွဲဖြေဖို့ စာရင်းသွင်းခြင်းကို တစ်နေရာထဲ အကုန်သင်ပြပေးခြင်း၊
🎓 “ IGCSE စာမေးပွဲဖြေဆိုအောင်မြင်ပြီးပါက နိုင်ငံတကာတက္ကသိုလ်များ၊ ကောလိပ်များသို့ချိတ်ဆက်ပေးခြင်း၊
ကျောင်းလျောက်ရန်လိုအပ်သော စာရွက်စာတမ်းများကို ကူညီပြင်ဆင်ပေးခြင်း၊
လိုအပ်ပါကကျောင်းမှ Recommendation letter ရေးပေးခြင်း/ထောက်ခံပေးခြင်းများကိုလဲ ကျောင်းဘက်မှဆောင်ရွက်ပေးပါသည်။
ကျောင်းသား/ကျောင်းသူများ ဘက်မှ A level ကိုဆက်လက်၍တက်ရောက်မည်ဆိုပါက Achievers Academy Centre တွင်ဖွင့်လှစ်ထားသော
A level အတန်းများတွင် တက်ရောက်သင်ကြားနိုင်ပါသည်။
စာသင်ကြားမှုထိရောက်ရန်အတွက် သင်တန်းစာသင်ချိန်အတွင်း သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများဘက်မှ လိုက်နာရမည်ဖြစ်ပါသည်။
Achievers Academy Myanmar Tuition သည် ကိုယ်တိုင်လည်း IGCSE ကို 6A* ဖြင့် အောင်မြင်စွာဖြေဆိုခဲ့ပြီး အမေရိကန်နိုင်ငံ၏
Top 5 Civil Engineering တက္ကသိုလ် Georgia Institute of Technology တွင် Civil Engineering ဘာသာရပ်ကို Highest Honor ဖြင့်
ဘွဲ့ယူခဲ့သော Founder ဆရာ Hpone San Aung မှ ဦးဆောင်ပြီး သင်ကြားသော ကျူရှင်ကျောင်းဖြစ်ပါသည်။
ကျောင်းသား အကန့်အသတ်ရှိသည့်အတွက် သင်တန်းတက်ရောက်မည်ဆိုပါက register form အားဖြည့်စွက်စာရင်းသွင်းရန်လိုအပ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSe4jgJjxYisi9a4SFCtIHk-EPP04sBVQ3nhuyTl71nmsDsBKQ/viewform?usp=header
**ပထမဦးဆုံး ကျောင်းအပ်နှံသူ (၄)ဦးကို ကျောင်းဘက်မှ 50% discount ပေးအပ်မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်**
ထပ်မံမေးမြန်းစရာများရှိပါက 09421148516၊ 09795787922၊ 09757934478 ကို
နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Address
No. 4, Room 201, Pin Shwe Nyaung street, Tamwe
21/04/2025
21ရက်နေ့ 2လပိုင်း 2025 ခုနှစ်တွင် ကျင်းပသော (2023-2024) ပညာသင်နှစ်အတွက် Achievers Academy center graduation ceremony ၏ အမှတ်တရပုံရိပ်များကိုမျှဝေပေးလိုက်ပါတယ်
တက်ရောက်ဆုယူခဲ့သော ကျောင်းသား/ကျောင်းသူများကိုထပ်မံ၍ဂုဏ်ပြုသလို မတက်နိုင်ခဲ့သောကျောင်းသား/ကျောင်းသူများကိုလဲ Achievers Academy ဘက်မှ ဂုဏ်ပြုလိုက်ပါသည်။
အတန်းသစ်များနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းစရာများရှိပါက 09421148516၊ 09795787922၊ 09757934478 ကို
နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Address
No. 4, Room 201, Pin Shwe Nyaung street, Tamwe
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 4 , Apartment 201, Pin Shwe Nyaung Street
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |