M axis Design & Construction

M axis Design & Construction

Share

Photos from Eleven Media Group's post 13/08/2016
Photos 04/08/2016

ဆောက်လုပ်ရေးလုပ်ငန်းအများစု ရပ်ဆိုင်းသည့်ဂယက်ကြောင့် ဆက်စပ်လုပ်ငန်းများ အခက်တွေ့

By
မိုးညို
7 Day Daily (4-8-2016)

ရန်ကုန်တစ်မြို့လုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းအများ စု ရပ်ဆိုင်းထားသဖြင့် ၎င်းနှင့် ဆက်စပ်သည့် လုပ်ငန်းအများစု၌ ဂယက်ရိုက်ခတ်မှုကြုံနေကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်း အများစုသည် အုတ်သဲကျောက် များကို ချက်ချင်းငွေရှင်းစနစ်ဖြင့် ဝယ်ယူခြင်းမဟုတ်ဘဲ တစ်လချင်းစီငွေရှင်းစနစ်ဖြင့် ဝယ်ယူထားသဖြင့် လက်ရှိတွင် အုတ်သဲကျောက်ဒိုင်များသို့ ငွေသွင်းနိုင်ခြင်း မရှိကြောင်း ပုဇွန်တောင်မြို့နယ် စိန်သုံးလုံး အုတ်သဲကျောက်ရောင်းဝယ်ရေးပိုင်ရှင် ဦးမြတ်ကလေးက ပြောသည်။

‘‘ကျွန်တော်တို့ဆီ အရင် တစ်နေ့ကို အုတ်ကား၊ သဲကားအမှာ က ၁၀ စီးအထက်မှာရှိတယ်။ အခု တစ်နေ့ကို သုံးစီးတောင် မပြည့်ချင်တော့ဘူး။ အကြွေးယူထားတဲ့ လုပ်ငန်းရှင်တချို့လည်း ငွေလာမသွင်းနိုင်တော့ဘူး’’ဟု ဦးမြတ်ကလေးက ဆိုသည်။

ရန်ကုန်မြို့၏ စီးပွားရေး လုပ်ငန်းများထဲတွင် ဆောက်လုပ် ရေးနှင့် ဆက်စပ်သည့်လုပ်ငန်းမှာ အမြောက်အမြားရှိနေပြီး အစိုးရ ၏ လက်ရှိအထပ်မြင့်များနှင့်ပတ် သက်သည့် မူဝါဒကြောင့် အား လုံးကို ရိုက်ခတ်မှုရှိနေကြောင်း MKT ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့် က ပြောသည်။

‘‘ပိုင်ရိုက်တဲ့ လုပ်ငန်းတွေ အလုပ်မရှိလို့ ရပ်ထားရတာ အ များကြီးပဲ။ အုတ်သဲကျောက်လုပ် ငန်းတွေလည်း ဘယ်သူမှ အခြေ အနေမကောင်းဘူး’’ဟု ဦးမျိုးမြင့် က ဆိုသည်။

ဗိသုကာ ဒီဇိုင်းရေးဆွဲမှုအ ပိုင်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အလူမီနီယံ အစရှိသည့် လုပ်ငန်း များပါ အခြေအနေမကောင်းဘဲ ရပ်နားထားရသည်များလည်းရှိ ကြောင်း ဆောက်လုပ်ရေး လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ ကုမ္ပဏီဆို နိုင်ငံခြားကနေ ဓာတ်လှေကားက အစ ဝယ်ပြီးမှာထားတာ။ ငွေက တစ်ဝက် ရှင်းပြီးပြီ။ တစ်ဝက်ထပ်ချေဖို့ အခက်အခဲ ဖြစ်နေတယ်။လုပ်ငန်းခွင်ကလည်း ဆက် ဆောက်ရမှာလား၊ ရပ်ထားရမှာ လား ဘာမှကို သေသေချာချာ ရေရေရာရာ မသိရသေးဘူး’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော် မတီမှ ပြီးခဲ့သည့် အစိုးရ လက် ထက်က တင်ပြခဲ့သည့် သုံးထပ်ခွဲအဆောက်အအုံများ၏ ပါမစ် လျှောက်ထားမှုများပင် ခွင့်ပြုပေး မှု ရပ်နားထားပြီး သုံးထပ်ခွဲနှင့် အထက်၊ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများ ပါမစ်အသစ်ထပ်မံလျှောက်ထားခြင်းများကို ရပ်ဆိုင်းထားသည်။

ရပ်ကွက်များအတွင်း မြေ ရှင်နှင့် အခန်းပေးအခန်းယူတည် ဆောက်သည့် ကန်ထရိုက်များမှာ လည်း ထပ်မံအသစ်ဆောက်လုပ် ရန် ဈေးကွက် မရှိသောကြောင့် ရပ်ဆိုင်းထားသည့် သဘောရှိ သည်ဟု ကန်ထရိုက်တာအချို့က ဆိုသည်။

ပိုင်ရိုက်ခြင်းနှင့် မြေသား စမ်းသပ်ခြင်း လုပ်ငန်းများလုပ် သည့် လုပ်ငန်းများတွင်လည်း တစ်လလျှင် စမ်းသပ်စစ်ဆေးရသည့် လုပ်ငန်း နှစ်ခု၊ သုံးခုသာရှိ၍ အချို့ကုမ္ပဏီများမှာ လုပ်ငန်း ဆက်လက်လည်ပတ်ရန် အခက် အခဲဖြစ်နေသည်ဟု မြေသားစမ်း သပ်ခြင်းလုပ်ငန်းများ ဝန်ဆောင် မှုပေးသည့် The Sun မှ လုပ်ငန်းရှင် ဦးစန်းတင့်က ပြောကြားသည်။

Photos 22/07/2016

ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၂၁

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 100, 4th Floor, Padamyar Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00