Mr.Linuxer
31/12/2021
🎆HAPPY NEW YEAR 2022🎆
Wishing you a joyous holiday season and a happy, successful and peaceful New Year🌟✨🌟✨🌟
31/12/2021
A deep dive into an NSO zero-click iMessage exploit: Remote Code Ex*****on
https://googleprojectzero.blogspot.com/2021/12/a-deep-dive-into-nso-zero-click.html?fbclid=IwAR24Ac9-XZ9w3mNrMh9tro_rYdyxxqeHh8XLM9rwGW_sNovoGjg4FhV5D1E
A deep dive into an NSO zero-click iMessage exploit: Remote Code Ex*****on Posted by Ian Beer & Samuel Groß of Google Project Zero We want to thank Citizen Lab for sharing a sample of the FORCEDENTRY exploit w...
15/01/2021
Security Alert:Takeover Domain Controller (CVE-2020-1472)
Active Directory Domain Controller အဖြစ်အသုံးပြုတဲ့ Widows Server တွေမှာ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး၊ အလွန်စိုးရိမ်ဖွယ်ရာ အနေအထားအဖြစ် CVSS Score 10.0 ရှိတဲ့ Zerologon (CVE-2020-1472) လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်ပေါ်ထွက်လာတာ အခုဆိုရင် ၃ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအားနည်းချက်ဟာ Domain Controller အဖြစ်အသုံးပြုတဲ့ Windows Server 2008 R2 ကနေစပြီး၊ ကျန် Version အားလုံးနီးပါးမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ Attacker ဟာ အဆိုပါ အားနည်းချက်နဲ့သက်ဆိုင်တဲ့ Exploit ကို အသုံးပြုပြီး Domain Controller အား အလုံးစုံထိန်းချုပ်ခွင့်ရရှိအောင် ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ NSA ရဲ့ ထုတ်ပြန်ချက်အရ ဒီအားနည်းချက်ဟာ State-sponsored hackers တွေအနေနဲ့ လတ်တလောမှာ ပစ်မှတ်ထားတိုက်ခိုက်တဲ့ ထိပ်တန်းဆိုက်ဘာလုံခြုံရေးဆိုင်ရာ အားနည်းချက်တစ်ခုလည်းဖြစ်ပါတယ်။
Active Directory Domain Controller အဖြစ်အသုံးပြုတဲ့ Windows Server တွေမှာ အဆိုပါအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့အတွက် Microsoft ရဲ့ August 2020 Security Patches ကို Install ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Team MrLinuxer ရဲ့ လေ့လာတွေ့ရှိချက်အရ အချို့သော အဖွဲ့အစည်းတွေမှာ အဆိုပါအားနည်းချက်နဲ့ ပတ်သက်ပြီး လုံးဝပြင်ဆင်မှုမရှိသေးတာကို တွေ့ရှိရပါတယ်။ လက်ရှိအချိန်မှာ သူနဲ့သက်ဆိုင်တဲ့ Proof-of-Concept Exploit Code ဟာလည်း အလွယ်တကူရရှိနေပြီဖြစ်တဲ့အတွက်၊ အစိုးရဝန်ကြီးဌာနတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ စစ်ဆေးပြင်ဆင်နိုင်စေဖို့အတွက် Team MrLinuxer က အသိပေးနှိုးဆော်လိုက်ရပါတယ်။
Affected Products
- Windows Server 2008 R2 for x64-based Systems Service Pack 1
- Windows Server 2008 R2 for x64-based Systems Service Pack 1 (Server Core installation)
- Windows Server 2012
- Windows Server 2012 (Server Core installation)
- Windows Server 2012 R2
- Windows Server 2012 R2 (Server Core installation)
- Windows Server 2016
- Windows Server 2016 (Server Core installation)
- Windows Server 2019
- Windows Server 2019 (Server Core installation)
- Windows Server, version 1903 (Server Core installation)
- Windows Server, version 1909 (Server Core installation)
- Windows Server, version 2004 (Server Core installation)
/Team MrLinuxer
09/01/2021
Digital Intelligence ဖြင့် ဘရာဇီးမူးယစ်ဂိုဏ်အား ဖြိုခွင်းခြင်း - အပိုင်း ( ၃ )
နောက်ထပ် ၅ နှစ်မှာ CGPRE ကိုဘယ်လိုပုံစံနဲ့မြင်ချင်လဲလို့ မေးတဲ့အခါမှာတော့ Secco က ဘရာဇီးရဲတပ်ဖွဲ့အတွက် မျိူးစေ့ချပေးခဲ့ပြီးပြီဖြစ်လို့ နောက်နောင်မှာလဲ သူ့ရဲ့အဖွဲ့ဝင်တွေဟာ ငွေကြေးခဝါချတဲ့အမှုတွေကို ယခုထက်ပိုကောင်းအောင် လုပ်ဆောင်လာနိုင်မှာဖြစ်တယ်။ တကယ့်ရည်မှန်းချက် ပန်းတိုင် ၃ ခုကတော့ လက်ရှိလုပ်ဆောင်နေတာတွေအားလုံးကို ဒါ့ထက်ပိုပြီး အဆင့်မြှင့်တင်သွားပြီး ရာဇဝတ်မှုနဲ့ဆက်စပ်သမျှ အားလုံး ဖမ်းဆီးနိုင်ဖို့ ၊ ပိရမစ်ထိပ်ပိုင်းက ခေါင်းဆောင်တွေပိုဖမ်းမိဖို့ ၊ ဘရာဇီးနိုင်ငံပြင်ပကနေ ကိုယ်နိုင်ငံကိုယ့်လူမျိူးအတွက် ကပ်ရောဂါတစ်ခုလို ဒုက္ခပေးနေတဲ့အမှုတွေအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းအောင်လုပ်ဖို့ ဉီးတည်သွားမယ်။
အဖွဲ့မှာ လူအင်အားက အကန့်အသတ်ရှိနေပင်မဲ့ Digital Technology ရဲ့အကူအညီကြောင့် သူရဲ့တပ်ဖွဲ့ဝင်တွေအတွက် အချိန်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို မျှမျှတတဖြစ်အောင်ဆောင်ရွက်ဖို့ အများကြီးအထောက်အကူဖြစ်စေတယ်။ ၂၀၂၁ မှာ နောက်ထပ်ခြေလှမ်းအနေနဲ့ အဖွဲ့ဝင်အချင်းချင်း အချိတ်ဆက်မိမိ လုပ်ဆောင်သွားနိုင်မယ့်အပိုင်းကို လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားတယ်။ အခုချိန်ထိတော့ CGPRE အဖွဲ့အနေနဲ့ အမှုတွေကို နှိုင်းယှဉ်ကြည့်တာနဲ့ ဦးစားပေးအဆင့်အတန်းခွဲတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်။ အခုနှစ်သစ်မှာတော့ Cellebrite Pathfinder သုံးပြီးတော့ အားလုံးကို ချိတ်ဆက်နိုင်အောင်လုပ်ဆောင်သွားမယ်။ ဒါမှ အစိုးရအေးဂျင့်တွေအတွက် အချက်အလက်တွေ မျှဝေတာအပြင် အချိန်နဲ့တပြေးအမှုတွေကို ဖော်ထုတ်ဖို့လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်။ အဖွဲ့ဝင်တွေကို စီမံခန့်ခွဲရတာမှာလည်း ပိုပြီးလွယ်ကူသွားမယ်လို့ထင်တယ်။
Secco အနေနဲ့ တစ်နေ့မှာ သူအနားယူသွားသည့်တိုင်အောင် သူမျိုးစေ့ချပေးခဲ့တဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ နောင်အနာဂတ်မှာ ပိုတောင့်တင်းခိုင်မာလာမယ်လို့ယုံကြည်တယ်။ ငွေကြေးခဝါချတာတွေကိုဖမ်းဆီးဖို့က လုံးဝရပ်တန့်လို့မရပါဘူး။ ဆက်လုပ်ကိုလုပ်ရမယ်။ နောင် ၅ နှစ်မှာ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ချမှတ်ခဲ့တဲ့ ဦးတည်ချက် ၃ ရပ်လဲ ပြည့်မီမယ်လို့ထင်တယ်။ ဘရာဇီးရဲတပ်ဖွဲ့အနေနဲ့ကလည်း ဒီမူးယစ်ဂိုဏ်းတွေအင်အားချည့်နဲ့သွားအောင် လုပ်ဖို့၊ ဘရာဇီးနိုင်ငံအတွက်ရော နိုင်ငံတကာအတွက်ပါ လုပ်နိုင်မယ်လို့ယုံကြည်နေတယ်။ နည်းပညာကတော့မရှိမဖြစ်ပေါ့။ နည်းပညာရဲ့အကူအညီမပါဘဲ ဒီဂိုဏ်းတွေကို ဖြိုခွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘရာဇီးရဲတပ်ဖွဲ့မှာ လူ့စွမ်းအားအရင်းအမြစ်နည်းတယ်။ ဒ့ါကြောင့် စုံစမ်းစစ်ဆေးမှုတွေအတွက် နည်းပညာလိုအပ်တယ်။ မူးယစ်ရာဇာတွေကိုဖမ်းမိဖို့ နည်းပညာလိုသလို၊ နည်းပညာသုံးပြီးရယူထားတဲ့ အချက်အလက်တွေရပြီဆိုရင်၊ အဲ့ဒီအချက်အလက်တွေသုံးပြီး နောက်ထပ် စုံစမ်းမှုတွေလုပ်ဖို့လည်း လိုသေးတယ်။
အဖွဲ့ဝင်တွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး၊ အရှိန်ကောင်းကောင်း
စိတ်အားထက်ထက်သန်သန်နဲ့လိုက်လုပ်နိုင်ဖို့ကလည်း သင်တန်းပေးဖို့ကအရေးပါလာပြန်တယ်။ မူးယစ်ရာဇာတွေကလည်း ပိုပြီးအဆင့်မြှင့်တဲ့ နည်းပညာတွေသုံးပြီး၊ သူတို့ရဲ့ တရားမဝင်ငွေတွေ၊ လမ်းကြောင်းတွေကို ဖုံးဖိထားမှာဖြစ်လို့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သူတို့ထက် ခေါင်းတလုံးပိုသာနေဖို့လိုတယ်။
Secco ကို နေ့တိုင်းအလုပ်လုပ်ဖို့အတွက် ဘယ်အရာကတွန်းအားဖြစ်စေသလဲလို့လို့ မေးတဲ့အခါမှာတော့ " ငါ့မှာအိပ်မက်တစ်ခုရှိတယ်။ ကိုယ့်အတွက်ကိုအကောင်းဆုံးလုပ်ဖို့နဲ့ တိုင်းပြည်အတွက်အကောင်းဆုံးလုပ်ပေးဖို့က တွန်းအားလဲဟုတ်သလို အိပ်မက်လဲဟုတ်တယ်။ မူးယစ်အဖွဲ့ကြီးကြီးကိုတွေ့ပြီး သူတို့ရဲ့ ခေါင်းဆောင်ကြီးကြီးကိုဖမ်းလိုက်နိုင်တဲ့အခါ၊ ကိုယ်လုပ်ခဲ့တာတွေက တကယ်လက်တွေ့ဖြစ်လာတယ်လို့ မြင်လာတယ်။ အဲ့ဒါက ငါအတွက် တွန်းအားပဲ"
P.S.Millions In Assets Seized as Brazil’s Federal Police Turn Their Attention To Taking Down Drug-Smuggling Kingpins ဆောင်းပါးအား သင့်လျော်အောင် ပြန်ဆိုခြင်းဖြစ်သည်။
/Team MrLinuxer
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| 09:00 - 17:00 |