Pro-Partner Digital Marketing Lab

Pro-Partner Digital Marketing Lab

Share

18/12/2017

Digtal နည်းပညာဖြင့် ဈေးကွက်ရှာဖွေ မြှင့်တင်ခြင်း
ဒီဂျစ်တယ်နည်းပညာ တိုးတက်လာသည့်နှင့် အမျှ ယခုခေတ်ကြီးတွင် အရာအားလုံး သည် ဒီဂျစ်တယ် နည်းပညာအသုံးချနေကြပါပြီ။ ဈေးကွက်ရှာဖွေ မြှင့်တင်ရာတွင် ဒီဂျစ်တယ် နည်းပညာ ကိုအသုံးချ ခြင်းသည်လည်း မပါမဖြစ် နည်းလမ်းတစ်ခု ဖြစ်လာလျက်ရှိနေပါတယ်။ ကမ္ဘာနှင့် အ၀ှမ်းတွင် အင်တာနက် အသုံးပြုသူ ၅ ဘီလျံခန့်ရှိပြီး အများစုမှာ မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူများဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက် Facebook နှင့် အင်တာနက်ကို မိုဘိုင်းဖုန်းများဖြင့် လူတန်းစားမရွေး အသုံးပြုနေကြပီဖြစ်ပါသည်။

ဒီဂျစ်တယ် နည်းပညာနှင့် အင်တာနက် ကို အသုံးပြုပြီး မိတ်ဆွေ၏ စီပွားရေးကို ပိုမိုအောင်မြင်အောင် ဈေးကွက်မြှင့်တင်ဖို့ အဆင်သင့် ဖြစ်နေပါပီလား ? လက်ရှိ အသုံးပြုနေပါပီလား ?

ဘာ့ကြောင့် Digital Marketing ကို အသုံးပြုသင့်သလဲ?

Digital Marketing ဆိုသည်မှာ မိတ်ဆွေ၏ Brand / လုပ်ငန်း ကို အင်တာနက်နှင့် လူမှုကွန်ရက်များ ကိုအသုံးချ၍ promote လုပ်ခြင်းဖြစ်ပြီး၊ ၀က်ဆိုဒ်ကို ရှာတွေ့နိုင်စွမ်းမြှင့်တင်ခြင်း SEO ၊ Keywords များဖြင့် Blog ရေးသားမြှင့်တင်ခြင်း၊ အွန်လိုင်းတွင် ဗွီဒီယိုများတင်ခြင်း၊ အီးမေးလ် မာ့ကတ်တင်း ၊ လူမှုကွန်ရက် ကန်ပိန်းများ ၊ မိုဘိုင်းမာ့ကတ်တင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံရှိပါသည်။ မြန်မာနိုင်ငံအတွက် ဆိုရင် Facebook Marketing ၊ SEM နှင့် SEO Optimization ၊ ဗွီဒီယို နှင့် မိုဘိုင်း မာ့ကတ်တင်းများသည် အသုံးဝင်ပါသည်။ Email မာ့ကတ်တင်းကို လက်ရှိ အသုံးပြုနေကြသော်လည်း Email စစ်သူမှာ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ ၁၀၀ တွင် ၂၀ ရာခိုင်နှုန်းခန့်သာရှိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု သူ ၁၀၀ တွင် လူ ၉၉ ရာခိုင်နှုန်းခန့်သည် Facebook အသုံးပြုကြသဖြင့် Facebook Marketing သည် မြန်မာနိုင်ငံတွင် အကောင်းဆုံးလူမှုကွန် ကြော်ငြာနည်းလို့ ပြောလို့ရတဲ့ အခြေအနေရှိပါတယ်။

Digital Marketing ၏ အားသာချက်များ

အားသာချက် များစွာရှိသည့် ဒီဂျစ်တယ် စနစ် ဖြင့်ဈေးကွက်မြင့်တင်ခြင်း မိတ်ဆွေအသုံးမပြုရသေးရင်တော့ ဒီအချက်အလက်တွေကိုဖတ်ကြည့်ပီး ရွေးချယ် သင့်မသင့် ဆုံးဖြတ်နိုင်ပါတယ်။

• မိုဘိုင်းဖုန်းအသုံးပြုသူများကို Target ထားခြင်း

နေ့စဉ်အမျ အသုံးပြုသူတိုးပွားနေသည့် မိုဘိုင်းဖုန်းအသုံးပြုသူများကို Target ထားနိုင်ခြင်း၊ မြန်မာနိုင်ငံတွင် အရွယ်ရောက်သူ ၈၀ ရာခိုင်နှုန်းခန့်သည် မိုဘိုင်းဖုန်းအသုံးပြုနေပီး လူမှုကွန်ရက်နှင့် အင်တာနက်ကို နေ့စဉ်အသုံးပြုလျက် ရှိပါသည်။ အထူးဖြင့် Facebook ကို သတင်းများဖတ်ရန်သော်လည်းကောင်း ၊မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်ရန်သော်လည်းကောင်း အချိန်ပေး အသုံးလျက်ရှိနေပါတယ်။ မိုဘိုင်းဖုန်း ဖြင့်အလွယ်တကူ ကြည့်ရှုနိုင်သော Website တစ်ခုရှိခြင်းကလည်း မိတ်ဆွေ၏လုပ်ငန်းအတွက် အားသာချက် တစ်ခုပါ။

• အမြတ်ပိုခြင်း

မိတ်ဆွေရဲ့ လုပ်ငန်း အွန်လိုင်းမှာရှိနေခြင်းဟာ လုပ်ငန်းအပေါ် ယုံကြည်မှုကိုတိုးပွားစေပါတယ်။ Digital Marketing မှာ သမရိုးကျ marketing တွေလိုမဟုတ်ပဲ မိတ်ဆွေ ကြေငြာချင်တဲ့ Target ပရိတ်သတ် ရဲ့ အသက်အ၇ွယ်၊ လိင်၊ နိုင်ငံ၊မြို့၊မြို့နယ်၊ စိတ်ဝင်စားမှု၊ စသဖြင့် အတိအကျ ရွေးချယ် ကြေငြာနိုင်တာဖြစ်တဲ့အတွက် ကြောငြာစရိတ် သက်သက်သာသာနဲ့ ကြေငြာလိုတဲ့ သူတိုဆီကို တိုက်ရိုက်ကြေငြာနိုင်မှာဖြစ်ပါတယ်။ လမ်းဆုံလမ်းခွမှာရပ်ပီး ပန်ဖလက်တွေဝေတာတွေလုပ်စရာမလိုတော့ပါဘူး။

• Digital ဖိုင်များကို အကျိုးရှိရှိ အသုံးချခြင်း

Digital Marketing တွင် ပုံ၊ လှုပ်ရှားနေသောပုံ ၊ဗွီဒီယို စသဖြင့် ပုံစံမျိုးစုံကို နည်းလမ်းပေါင်းစုံဖြင့် အသုံးချပီး အကျိုးရှိရှိ ကြေငြာနိုင်ပါတယ်။ အဲ့ဒီ ဖိုင်ပုံစံမျိုးစုံကို အသုံးချပီး မိတ်ဆွေရဲ့ brand awareness တိုးပွားအောင် ဆောင်၇ွက်နိုင်ပါတယ်။ ဘလော့များနှင့် လူမှုကွန်ရက် ပို့များတွင် မြင်တွေ့နေရတဲ့ ဖိုင်ပို့စ်များဟာ Digital Media ဖိုင်တွေပဲ ဖြစ်ပါတယ်။

• Brand Optimization

ဒီဂျစ်တယ်မာ့ကတ်တင်းနည်ပညာသည် မိတ်ဆွေ၏ brand ကို တစ်ချိန်တည်းတွင် နေရာမျိုးစုံ နည်းလမ်းပေါင်းစုံဖြင့် လူပေါင်းများစွာကို ၀န်ဆောင်မှုပေးနိုင် ကြေငြာနိုင်သည့် အကျိုးကျေးဇူးကို ရရှိစေပါသည်။ Website ၊ Facebook ကဲ့သို့သော လူသုံးများသည့်လူမှုကွန်ရက်များ နှင့် SMS Marketing စသည်တို့ကို ပူးပေါင်း အသုံးပြုခြင်းဖြင့် ပိုမိုအောင်မြင် သော လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။

• သမရိုးကျ မာ့တတ်တင်းများထက် အကုန်အကျသက်သာခြင်း

ဒီဂျစ်တယ် မာ့ကတ်တင်းအတွက် သမရိုးကျ မာ့ကတ်တင်းတွေလို သိန်းပေါင်း ရာချီ သုံးပြီး အစပြုစရာမလိုပါဘူး၊ ပမာဏ အနည်းငယ်ဖြင့် စတင်နိုင်ပါတယ်။ အခမဲ့ လူမှုကွန်ရက် အကောင့်များမှပင် စတင်နိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်အများစုက Digital Marketing အသုံးပြုခြင်းသည် သမရိုးကျ မာ့ကတ်တင်း နည်းများထက် ၄၀ ရာခိုင်နှုန်း ပိုမိုထိရောက် ၍ အကုန်ကျ သက်သာကြောင်း ထောက်ခံကြပါတယ်။

ပြိုင်ဘက်များကို ကျော်တက်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ဖို့ Digital Marketing မှာ ရင်းနှီးမြုပ်နှံဖို့ မိတ်ဆွေ အဆင်သင့်ဖြစ်နေပါပီလား ?

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


50A , Pyi Yeiktha Street, 8 Quarter, Kamaryut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00