Gems Insight By Eve
20/02/2026
“မြန်မာ့မြေထွက်တုနှိုင်းမရတဲ့ ကျောက်မျက်များ”
မြန်မာပြည်ဟာ ကမ္ဘာမှာ ကျောက်မျက်ရတနာ အထွက်ဆုံးနိုင်ငံ မဟုတ်ပေမယ့်"
“အရည်အသွေးအကောင်းဆုံး" ကျောက်မျက်တွေထွက်ရှိရာအရပ်အဖြစ် ကမ္ဘာ့ရတနာလောကမှာ သတ်မှတ်ခံထားရပါတယ် ။
Gems Insight by Eveရဲ့ စာဖတ်သူတွေ အတွက် မြန်မာပြည်ရဲ့ ဂုဏ်ဆောင်၊ တုနှိုင်းမရတဲ့ ထိပ်တန်းကျောက်မျက် (၅) မျိုးကို အနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်😇
ပုံကိုထောက်ပြီး ဆက်ဖတ်ပေးပါရန်………
16/02/2026
ပတ္တမြားဝယ်မယ်ဆိုရင် လူတိုင်းမေးလေ့ရှိတဲ့ "မိုးကုတ်လား၊ မိုင်းရှူးလား" ဆိုတဲ့ မေးခွန်းအတွက် တစ်ဖက်စီရဲ့ အားသာချက်၊ အားနည်းချက်တွေကို Gems Insight by Eve ကနေ ပညာရပ်ပိုင်းဆိုင်ရာရော၊ ဈေးကွက်ပိုင်းဆိုင်ရာပါ နှိုင်းယှဉ်ရှင်းပြပေးလိုက်ပါတယ်ရှင်။
💎 မိုးကုတ်ပတ္တမြား (Mogok Ruby) vs မိုင်းရှူးပတ္တမြား (Mong Hsu Ruby)
၁။ မိုးကုတ်ပတ္တမြား (Mogok Ruby)
မိုးကုတ်ဒေသဟာ ကမ္ဘာ့အကောင်းဆုံး ပတ္တမြားတွေ ထွက်ရှိရာ "ရတနာမြေ" အဖြစ် ရာစုနှစ်ပေါင်းများစွာ နာမည်ကျော်ခဲ့တာပါ။
• ✅ အားသာချက်:
• အရောင် (Color): သဘာဝအတိုင်း တောက်ပတဲ့ အနီရောင်စစ်စစ် ရှိပြီး "ခိုသွေးရောင်" (Pigeon's Blood) @ Vivid Red , Red , Purplish Red , Pinkish Red အစရှိသဖြင့် ထွက်ရှိပါတယ်။
• ရှားပါးမှု: သဘာဝအတိုင်း ဘာမှမပြုပြင်ထားတဲ့ (Unheated) ကျောက်ကောင်းတွေ အထွက်များပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် တန်ဖိုးအရှိဆုံး ဖြစ်ပါတယ်။
• ဂုဏ်သတင်း: "Mogok" ဆိုတဲ့ အမည်ကိုယ်တိုင်က ကမ္ဘာ့ရတနာဈေးကွက်မှာ အဆင့်မြင့်ဆုံး အာမခံချက်တစ်ခု ဖြစ်ပါတယ်။
• 💁🏻♀️အားနည်းချက်:
• ဈေးနှုန်း: အရည်အသွေးတူရင်တောင် တခြားဒေသထွက်တွေထက် ဈေးနှုန်း အဆမတန် မြင့်မားပါတယ်။
• အတွင်း Inclusion : သဘာဝကျောက်ဖြစ်လို့ အတွင်းပိုင်းမှာ Silk
@ needles (အပ်ချောင်း) နဲ့ အစက်အပြောက်လေးတွေ , crystal လေးတွေ ပါဝင်မှု ပိုများတတ်ပါတယ်။
၂။ မိုင်းရှူးပတ္တမြား (Mong Hsu Ruby)
မိုင်းရှူးပတ္တမြားတွေဟာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ စတင်ကျော်ကြားလာပြီး ကမ္ဘာ့ပတ္တမြားဈေးကွက်ကို အဓိက ထောက်ပံ့ပေးနေတဲ့ ဒေသဖြစ်ပါတယ်။
• ✅အားသာချက်:
• ကြည်လင်မှု (Clarity): ( Heated ) အပူပေးပြုပြင်လိုက်တဲ့အခါ အတွင်းပိုင်း အရမ်းကြည်လင်ပြီး ဝင်းပတဲ့ ကျောက်မျိုးတွေ ရရှိတတ်ပါတယ်။
• ဈေးနှုန်း: မိုးကုတ်ကျောက်တွေနဲ့ယှဉ်ရင် ဈေးနှုန်းသက်သာပြီး သင့်တင့်တဲ့ဈေးနဲ့ လှပတဲ့ပတ္တမြားကို ဝတ်ဆင်နိုင်ခွင့် ပေးပါတယ်။
•သွေးပုံ (Cut): သွေးကွက်လှလှ၊ အပွင့်လှလှလေးတွေ ပိုရတတ်ပါတယ်။
• 💁🏻♀️အားနည်းချက်:
• ပြုပြင်မှု (Treatment): မိုင်းရှူးကျောက် အားလုံးနီးပါးဟာ အပူပေး (Heat treatment) မှသာ အရောင်လှလာတာဖြစ်လို့ Unheated ရှာဖို့ ခက်ခဲပါတယ်။
• မူလအရောင်: မပြုပြင်ခင်မှာ အတွင်းပိုင်း၌ အမည်းကွက် (Dark core) ပါဝင်တတ်တာကြောင့် အပူပေးခြင်း ( High Heat , Low Heat ) နည်းပညာအပေါ် အများကြီး မူတည်နေပါတယ်။
💡Gems Insight by Eve ၏ အနှစ်ချုပ် အကြံပြုချက်💡
• ရင်းနှီးမြှုပ်နှံမှုအတွက် (Investment): နောင်တစ်ချိန်မှာ တန်ဖိုးပိုတက်လာမယ့် "Legacy" တစ်ခုအနေနဲ့ သိမ်းဆည်းချင်တယ်ဆိုရင် မိုးကုတ် (Unheated) ကို ရွေးချယ်ပါ။
• လှပစွာ ဝတ်ဆင်ရန်အတွက် (Fashion/Daily Wear): ဈေးနှုန်းသင့်တင့်ပြီး အရောင်စိုစို၊ ကြည်ကြည်လင်လင်နဲ့ လူတောတိုးချင်တယ်ဆိုရင်တော့ မိုင်းရှူး (Heated) ကို
Alternative Choice အနေနဲ့ ရွေးချယ်လို့ရပါတယ် ။
ဘယ်ဒေသကပဲဖြစ်ဖြစ် အရေးကြီးဆုံးကတော့ ခိုင်မာတဲ့ Graduate Gemologist ရဲ့ စစ်ဆေးချက်နဲ့ စိတ်ချရတဲ့ ရတနာဆိုင်မှာ ဝယ်ယူဖို့ပါပဲရှင်။
Aye Mya Sandar Oo
Graduate Diamond Diploma ( GIA) ✅
Applied Jewellery Professional ( GIA)✅
Alumni Member of Gemological Institute of America ( GIA )✅
#ရတနာဗဟုသုတ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon