Hi Auto
23/06/2021
လေဖြတ်တော့မည့် အင်ဂျင်များ
ခုတစ်လောမှာ အတွေ့များလာ ပြုပြင်ပေးနေရပါသည်။
သတိထားမိလို့ စောစောကုရင်တော့
သက်သာရာရနိုင်ပါသေးတယ်
မသိလိုက်ရင်တော့ အလုံးချိန်းရပြီပေါ့
အင်ဂျင်စက်တစ်ခု၏ သက်တမ်းမစေ့မီ
ပျက်စီးရသော အကြောင်းတို့တွင်အင်ဂျင်ဝိုင်မှာ
အဓိက၊အရင်းခံကျသော သော့ချက်ပစ္စည်းဖြစ်သည်။
ယခင်ကားဟောင်းများလို သာမန်အင်ဂျင်ဝိုင်များထည့်၍
မောင်းခြင်းသည် အင်ဂျင်ဝိုင်ခဲခြင်း၊ အင်ဂျင်၏လိုအပ်ချက်ကို
မဖြည့်စွမ်းနိုင်၍ မောင်းမကောင်းခြင်း၊ အဆွဲ၊အရုန်းကျခြင်း၊
အိပ်ဇော ကျောက်ဇကာပိတ်ခြင်း၊ အင်ဂျင်ဝိုင်လျော့၊ခန်းခြင်း၊
ပလပ်များတာရှည်အသုံးမခံခြင်း၊ အင်ဂျင်အပူချိန်မြင့်တက်ခြင်း၊
ပို၍ဆိုးသောအခြေအနေမှာ အင်ဂျင်ဝိုင်ခဲ၊အနည်ကျပြီး အင်ဂျင်ဝိုင်
လိုင်းများကျဉ်းမြောင်းရာမှပိတ်ဆို့ပြီး အင်ဂျင်တစ်ခုလုံးသုံးမရအောင် ဆုံးခန်းတိုင် ပျက်စီးသွားနိုင်ပါသည်။
၁။ ရပ်ထားတာ ကြာနေရင်
၂။ အင်ဂျင်ပူအောင်မသုံးဖြစ်ဘဲ ဟိုနားသည်နား
ခရီးတိုလေးလောက်ဘဲသွားတာများရင်
၃။ အင်ဂျင်ဝိုင်ကို လဲသင့်ချိန်မှာမလဲလှယ်ဘဲသုံးရင်
၎။ Flushing တစ်ခါမှမလုပ်ဘူးရင်
အင်ဂျင်ဝိုင်ထည့်တဲ့ အဖုံးလေးဖွင့်ပြီး ချောင်းကြည့် လိုက်ပါ
ဂျိုးတွေမြင်နေရပြီဆို မြန်မြန်ကုပါတော့
အမျိုးအစားကောင်းမွန်သောအင်ဂျင်ဝိုင်တစ်ခု၏ လဲလှယ်ရန်
သက်တမ်းသည် မိမိတို့၏ အင်ဂျင်၏အခြေအနေပေါ်လိုက်၍
10000 kilometers နှင့်အထက်အသုံးပြုနိုင်သည်။
( သို့သော်လည်း မိမိ၏ အင်ဂျင်အခြေအနေပေါ်မူတည်သည်။ )
ဓါတ်ဆီကားများ အင်ဂျင်ဝိုင်အရောင် ညစ်လာလျှင်လဲသင့်သည်။
ဒီဇယ်ကားများ အင်ဂျင်ဝိုင်ပုံမှန်ထက် စေးပျစ်လာလျင်လဲပါ ၊
*** အရေးကြီးဆုံးက အညံ့နှင့်အကောင်းစား
တန်ကြေးကွာလွန်းတာမို့အကောင်းစားဝယ်ရင်
အတု/အတူ မမိဖို့ စိတ်ချရတဲ့နေရာမှာ ဝယ်ယူသုံးစွဲပါ။
ရွေးရခက်၊ သင့်တော်ရာ ရှာရခက်နေရင်
မိတ်ဆွေတို့၏ကားများအတွက်မှန်ကန်သော
အင်ဂျင်ဝိုင်၊ အော်တိုဝိုင်၊ ကူးလင့် များ လဲလှယ်ခြင်း
စစ်ဆေး၊ ပြုပြင်ခြင်းများအတွက်
HiAuto
50, ကမ္ဘာအေးဘုရားလမ်းမ
နဝဒေးရုပ်ရှင်ရုံရှေ့၊ လမ်းဝမီးပွိုင့်အနီး
မရမ်းကုန်း၊ ရန်ကုန်။
09 50 52455
17/04/2021
မိတ်ဆွေများအားလုံး
ယနေ့ မြန်မာနှစ်ဆန်း၁ရက်နေ့မှသည် ကျန်းမာချမ်းသာဘေးရန်ကွာ၍
လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သပါသည်။
ဆက်သွယ်တောင်းဆိုကြသောမိတ်ဆွေများအတွက်
HiAuto Service ကို ၁၈ တနင်္ဂနွေ နေ့မှစတင်၍
၀၉ ၅၀ ၅၂၄၅၅ မှာ ချိန်းဆိုဆောင်ရွက်နိုင်ပါပြီ။
22/01/2021
Special Tec AA 5W-30
ဂျပန်၊ ကိုရီးယားနဲ့ အမေရိကန်ထုတ်ကားများအားလုံးအတွက် နည်းပညာမြင့်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဆီစားနှုန်း အထူးသက်သာစေတဲ့ အမျိုးအစားဖြစ်ပါတယ်။
အကောင်းဆုံး Base Oil နည်းပညာနဲ့အတူ Additives နည်းပညာမှာ ဂျာမဏီနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးမို့ အင်ဂျင်အတွင်းပွတ်တိုက်စားမှုကို အကောင်းဆုံးကာကွယ်ပေးပါတယ်။ အင်ဂျင်ဝိုင်စားနှုန်းနဲ့ ဆီစားနှုန်း သက်သာစေပါတယ်။
အင်ဂျင်အတွင်းကို အမြဲသန့်ရှင်းနေစေပြီး အင်ဂျင်အတွင်း ဆီရောက်ရှိမှုနှုန်း အထူးမြန်ဆန်စေပါတယ်။
အရည်အသွေးများ
- အသုံးပြုစဉ်ကာလတစ်လျှောက်လုံး အင်ဂျင်ဝိုင်အရည်အသွေးကျမသွားစေခြင်း
- ပွတ်ဆွဲမှုဒဏ်ကို မြင့်မားစွာခံနိုင်ရည်ရှိခြင်း (High Shear Stability)
- အိတ်ဇောမှ လေထုညစ်ညမ်းစေသော မီးခိုးများ ထုတ်လွှတ်မှု လျော့နည်းစေခြင်း
- အင်ဂျင်အတွင်း အထူးသန့်ရှင်းနေစေခြင်း
- သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ခြင်း
- အင်ဂျင်လည်ပတ်မှု အထူးချောမွေ့စေခြင်း
- ဆီစားနှုန်း အထူးသက်သာစေခြင်း
- အင်ဂျင်သက်တမ်းကို ပိုမိုကြာရှည်လာစေခြင်း
- အင်မတန်အေးသောဒေသများအတွက်လည်း အသုံးပြုနိုင်ခြင်း
- အင်ဂျင်အစိတ်အပိုင်းများအားလုံးအတွက် လိုအပ်သောချောမွေ့မှုကို အမြဲသေချာနေစေခြင်း
- ၂၄ နာရီကာကွယ်ပေးခြင်း
- Turbo Charger ပါဝင်သောကားများအတွက် အသုံးပြုနိုင်ခြင်း
- Catalytic Converter ပါဝင်သောကားများအတွက် Catalytic System မထိခိုက်စေရန် ထုတ်လုပ်ထားခြင်း
- အင်ဂျင်ဝိုင် Pressure ကို အမြဲအကောင်းဆုံး ရရှိနေစေခြင်း
အသုံးပြုနိုင်သည့်ကားများ
အာရှနှင့် အမေရိကန်ထုတ် ကားအမှတ်တံဆိပ်များအားလုံးအတွက် ဂျာမဏီနိုင်ငံရဲ့ နည်းပညာအမြင့်ဆုံး စက်ချောဆီဖြစ်ပါသည်။ Multi-Valve နည်းပညာပါဝင်သော ကားများ၊ တာဘိုချာဂျာ ပါဝင်သောကားများ၊ Air Cooling ပါဝင်သော ကားများအားလုံးအတွက် အသုံးပြုသင့်ပါသည်။
ကီလိုများများ အသုံးပြုလိုသူများနှင့် Heavy Duty အသုံးပြုရန် လိုအပ်သောသူများအတွက်လည်း အထူးသင့်လျော်ပါသည်။
Brand New ကားပိုင်ရှင်များ၊ GM dexos1 Gen 2 ကို ရှာဖွေနေသည့် ကားပိုင်ရှင်များ၊ Ford WSS-M2C 946-A နှင့် 946-B1 လိုအပ်သည့် ကားအသစ်များ၊ Toyota, Suzuki, Mazda, KIA, Nissan, Honda, Hyundai အစရှိသည့် အာရှနှင့် အမေရိကန်ထုတ် မော်ဒယ်မြင့် ကီလိုနည်းသေးသည့် ကားအားလုံးအတွက် အထူးသင့်လျော်ပါသည်။
Special Tec AA 5W-30 အသုံးပြုပြီး အင်ဂျင်ဝိုင်စားနှုန်း နည်းသည့် ကားအားလုံး (ကီလို 2000 လျှင် အင်ဂျင်ဝိုင် (၁) လီတာအောက်လျော့သည့်ကားများအားလုံး) ကီလို 200,000 ကျော်သော်လည်း ဆီစေးပျစ်အားမပြောင်းလဲဘဲ ဆက်လက်အသုံးပြုသွားနိုင်ပါသည်။
API အရည်အသွေးသတ်မှတ်ချက်မှာ နောက်ဆုံးနဲ့ အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ API SP နှင့် ILSAC GF-6A ရရှိထားသော နည်းပညာမြင့် စက်ချောဆီဖြစ်ပါသည်။
Km (10,000) အထိ အသုံးပြုနိုင်ပါသည်။
Click here to claim your Sponsored Listing.
Telephone
Website
Address
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |