LAP Sports Committee - MIT
14/05/2026
🤩
30/04/2026
Hello LAPers!
ဒီတစ်ပတ် Sports Committee ရဲ့ contentမှာတော့ နွေရာသီလဲဖြစ်နေတဲ့အတွက်အပူဒဏ်ကိုသက်သာစေမယ့် ရေးကူးအားကစားအကြောင်း ပြောပြပေးချသ်ပါတယ်။
ရေကူးတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးကျေးဇူးများစွာရှိတဲ့ အားကစားတစ်ခုပါတယ်။ ဒါဆိုရင် ရေကူးခြင်းကဘယ်လို benefits တွေရှိမလဲဆိုတာကို အတူကြည့်လိုက်ရအောင်ပါ။
1. Full Body Muscle Strengthening (တစ်ကိုယ်လုံးရှိ ကြွက်သားများကို သန်မာစေခြင်း)
ရေကူးတဲ့အခါ လက်၊ ခြေထောက်၊ ကျောနဲ့ ဗိုက်ပ ကြွက်သားအားလုံးကို အသုံးပြုရတဲ့အတွက် ခန္ဓာတစ်ကိုယ်လုံးက ကြွက်သားတွေကို တပြိုင်နက် သန်မာစေပြီး ခန္ဓာကိုယ် အချိုးအစားကို လှပစေပါတယ်။
2. Improves Cardiovascular Health (နှလုံးနှင့် အဆုတ် ကျန်းမာရေးကို မြှင့်တင်ပေးခြင်း)
ရေကူးခြင်းက နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးတဲ့အတွက် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူပြုပါတယ်။
3. Low Impact on Joints (အဆစ်အမြစ်များအပေါ် ဒဏ်သက်ရောက်စေမှု နည်းပါးခြင်း)
ပြေးတာ ဒါမှမဟုတ် အခြားအားကစားများတွေနဲ့ မတူဘဲ ရေထဲမှာက ကိုယ်အလေးချိန်ကို ရေက ထိန်းထားပေးတဲ့အတွက် ဒူး၊ ခါးနဲ့ အဆစ်အမြစ်တွေအပေါ် ဖိအားသက်ရောက်မှု နည်းပါးစေတယ်။ ဒါကြောင့် အသက်အရွယ်ရောက်ပြီးသူများ နဲ့ ဒဏ်ရာရထားသူတွေအတွက် သင့်လျော်တဲ့အားကစားဖြစ်ပါတယ်။
4. Burns Calories and Manages Weight (ကယ်လိုရီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း)
ရေကူးခြင်းက ကယ်လိုရီကို များစွာလောင်ကျွမ်းစေတဲ့ အားကစားတစ်ခုလည်းဖြစ်ပါတယ်။ တစ်နာရီကြာ ရေကူးလိုက်ရင် ပျမ်းမျှ ကယ်လိုရီ ၄၀၀ မှ ၇၀၀ လောက်အထိ လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက် ထိရောက်စေပါတယ်။
5. Stress Reduction (စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း)
ရေထဲမှာရှိနေခြင်းနဲ့ စည်းချက်ကျကျ ရေကူးခြင်ယက စိတ်ကို ကြည်လင်လန်းဆန်းစေပြီးတော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေသလို ပိုပြီးကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် ရေကူးခြင်းက အသက်အရွယ်မရွေး လုပ်ဆောင်နိုင်ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းနည်းပါးသလို ကျန်းမာရေးအတွက် အဘက်ဘက်ကနေအကျိုးရှိစေတဲ့အားကစားတစ်ခုဖြစ်ပါတယ်။
#ရေကူး #အကျိုးကျေးဇူး
03/01/2026
Part ( 2 )
Sports Committee Gathering မှာ အမှန်အကန်ပါ၀င်ပြီး ပျော်ရွှင်ခဲ့ကြတဲ့ Member ၀င်များပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon