Yu Yu Lay

Yu Yu Lay

Share

26/01/2026

သပွတ်အူလိုရှုပ်ထွေးတဲ့လောကကြီးကို ပထမဆုံးကြုံဖူးလာတော့ တွေးရင်းရယ်ရမလို ငိုရမလိုနဲ့
တခါတခါ တွေးမိတယ်လူတေရယ်
ဘဝမှာရိုးသားပါ၊ကြိုးစားပါ၊ကောင်းအောင်နေပါ၊ဖြတ်လမ်းလိုက်ရင်အကျနာတတ်တယ်နော်

12/01/2026
23/12/2025

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်

မိသားစုဝင်ကောင်း ၊ လက်တွဲဖော်ကောင်း ၊ အလုပ်သမားကောင်း ၊ မိတ်ဆွေကောင်းအစရှိသရွေ့ပေါ့

လူကောင်းတွေကိုလွယ်လွယ်နဲ့ရနေရင်
လောကကြီးမှာ အခုလောက်အခက်အခဲ အကြပ်အတည်းတွေရှိမှာမဟုတ်ပါဘူး

လူကောင်းတွေဆိုတာ ကံကောင်းမှရတတ်သလို
တခါတလေ သေချာရှာမှတွေ့တတ်တာပါ
တ‌ခါတလေ စိတ်ရှည်ရှည်စောင့်ရသလို
တခါတလေ သည်းခံရတာတွေရှိပါတယ်
တခါတလေ ရင်းနှီးရပြီး တခါတလေ မွေးမြူရပါတယ်

လူကောင်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရပါဘူး
နောက်ထပ်လူကောင်းရောက်လာမယ်ဆိုရင်တောင်
အရင်လူနဲ့ စိတ်ပိုင်း ၊ ရုပ်ပိုင်း ၊ character ပိုင်း အများကြီးကွာခြားပါတယ်

မိသားစုဝင်ထဲက လူကောင်း
အလုပ်ထဲက လူကောင်း
မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ

ငွေကြေးနဲ့မတိုင်းတာပါနဲ့
ပညာနဲ့မတိုင်းတာပါနဲ့
ရုပ်ရည် ၊ ခန္ဓာကိုယ် ၊ အရည်အချင်းတွေနဲ့မတိုင်းတာပါနဲ့

စေတနာနဲ့ တိုင်းတာပါ
အနစ်နာခံနိုင်မှုနဲ့တိုင်းတာပါ
ရိုးသားမှုနဲ့တိုင်းတာပါ

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်

Min Yel Kyaw Swar

20/12/2025

ကြောက်စရာအကောင်းဆုံးက သရဲလို့ထင်ခဲ့တဲ့ကိုယ်က
ခုတော့လူတေကိုပဲပိုကြောက်တတ်လာခဲ့တယ်
အပြုံးချိုချို၊အပြောချိုချိုတေအောက်မှာ ဖုံးကွယ်ထားတဲ့ ကြောက်စရာမျက်နှာတေကကိုယ်တေမမြင်နိုင်တော့
သတိထားနေလဲ‌နောက်ဆုံးဒုက္ခရောက်မှသိရတာချည်းပါပဲ
ဘယ်လိုတေပဲတိုက်ခိုက်တိုက်ခိုက်ကိုယ်ကောင်းနေသ၍ခေါင်းမရွေ့ဘူးလို့လက်ခံထားသူမို့တိုက်ကြပါခိုက်ကြပါ
အော်မနာလိုစိတ်၊မနာလိုစိတ်သိပ်ကြောက်စရာကောင်းပါ့လားနော်
ဘယ်အရာမှမတည်မြဲတဲ့လောကကြီးမှာ ဘာကိုမှမမက်မောပေမယ့်
ကိုယ့်ဘေးကထိုလူသားလေးကိုတော့ တည်မြဲခွင့်လေးပေးရင်ပဲကျေနပ်လှပါပီ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Shwe Kyin
Yangon