Improvia - Edu Tower

Improvia - Edu Tower

Share

21/04/2026

🧩 ပေးထားတဲ့ Phrase လေး ၁၀ ခုကို situation ၁၀ ခုနဲ့ တွဲကြည့်ရအောင် ✨️

Phrases:
1. Break the ice
2. Hit the books
3. Call it a day
4. On cloud nine
5. Under the weather
6. Piece of cake
7. Bite the bullet
8. Cost an arm and a leg
9. Back to the drawing board
10. Cut corners

---

Situations:

A) The project failed, we need a new plan.
B) That exam was really easy.
C) Let’s finish work and go home.
D) I feel sick today.
E) The car was very expensive.
F) Start talking to strangers at a party.
G) I’m extremely happy about my promotion!
H) Study hard for the upcoming exam.
I) Do something difficult even though you don’t want to.
J) Don’t try to save money by doing a poor-quality job.

အဖြေမှန်ကို comment မှာတင်ထားပေးပါမယ်နော်။ 💛

03/04/2026

English Speaking ပြောတတ်ဖို့ Speaking Class ပဲ ရွေးတက်နေတုန်းလား⁉️

ငယ်ငယ်တုန်းက ရပ်ကွက်ထဲက အဒေါ်ကြီးတွေ ပြောတတ်တာ မှတ်မိကြသေးလား။ သူတို့အိမ်က ကလေးကို အင်္ဂလိပ်စကားပြောသင်တန်း ထားမလို့တဲ့လေ။ အချိန်တစ်ခုကြာတော့ အဲ့ဒီကလေးတွေ တကယ်ပဲ အင်္ဂလိပ်စကားပြော ရေရေရာရာ တတ်သွားသလားဆိုတော့ အဖြေက " နိုးပါ"။

ဒါဆို ဘာကြောင့်များ ဒီလိုဖြစ်ရပါသလဲ။🧐

📑 အခြားဘာသာစကားတွေလို အင်္ဂလိပ်စာမှာလဲ Reading, Writing, Listening, Speaking ဆိုတဲ့ Skills (၄) မျိုးရှိတာပေါ့နော်။ အဲ့ဒါကိုမှ Reading နဲ့ Listening က Receptive Skill (ကိုယ့်ဉာဏ်ထုတ်သုံးစရာမလို)၊ Writing နဲ့ Speaking ကိုတော့ Productive Skill(ကိုယ့်ဉာဏ်ထုတ်သုံးဖို့လို) ဆိုပြီး နှစ်မျိုး ပြန်ခွဲကြပါတယ်။

📑 ဒီ Receptive Skill နဲ့ Productive Skill နှစ်ခုမှာ တစ်ခုခုချို့ယွင်းနေလို့ မရပါဘူး။ ဆိုလိုတာက Receptive Skill ဆိုတဲ့ သူများရေးတဲ့စာကို နာနာဖတ်တာ၊ သူများပြောတဲ့စကားကို ကြပ်ကြပ်နားထောင်ထားတာတွေ မလုပ်ထားရင် Productive Skill ဖြစ်တဲ့ ကိုယ်တိုင် ထုတ်ရေးရမယ်၊ ထုတ်ပြောရမယ်ဆိုတဲ့ အချိန်မှာ ဘာ idea မှ ထွက်မလာတော့ပါဘူး။

📑 သေချာတာတစ်ခုက များများရေးနိုင်တဲ့သူက များများဖတ်ထားလို့၊ များများပြောနိုင်တဲ့သူက များများနားထောင်ထားလို့ပေါ့။ ဒီနေရာမှာ Speaking ကို ဦးတည်ပြီးပြောရရင် Broken English နဲ့ချပြီး စကားပြောသွက်နေတာနဲ့ တကယ် ချက်ကျလက်ကျပြောတတ်တာဆိုပြီး နှစ်မျိုးရှိလာမယ်။

📑 ကိုယ်က English Speaking ကိုဘယ်လိုပုံစံနဲ့ပြောတတ်ချင်လဲဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ တကယ်ကို သဒ္ဒါမှန်မှန်နဲ့ ပြောတတ်ချင်တယ်ဆို English Speaking သင်တန်းတစ်ခုပဲ ရွေးတက်နေလို့ မရပါဘူး။ သူနဲ့အတွဲအစပ်ဖြစ်တဲ့ Listening ကို လေ့လာကိုလေ့လာရမယ်။ ဖြစ်နိုင်ရင် General English အတွက် (4) Skills လုံး လေ့လာထားတာက အကောင်းဆုံးပါပဲ။ အဲဒီအပြင် တခြားလိုအပ်တဲ့ Grammar, Vocabulary, Idiom တွေကိုပါ ထပ်ပြီး လေ့လာထားသင့်ပါသေးတယ်။

🎯 Improvia ရဲ့ Speaking Focused Four Skills English Class တွေမှာဆိုရင် ဘယ် Skill ကိုပဲသင်သင် အင်္ဂလိပ်စကားပြောကို ဆက်စပ်ပြီး သုံးရပါတယ်။ Student Centered Method ကိုသုံးပြီး ဆွေးနွေးအဖြေရှာကြတာဆိုတော့ Speaking ကတော့ အတန်းတိုင်းမှာ သင့်တော်သလို ပြောနေရမှာပါ။

🇬🇧 တစ်လကို ၇၅၀၀၀ ကစတက်လို့ရတဲ့ 1-on-1 English 4 skills + Speaking Online Class
https://www.facebook.com/share/p/1GB8xg3Y9D/

Speaking ကို ချက်ကျလက်ကျပြောတတ်ဖို့အတွက် သူနဲ့ဆက်စပ်နေတဲ့ တခြား Skill တွေကိုပါ လေ့လာလိုက်စားဖို့ လိုအပ်ပါကြောင်း။💌

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

No. 59/A, ၄ လွှာ၊ ဗိုလ်သူရလမ်း၊ ကြည့်မြင်တိုင်။
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00