Boom Boom

Boom Boom

Share

25/05/2026

ကျမ်းစာပါယုံကြည်ခြင်းနဲ့မျက်ကန်းယုံကြည်ခြင်း

ယုံကြည်ခြင်းဆိုတာယုံကြည်နိုင်ဖို့အတွက်နိမိတ်လက္ခ
ဏာ၊ထင်ရှားခြင်းလက္ခဏာ၊အံဖွယ်အမှုတွေလိုအပ်
တယ်။
ယုံကြည်ခြင်းသညေကြားနာခြင်းအားဖြင့်‌ကြားနာခြင်း
သည်ဘုရားစကားအားဖြင့(ရော ၁ဝး၁ရ)

ယုံကြည်ခြင်းဆိုတာခံစားချက်တစ်ခုသာဖြစ်တယ်။
ယုံကြည်ခြင်းသည်ခံစားချက်အားဖြင့်မဟုတ်အမြင်အား
ဖြင့်လည်းမဟုတ်၊တိကျတဲ့ယုံကြည်မျှော်လင့်ခြင်းနဲ့အ
သက်ရှင်ခြင်းမျိုး။(၂ကော ၅း၁ရ)

ဖြောင့်မတ်သောသူမှန်ရင်ကျန်းမာမယ်၊ချမ်းသာခြင်းတွေ
နဲ့အမှန်ပြည့်စုံမယ်။
ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်
ရှင်လိမ့်မည်။ (ရော ၁း၁ရ)

ယုံကြည်ခြင်းဆိုတာအမြဲတမ်းသက်တောင့်သက်သာရှိ
စေပြီးပေါ့ပါးခြင်းနဲ့ဓိပ္ပါယ်ရှိတဲ့အရာတွေအပေါ်မှာပဲ
တည်ဆောက်ထားတာပါ။
ယုံကြည်ခြင်းဆိုတာလူတွေရဲ့ပညာအပေါ်မှာမတည်ပဲ
ဘုရားသခင်ရဲ့တန်ခိုးတော်၌ပဲတည်တယ်။
(၁ကော ၂း၁-၅)

ယုံကြည်ခြင်းဆိုတာထက်မြတ်တဲ့အပြောအဆို၊နှစ်သက်
ဖွယ်ကောင်းတဲ့အပြင်ပန်းအသွင်အပြင်၊ထူးခြားတဲ့ကိုယ်
ရည်ကိုယ်သွေးရှိခြင်းတွေအပေါ်မှာပဲအခြေခံတဲ့အတွက်
အဲ့ဒီအချက်တွေရှိနေရင်ယုံကြည်ခြင်းရှိသူပဲ။
ဘုရားသခင်ရဲ့ပညာကလောကီသားတို့အတွက်မိုက်မဲ
ခြင်းဖြစ်ပြီးယုံကြည်ခြင်းဆိုတာကလည်းအဲ့ဒီလိုလော
ကီသားတွေစံထားတဲ့၊အထွဋ်အမြတ်ထားတဲ့အရာတွေနဲ့
ရောနှောခြင်းမရှိဘူး။
(၁ကော ၂း၁ဝ-၁၆၊ ၂ကော ၆း၁၄-၁၈)
(25.5.2026)

22/05/2026

ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူ
သည်ငါတို့တဘက်၌နေနိုင်မည်နည်းဆိုတဲ့စကားဟာ တ
ဖက်ကနေကြည့်ရင်အကြီးမားဆုံးသောအာမခံချက်ပါပဲ။

တပါးတည်းသောသားတော်တော်ရင်းကိုတောင်မနှမြော
ပဲစွန့်သောသူ့ကသားတော်နဲ့တကွခပ်သိမ်းသောအရာတို့
ကိုငါတို့အားမပေးပဲမနေတဲ့ဆိုတဲ့ဘုရားရဲ့ကတိစကားနဲ့
အံ့ဖွယ်အလင်းတော်ထဲခေါ်သွင်းခံရခြင်းခံရတဲ့သူတစ်ဦး
ချင်းစီမှာဘုရားရဲ့နက်နဲတဲ့အကြံအစည်တော်ရှိနင့်ထား
ပြီးသားဖြစ်သလိုအဲ့ဒီအကြံအစည်တော်အတိုင်းလည်း
ဘုရားကအခြေအနေတွေတိုင်းရဲ့တဖက်မှာပုံဖော်ပေးနေ
တယ်ဆိုတာစိတ်ချဖို့ပါပဲ။

ဒါကြောင့်လည်း ဘုရားကချစ်လို့ရွေးနူတ်ခြင်းကျေးဇူးကို
ခံရသောသူဟာ အဲ့ဒီချစ်တော်မူသောသူရဲ့ ကျေးဇူးတော်
ကြောင့်ပဲ အခြေအနေအရပ်ရပ်ကိုကြုံဆုံရပေမယ့်လည်း
အောင်မြင်ခြင်းအခွင့်ကိုရတယ်လို့ဆိုတာပါ။ဘုရားရဲ့
ချစ်ခြင်းမေတ္တာကိုနားလည်းစိတ်ချထားခြင်းဟာ ကျွန်
တော်တို့ရဲ့အနာဂတ်ခြေလှမ်းတိုင်းအတွက်အတွင်းခွန်
အားကိုဖြစ်စေပါတယ်။

ငါ့ရဲ့ အခြေအနေကဘယ်လောက်ပဲရုန်းကန်နေရပါစေငါ့
ကိုချစ်လို့ခေါ်ထားသသူ၊ငါ့ကိုချစ်လို့အမြဲကျေးဇူးပြု၊
ကွယ်ကာပို့ဆောင်ပေးနေတဲ့ ဘုရားရဲ့ကျေးဇူးတော်အား
ဖြင့်ငါဟာအမှုအရာခပ်သိမ်းကိုကြုံရပေမယ့်လည်းအ
ခြေအနေအရပ်ရပ်ကိုအောင်နိုင်သောသူအဖြစ်အဆုံး
သတ်ပေးမယ်ဆိုတာသေချာတယ်ဆိုတဲ့ဘုရားချစ်ခြင်း
မေတ္တာအပေါ်ယုံကြည်စိတ်ချခြင်းနဲ့နေ့ရက်တိုင်းကို
အောင်ဖြတ်သန်းကြပါစို့... အာမင်
(22.5.2026)

21/05/2026

#ဘယ်ကာလရောက်ရောက်ပါဒါဟာဆင်ခြင်စရာအဖြစ်
ရှိနေတုန်းပါပဲ..

1.ဘုရားစကားကိုနားမထောင်၊ မယုံကြည်ငြင်းပယ်သော
သူ၊မလိုအပ်ဟုခံယူသူ(နောဧခေတ်ကဲ့သို့)မ ၂၄း၃ရ-၃၉

2.ဘုရားသက်သေ၊လက်တော်၊မှစခြင်း၊တန်ခိုးတော်များ
ခံစားယုံမျှမကနှုတ်ကပတ်တော်ကိုရထားသော်လည်း
စကားတော်ကိုနှလုံးမသွင်း၊ လောကီသားကဲ့သို့ နူတ်က
ပတ်တော်နှင့်ဆန့်ကျင်သောအရာများ၌သာပျော်မွေ့
သောသူ (ဣသရေလလူမျိုးများ)

3.နူတ်ကပတ်တော်ဆာငတ်၊အစေခံ၊ပါဝင်တတ်၊မွေ့
လျော်တတ်သော်လည်း သမ္မာတရားကိုပိုင်းခြားခြင်းမရှိ
ပဲသမ္မာတရားနှင့်နီးလျှက်နှင့်ဝေးသွားရသောသူ။

မိမိသွားသောလမ်းကိုဆင်ခြင်သောသူအားလည်းကယ်
တင်တော်မူခြင်းကျေးဇူးကိုငါပြမည်ဟုဘုရားသခင်မိန့်
တော်မူ၏ (ဆာ ၅၀:၂၃)
(21.5.2026)

08/05/2026

ဣသရေလသမိုင်းကိုကြည့်ရင် မြင်ရတဲ့အရာနဲ့မမြင်ရတဲ့
အရာ၊ကြောက်သင့်တဲ့အရာနဲ့ မကြောက်သင့်တဲ့အရာ
နေရာမှားခဲ့ကြတာကိုတွေ့ရတယ်။

- နွားရုပ်ပူဇော်ဖို့ ဘုရားကိုပုန်ကန်ရဲ့ခဲ့သလောက်ရေငတ်
မှာကိုတော့ကြောက်ခဲ့ကြတယ်။
- ဒုက္ခကြုံတိုင်းပြောချင်ရာပြောဖို့သတ္တိရှိခဲ့ကြပေမဲ့လည်း
ခါနန်လူမျိုးတွေကိုတော့အသေကြောက်တယ်။
- မမြင်ရတဲ့ဘုရားထက်မြင်ရတဲ့အတားအဆီးတွေကို
ကြောက်လွန်းခဲ့ကြတယ်။
- ဒါတွေကြောင့်ပဲ မနက်ဖြန်အ တွက်မစိုးရိမ်နဲ့လို့ဘုရား
ကပြောရင်လူတွေကစိုးရိမ်ကြတယ်။
- မြေကြီးဘဏ္ဌာမဆည်းပူးနဲ့ဆိုရင်ဆည်းပူးတယ်။
- ဘုရားနဲ့အတူသွားလာနေတာတောင်အကြောက်တရား
တွေကနေရာမမှန်နိုင်ခဲ့ကြဘူး။(၂တိ ၁း၇ ကြောက်စိတ်
ကိုမပေးဘူး)

၁ရာ ၁၇ - - - ဣသရေလူတွေဟာဖိလိတ္တိလူနဲ့ဂေါလျက်
ကိုတော့အသေကြောက်ကြပြီး ဘုရားကိုတော့တစက်က
လေးမှမကြောက်ရွံ့အပြန်ပြန်ပြစ်မှားကြတယ်။

- မြင်ရတဲ့လက်နက်နဲ့ဂေါလျက်ရဲ့ထည်ဝါမှုကိုကြောက်
သလောက်ဘုရားရဲ့ထယ်ဝါခန်းနားခြင်း တန်ခိုးကြီး
ခြင်းတွေကိုတစက်ကလေးမှ မကြောက်တတ်ကြပြန်
ဘူး။

- မြင်ရတဲ့အပြင်ပန်းတန်ဆာနဲ့လူရဲ့ခွန်အားကြီးခြင်းကို
ကြောက်သလောက်မမြင်ရတဲ့ဘုရားရဲ့တန်ခိုးကိုတော့
တစက်ကလေးမှာမကြောက်ကြဘူး။

- လူ့အမြင်နဲ့ရွေးချယ်ခဲ့တဲ့ဘုရင်ကလူ့အမြင်နဲ့ပဲမြင်တာမ
ဆန်းဘူးပေါ့။

- ဘုရားကိုယုံကြည်၊ ဘုရားကိုကြောက်ရွံ့ ၊ဘုရားကိုအား
ကိုးတဲ့ဒါဝိဒ်ရဲ့မဖြစ်စလောက်လက်နက် ၊ စာရင်းမဝင်
တဲ့လောက်လေး လေးဟာတတိုင်းပြည်လုံးကြောက်ရွံ့
နေရတဲ့ဂေါလျတ်ကြီးကိုပြိုလဲသွားစေနိုင်တယ်။

- ကျွမ်းကျင်မှု၊ထယ်ဝါမှုတွေနဲ့လာတဲ့ အရပ် ၉ကျော် ၁၃
ပေ ၄လက်မရှိတဲ့လက်နက်နဲ့ဘယ်လိုပဲလာလာမမြင်ရ
တဲ့ဘုရားနာမနဲ့လာတဲ့လောက်လေးတလက်ကအောင်
မြင်မှုကို မော်ကွန်းတင်နိုင်တယ်။

- ဒီနေ့ ဘုရားနဲ့အတူသွားလာနေတဲ့သင် မမြင်ရတဲ့ဘုရား
ထက် မြင်ရတဲ့ သင့်ဘဝအခြေအနေ၊စိန်ခေါ်မှုတွေကို ပို
ကြောက်နေတာမျိုး နေရာမှားတာမျိုးဖြစ်လာတတ်ပါ
တယ်။

- ဒါပေမဲ့ မှန်ကန်တဲ့ကြောက်ရွံ့ခြင်းဖြစ်လာတဲ့အခါဒါဝိဒ်
လိုလောက်လေးတလက်နဲ့ စိန်ခေါ်မှုတွေပြည့်တဲ့လောက
အလယ်မှာ မော်ကွန်းတင်နိုင်ပါလိမ့်မယ်။

- ကြောက်ရွံခြင်းနေရာမှန်သွားတဲ့အခါ ဘုရားထူပေးမဲ့
သက်သေကသာ၍ကြီးပါတယ်။ အာမင်......
(8.5.2026)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Hlaing
Yangon
1358

Opening Hours

Tuesday 07:00 - 20:00
Thursday 07:00 - 20:00
Sunday 07:00 - 20:00