Save Myanmar
17/04/2025
လမ်းကဝုတို့အတွက် ဈေးသက်သာတဲ့ လှူဒါန်းနိုင်တဲ့ကျန်းမာသောအစားအစာများ။ ( Vet က ရေးတဲ့ Google နဲ့ ChatGPT ( မြန်မာပြည် မှာ လွယ်လွယ် ဝယ်လို့ ရမယ့်အစားအစာ) ရယ် အမေရိကန်နိုင်ငံမှာရှိတဲ့ ခွေးအပေါ်အထူးပြု အဖွဲ့ မှာ ရှာ ပြီးတင်ပေးလိုက်ပါတယ်။
မှားတာရှိတယ် ထင်ရင် link နဲ့ တကွ ပြန်ပြီးထောက်ပြပါ။ မဟုတ် ပဲ မိုက်ရိုင်းစွာ comment မှာ ဖြစ်စေ messenger မှာ ဖြစ်စေလာဆဲ သူကို harassment report လုပ်ပေးခြင်းဖြင့်ကူညီပေးပါ)
1. ဆန် + ဆန် အညို
• စားလွယ်ပြီး အဟာရဖြစ်
• ဆန်ဟာ ရိုးရှင်းသော်လည်း စားသင့်တဲ့ အခြေခံစာဖြစ်တယ်
2. ပြုတ်ထားတဲ့ မုန်လာဥနီ
• ဝမ်းဗိုက်ကောင်းအောင် ကူညီတယ်
• ဈေးသက်သာပြီး သဘာဝဖြစ်တဲ့ အစာပါ
3. ကြက်ဥ (ပြုတ်ထားတဲ့) + ဥခွံ ပြုတ်ပြီး ပြုတ်ထားတဲ့အခွံကို အမှုန့်ဖြစ် အောင်ချေပြီးလည်း ကျွေးလို့ရ
• ပရိုတင်းအလွန်ကောင်းပြီး ငွေကြေးအရ ချိုသာတယ်
4. ကြက်ခြေဖျား / ကြက်ခေါင်း ပြုတ်တဲ့အခါ အရိုးတွေ နူးအောင်လုပ်ရမယ် ( တခြား ကြက်ရိုး/ ဝက်နံရိုး/ အမဲရိုး/ ဆိတ်ရိုးများ ပြုတ်ပြီး ချက်ပြီး လုံးဝ မကျွေးသင့်ပါ။
• စျေးချိုတဲ့အသား/ငါး/ အသည်း ပြုတ်ပြီးလည်း ကျွေးလို့ရပါတယ်
ဝမ်းဗိုက်ကောင်းအောင် ကူညီတဲ့ ဟင်းသီးဟင်းရွက်များ
5. မုန်လာဥနီ(ပြုတ်ပြီး)
6. ပဲသေးစေ့ / ပဲကြီးစေ့ (ပြုတ်ပြီးသာ သုံး)
7. ရွှေဖရုံသီး အပြုတ် (အစေ့မပါ။ ကန်စွန်းဥပြုတ်)
8. ပဲပြုတ် (ဆီ၊ ဆားမပါ)
တခြား ကျွေးသင့်ရှောင်သင့်တာတွေ ပုံမှာ တင်ပေးလိုက်ပါတယ်။
ကျွေးနိုင်တဲ့ အရိုး အစိမ်း သို့မဟုတ် ခဲပြီးပေးလို့ရတဲ့ အရိုးပုံလည်းတင်ပေးလိုက်ပါတယ်။ ခဲတံ က အရိုး size ကိုသိလို့ရအောင်ပါ
ခွေးတွေ အရိုးဝါးခြင်း၏ အကျိုးကျေးဇူးများ
၁။ သွားကျန်းမာရေးကောင်းစေနိုင်သည်
ခွေးကို အရိုးပေးတဲ့အကြောင်းအရင်းအဓိကတစ်ခုက သွားကျန်းမာရေးကောင်းစေချင်တာပါ။
အရိုးကို ဝါးခြင်းက ပလတ် (plaque) နဲ့ တာတာ (tartar) တွေကို ဖယ်ရှားနိုင်ပြီး သွားဖုံးမှာကြာရင် တက်လာတဲ့ အညစ် အကြေးတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ စိတ်အတွက် ကောင်းသည်
အရိုးဝါးခြင်းက စိတ်လှုပ်ရှားမှုနဲ့ ပျင်းခြင်းကို လျှောစေနိုင်ပါတယ်။
အကြောင်းမဲ့ဝါးတာတွေ၊ ပစ္စည်းဖျက်တာတွေကို ရှောင်ရှားစေပြီး သဘာဝအတိုင်း အလှုပ်အရှားဖြစ်စေတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။
၃။ အာဟာရတန်ဖိုးအချို့ ပါဝင်သည်
အထူးသဖြင့် အရိုးအစိမ်း (raw bone) တွေမှာ အာဟာရဓာတ်တန်ဖိုးရှိပါတယ်။
ရိုးတွင်းချင်စီ (bone marrow) က အဆီဓာတ်များနဲ့ ကယ်လိုရီ (calories) ပေးနိုင်ပြီး ခွေးအတွက် အသုံးဝင်ပါတယ်။
အရိုးထဲမှာ သံဓာတ် (calcium), ဖော့ဖာရပ် (phosphorus) နဲ့ အခြား သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။
အရိုးပြုတ်ထားတာတွေ (Cooked Bones) ရဲ့ အန္တရာယ်များ
၁။ ပြုတ်ထားတဲ့အရိုးတွေက အလွယ်တကူ ကွဲထွက်ပြီး စူးတတ်ပါယ်။
ဝုကမသတိထားပဲ စားလိုက်ရင် အရိုးအပိုင်းငယ်တွေကြောင့် အသက်ရှုလမ်းကြောင်းပိတ်ခြင်း ဖြစ်နိုင်ပါတယ်။
ဒီအစိတ်အပိုင်းတွေက ပါးစပ်၊ လည်ချောင်း၊ အူကြောင်း ကို ထိခိုက်စေနိုင်ပြီး အရေးပေါ်ဆေးကုသမှုလိုအပ်ဖွယ် ဖြစ်လာနိုင်ပါတယ်။
၂။ အာဟာရဆုံးရှုံးမှု ဖြစ်တတ်သည်
အရိုးပြုတ်တာကြောင့် အရိုးထဲမှာရှိတဲ့ သဘာဝဓာတ်များ (ကယ်ဆီယမ်၊ ဖော့ဖာရပ်) တွေ အပူကြောင့် ပျောက်ကွယ်သွားနိုင်ပါတယ်။
Links တွေလည်း တင်ပေးလိုက်ပါတယ်
https://www.guilfordjamestownvet.com/site/blog-greensboro-vet/2024/03/15/dog-bone-safety #:~:text=May%20Promote%20Good%20Dental%20Health,natural%20toothbrush%20for%20your%20dog
https://www.akc.org/expert-advice/nutrition/can-dogs-eat-bones/
အခုတလော ခွေးသတ်တဲ့ case တွေ တွေ့နေရပါတယ်
တချို့က တိရစ္ဆာန်ချစ်သူတွေကို ဒရမ်မာခင်းတယ်လို့မြင်တယ်။ ခွေးသတ်တဲ့လူကို ထောင်ထဲတောင်ထည့်တာက ပိုလွဲသွားပြီလားဆိုတဲ့အထိ ပြောကြတယ်။ ‘ကြက်၊ ဝက်၊ နွားတောင်စားရတယ်၊ ခွေးလည်း စားလို့ရတယ်ပဲ’ လို့ဆိုကြတယ်။ ဒါပေမဲ့
ကြက်၊ ဝက်၊ နွားတွေက တရားဝင်လိုင်စင်ရှိတဲ့ စားသုံးနိုင်တဲ့တိရစ္ဆာန်တွေပါ။ စားမယ်ဆိုရင်လည်း သတ်ရတဲ့နည်းလမ်းတွေ၊ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ စံနှုန်းတွေလိုက်နာရပါတယ်။ ဒါနဲ့မတူဘဲ ခွေးနဲ့ကြောင်တွေက အစားအသောက်အဖြစ်အသိအမှတ်မပြုထားတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး၊ သတ်တာ၊ စားတာတွေက တရားမဝင်ပါဘူး
ထို့အပြင် တခြားနိုင်ငံတွေမှာ ခွေးကို ထိုးနှက်ရိုက်နှက်ခြင်းပင် တရားမဝင်ဖြစ်ပြီး ဖမ်းအရေးယူတတ်ကြပါတယ်။ ခွေးနဲ့ကြောင်တွေကို မိမိရဲ့သားသမီးလို တန်ဖိုးထားကြပါတယ်။
တကယ်တမ်း၊ ခွေးတွေက လူတွေအတွက် အရေးကြီးဆုံး မိတ်ဆွေပါ။ မကြာသေးမီက ငလျင်သင့်တဲ့နေရာတွေမှာ လူတွေကိုရှာဖွေကယ်တင်တဲ့အခန်းကဏ္ဍမှာ K9 ခွေးတွေက များစွာလှုပ်ရှားပေးခဲ့ကြပါတယ်။
တချို့က မတော်တဆဖြစ်ပြီး အသက်ပေးသွားကြပါတယ်။
ဒီလိုတန်ဖိုးရှိတဲ့ တိရစ္ဆာန်တွေကို သတ်စားဖို့မဟုတ်ဘဲ တန်ဖိုးထားဖို့ပဲလိုပါတယ်။ မြန်မာ တော်တော် များများ အမဲသား မစားကြပါဘူး။ လယ်ယာ ထွန်တဲ့ အခါမှာ တချို့ရွာတွေမှာ နွား တွေကို ကျေးဇူးရှင်လို သဘောထားကြလို့ပါ။
အရင်တုံးက ကလေးတွေကို ရိုက်မှသာ စကား
နားထောင်မယ် ဆိုတဲ့ အယူအဆကို လူမှုအသိုင်းအဝိုင်း တဖြည်းဖြည်းပြန်လည်စဥ်းစားလာခဲ့ပါတယ်။ အခုတော့ တိရစ္ဆာန်တွေကိုလည်း အလားတူအနေနဲ့ စဉ်းစားဖို့အချိန်ရောက်နေပြီလို့ ထင်ပါတယ်။”
ခွေးတွေကို မစားဖို့ပြောတာက ချစ်တယ်ဆိုတဲ့အကြောင်းတစ်ခုတည်းမကပါဘူး။ တရားမဝင်သတ်ဖြတ်မှုနဲ့ ရက်စက်ဖိစီးမှုတွေကို တားဆီးဖို့၊ လူ့အဖွဲ့အစည်းက ပိုမိုလူသားဆန်လာဖို့ ပါဝင်နေတဲ့အရေးကြီးတဲ့အကြောင်းဖြစ်ပါတယ်။”
သက်ရှိတစ်ကောင်ကို သတ်ဖို့ထက် ကယ်ဖို့အဓိပ္ပါယ်နဲ့ နေတတ်တဲ့လူတွေကပဲ နောင်အနာဂါတ်အဖွဲ့အစည်းကို ပိုကောင်းအောင်ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ခုမြန်မာ ပြည်မှာ ဖြစ်နေတဲ့ ဘေးဒုခ ကြောင့်တချို့လူတွေက ဘုရားတရား မယုံကြည်ကြတော့ပါဘူး။
မယုံကြည်ကြရင်နေပါ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုပါ။
ဒါပေမဲ့ လူလူချင်း အပေါ်ရော တိရစ္ဆာန်တွေ အပေါ် မေတ္တာထားနိုင်ကြပါစေ။ အကြင်နာ တရား မခေါင်းကြပါစေနဲ့။ ကိုယ်တတ်နိုင် သလောက် ကူညီရိုင်းပင်းကြပါ။
မြန်မာတွေရော တိုင်းရင်းသားတွေရော ခွေးလေး ကြောင်လေးတွေ ကိုမညှင်းဆဲပဲချစ်တတ််ပါစေ
#ခှေး #ကွောငျ
Click here to claim your Sponsored Listing.