Myanmar Hand In Hand
26/01/2021
အောင်မြင်ဖို့ ဆိုတာ
🍀🍀🍀🍀🍀🍀
တစ်ခါ၌ အလုပ်ရှင်တစ်ယောက်က လူငယ်အလုပ်သမားတစ်ဦး အလိုရှိကြောင်း ကြော်ငြာသည့်အခါ ယောက်ျားလေး ၃၀ ခန့် အလုပ်လျှောက်ကြသည်။ သူက ဘောလုံးတစ်လုံးနှင့် ဘောလုံးပေါက်ရန် စက်ကွင်းတစ်ခုစီစဉ်ထားပြီး အလုပ်လျှောက်သူအားလုံး တစ်ယောက်လျှင် ခုနှစ်ချက်စီ ပစ်ပေါက်စေသည်။ စက်ကွင်းအလယ်ဗဟိုကို အများဆုံးထိမှန်သူအား ရွေးချယ်ရန် ရည်ရွယ်ထားရာ မည်သူတစ်ဦးတစ်ယောက္မျှပင် တစ်ချက်တစ်လေမှ မထိမှန်သည့်အခါ သူ ရွေးချယ်၍မရ ဖြစ်သွားသည်။
"ကဲ မနက်ဖြန် ပြန်လာပြီး ပေါက်ကြဦးပေါ့ကွာ"ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။
နောက်နေ့တွင် သည်လူစုထဲမှ ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်သာ ပြန်ရောက်လာသည်။ သူ့အား ပထမနေ့ကအတိုင်း ဘောလုံးပေါက်ခိုင်းသည့်အခါ၌ စက်ကွင်းအလယ်ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။
"ဟ တယ်ဟုတ်ပါလားကွ… ဘယ်လြိုဖစ်သွားတာလဲ"
အလုပ်ရှင်က အံ့ြသစွာ မေးသည့်အခါ
"ကျနော်က အမေ့ကို မဖြစ်မနေ ကူညီရမှာ ဆိုတော့ ဒီအလုပ်ကို သိပ်လိုချင်ပါတယ်။ ဒါ့ကြောင့် ညက ကျနော် အိမ်ဘေးအဖီထဲမှာ တစ်ညလုံး ဘောလုံးပေါက်လေ့ကျင့်ပါတယ်…
ကောင်လေးအကြောင်း သည်လောက်ဆို လုံလောက်ပါပြီ။
သည်လိုစိတ်ဓာတ်မျိုး ရှိသည့် လူငယ်တစ်ယောက်သည် အလုပ်မရမှာ ပူစရာ မလို။ ရာထူးမတိုးမှာလည်း စိုးရိမ်စရာ မရှိ။ သည်စိတ်ဓါတ်ကိုသာ ဆက်လက်မွေးမြူထားမည်ဆိုက မုဆိုးမမိခင်နှင့် ကြီးပြင်းခဲ့ရသည်ဖြစ်စေ ကျောင်းပညာ အခြေခံနည်းပါးခဲ့သည်ဖြစ်စေ ညှိုးငယ်တိမ်မြုပ်နေစရာ အကြောင်းမရှိ။ တစ်ပန်းရှုံးသော မူလအနေအထားမှ ရုန်းထွက်ကာ တစ်နေ့သောအခါ၌ သူတစ်ပါး အံ့သြရလောက်အောင် ထူခြားအောင်မြင်သူများ ဖြစ်လာကြမှာ မုချဖြစ်သည်။
မှန်သည်။
လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသည့်အရာက
*ကိုယ်ဘာအလိုရှိသလဲ
*ဘာဖြစ်ချင်သလဲ
*အဲသည်အတွက် ဘာလုပ်ရမလဲ
*ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုအပ်သလဲဆိုတာ
*ရှင်းလင်းပြတ်သားစွာ သိဖို့နဲ့
*လိုအပ်သမျှကို ဖြည့်ဆည်းမည်ဆိုသော 'စိတ်' 'ဇွဲ' ရှိဖို့ပဲ ဖြစ်သည်။
***********************************************
.. #ဆရာဖေမြင့်✍👸
အားပြင်းတဲ့ မျှားတစ်စင်း စာအုပ်မှ ......
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon