BYD LMTY Automobile
05/07/2023
အိမ်သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 ဖြစ်ပါသည်။
ဆေးသုတ်ရမည့် 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (𝟏𝟓) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ရမည် ဖြစ်ပါသည်။
ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (𝟑𝟓𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 ရှိတဲ့အတွက် (𝟑𝟓𝟎) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (𝟎.𝟓) ထက်နည်းပါက ကွာတား (𝟐) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (𝟎.𝟓) ထက်များပါက (𝟏) ဂါလံ ဝယ်ရပါမည်။
𝟏𝟒 𝐱 𝟐𝟎 ပေအခန်း အမြင့် (𝟖) ပေ တံခါး (𝟐) ပေါက်၊ ပြူတင်းပေါက် (𝟐) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။
𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
𝐂𝐞𝐢𝐥𝐢𝐧𝐠 ၏ အလျားပေ x အနံပေ = 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐀𝐫𝐞𝐚
𝟏𝟒 𝐱 𝟐𝟎 = 𝟐𝟖𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭
𝐂𝐞𝐢𝐥𝐢𝐧𝐠 အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟐𝟖𝟎 ÷ 𝟑𝟓𝟎 = 𝟎.𝟖
ထိုအဖြေအရ 𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ လိုအပ်ပါမည်၊ (𝟐) ထပ်သုတ်လျင် (𝟐) ဂါလံလိုအပ်ပါမည်။
နံရံဆေးတွက်ဆမှု
~~~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။
𝟏𝟒 + 𝟐𝟎 + 𝟏𝟒 + 𝟐𝟎 = 𝟔𝟖 ပေ
နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
𝟔𝟖 𝐱 𝟖 = 𝟓𝟒𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭
ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (𝟏) ချပ်စီတိုင်း အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟐𝟎 𝐱 𝟐 = 𝟒𝟎)၊ ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟏𝟓 𝐱 𝟐 = 𝟑𝟎)
𝟓𝟒𝟒 - 𝟕𝟎 = 𝟒𝟕𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭
နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟒𝟕𝟒 ÷ 𝟑𝟓𝟎 = 𝟏.𝟒
ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ (𝟐) ကွာတားနှင့် (𝟐) ထပ်သုတ်လျင် (𝟐) ဆ လိုအပ်ပါမည်။
တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
𝟐𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 = တံခါး (𝟏) ချပ်
တံခါးအရေအတွက်ကို (𝟐𝟎) ဖြင့် မြှောက်ပါ။
𝟐 𝐱 𝟐𝟎 = 𝟒𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭
ပြုတင်းပေါက် အရေအတွက်ကို (𝟕.𝟓) ဖြင့်မြှောက်ပါ။
𝟐 𝐱 𝟕.𝟓 = 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭
ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
𝟒𝟎 + 𝟏𝟓 = 𝟓𝟓
ပြီးလျှင် 𝟑𝟓𝟎 ဖြင့်စားပါ။
𝟓𝟒 ÷ 𝟑𝟓𝟎 = 𝟎.𝟏𝟔
ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (𝟏) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (𝟐) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။
ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋♀️🙋♂️
#ရွှေရောင်လင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon