Fit Zone
02/05/2026
🍀 Yoga ကို in person လည်းကျင့်ချင်တယ် 🧘♀️🧘🏼 ဒါပေမဲ့ လတ်လောဖြစ်ပေါ်နေတဲ့ စုံ/မ ကိစ္စတွေကြောင့် အဆင်မပြေဘူး… 😔
🍀 Yoga ကို ဆရာ/ဆရာမတွေနဲ့ပဲ အနီးကပ်သင်ချင်တာ ဒါပေမဲ့ လက်ရှိဆီအခက်အခဲတွေကြောင့် အဆင်မပြေဘူး… 😔
ဒါကြောင့် ကိုယ်ထိန်းချုပ်လို့မရတဲ့ ပြင်ပကအခက်အခဲတွေကြောင့် ဘာမှစိတ်မပူနဲ့တော့နော် ☺️
Fit Zone ရဲ့ Online Class လေး “May” လအတွက် ပြန်ဖွင့်ပါပီရှင့် 🥰
🗓️ (5.5.2026) to (28.5.2026)
Tuesday/ Wednesday/ Thursday
⏰ 7:00 pm to 8:00 pm (Myanmar Time)
💸 100,000 per month (12 times)
🙏❝ ကဆုန်လပြည့် ဗုဒ္ဓနေ့ ❞🙏
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။
🔥☀️🌞ရာသီဥတု ပူအိုက်လို့ အစားပျက်၊ အချိုရည်တွေပဲသောက်ပြီး လေ့ကျင့်ခန်းတွေပါ မလုပ်ဖြစ်တော့လို့ ကျန်းမာရေးထိခိုက်မှာ စိုးတယ်ဆိုရင် ဒီ video လေးကို ကြည့်ပေးသွားပါနော်။
🍽️🍱🍏🍎ဘာတွေ စားမလဲ၊ energy ပြည့်အောင် ဘာတွေ သောက်လို့ရလဲ၊
ရာသီဥတုနဲ့ ကိုက်ညီတဲ့ yoga လေ့ကျင့်ခန်းကို ဘယ်လိုလုပ်မလဲဆိုတာ မျှဝေထားပါတယ်။
17/04/2026
မြန်မာတို့ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့🙏
16/04/2026
မြန်မာတို့ရဲ့💦မြန်မာနှစ်သစ်ကူး သင်္ကြန် အတက်နေ့ 💦
15/04/2026
မြန်မာတို့ရဲ့💦မြန်မာနှစ်သစ်ကူး သင်္ကြန် အကြတ်နေ့ 💦
14/04/2026
မြန်မာတို့ရဲ့💦မြန်မာနှစ်သစ်ကူး သင်္ကြန် အကျနေ့ 💦
13/04/2026
မြန်မာတို့ရဲ့💦မြန်မာနှစ်သစ်ကူး သင်္ကြန် အကြိုနေ့ 💦
💦မြန်မာတို့ရဲ့ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်💦
❤️Special thanks Ak Art Village(Hmawbi)❤️
01/04/2026
📣 ပူအိုက်တဲ့ နွေရာသီမှာ ရေများများသောက်ရမယ်ဆိုပေမယ့်… လိုအပ်တာထက် ပိုသောက်ရင်လည်း အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိပါသလား? 😳💧
🥵 တစ်နေ့ထက် တစ်နေ့ ရာသီဥတု အပူချိန်တွေ မြင့်တက်လာတာနဲ့အမျှ နေ့စဉ် လှုပ်ရှားသွားလာနေရသူများမှာ အပူဒဏ်ကြောင့် ချွေးထွက်များပြီး၊ မောပန်းနုံးချိမှုတွေ ခံစားကြရပါတယ်။
ဒါကြောင့် ရေဓာတ်ပြန်ဖြည့်ဖို့၊ အပူဒဏ် သက်သာဖို့ ရေနဲ့ ဓာတ်ဆားရည် အပါအဝင် အရည်အမျိုးမျိုးကို ခါတိုင်းထက် ပိုသောက်ကြရပါတယ်။
📣 ဒီ post လေးမှာ “နွေရာသီမှာ တစ်နေ့တာအတွက် ရေဘယ်လောက်သောက်ရမလဲ” ဆိုတာ မျှဝေပေးသွားပါမယ်။
