Promising English Study Tips

Promising English Study Tips

Share

12/03/2022

သီချင်းလိုက်ဆိုတာ၊ သီချင်းနဲ့ လိုက်ကတာကို ဘယ်လိုပြောရမလဲ

Sing along to နဲ့ dance to ကိုသုံးရပါတယ်

✅ Sing along to (သီချင်းဖွင့်ထားတာကို လိုက်ဆို၊ လိုက်ညီးသည်)

- I sing along to the radio in the car.
- They were singing along to the songs happily.

✅ Dance to (သီချင်းနဲ့လိုက်ကသည်)

- I like dancing to my favorite tunes.
- The couple is dancing to their wedding songs.

11/03/2022

Have ကို Main verb အနေဖြင့် အသုံးပြုပုံ

Possession (ပိုင်ဆိုင်မှုပြတဲ့အခါ)

- Do you have a car?
- I have two houses.

Events, experiences and activities (အတွေ့အကြုံများ၊လုပ်ဆောင်မှုများ)

- They have a party to celebrate their anniversary.
- I have a bath to refresh myself .
- I have lots of experience in medical field.
- We had a fight.

Eating food and meals (အစာစားခြင်း)

- I have rice and pork curry for lunch.
- Staff can have coffee in the office.
- Can I have a tea during your presentation?

Conversation (ပြောဆိုခြင်း)

- They have an argument about meetings.
- I have a chat with him about the business plan.
- I have a discusdion with my boss about my salary.

Sleeping, Resting and Washing (အိပ်ခြင်း၊ ရေချိုးခြင်း၊ အနားယူခြင်း)

- I have a nap in the afternoon.
- Let's have a rest.
- I need to have a good sleep before work.

Health problems (ကျန်းမာရေးပြဿနာများ)

- She had an accident on her way to school.
- Doctor told me that I have cancer.

Have အကြောင်း လေ့ကျင့်ခန်းများလုပ်ရန် အောက်ပါလင့်များကိုနှိပ်ပြီး လေ့လာပါ

https://bitly.is/3CzxTQi
https://bit.ly/3tLgZKj

02/03/2022

-ed & -ing နဲ့ဆုံးတဲ့ adjectives များဟာ တခါတလေမှာ ရောထွေးပြီး မှားတတ်ပါတယ်။ အောက်ပါစကားလုံးအချို့ကို ကြည့်ကြပါစို့။

Annoyed/annoying, bored/boring, confused/confusing, disappointed/disappointing, excited/exciting, frightened/frightening, interested/interesting, surprised/surprising, tired/tiring, worried/worrying, exhausted/exhausting, amazed/amazing, shocked/shocking, depressed/depressing, embarrassed/embarrassing, fascinated/fascinating

⚠️ ဘယ်လိုတွေကွာခြားလဲ

✅ -ed နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖော်ပြတဲ့စကားလုံးများဖြစ်ပါတယ်။ ဥပမာ-I am confused or he is excited. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။

🔶 I am disappointed with my holiday photos.
🔶 He was really surprised that he received a gift.

✅ -ing နဲ့ဆုံးတဲ့ adjective များဟာ စိတ်ခံစားမှုကို ဖြစ်စေတဲ့၊ ပေးတဲ့ အရာများကို ဖော်ပြတဲ့ စကားလုံးများဖြစ်ပါတယ်။
ဥပမာ- This book is interesting or His voice is annoying. စသည်ဖြင့် လူပုဂ္ဂိုလ်၊ အရာဝတ္ထုများရဲ့ ခံစားမှုကို ဖြစ်စေတဲ့ အရာများကို ဖော်ပြတဲ့အခါမှာ သုံးတာပါ။ စာအုပ်က ပျင်းဖို့ကောင်းလို့ လူကပျင်းသွားတာ၊ အသံက စိတ်အနှောင့်အယှက်ပေးလို့ လူကစိတ်ရှုပ်သွားရတာပါ။

🔶 The music is too loud and it is really annoying.
🔶 Mountain climbing is so tiring.

လေ့ကျင့်ခန်းများပါ တွဲလုပ်လို့ရအောင် အောက်ပါလင့်များမှာ ရှာပေးထားပါတယ်။

https://bit.ly/3tFZIE1
https://bit.ly/352bn5H

07/01/2022

Idiom များ

Spill the beans ဆိုတာ 'လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်တာ' လို့အဓိပ္ပာယ်ရပါတယ်
ဥပမာများနှင့်တကွ လေ့လာကြည့်ပါဦး

ဒီလိုအဓိပ္ပာယ်တူ စကားလုံးများကိုလည်း Comment မှာ ရေးသွားပေးပါဦးနော်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon