A Yuu Lay
အရမ်းကြီး မချစ်ပြနဲ့
အရမ်းကြီးချစ်ပြတဲ့အခါ လိုသုံးနေရာကို ရောက်သွားတတ်တယ်
အရမ်းကြီး မပေးဆပ်ပြနဲ့
အရမ်းကြီးပေးဆပ်တဲ့အခါ ငပေါတယောက်လို
အမြင်ခံရတတ်တယ်
အရမ်းကြီး လွမ်းမပြနဲ့
အရမ်းကြီးလွမ်းပြတဲ့အခါ လျစ်လျူရှု ခြင်းကိုခံရတတ်တယ်
အရမ်းကြီး ဖက်တွယ်မထားနဲ့
အရမ်းကြီးဖက်တွယ်ထားတဲ့အခါ တဖက်လူလဲစိတ်ရှုပ်သလို ကိုယ်လဲနာကျင်ရတယ်
အရမ်းကြီး မတွေးနဲ့
အရမ်းကြီးတွေးတဲ့အခါ ကိုယ့်ဝေဒနာ ကိုယ်ရှာသလိုဖြစ်တတ်တယ်
အရမ်းကြီး မမျှော်လင့်နဲ့
အရမ်းကြီးမျှော်လင့်တဲ့အခါ စိတ်ကူးအိပ်မက် တွေပျက်စီးသွားတတ်တယ်
ဘယ်သူ့အပေါ်မှ လိုတာထက် ပိုပြီး
မမျှော်လင့်ပါနဲ့ မဖက်တွယ်ပါနဲ့
ချစ်ပါ မနစ်ပါနဲ့
သူရှိမှဖြစ်မဲ့ဆိုတဲ့အတွေးတွေကို လွှတ်ပစ်လိုက်ပါ
ကိုယ့်ဘက်က ဘယ်လောက်ပဲပေးဆပ်နေပါစေ
အချစ်စစ်မဖြစ်ခဲ့ရင်တော့ သေချာပေါက်ဝေးကြရမှာပဲ
အရာရာတိုင်းမှာ Limit ထားပါ
ဘယ်အရာကိုမှ လိုတာထက် ပိုပြီး မပေးဆပ်ပါနဲ့
နောက်ပြီး အရမ်းကြီး မမျှော်လင့်မိပါစေနဲ့
Click here to claim your Sponsored Listing.