💧 လူတစ်ဦးချင်းစီရဲ့ body weight, lifestyle နဲ့ အလုပ်အကိုင် သဘာဝပေါ် မူတည်ပြီး ရေလိုအပ်တဲ့ ပမာဏ မတူကြပါဘူး။ body weight များတဲ့သူ၊ နေပူမှာ လှုပ်ရှားသွားလာရတဲ့သူနဲ့ အားကစားလေ့ကျင့်ခန်း လုပ်တဲ့သူ၊ ဝမ်းချုပ်လေ့ရှိသူတွေက တခြားသူများထက် ရေပိုသောက်ဖို့ လိုပါတယ်။
🚫ကျောက်ကပ်၊ နှလုံးရောဂါနဲ့ ခန္ဓာကိုယ် ဖောယောင်နေသူများကတော့ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်းပဲ သောက်ရပါမယ်🚫
💧ဒါဆို ပုံမှန်ကျန်းမာနေတဲ့သူတစ်ယောက်က ပူအိုက်တဲ့အချိန်မှာ ရေဘယ်လောက် သောက်ရမှာလဲ။
💧လူတစ်ဥိးချင်းစီအတွက် လိုအပ်တဲ့ ရေပမာဏကို Body weight in kg × 30–35 ml လို့ အကြမ်းဖျင်း တွက်လို့ရပါတယ်။
ဥပမာ –
60 kg = 60 x 30-35 = 1.8L – 2.1L
70 kg = 70 x 30-35 = 2.1L – 2.5L
☀️ ပူတဲ့ရာသီ သို့မဟုတ် gym/yoga/ cardio နဲ့ အခြားသော exercise တွေလုပ်ရင်တော့ ချွေးထွက်နှုန်းပေါ်မူတည်ပြီး 500 ml – 1L ထပ်တိုးသောက်ပါ (ဓာတ်ဆားရည်ဟာလည်း တစ်နေ့တာ သောက်တဲ့ ရေပမာဏထဲမှာ ပါဝင်ပါတယ်)
⁉️ဒါဆို ရေသောက်တာ လိုအပ်တာထက် များသွားရင် ဘာဖြစ်နိုင်လဲ ⁉️
– Electrolyte imbalance (ရေနဲ့ ဆားဓာတ် ပမာဏ မညီမျှခြင်း)
– ရေပမာဏကများပြီး၊ sodium နဲ့ potassium ပမာဏ ကျသွားတာကြောင့် (hyponatremia & hypokalemia) ခေါင်းမူးတာ၊ ပျို့အန်တာ၊ ကြွက်သားများ နုံးကာ ခြေလက်မသယ်ချင်တာ၊ မလှုပ်ရှားချင်တာတွေ ဖြစ်တတ်ပါတယ်။
– အဲ့ထက်ဆိုးလာရင်တော့ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
🔔🔔🔔 ဒါကြောင့်မို့
✅ Thirst ကို နားထောင်ပါ - ရေဆာတယ်လို့ ခန္ဓာကိုယ်က အချက်ပြတာကို သိအောင်လုပ်ပါ
✅ Urine color ဆီးအရောင်က အဝါဖျော့ဖျော့ဆိုရင် ရေဓာတ်လုံလောက်တယ်လို့ သိရပါမယ်
⚖️ ဘယ်အရာမဆို Balance ဖြစ်ဖို့က အရမ်း အရေးကြီးပါတယ် 💛
💙 ဒီ post လေးကို Save လုပ်ထားပြီး၊ နေ့တိုင်း water intake ကို check လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော် 💙
သိချင်တာရှိရင်လည်း comments or chat box မှာ မေးလို့ရပါတယ် 🫶
အားလုံး ကျန်းမာဘေးကင်းကြပါစေရှင် ♥️🙏🏻♥️
အိမ်မှာ ခုံလေးတစ်ခုရှိရုံနဲ့ ဒီလို Chair Yoga Pose လေးတွေ လေ့ကျင့်လို့ရပါပီ
Click here to claim your Sponsored Listing.
Category
Website
Address
11011