YP Auto Service - Insein Branch
သီတင်းကျွတ်ကာလ
(၅-၁၀-၂၅ မှ ၆-၁၀-၂၅)အထိ
ဆိုင်(၂)ရက် ပိတ်ပါသည်…🪔
24/08/2025
အရုန်းအဆွဲ ရှယ်ကောင်းစေတဲ့ အင်ဂျင်
ကျူးနင်း ပြုလုပ်ပုံ အဆင့်ဆင့်‼️
🔺 ကွန်ပျူတာစစ် (Computer Diagnostic)
ကားမှာရှိနေတဲ့ ပြစ်ချက်များကို (Scan Tool)
များဖြင့် ပြစ်ချက်ရှာဖွေ စစ်ဆေးခြင်း၊
🔺 လေလိုင်း (Air Induction System)
လေလိုင်းမှာရှိတဲ့ (MAF Sensor၊ Throttle
Body၊ Intake Manifold)တွေကို ဖြုတ်ပြီး
စနစ်တကျ ဆေးကြောပေးခြင်း၊
🔺 မီးလိုင်း (Ignition System)
ပလပ်၊ ပလပ်ကွိုင်များ စစ်ဆေးပေးခြင်း၊
ပင်စတင်ထိပ်၊(Intake & Exhaust Valve)နှင့်
(EGR)လိုင်းမှာရှိတဲ့ ကာဗွန်ဂျိုးများကို စက်ဖြင့်
ဆေးရည်ထည့်ပြီး ဆေးကြောပေးခြင်း၊
🔺 ဆီလိုင်း (Fuel Injection System)
အင်ဂျက်တာများ ဆေးကြောပေးခြင်း၊
(Fuel Filter၊ Fuel Pump)များ စစ်ဆေး
ပေးခြင်း။
ဆီ/လေ/မီးလိုင်းက ကာဗွန်ဂျိုးနဲ့ ဂျီးတွေ
ပြောင်သွားတဲ့အခါ -
(၁) ဆီစားနှုန်း ပုံမှန်ဖြစ်သွားပြီး အရုန်းအဆွဲ
ပိုကောင်းလာမယ်။
(၂) အင်ဂျင်သက်တမ်းကို ကြာရှည်စွာ
ထိန်းသိမ်း နိုင်မယ်။
(၃) စက်သံ ငြိမ်လာပြီး မီးသံခေါက်ခြင်းမှ
အတိုင်းတာတစ်ခုအထိ ကာကွယ်ပေးနိုင်မယ်။
(၄) အင်ဂျင်ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့
ဆီ/လေ/မီး အချိုးတွေ မှန်ကန်လာမယ်။
(၅) ပလပ်၊ ပလပ်ကွိုင်၊ ဆီပန့်၊ အင်ဂျက်တာ
စတဲ့ ပစ္စည်းများကို အချိန်မတိုင်ခင် ပျက်စီး
ခြင်းတို့မှ ကာကွယ်ပေးနိုင်မယ်။
စသဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
(ဆေးရည်၊ ဆေးကြောဆီ၊ ကော်၊ လုပ်အားခ)
အားလုံး ပါဝင်ပြီး စျေးနှုန်းများ -
660,1.0 Engine = 75000Ks
1.3, 1.5. Engine = 80000Ks
1.8, 2.0 Engine = 85000Ks
2.4, 2.5 Engine = 90000Ks
3.0, 3.5 Engine = 95000Ks
4.0, 4.3 Engine = 120000Ks
(ဖြုတ်/တပ် အချိန်ပေးရတဲ့ ကားများအတွက်
စျေးအနည်းငယ် ပိုနိုင်ပါတယ် ခင်ဗျာ)
📌(၃)နှစ်ကျော်အတွင်း အစီးရေ ထောင်ချီ
ပြုလုပ်ထားပြီးဖြစ်လို့ ယုံကြည်၊ စိတ်ချစွာ
လာရောက် ပြုပြင်နိုင်ပါတယ် ခင်ဗျာ🤝
—————————————————————
YP Auto Service (Insein Branch)
အမှတ်(၁၁)၊ အလယ်ဗဟိုလမ်း၊ အနောက်ကြို့
ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
(အင်းစိန် ဆေးဝါးစက်ရုံလမ်း အနီး)
Ph : 09255630004, 09255630005
Google Map Link,
https://maps.app.goo.gl/vR6gGmx7Ptnu5fURA
( 8:30AM - 5:30PM Open Daily )
—————————————————————
YP Auto Service (Hlaing Branch)
အမှတ်(၃)၊ ရတနာမွန်(၄)လမ်း၊ (၃)ရပ်ကွက်၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။(လှိုင်မြစ်လမ်းမပေါ်၊
ရွှေကံကော် လက်ဖက်ရည်ဆိုင် ဘေးလမ်း)
Ph : 09446222008, 09446222009
Google Map Link;
https://maps.app.goo.gl/KCGFJNXymc9NczTD8
( 8:30AM - 5:30PM Open Daily )
22/08/2025
ဘယ်အချိန်မှာ အင်ဂျင်ပြန်ကိုင်သင့်လဲ❓
▪️အင်ဂျင်ဝိုင် အရမ်းစားနေခြင်း
အင်ဂျင်ဝိုင် အရမ်းစားနေပြီဆိုရင် အရင်ဆုံး
ဆီ အယိုအဆိမ့် ရှိမရှိ အရင်စစ်ဆေးကြည့်ပါ။
အယိုအဆိမ့် မရှိပဲ ကီလိုမီတာ(၅၀၀၀)မှာ
အင်ဂျင်ဝိုင် (၂)လီတာလောက် လျော့နေတယ်
ဆိုရင် သင့်ကားကို အင်ဂျင် ပြန်ကိုင်ဖို့ လိုအပ်
နေတာ ဖြစ်နိုင်ပါတယ်။
▪️အင်ဂျင် မီးခိုးလိုက်နေခြင်း
သက်တမ်း ကြာလာတဲ့ အင်ဂျင်တွေမှာ
ပင်စတင် ရိန်းတွေ မလုံတော့ဘဲ အင်ဂျင်ဝိုင်
တွေဟာ မီးလောင်ခန်းထဲကနေတစ်ဆင့်
လောင်ကျွမ်းသွားပြီး မီးခိုး လိုက်တတ်ပါ
တယ်။ များသောအားဖြင့် နက်ပြာရောင်
မီးခိုးထွက်နေပြီး အင်ဂျင်ဝိုင်လည်း လျော့
နေပြီဆိုရင်တော့ သင့်ကားကို အင်ဂျင်
ပြန်ကိုင်ဖို့ လိုအပ်နေပါပြီ။
▪️အင်ဂျင်သံ ကြမ်းနေခြင်း
ပုံမှန်ကောင်းနေတဲ့ ဓာတ်ဆီအင်ဂျင်တွေဟာ
စက်သံ အရမ်း မကြမ်းပါဘူး။ အင်ဂျင်ဝိုင်
မတတ်လို့ဖြစ်စေ၊ တခြားအကြောင်းကြောင်း
ကြောင့်ဖြစ်စေ စက်သံ ကြမ်းနေပြီဆိုရင်
အင်ဂျင်ကိုင်ဖို့ လိုအပ်နေပြီလား? အပေါ်ဖွင့်၊
အောက်ဖွင့်ပဲ လုပ်ရမှာလား? စသဖြင့် စက်
ဆရာနဲ့ တိုင်ပင်ပြီး ပြုပြင် သင့်ပါတယ်။
▪️အင်ဂျင်ဝိုင်ဂျိုး များနေခြင်း
စျေးပေါပြီး အရည်အသွေးညံ့တဲ့ အင်ဂျင်
ဝိုင်တွေဟာ ရေရှည်မှာ အင်ဂျင်ဝိုင်ဂျိုးကို
ဖြစ်ပေါ်စေပါတယ်။အင်ဂျင်ဝိုင်ဂျိုးတွေဟာ
အခက်မသင့်ရင် အင်ဂျင်ဝိုင်ဇကာမှာ သွား
ပိတ်ပြီး အင်ဂျင်ဝိုင် မတတ်တော့ပဲ အင်ဂျင်
စက်သံကြမ်းသွားခြင်း၊ အင်ဂျင်ဘယ်ရင်
ဖမ်းပြီး လုံးဝ နှိုးလို့မရတဲ့အထိ ဖြစ်နိုင်ပါ
တယ်။ဒါ့ကြောင့် အင်ဂျင်ဝိုင်ဂျိုးများနေရင်
အင်ဂျင်ပြန်ကိုင်ဖို့ စဉ်းစား သင့်ပါတယ်။
▪️အရုန်းအဆွဲ ကျနေခြင်း
အသုံးပြုတာများပြီး သက်တမ်းကြာလာတဲ့
အင်ဂျင်တွေမှာ ပင်စတင် ရိန်းတွေ၊ ဗားတွေ၊
ဗားဆီးတွေ မလုံတော့ပဲ ကွန်ပရက်ရှင်းကျပြီး
အင်ဂျင်အရုန်းအဆွဲကျနိုင်ပါတယ်။Compre-
ssion Tester ဖြင့် တိုင်းကြည့်ရင် သိနိုင်ပါ
တယ်။အရုန်းအဆွဲကျတာ သာမန် ဆီလိုင်း၊
မီးလိုင်း၊ လေလိုင်း စစ်ဆေးခြင်း အင်ဂျင်
ကျူးနင်း ပြုလုပ်ပြီး ကောင်းသွားနိုင်ပေမဲ့
ကွန်ပရက်ရှင်းမလုံလို့ အရုန်းအဆွဲကျတာ
ဆိုရင်တော့ အင်ဂျင်ပြန်ကိုင် (Engine Over
-haul) ပြုလုပ်ရမှာ ဖြစ်ပါတယ်။
-စျေးသက်သာတဲ့ အင်ဂျင်တွေဆိုရင်
ဂျပန်ကျပဲ ချိန်းသင့်ပြီး စျေးကြီးတဲ့ Toyota
Probox, Fielder, Wish, Caldina, RAV4,
Vitz, Belta, Ractis, Alphard, Vanguard,
Harrier, Ipsum, Mark 2, Crown, Mark X
စတဲ့ အင်ဂျင်တွေဆိုရင် Engine Overhaul
ပြန်လုပ်သင့်ပါတယ်။
-လူကြီးမင်းတို့ ကားတွေ အင်ဂျင် ပြန်ကိုင်ဖို့
လိုအပ်ပါက ရေရှည်အတွက် စိတ်ချရအောင်
ပစ္စည်းကောင်းတွေ အသုံးပြုပြီး အာမခံဖြင့်
ဆောင်ရွက်ပေးလျှက် ရှိပါတယ် ခင်ဗျာ။
▫️စျေးနှုန်းများ သိရှိလိုပါက
ကား အမျိုးအစားနဲ့ အင်ဂျင်ပါဝါလေးကို
Comment မှာ ချန်ခဲ့နိုင်ပါတယ် ခင်ဗျာ။
YP (Insein Branch) - 09255630004
YP (Hlaing Branch) - 09446222008
Open Daily - (8:30AM ~ 5:30PM)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 17:30 |