Green Tech

Green Tech

Share

08/11/2024

Green Technology Engineering Co., Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းများခေါ်ယူခြင်း (၂၂.၁၁.၂၀၂၄) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရန်

၁။ ---> မ (၂) ဦး

🔹ဘွဲ့ရရှိသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ နှင့် တက္ကသိုလ်တက်ရောက်နေစဉ် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနားထားသူ၊ ကျောင်းကိစ္စကင်းရှင်းသူများ လျှောက်ထားနိုင်သည်။

🔹ကွန်ပျူတာအခြေခံ တတ်မြောက်ထားသူဖြစ်ပြီး အသက် (၃၀) နှစ်အောက်ဖြစ်ရမည်။

🔹အရောင်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် နှင့်အထက်ရှိရမည်။

🔸IT, Mobile & Electronic နှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများအား ဈေးကွက်အသစ်ရှာဖွေရောင်းချခြင်း၊ Dealer များထံသို့ ရောင်းချခြင်း၊ Dealer များထံမှ အရောင်း Order များကို တယ်လီဖုန်းဖြင့်လက်ခံခြင်းနှင့် အချိန်မှီပို့ဆောင်နိုင်ရန် စီမံခြင်းတို့ကို ဆောင်ရွက်ရမည်။

🔸သတ်မှတ်ထားသောရောင်းအားပြည့်မှီအောင် ရောင်းချခြင်းဆောင်ရွက်ရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

၂။ မ ---> (၂) ဦး

🔹B.com (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ပြီး ACCA (သို့) LCCI Level (III) အောင်မြင်ပြီးသူဖြစ်ရမည်။

🔹Computerized Accounting Software ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်ပြီး အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။

🔹စာရင်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် နှင့်အထက်ရှိရမည်။

🔹နေ့စဉ် အရောင်းပြေစာများ၊ အသုံးစရိတ်များ၊ ငွေလက်ကျန်စာရင်းများ စာရင်းသွင်းထားမှုအခြေအနေကို စစ်ဆေး ပေးရမည်။

🔸ရရန်ရှိစာရင်းများ၊ ပေးရန်ရှိစာရင်းများ၊ ငွေဝင်/ငွေထွက် စာရင်းနှင့် ကုန်ပစ္စည်းစာရင်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ရမည်။

🔸စာရင်းနှင့်ပတ်သက်သည့် လုပ်ငန်း Operation ကိစ္စများ၊ ပုံသေပိုင်းပစ္စည်းဆိုင်ရာ စာရင်းသွင်းပြုစုခြင်း ဆောင်ရွက် နိုင်ရမည်။

🔸ကုန်သွယ်ခွန်၊ ဝင်ငွေခွန်နှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ခြင်းများလုပ်နိုင်ရမည်။ Accounting Software အသုံးပြုပြီး လချုပ်/နှစ်ချုပ် စာရင်းများရေးဆွဲနိုင်ရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

၃။ မ ---> (၂) ဦး

🔹ဘွဲ့ရရှိသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ နှင့် တက္ကသိုလ်တက်ရောက်နေစဉ် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနားထားသူ၊ ကျောင်းကိစ္စကင်းရှင်းသူများ လျှောက်ထားနိုင်သည်။

🔹LCCI Level (I), (II) အောင်မြင်ပြီးသူ၊ Computerized Accounting Software အခြေခံတတ်မြောက်ထားသူဖြစ်ရမည်။

🔹စာရင်းပိုင်းနှင့် ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၆) လ ရှိသူဖြစ်ပြီး အသက် (၂၈) နှစ်အောက် ဖြစ်ရမည်။

🔸Accounting Software အသုံးပြုပြီး အရောင်းဘောင်ချာများကို စာရင်းသွင်းခြင်း၊ ရရန်ရှိစာရင်းများကို Follow Up လိုက်ပြီး ငွေကောက်ခံခြင်းများဆောင်ရွက်ရမည်။

🔸နေ့စဉ်ငွေစာရင်းစာအုပ်တွင် ငွေဝင်/ငွေထွက်စာရင်းများ Update စာရင်းသွင်းပေးရမည်။ နေ့စဉ် ကုန်ပစ္စည်းလယ်ဂျာ စာရင်း လက်ကျန်နှင့် ကွန်ပျူတာစာရင်းလက်ကျန်တိုက်ဆိုင် စစ်ဆေးပေးရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

၄။ ---> မ (၂) ဦး

🔹ဘွဲ့ရရှိသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ နှင့် တက္ကသိုလ်တက်ရောက်နေစဉ် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနားထားသူ၊ ကျောင်းကိစ္စကင်းရှင်းသူများ လျှောက်ထားနိုင်သည်။

🔹ကွန်ပျူတာအခြေခံ ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်ပြီး အသက် (၂၈) နှစ်အောက်ဖြစ်ရမည်။

🔹ငွေကြေးကိုင်တွယ်ခြင်းအပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၆)လ နှင့်အထက်ရှိရမည်။

🔸နေ့စဉ် ငွေဝင်၊ ငွေထွက် စာရင်းများကို Cashbook တွင်စာရင်းရေးသွင်းခြင်း၊ Bank တွင်ငွေသွင်း၊ ငွေထုတ် ပြုလုပ်ခြင်းများဆောင်ရွက်ရမည်။

🔸Customer များထံမှ ရရန်ရှိ Cash များလိုက်လံကောက်ခံခြင်းလုပ်ငန်းများဆောင်ရွက်ရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

၅။ ---> ကျား (၂) ဦး

🔹အခြေခံပညာအရည်အချင်းအလယ်တန်းအဆင့်ရှိသူ၊ ကျန်းမာသန်စွမ်းပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။ အသက် (၂၅) နှစ်အောက်ဖြစ်ရမည်။

🔹လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။

🔸IT, Mobile & Electronic နှင့်ဆက်စပ်သည့် ကုန်ပစ္စည်းများကို ထိခိုက်ပျက်စီးမှုမရှိအောင် တင်/ချ ပြုလုပ်ပေးခြင်း၊ အရောင်းကားနှင့်လိုက်ပါ၍ ပစ္စည်းများလိုက်လံသယ်ယူပို့ဆောင်ခြင်း၊ ရောင်းကုန်ပစ္စည်းများရောက်ရှိလျှင် ဂိုထောင်သို့ သယ်ယူနေရာချထားပေးခြင်းများ ပြုလုပ် ဆောင်ရွက်ရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

၆။ ကျား (၂) ဦး

🔹အခြေခံပညာအရည်အချင်းအလယ်တန်းအဆင့်ရှိသူဖြစ်ပြီး အသက် (၂၅) နှစ် မှ (၄၀) နှစ် အတွင်းဖြစ်ရမည်။

🔹လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် နှင့်အထက်ရှိရမည်။

🔸ဘယ်/ညာမောင်း နှင့် Auto ၊ Manual (၂) မျိုးလုံးကို ကျွမ်းကျင်သူဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာမောင်းနှင်နိုင်သူဖြစ်ရမည်။

🔰အတွေ့အကြုံ၊ အရည်အချင်းတာဝန်ယူနိုင်မှုပေါ်မူတည်ပြီး (စုစုပေါင်းလစာ ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကျော် ခံစားခွင့်ရှိမည်။)

- အထက်ဖော်ပြပါ ရာထူးများအတွက် လျှောက်ထားလိုသူများသည်

၁။ စည်းကမ်းစနစ်ရှိစွာ အကျင့်စာရိတ္တကောင်းမွန်စွာဖြင့် နေထိုင်တတ်သူဖြစ်ရမည်။

၂။ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး အလုပ်ကိုဦးစားပေး၍ ရိုးသားကြိုးစားစွာ လုပ်ကိုင်လိုသူဖြစ်ရမည်။

၃။ အစမ်းခန့်ကာလ (၃) လ လုပ်ကိုင်ရမည်ဖြစ်ပြီး လုပ်ငန်းနှင့်ကိုက်ညီမှုရှိသည့် စွမ်းဆောင်ရည်ကောင်းမွန်သည့် သူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်မည်ဖြစ်သည်။

၄။ နေ့စဉ်ပုံမှန်ရုံးတက်ချိန်မှာ နံနက် (၉:၀၀) မှ ညနေ (၅:၃၀) နာရီဖြစ်သည်။ အချိန်ပိုဆင်းရန်မလိုပါ။

၅။ တစ်ပတ်လျှင် တနင်္ဂနွေနေ့နားရက် တစ်ရက် နှင့် အများပြည်သူရုံးပိတ်ရက် (အစိုးရရုံးပိတ်ရက်) အတိုင်းနားရက် ခံစားခွင့်ရရှိမည်။ အဆိုပါနားရက်မှအပ အခြားရက်များအားလုံး လုပ်ငန်းခွင်ဝင်ရပါမည်။

-လျှောက်ထားလိုသူများသည် ဓါတ်ပုံ (၁) ပုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (မိမိလျှောက်ထားလိုသောရာထူးနှင့် ဖုန်းနံပါတ် ထည့်ပေးရန်)၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ နှင့် သန်းခေါင်စာရင်း မိတ္တူများဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

-အသေးစိတ်အချက်အလက်များကို သိရှိလိုပါက HR Department Hotline 09 31 833 444 သို့ နံနက် (၉) နာရီခွဲ မှ ညနေ (၅) နာရီ အထိ တနင်္ဂနွေနေ့မှအပ စုံစမ်းမေးမြန်းနိုင်ပါသည်။

- လျှောက်ထားရန်လိပ်စာ...
Green Tech Showroom & Service Center
အမှတ် (၅၀၉) ၊ အောက်ပုဇွန်တောင်လမ်းမကြီး၊
ညောင်တန်းအိမ်ရာရှေ့၊ (၅)ရပ်ကွက်၊
ပုဇွန်တောင်မြို့နယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon