Tractor World

Tractor World

Share

27/11/2024

Net Profit Margin မြင့်တက် စေဖို့…..
လုပ်ငန်းတစ်ခုရဲ့ Ability to generate money ဆိုတဲ့ ငွေ ရှာဖွေ နိုင်တဲ့ စွမ်းဆောင်ရည်ကို Net Profit Margin ဘယ်လောက် ကောင်းကောင်းရသလဲ ဆိုတာနဲ့ အကြမ်းအားဖြင့် တိုင်းတာ သတ်မှတ် ကြ ပါတယ်။ ဥပမာ တစ်လကို NP margin 10% ရှိတယ် စသဖြင့်ပါပဲ။ လုပ်ငန်းရဲ့ သဘောသဘာ၀ Product or service ရဲ့ သဘာ၀ ပေါ်မူတည်ပြီး NP Margin ဟာ မြင့်တာ နိမ့်တာ ရှိလေ့ရှိ တတ်ပါတယ်။
ကျွန်တော့်အတွေ့အကြုံအရကတော့. Retail လုပ်ငန်းတွေ နဲ့ Distribution လုပ်ငန်းတွေ ဟာ NP Margin 10% ဝန်းကျင် သို့မဟုတ် အောက်ကို သာ ရရှိကြလေ့ရှိပါတယ်။ service လုပ်ငန်းတွေ ကတော့ များသောအားဖြင့် NP Margin မြင့်လေ့ရှိပါတယ်။ ဥပမာ SPA တွေ Beauty Salon တွေ ကတော့ NP Margin 80% လောက်ထိ ရတာကို ကြုံတွေ့ရဖူးပါတယ်။ စားသောက်ဆိုင်တွေ Bar တွေကတော့ Overhead cost အနည်းအများပေါ်မူတည်ပြီး NP Margin ၃၀% ကနေ ၅၀% လောက်ထိ ကို ရတတ်ကြပြန်ပါတယ်။ ဖျော်ဖြေရေး လုပ်ငန်းတွေ ဖြစ်တဲ့ KTV တွေ ကတော့ NP Margin ၃၀% ကနေ ၅၀% အတွင်း ရတတ် လေ့ရှိပြန်ပါတယ်။ ထူးထူူးခြားခြား အနေနဲ့ overhead cost တွေ နဲ့ corporate cost တွေ ရှိပါလျက်က NP margin ကို ၆၅% ရနေပြီး လည်ပတ်နေတဲ့ ဆေးဝါး တင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းတစ်ခုကို လဲ ကြုံတွေ့ခဲ့ရဖူးပါတယ်။ နည်းပညာ အခြေပြု အောင်မြင် တဲ့ လုပ်ငန်းတွေကတော့ NP Margin ကို ၉၀% ကျော်ထိ ရတတ်ကြတာ လဲ ရှိနိုင်ပါတယ်။
ဆိုတော့ NP Margin အနည်းအများဟာ ကိုယ်လုပ်ကိုင်နေတဲ့ Industry ရဲ့ သဘော သဘာ၀ အပေါ်မူတည်ပြီး များတတ် နည်းတတ်ပြန်ပါတယ်။ အဓိက အားဖြင့်တော့ Profit and Loss Statement ထွက်လာတဲ့အခါ ရောင်းအား Revenue ပမာဏ ကို 100% အဖြစ်ထားလိုက်ပြီး NP Margin က ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက်ကာ လုပ်ငန်း ရဲ့ Performance ကောင်း မကောင်း ကိုသုံးသပ်ကြလေ့ရှိတာပါပဲ။
ဘယ်အချက်တွေက NP Margin ကိုတက်စေသလဲ…
လုပ်ငန်းတွေ မှာ အဓိက အားဖြင့်ကတော့ Cost of Goods Sold (COGS) ဆိုတဲ့ စရိတ်နဲ့ လုပ်ငန်းလည်ပတ်စရိတ် Operating Expenses (OPEX) ဆိုပြီးနှစ်ခု ရှိပါတယ်။ ဒီနှစ်ခုကို လျော့ချ လိုက်နိုင်ရင် NP Margin တက်တာ ပါပဲလို့ အလွယ်ပြောနိုင်ပါတယ်။
NP margin တက်ဖို့ရာ ထပ်အသေးစိတ်ရရင်တော့ Profit and Loss Statement ရဲ့. Revenue Section အတွက် က….
(၁) ရောင်းအား စုစုပေါင်း Total Sales ရလာတဲ့အခါ မှာ Sales Return ဆိုတဲ့ customer ဆီကနေ အကြောင်းအမျိုးမျိုးနဲ့ လက်မခံပဲ လုပ်ငန်းကိုပြန်ဝင်လာတဲ့ ကုန်ပစ္စည်း အရေအတွက်ကို နည်းပါးအောင် လုပ် ဖို့လိုပါတယ်။
(၂) ဒါ့အပြင် အရည်အသွေး တူတူကိုမှ ဈေးသက်သာမယ့် ၊အများဈေးပိုသက်သာမယ့်၊ ပိုပြီး ညှိနှိုင်းလို့ရမယ့်၊ Dead Stock, Damage Stock တွေ ပြန်လဲလှယ်လို့ရမယ့်၊ အကြွေး ကြာကြာပေးမယ့် Supplier တွေကို ရှာဖွေ ချိတ်ဆက်ဖို့လိုပါတယ်။
(၃) Logistic ဆိုတဲ့ ကုန်ပစ္စည်းတွေကို Supplier တွေ ဆီကနေ ကိုယ့် ဂိုထောင် ကိုရောက်သည် အထိ သယ်ယူ စရိတ်တွေကို အသက်သာဆုံး ဖြစ်အောင် ဘယ်လို လုပ်မလဲ စဉ်းစားဖို့လိုပြန်ပါတယ်။
(၄) အရင်းကို ထပ်မထည့်ပဲ ကုန်မြန်မြန်ရောင်း ငွေမြန်မြန်ပေါ် မြန်မြန်ပြန်ဝယ်ပြီးထပ်ရောင်း ဆိုတဲ့ Stock turnover ကို များများလည်စေဖို့ လုပ်ဖို့လိုပါတယ်။
(၅) Slow Moving Items, Dead Stock Items တွေကို ဘယ်လို ဖြိုမလဲ Policy and action plan. တွေ ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။
(၆) Credit Policy သတ်မှတ်ပြီး ဘယ်သူတွေကို တော့အကြွေးရောင်းမယ်၊ ဘယ်လောက်ပမာဏပဲပေးမယ်။ အကြွေး ကေက်ခံလို့မရရင်ဘယ်လိုတွေ ဆောင်ရွက်မယ် ဆိုတာတွေ သတ်မှတ်ပြီး AR collection rate ကို မြင့်တက်စေကာ Bad Debt တွေကိုလဲ မရှိအောင် စီမံ ရပါမယ်။
(၇) Other income တွေအနေနဲ့ Supplier တွေက ဝယ်ယူမှုပမာဏ တစ်ခုပြည့်ရင် ပြန်ပေးတတ်တဲ့ Back Margin % တွေ Rebate တွေကို အမြင့်ဆုံး ရအောင် ဘယ်လို ယူမလဲ စီမံရပါမယ်။
ဒါတွေလုပ်နိုင်ရင်တော့ Gross Profit ဆိုတဲ့ GP Margin % မြင့်တက်လာမှာ ဖြစ်ပါတယ်။
နောက်ထပ် တစ်ဆင့်ကတော့ Operating Expenses အပိုင်းမှာ ဆောင်ရွက်ရန်ရှိတာတွေ ဖြစ်ပါတယ်။
(၁) Opex မှာ ပမာဏ အများဆုံးက Salary Expenses ဖြစ်ပါတယ်။ ဒီအတွက် ခန့်ထားတဲ့ လူတွေ၊ ထားထားတဲ့ ဖွဲ့စည်းပုံ၊ ပေးထားတဲ့ Salary Structure တွေဟာ မှန်ကန်သင့်တော်မှု ရှိသလား ပြန်ရတဲ့ ရောင်းအား Performance နဲ့ ထိုက်တန်သလားဆိုတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။
(၂) လုပ်ငန်းလည်ပတ်ရာမှာ အသုံးပြုရတဲ့ ကုန်ကြမ်းပစ္စည်းတွေ ကို အလေအလွင့် အနည်းပါးဆုံး အသုံးပြုနိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်။
(၃) ဝယ်ယူထားတဲ့ Fixed assets တွေကို သက်တမ်း ရှည်ကြာ စွာ အသုံးချနိုင်အောင် ထိန်းသိမ်းစီမံ တာတွေ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
(၄) ဝန်ထမ်းတွေရဲ့ Performance တက်အောင် သင့်တော်တဲ့ Incentive system တွေ ၊ သင်တန်းပို့ချ သင်ကြားမှုတွေ၊ စိတ်အားတက်ကြွစေမယ့် အစီအစဉ် တွေ ချမှတ် ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။
(၅) ဝန်ထမ်း ခဏခဏ နုတ်ထွက်မှုက လဲကုန်ကျစရိတ်တွေ များပြား တဲ့အတွက် Employee Turnoverကိုလည်း တစ်နှစ်ကို ၁၀% အောက်မှာသာ ရှိနေအောင် ထိန်းကျောင်းပေးနေဖို့လိုအပ်ပါတယ်။
(၆) ရုံးပိုင်းဆိုင်ရာ လိုအပ်တဲ့ စာရေးကိရိယာတွေ၊ အသုံးစရိတ်တွေ၊ ပြုပြင်ထိန်းသိမ်းဖို့တွေ၊ ရေဖိုးမီးဖိုး အင်တာနက်ဘေလို လစဉ်ကုန်ကျစရိတ်တွေ၊ အဆောက်အဦငှားရမ်းခ တွေ ကိုလဲ အလေအလွင့် မဖြစ်စေ အောင် စီမံထားရပါမယ်။
(၇) အသုံး ပြုနေတဲ့ Marketing Budget တွေဟာ သင့်တော်တဲ့ ရောင်းအား ပြန်ရနေ သလား၊ နည်းမှန်လမ်းမှန် ဖြစ်ရဲ့လား သင့်တော်ရဲ့လား ဆိုတာကို သုံးသပ် ပြင်ဆင်နေဖို့လိုပါတယ်။
(၈) လုပ်ငန်းတစ်ခုလုံး ရဲ့ အထွေထွေ အသုံးစရိတ်တွေ ကိုလဲ လစဉ်ဘယ်လောက် Growth ဖြစ်လာ တယ်ဆိုတာကို စောင့်ကြည့်တိုင်းတာ သုံးသပ်ပြီး ထိန်းချုပ်ဖို့လိုပါတယ်။
ဒါတွေကိုဆောင်ရွက် နိုင်ရင်တော့ Net Profit Margin % ပိုပြီး မြင့်တက်လာမှာ ဖြစ် ပြီး လုပ်ငန်းရဲ့ Performance ကလဲ တိုးတက်လာမှာ ဖြစ်ပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
လုံလောက်တဲ့ အသိပညာ ရရှိဖို့...Kaung Hein Soe - Strategic မှာ သင်တန်းတက်စို့။
Kaung Hein Soe – Strategic
Business Consultant

12/11/2024

ဘာကြောင့် အောင်မြင် ...လုပ်ငန်းရှင်
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ဟာ ခေတ် အဆက်ဆက်မှာ ပေါ်ပေါက်လာခဲ့ ကြပြီး နောင်လည်း လုပ်ငန်းပေါင်းများစွာ ဟာ ဆက်လက် ပေါ်ထွက် အောင်မြင်မှုကို ရနေကြဦးမှာ ဖြစ်ပါတယ်။ မြန်မာပြည် အနှံက စီးပွားရေး လုပ်ငန်းကြီးတွေကို အကြံပေးရင် လုပ်ငန်းရှင်ကြီးတွေ နဲ့ ညီအစ်ကိုလို ရင်းနှီး လာကာ သူတို့ရဲ့ အကြောင်း တွေကို လဲ သေချာ သိရှိလာရပါတယ်။ ဒါတွေကိုလဲ မျှဝေမှုတွေ အနေနဲ့ကျွန်တော့် Page မှာ အများအပြားမျှဝေဖူးပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် သိတဲ့ လုပ်ငန်းရှင်ကြီးတွေ လုပ်ငန်းတွေ ဘာကြောင့် အောင်မြင်ခဲ့ရသလဲဆိုတာကို ပြန်လည် မျှဝေပေးလိုပါတယ်။ အကြောင်းအချက် တစ်ခု စီဟာ ကျွန်တော်သိ ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦး စီရဲ့ အကြောင်းတွေ ဖြစ်ပါလိမ့်မယ်။
(၁) သိပ်ကောင်းတဲ့ အမြတ် အစွန်း…
“အဲဒီအချိန် တုန်းကဆရာရေ….ဈေးရောင်း လို့ကသိပ်ကောင်းတာပဲ…. ခလုတ်ဖုန်း အားသွင်းကြိုး တွေ ကို တစ်ခု နှစ်ထောင် နှစ်ထောင့်ငါးရာပေးပြီး လာဝယ်ကြတာဆရာ…ကျွန်တော့် အရင်းက မှ တစ်ခုကို လေးငါးရာ ပဲရှိတာ၊ အစက ဖြင့်ယုံတောင်မယုံဘူး ..တစ်ပတ်ကို အားသွင်းကြိုး အခု ရေထောင် နဲ့ချီ သွင်းပြီး ဒူးနန့်နေရတာဆရာရေ….” .
မြန်မာပြည်မြို့ကြီးတစ်ခုက အကြီးဆုံးလုပ်ငန်းရဲ့ ဦးဆောင်သူက သူကြုံတွေ့ခဲ့ရတဲ့ အမြတ် ကောင်းကောင်း ရခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုပြန်ပြောင်းပြောပြနေတာဖြစ်ပါတယ်။ အဲဒီအချိန်က လူတွေ ဖုန်း စကိုင်တဲ့အချိန် မှာ အားသွင်းကြိုးတွေကလဲ အရောင်းရဆုံး ဖြစ်လာပါတယ်။ အဲဒီအချိန် ရန်ကုန် မှာ အားသွင်းကြိုးတစ်ခု နှစ်ထောင်သုံးထောင် ဖြစ်နေတုန်း ယိုးဒယားကနေ Supplier တိုက်ရိုက် သွင်းယူ ပြီး ရောင်းချ နိုင်ခဲ့တဲ့အတွက် အထက်ကလို အမြတ်အစွန်းကောင်းကောင်းကို ရခဲ့ တာဖြစ်ပါတယ်။
သုံးသပ်ရရင်တော့ ဈေးကွက် ကြီးထွားလာ ခြင်းကိုအချိန်ကိုက် အသုံးချနိုင်ခြင်း၊ အခြားသူတွေ ထက် လက်ဦး ခြင်း၊ တခြား သူတွေ မရနိုင်တဲ့ အဆက်အသွယ် Supplier ကောင်းကောင်း ကို ရရှိထား ခြင်း ဆိုတဲ့ အချက်တွေ ကြောင့် ပါပဲ။
(၂) မင်းလားကွ လောကဓံ…
ကျွန်တော်နဲ့ အရင်းနှီး ဆုံး လုပ်ငန်းရှင်ကြီးတစ်ဦး ရှိပါတယ်။ သူ့ကို ဘဝမှာ စီးပွားရေး ပြိုလဲကျဖူးလားလို့ မေးတော့ သူကရယ် ပါတယ်။ ဘယ်နှယ့်မေးပါလိမ့်ဆရာတဲ့။ ကျွန်တော့် ဘဝမှာ အကြီးအကျယ်တွေကို ကျရှုံးဖူးတာဗျ တဲ့။ နောက်ဆုံး တစ်ကြိမ်ကတော့ လက်ထဲမှာ တစ်ပြားမှ မရှိတော့ အောင်ကို အကုန်ကုန်သွားတဲ့ အခြေအနေပါပဲတဲ့။ အဲဒီကနေ အလုပ်ကို ဖိဖိစီးစီးပြန်လုပ်၊ တစ်သက်လုံးလေ့လာခဲ့တဲ့ ပညာရပ်နဲ့ အလုပ်ကို ပြန်ကြိုးစားတာကြောင့် မှန်ကန်တဲ့ အခွင့်အလမ်းတစ်ခု မှာ Jack Pot လို့တင်စားလို့ရတဲ့ အမြတ်အစွန်းကြီးကြီးကို ရလိုက်တော့တာပါပဲ။ အဲဒီကနေ ဆင့်ကဲ ဆင့်ကဲ ကြိုးစားရင် လက်ရှိမှာ မြို့ရဲ့ အင်အားကြီး လုပ်ငန်းရှင် တစ်ဦးအဖြစ်ကို ရောက်နေ တာပါပဲ။
သူ့ဘ၀ တစ်လျှောက်မှာ ပြိုလဲခဲ့ရတဲ့ အဖြစ်တွေ အကြိမ်ကြိမ် ကြုံရခဲ့ပါတယ်။ ကျွန်တော်နဲ့ သိရှိနေစဉ် နှစ်ပိုင်းလေးအတွင်းမှာတောင် အပြောင်းအလဲမျိုးစုံတွေ ကြောင့် အခက်အခဲတွေ အမျိုးမျိုး ကြုံနေ ရတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူက ပျော်ပျော် ပဲနေတတ်ပြီး ဖြစ်သမျှ ကို ရအောင် ပြန်တွန်းလှန် တာကြောင့် အောင်မြင်သထက်အောင်မြင်လာတော့တာပါပဲ။
(၃) အားသစ်လောင်း တဲ့သူ..
နောက်ထပ် လုပ်ငန်းရှင်ကတော့ မိဘ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ရင်းအောင်မြင် လာတဲ့ အခြေအနေ ပါပဲ။ မိဘ လုပ်ငန်းကို ဆက်ခံရလို့ လွယ်ကူလိုက်တာလို့ မထင် မှတ်လိုက်ပါနဲ့။ မိဘတွေ က ယုံကြည်စိတ်ချ ပြီး လက်လွဲနိုင်အောင် စမ်းသပ်မှုတွေ အခက်အခဲတွေ အတော်များများကိုကျော်ဖြတ်ခဲ့ရတာပါပဲ။ မိဘ လက်ငုတ်လက်ရင်းဆိုင် လေးဖွင့်ရောင်းရာကနေ သူ့က ဦးစီး တဲ့အခါမှာ လူငယ် လဲ ဖြစ်တဲ့အတွက် စိတ်ကူးအသစ်အဆန်းတွေ စွန့်စားရဲတာတွေ ဆုံးဖြတ်ချက် ပြတ်သား တာတွေ အလုပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော် နိုင်တာတွေ စတဲ့ အချက် တွေ ကြောင့် လုပ်ငန်းက တဟုန်ထိုး တိုးတက် လာတော့တာပါပဲ။
ဒါ့အပြင် ခေတ်ပညာတတ် တစ်ဦးဖြစ်ပြီး စီးပွားရေး ပညာကိုလဲ တီးခေါက်မိလေတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ Organization Structure တွေ ဌာနတွေ System တွေ ကိုပါ ချမှတ်ဆောင်ရွက် နိုင်ခဲ့ တာပါပဲ။ လက်ရှိမှာတော့ Corporate Business Group တစ်ခု အဖြစ် လည်ပတ်နေပြီဖြစ်ပါတယ်။
(၄) မခံချင်စိတ်…
“ကျွန်တော်ငယ်ငယ်က စားပွဲထိုး လုပ်ရတာဗျ… တစ်ရက် တစ်ရက် အဆူခံအပြောခံရတာများ ဒီတစ်သက်ကိုမေ့နိုင်စရာ မရှိဘူးဆရာရေ” လို့ပြောပြတာက စီးပွားရေး မြို့ကြီးတစ်မြို့က နာမည်ကျော် လုပ်ငန်းရှင်တစ်ဦးပါပဲ။
ငယ်ငယ်က တအား ဆင်းရဲပြီး လူတိုင်းက ဝိုင်းနှိမ် ကြရာကနေ ကြိုးစား ရုန်းကန်ပြီး လူချမ်းသာ တစ်ဦး ဖြစ်လာတယ်ဆိုတာ ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲမှာသာ ရှိမယ် လို့ ယူဆရင်တော့ မှားယွင်းတာပါပဲ။
သူအောင်မြင်လာတဲ့ အဓိက အချက်ကတော့ စိတ်ဓာတ် ခိုင်မာ ပြတ်သားပြီး ဒါကိုလုပ်မယ် ဆိုရင် ဖြစ်အောင် လုပ်တတ်တဲ့ စိတ်ပါပဲ။ တစ်ခုခုကို ဖြစ်ရမယ်လို့ ပိုင်းဖြတ်ပြီး ရင် ဘယ်လောက် ခက်ခက် ဇွဲ မလျော့ပဲ ရအောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ အများကြီးကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒီလို ဓိတ်ဓာတ် တွေ ကျတော့လဲ ငယ်စဉ်က နိမ့်ပါးခဲ့ရမှုကို မခံချင်စိတ်အဖြစ် ပြောင်းလဲပြီး ဖြစ်ပေါ် လာတာကိုတွေ့ရတာပါပဲ။
(၅) စမ်းသပ်ကြည့်မှ..
“ကျွန်တော်ဒီဆိုင်ကို စဖွင့်တော့ ဖုန်း လေးလုံး ပဲ စတင်ခဲ့တာဗျ။ ဒီလောက် ဈေးကွက် ကြီးမယ်လို့လဲ မထင်ဘူးဗျ။ ဘယ်လိုဖြစ်ဖြစ် အခွင့်အလမ်း ဟုတ် မဟုတ် စမ်း တာကတော့ စမ်းကြည့်ရမှာ ပဲဆိုပြီး စလိုက် ရတာပဲ၊ အဲဒီ ကနေ တရှိန်ထိုး ထိုးတက်သွားတာပါပဲဆရာ”
မြို့ရဲ့ အကြီးဆုံး ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းတဲ့ လုပ်ငန်းရှင်က အတိတ်ကိုပြန်ပြောင်းပြော ပြ တာပါပဲ။ လူသုံးကုန် ပစ္စည်းလေးတွေ ရောင်းရာကနေ ဖုန်း လောက အစပြု လာတော့ ဖုန်းဟန်းဆက်တွေ ရောင်း ဖို့ သင့် မသင့် စဉ်းစားရာကနေ ဟန်းဆက် လေးခု စတင်ကြည့်ဖြစ် ခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျတော့ လက်တွေ့စမ်းသပ်မကြည့်ပဲ အလုပ် ဖြစ် မဖြစ် မသိနိုင်ဘူးဆို တဲ့ အခြေအနေ တွေ ရှိပါတယ်။
ဒါ့အပြင် အားလုံး ပြည့်စုံတော့မှ စမယ်ဆိုရင်လဲ အချိန် အခါ ကောင်းတွေ လက်လွတ် သွားတတ် လေ့ရှိပါတယ်။ ဆိုတော့ လက်တွေ့စမ်းသပ်ကြည့် ၊စလို့ရတဲ့ နေရာကနေ ရအောင် စကြည့် တာဟာ လည်း မဟာဗျူဟာတစ်ခု ဖြစ်တတ်တာပါပဲ။
(၆) ကျွန်တော့် သူငယ်ချင်းတွေ ကြောင့်…
ရန်ကုန်မြို့က နာမည်ကျော် စားသောက်ဆိုင်ကြီး တစ်ခု ရဲ့ ဦးဆောင်နေသူကတော့ ရိုးရိုးရှင်းရှင်း ပဲပြော ပါတယ်။ ကျွန်တော်က ဝန်ထမ်းဆိုတော့ ဘာမှ မသိဘူးဗျ စုထားတဲ့ ငွေ လေး နည်းနည်းကို သူငယ်ချင်း တွေ ကလိုသမျှထပ်စိုက်၊ လိုအပ်တဲ့ Network တွေကိုပါ ချိတ်ဆက်ပေးပြီး ဒီဆိုင်ကို စလည် ပတ် ခဲ့တာပါပဲ ။ စစချင်းကတော့ Challenge ပေါင်း သောင်းခြောက်ထောင်နဲ့ အတော်ရုန်းကန် ရပေမယ့် အခုတော့ အသားကျ လည်ပတ်နေပါပြီ တဲ့။
ဒါကတော့ Network ဆိုတဲ့ အဆက်အသွယ် အသိုင်းအဝန်း ကောင်းမွန်မှုရဲ့ အရေးပါမှုကို ထင်ထင် ရှား ရှား တွေ့ရတာပါပဲ။ ဒါပေမယ့်ဒီ Network က ဘာကြောင့် ဒီလူ ကိုဒီလောက် ယုံပြီး ကူညီပေး တာ လဲ ဆိုတဲ့ မေးခွန်းတော့ ရှိပါတယ်။ ဒီ လူ က ယုံကြည်စိတ်ချရလို့ပါပဲ။ ဒါကြောင့် ကောင်းမွန်တဲ့ Personal Image တစ်ခု ဟာ Network ကောင်းကောင်း နဲ့ ချိတ် လိုက်မိ ရင်လဲ အောင်မြင်မှု ကြီး ကြီး တစ်ခု ဖြစ်သွားတာကို သင်ခန်းစာ ရတာပါပဲ။
(၇) ဆရာကောင်း….
“ဒီအလုပ်စမလုပ်ခင် ပညာသင်ကာလ ကိုက အတော်ကြာခဲ့ တယ်ဗျ ကျောက်ဝိုင်းထဲမှာ ကိုယောင် လည်လည် အတော်ဖြစ်လိုက်ပါသေးတယ်။ နောက်တော့မှ ကျောက်ပညာ သင်ပေးတဲ့ ဆရာ နဲ့ တွေ့ဖြစ်တာပဲ။ ဆရာ့ နောက် ကို အမြဲလိုက်ရင်း အလုပ်လဲ ကူလုပ် ကျောက်ပညာလဲသင်၊ ဆရာကလဲ ပညာတင်မက အမြတ် အစွန်းပါ ခွဲေ၀ ပေးရင်း နောက် တော့ ဒီ ကျောက်မျက်ရတနာဆိုင်ကို ဖွင့် ဖြစ် တာပါပဲ”
ဒါကတော့ ကျောက်မျက်ဆိုင် တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ဦး ပြောခဲ့တဲ့စကားပါပဲ။ အမှီကောင်း ကောင်း ရှိတဲ့ အခါ အားသိပ်မစိုက်ပဲ အမြင့်ကို တက် နိုင် တယ် ဆိုသလို ဆရာကောင်း သမားကောင်း ရှိခြင်းဟာ လည်း အောင်မြင်တဲ့ အခြေအနေ တစ်ခုကို အရမြန်စေနိုင်ပါတယ်။
ဒါတွေကတော့ ကျွန်တော် သိရှိရင်းနှီးတဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင် တွေအချို့ရဲ့ အောင်မြင်လာခဲ့တဲ့ အဓိက အကြောင်းအရင်းတွေပါပဲ။ လူတိုင်း ဘ၀ ဟာ ပေးထားချက်တွေ အားသာချက် တွေ မတူညီတဲ့ အတွက် ဖော်မြူလာ တစ်ခုထဲကိုတော့ လူတိုင်းအတွက် သုံးလို့ မရနိုင်ပေမယ့် ဒီ မျှဝေမှု ကနေ စဉ်းစား စရာတွေ အများအပြားတော့ ရရှိ သွားလိမ့်မယ်လို့ ယူဆပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကို လွယ်ကူစွာ ကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

01/11/2024

❤️❤️Happy Deepavali!!!!♥️♥️

28/10/2024

Once Upon A Time in Thailand!!!!

30/12/2023

This video helps you understand manual transmission car

28/12/2023

Turbocharger ပျက်စီးခြင်းအကြောင်းအရာများ

၁။ အင်ဂျင်ဝိုင် ငတ်ခြင်း
အင်ဂျင်ဝိုင် တွေ တာဘိုချာဂျာဆီကို လုံလောက်အောင်
မပို့နိုင်သောအခါ တာဘိုဒလက် ရှပ်နဲ့
ခံဆောင်ထားတဲ့ ဘယ်ရင်တွေ ဘွတ်တွေစားပြီးပျက်စီးသည်...

၂။ အညစ်အကြေးများ အင်ဂျင်ဝိုင်ထဲပါခြင်း
အင်ဂျင်ဝိုင်ထဲ အညစ်အကြေးများဟာလည်း
ပွန်းစားခြင်းကို ဖြစ်စေနိုင်ပြီး ပျက်စီးစေသည်...

၃။ အင်ဂျင်ဝိုင် ဖိအားနည်းနေခြင်း
ချက်ချင်း တော့ မပျက်စီးနိုင်ဘူး...
အင်ဂျင် ပန့် မကောင်းလို့ဘဲဖြစ်ဖြစ်
အင်ဂျင်ဝိုင် ချက်ဗား မကောက်လို့ဘဲဖြစ်ဖြစ်
တာဘို သက်တန်း တို နိုင်သည်...

၄။ ပြင်ပအညစ်အကြေးများဝင်ရောက်စေခြင်း
ပြင်ပမှ အမှိုက်သရိုက်များဟာ တာဘို ထဲအရှိန်နဲ့ ဝင်လာပြီး
တာဘို ရဲ့ ဒလက်တွေကိုပျက်စီးစေနိုင်တယ်...
ဥပမာ...လည်နေတဲ့ ပန်ကာကို ခဲနဲ့ပေါက်သလိုမျိုး...

၅။ Air cleaner နှင့်လေလိုင်းပိတ်ဆို့ခြင်း
လေလိုင်းရဲ့ အဓိက ဝင်ပေါက် လေစစ်ပိတ်နေပါက
တာဘို ပိုမို ရုန်းကန်ရလို့ ပျက်စီးစေနိုင်သည့်အပြင်
မီးခိုးအမဲများလိုက်လာမယ်...အင်ဂျင်ဝပ်မည်...

၆။ အင်ဂျင် အရှိန်မြင့်နေချိန် စက်သတ်ခြင်း
အင်ဂျင်အရှိန်မြင့်နေရင် တာဘိုအရှိန်မြင့်မည်
ရုတ်တရက် စက်သတ်လိုက်သောအခါ
အင်ဂျင်ရပ်မည်...အင်ဂျင်ဝိုင် ပန့်ပါရပ်မည်..
တာဘို သို့ အင်ဂျင်ဝိုင် မပို့တော့ပါ...
သို့သော် ....တာဘိုဟာ အရှိန်နဲ့ လည်နေတုန်း
ချောဆီမပါဘဲ လည်နေတော့ ပျက်စီးခြင်းရဲ့ အစဘဲ...

၇။ လေလိုင်း များ ပေါက်နေခြင်း
လေပိုက်ပေါက်တာတို့ ၊ ပိုက်ကလစ် ချောင်ခြင်းဟာ
နှစ်မျိုး ရှိတယ်...
တာဘိုအရှေ့ဘက်က ပိုက် ပေါက်ရင်
ပြင်ပလေ တိုက်ရိုက်ဝင်မယ်...
တာဘို အနောက်က ပိုက်ပေါက်ရင်
လေဆိမ့်ပြီး အင်ဂျင်ထဲဝင်မည့် လေဖိအားကျမယ်...
လေမလုံရင်တော့ လေချွန်သံတွေကြားရမယ်...

ဘာတွေဂရုစိုက်ကြမလဲ?
၁။ အင်ဂျင်ဝိုင် နဲ့ ဖစ်တာ အချိန်မှန်မှန်လဲပါ။
၂။ လေစစ်ကို စစ်ဆေးပေးပါ...
၃။ ထူးခြားချက်ရှိက လေပိုက်တွေ ကလစ်တွေ လည်းစစ်ပေးပါ။
၄။ အင်ဂျင်အရှိန်မြင့်ချိန် စက်မသတ်ပါနဲ့။
၅။ စက်နိုးပြီး ချက်ချင်း RPM မတင်ပါနဲ့။

Crd : Myint Thein Aung 🙏
Today Study

29/10/2023

🙏🙏🙏🙏🙏

ကာယကံ၊ ဝစီကံ၊ မနောကံ ဖြင့် ပြစ်မှားမိသည်ရှိသော်
အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်အပ်ပါသည်

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon