Htike Aung Computer & Mobile Services
11/07/2024
ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏
#ဒကာကြီး
#ဘုရား🙏
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။
( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
" #ဒေါင်းယောင်ဆောင်သော__ကျီး"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏
08/02/2024
စေတနာသည်_ကံတရား_အစစ်
=======================
လူအများက
ဘယ်သူဟာ ကံကောင်းတယ် ,
ဘယ်သူဟာ ကံဆိုးတယ်လို့
ပြောဆိုလေ့ ရှိကြတယ် …
ကံကောင်းခြင်း ကံဆိုးခြင်းကို
ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်း
မဟုတ်ဘူး …
ကိုယ့်ကံ ကိုယ်သာလျှင်
ဖန်တီးနေကြခြင်း ဖြစ်တယ် ဆိုတာ
နားလည်ကြရမယ် …
ကံတရားလို့ ပြောလေ့ရှိကြရာမှာလဲ
ကံတရား အစစ်ဟာ
ဘာကို ဆိုလိုသလဲ ဆိုတာ
ဆုပ်ကိုင်၍ ပြစမ်းပါလို့ မေးခဲ့လျှင်
မြတ်စွာဘုရားရှင်က -
❝ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ ❞ လို့
ဟောကြားတော်မူခဲ့တယ် …
#ဘိက္ခဝေ ချစ်သားရဟန်းတို့
#စေတနံ စေတနာကို
#ကမမှံ ကံဟူ၍
#အဟံ ငါဘုရားသည်
#ဝဒါမိ ဟောတော်မူ၏ ❞ တဲ့ …
ထို့ကြောင့် -
❝ ကံတရား ဆိုတာ
မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာကြတဲ့
စေတနာပင် ဖြစ်တယ် ❞ …
စေတနာ ဆိုတာ ကံတရား အစစ်ပဲ
🔹စေတနာ ကောင်းလျှင် ကံကောင်းမယ်
🔹စေတနာ ဆိုးလျှင် ကံဆိုးမယ်
🔹စေတနာ ယုတ်လျှင် ကံယုတ်မယ်
🔹စေတနာ မြတ်လျှင် ကံမြတ်မယ်
🔹စေတနာ ဖြောင့်လျှင် ကံဖြောင့်မယ်
🔹စေတနာ ကောက်လျှင် ကံကောက်မယ်
🔹စေတနာ မွဲလျှင် ကံမွဲမယ်
🔹စေတနာ ဌေးလျှင် ကံဌေးမယ်
🔹စေတနာ စင်ကြယ်လျှင် ကံစင်ကြယ်မယ်
🔹စေတနာ ညစ်ပတ်လျှင် ကံညစ်ပတ်မယ်
🔹စေတနာ ဖြူလျှင် ကံဖြူမယ်
🔹စေတနာ မဲလျှင် ကံမဲမယ်
🔹စေတနာ မြင့်လျှင် ကံမြင့်မယ်
🔹စေတနာ နိမ့်လျှင် ကံနိမ့်မယ်
အဲဒါကို
မြဲမြဲ မှတ်ထားကြပါ …
အရှင်းဆုံး , အပေါ်လွင်ဆုံး
ဥပမာတစ်ခု ပြောရမယ် ဆိုလျှင်
မိမိရဲ့ ရှေ့တည့်တည့်မှာ
ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ချပြီး ကြည့်ပါ …
မိမိက
ပြုံးပြီး ကြည့်လျှင် ပြုံးနေတဲ့ပုံကို တွေ့ရမယ်
မဲ့ပြရင် မဲ့နေတာကိုပဲ တွေ့ရလိမ့်မယ် …
အဲဒီ ပုံသဏ္ဌာန်ကို မိမိမှ တပါး
အပြင်ပက ဘယ် တန်ခိုးရှင် ,
ဘယ် ဘုရားသခင်ကမှ
ဖန်ဆင်းပြီး ပြလာကြတာ မဟုတ်ဘူး…
ဗုဒ္ဓသာသနာတော်က ပြောတဲ့
❝ ကံတရား ဆိုတာ ❞ ဒါပါပဲ …
သတ္တ လောကကြီး အတွင်းမှာ
ကိုယ့်ကံ ကိုယ်ကြိုက်သလို ဖန်တီး နိုင်ကြတယ်
ကိုယ်ကြိုက်သလို ဖန်တီးယူနေကြခြင်း ဖြစ်တယ် …
(တောင်တန်းသာသနာပြုဆရာတော်ကြီး )
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်
@ #ကိုအေးပြန်လည်မျှဝေပါသည်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11231
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 17:00 |