Movie Mm Sub
22/01/2024
Incantation [2022]
IMDB (6.5/10)
Netflix က ဖြန့်ချီပြီး 2022 ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေအကောင်းဆုံးနဲ့ Horror ကားထဲအကောင်းဆုံးကားလဲ ဖြစ်ပါတယ်
လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်
အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်
စောင့်ကြည့်ကာလဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်
သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း
Link - https://t.me/mvworld110/1541
#မြန်မာစာတန်းထိုး #သရဲကား
22/01/2024
The Gray Man (2022) အသစ်စက်စက် -
IMDB (7/10)
Netflix ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်၊ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ၊ အဗန်ဂျာဒါရိုက်တာတွေပေါ့
ဒီကားထဲမှာ Hollywood နာမည်ကြီးသရုပ်ဆောင်တွေများစွာနဲ့ Tamil သဘာဝမင်းသား Dhanush ပါ ပါဝင်သရုပ်ဆောင်ထားလို့ လက်မလွှတ်မိဖို့ အကြံပေးပါရစေ
ဇာတ်လမ်းအကျဉ်းကတော့ ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာလုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်
အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်၊ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်
သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိုက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ
သူတို့နှစ်ယောက် စိန်ပြေးတမ်းကစားကြရင် တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါပဲ crd
Link -https://t.me/mvworld110/1548?single
#မြန်မာစာတန်းထိုး #သရဲကား
17/01/2024
Evil Dead Rise (2023)
Evil Dead ဆိုတာ ဟော်ရာရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ ဟောဒီရုပ်ရှင်ကတော့ Evil Dead ရဲ့ ၅ ကားမြောက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ကျန်တဲ့လေးကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပြီးပါပြီ။ ဒါရိုက်တာ Lee Cronin ဟာ အရင်က The Hole in the Ground ဆိုတဲ့ဟော်ရာကားတစ်ကားလောက်ပဲ ကြီးကြီးမားမားရိုက်ဖူးပေမဲ့ ဒီ Evil Dead ရုပ်ရှင်မှာတော့ ရှားရှားပါးပါး IMDb - 7.1/10 ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ The Hole in the Ground ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်က အစတုန်းက HBO Max ကနေ ပြဖို့လောက်ပဲ စီစဉ်ထားပေမဲ့ အကြိုပွဲတွေမှာအရမ်းကို လူကြိုက်များလွန်းတာကြောင့် ရုံတင်ဖို့ဆုံးဖြတ်လိုက်ရတဲ့အထိ ဖြစ်သွားတာပါ။ မူရင်းသုံးကားမှာအဓိကပါဝင်ခဲ့တဲ့ မင်းသား ဘရုစ်ကမ်းဘဲ မပါဝင်တော့ပေမဲ့ သူ့အသံကိုတော့ အသံဖမ်းတိတ်ခွေတစ်နေရာမှာ ထည့်သွင်းအသုံးပြုပေးထားသလို အရင်ရုပ်ရှင်တွေထဲက ကြောက်စရာအကောင်းဆုံး စကားလုံးတွေကိုလည်း ပြန်လည်ထည့်သွင်းပေးထားပါတယ်။
အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူးပညာရှင် တစ်ကိုယ်ရည်မိခင် ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာနည်းပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကိုလာလည်တဲ့အချိန်မှာပဲ Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ်ကြီးကို ကလေးတစ်ယောက် မတော်တဆတွေ့သွားပြီး မိစ္ဆာတွေလွတ်မြောက်လာတဲ့အခါ...
ဒီမိသားစု ၅ ယောက်ဘယ်သူတွေသေပြီး ဘယ်သူတွေဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ရမလဲ တွေ့ရပါလိမ့်မယ်
Link - https://t.me/mvworld110/1485
#သရဲကား #မြန်မာစာတန်းထိုး
17/01/2024
KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။
ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။
တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။
ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။
ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။
ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။
မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။
ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။
(မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။)
ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက "ပိုမို ရှည်လျားသော ပိုမို ကြောက်စရာကောင်းသော" လို့ အဓိပ္ပါယ်ရပါတယ်။
မူရင်းဇာတ်လမ်းကို မိနစ်၄၀ ပိုဖြည့်ပေးထားပြီး အရင်ဇာတ်လမ်းမှာတုန်းက ပရိသတ်မရှင်းမလင်းဖြစ်ရတဲ့အကြောင်းအရာတွေကိုဖြည့်စွက်ပေးထားတယ်
ဇာတ်လမ်းကိုမူရင်းအရေးအသားနဲ့ပိုတူအောင်အားဖြည့်ထားတယ် ... တည်းဖြတ်မှုတွေကလဲ မူရင်းထက် ပိုကောင်းလာတာကြောင့် မကြည့်ရသေးသူတွေရော ကြည့်ရှုပြီးသူတွေအတွက်ပါ ပိုပြီးပြည့်စုံတဲ့ဇာတ်လမ်းပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။
Link - https://t.me/mvworld110/1487
#မြန်မာစာတန်းထိုး #သရဲကား
16/01/2024
Reality (2023)
အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန် တွေဟာ Whistleblower တွေကို အတော်လေး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း
Reality Winner (နာမည်ရင်း) ကလည်း အဲဒီ အမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက် ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ် ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ် ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက် ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေး ဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီ ဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချ တဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။
Link - https://t.me/mvworld110/1472?single
#မြန်မာစာတန်းထိုး
16/01/2024
Snowden (2016)
ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖိုကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။
ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။
မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။
နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို အဆုံးထိကြည့်ဖိုလည်း မမေ့ပါနဲ့လို။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။
Link - https://t.me/mvworld110/1474
#မြန်မာစာတန်းထိုး
16/01/2024
18+] Healing Mate (2014) Uncut Version
Dark Side Production မှတင်ဆက်သည်။
ကိုရီးယား 18+ Erotic ဇာတ်လမ်းဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ကျကျနနနဲ့ တင်ဆက်ထားတာပါ။
Uncut Version ဖြစ်တာနဲ့အညီ ဇာတ်လမ်းသွားလဲ ရှည်ကြာပြီး ၂ နာရီကျော်ကြာမြင့်ပါတယ်။
အချစ်နဲ့ရမ္မက်တွေကြားက မေတ္တာတရားအကြောင်းတွေကို ပုံဖော်ထားပြီး မင်းသမီးတွေလဲ လန်းတယ်လို့ဆိုရပါမယ်။
ဇာတ်လမ်းကိုပံ့ပိုးသရုပ်ဆောင်ရာမှာ ကွက်ကွက်ကွင်းကွင်းတွေဖြစ်နေတာမို့ မိသားစုနဲ့မကြည့်သင့်သလို Not4Kid ဇာတ်ကားလဲဖြစ်ပါတယ်။
Movie Link - https://t.me/mvworld110/1446
#မြန်မာစာတန်းထိုး
15/01/2024
Stigmatized Properties (2020)
====================
ဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။
Movie Link - https://t.me/mvworld110/1417
#သရဲကား
15/01/2024
12th Fail (2023) "ရိုးဂုဏ်"
IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။
Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး..
Movie link - https://t.me/mvworld110/1424
ြန်မာစာတန်းထိုး
22/12/2023
ANIMAL (2023) မြန်မာစာတန်းထိုး
# ဇာတ်ကားသစ်
အကြည်တော့မရသေးပါဘူးရုံခိုးရိုက်မို့အဆင်ပြေမှကြည့်ပါ။အကြည်ရတာနဲ့ထပ်တင်ပေးပါမယ်ဗျ။
Genre: Action,Crime,Drama
IMDB:7.5/10
နာမည်ကျော် မင်းသား Ranbir Kapoor ပါ၀င်သရုပ်ဆောင်ထားပြီး လူတိုင်းကြည့်ချင်နေတဲ့ animal ကားကို
ရုံတင်တင်ချင်း ခိုးရိုက်အတော်ကြည်တဲ့ အနေအထားမို့
Winter Channel ကနေ
မြန်မာစာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားထဲမှာ အဖေနဲ့သားအကြားက ကတောက်ကဖြစ်မှုတွေနဲ့ အတူ
Ranbir Kapoor ရဲ့
အီမိုရှင်း နဲ့ဆိုင်တဲ့သရုပ်ဆောင်ချက်တွေဟာ လုံး၀အန့်မခန်းပါပဲ။
ဇာတ်လမ်းအကျဉ်း
ရမ်ဗီဂျေးဟာ မျိုးဆက်သစ်သံမဏိကုမ္ပဏီပိုင်ရှင် ဘေဘာဆင်းရဲ့သားဖြစ်ပါတယ်။
သူ့မှာ ညီမ ရိနဲ့ ရုဒ် ဆိုတဲ့ညီအမနှစ်ယောက်ရှိပါတယ်။
တစ်နေ့ သူ့ညီမ ရိကို ကျောင်းကလူတွေကအနိုင်ကျင့်လိုက်လို့ ဗီဂျေးဟာ Ak-47 တစ်လက်နဲ့ သတိပေးပြီး လိုက်ဖမ်းပါတော့တယ်။
ဒီအကြောင်းကို ဘေဘာဆင်းသိတော့ သူ့ကို နိုင်ငံခြားကျောင်းကိုပို့လိုက်ပါတယ်။
ကျောင်းပြီးတော့ အိမ်ပြန်လာတော့ အကြောင်းအမျိုးမျိုးကြောင့်
နိုင်ငံခြားကို ပြန်လာခဲ့ရပါတယ်။
ရှစ်နှစ်ကြာပြီးနောက် သူ့အဖေဘာဘေဆင်း အသတ်ခံလိုက်ရကြောင်း သိလိုက်ရတဲ့အခါမှာတော့....
လူသတ်သမားကို ရှာဖွေဖော်ထုတ်ရင်း
ဘယ်လိုရန်သူမျိုးနဲ့တွေ့မလဲဆိုတာ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာမို့ အများကြီးမညျွန်းတော့ပါဘူး။
Movie link - https://t.me/mvworld110/1077?single
23/10/2023
Coyote (2023)
Drama, Science Fiction, Thriller
အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ရုပ်ရှင်ကားဟာဆိုရင် တကယ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် dystopian era ထဲမှာရိုက်ကူးထားတဲ့ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် လူတိုင်းဟာ teleportation နည်းပညာကိုအသုံးပြုပြီးတော့ ခရီးသွားလာနေကြတဲ့အချိန်မှာ ဒုက္ခသည်တွေကလည်း ယူကေ ယူအက်စ် စတဲ့နိုင်ငံတွေကို အဲ့နည်းပညာတွေအသုံးပြုပြီး ခိုးဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယူကေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အန်ယာနဲ့ အက်ကတရီနာတို့ဟာ သူတို့ရဲ့နိုင်ငံကနေ ယူကေကိုထွက်ပြေးဖို့ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ညမှာတော့ အန်ယာရဲ့အဖေကသူတို့နေတဲ့အိမ်ကိုရောက်လာပြီး အန်ယာကိုပြန်ခေါ်ဖို့ကြိုးစားရာကနေ အသတ်ခံလိုက်ရပြီးတော့ သူတို့နှစ်ယောက်ဟာလည်းချက်ချင်းပဲ အဲ့ teleportationနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ကိုအပူသွားကပ်တာကနေ ဘယ်လိုတွေဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံး ယူကေမှာ ဘေးကင်းကင်းနဲ့နေရမလား ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ sci fi thirller ရုပ်ရှင်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်
https://t.me/mvworld110/199
22/10/2023
Mortal (2020)
နတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
နော်ဝေးတောအုပ်တွေထဲမှာ လှည့်လည်သွားလာနေတဲ့ အဲရစ်ဘာဂလင်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။အဲရစ်ဟာ အမေရိကန် တစ်ယောက်ဖြစ်ပြီး နော်ဝေးမှာ အမျိုးတွေကို လာရှာတာပါ။ တကယ့်မျိုးရိုးကတော့ နော်ဝေးသားပါ။
နော်ဝေးရောက်ပြီး မကြာခင်ပဲ သူဟာ ထူးခြားတဲ့စွမ်းအင်တွေ ရှိနေတဲ့အဖြစ်ကို ကိုယ့်ကိုယ်ကို သတိထားမိနေခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဆွေမျိုးတွေကိုလည်း မတော်တဆ သတ်ခဲ့မိပါသေးတယ်။
အဲ့နောက်မှာတော့ သူဟာ ကောင်လေးတစ်ယောက်ကို မတော်တဆ သတ်မိခဲ့ပြီး ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ စကားတစ်ခွန်းမှမပြောတဲ့ သူ့ဆီက စကားပြန်ရဖို့ ခရစ်စတင်းဆိုတဲ့ စိတ်ပညာရှင်ကို ရဲတွေက အကူအညီတောင်းခဲ့ပါတယ်။
ဒီလိုနဲ့ ဘယ်သူ့ဆီကမှမရခဲ့တဲ့ နားလည်ပေးမှုကိုခရစ်စတင်းဆီက ရခဲ့ပြီးချိန်မှာတော့ အဲရစ်တစ်ယောက် သူ့ရဲ့ စွမ်းအားတွေကို ထိန်းချုပ်ဖို့ ဘယ်လိုသင်ယူမလဲ ကြည့်ရှူရမဲ့ကားပါ။ သူဟာ တကယ်ပဲ နတ်ဘုရားတစ်ပါးဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူပေးကြပါဦး။
Movie link - https://t.me/mvworld110/169