The Ultimate Goals

The Ultimate Goals

Share

01/11/2023

ဆင်ကြီးဖင် တုနဲ့ထုခံနေရပြီ

30/05/2023

အီတလီ တခေတ် သံသယာ ပြန်လည်လာပြီလား

ယခုနှစ်ရဲ့ ဥရောပ ပြိုင်ပွဲတွေမှာ အီတလီ အသင်း‌တွေ ပါဝင်နေတာကို မြင်တွေ့ရမှာပါ။ ဘာထူးခြားလဲ ဆိုတော့ ဒီလို ဥရောပ ပြိုင်ပွဲစုံမှာ တနိုင်ငံတည်းက အသင်းတွေ နေရာယူဖို့ ဆိုတာ မလွယ်ကူပါဘူး။ မလွယ်ကူတဲ့ အရာကို အီတလီ အသင်းတွေက လုပ်ပြလိုက်ပါပြီ။ အင်တာ၊ ရိုးမား၊ ဖီအိုရင်တီးနား စတဲ့ အီတလီ အသင်းတွေဟာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ် နဲ့ ကွန်ပရန့်လိဂ်‌ တွေမှာ အီတလီဟာ ဘာကောင်လဲ ဆိုတာ ပြနေပါပြီ။ ဒီနှစ် အီတလီ အသင်းတွေ ဥရောပ မှာ ဘယ်လောက် အောင်မြင် မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးတော့ ဒီနှစ် ကျနော့် သဘောကျတဲ့ အီတလီ အသင်းတွေရဲ့ ဒီရာသီ အနှစ်ချုပ်လေး ပြောပြပါမယ်။

၁. နာပိုလီအသင်း

အသင်းနဲ့ ၁၉၉၀ ခုနစ် နောက်ပိုင်း နှစ်အတော်ကြာ ဝေးကွာနေတဲ့ စီးရေးအေ ချန်ပီယံ ဆုကို ရယူနိုင်တဲ့အပြင် Victor Osimhen, Khvicha Kvaratskhelia, Min-Jae Kim စတဲ့ ကစားသမားကောင်းတွေပါ မွေးထုတ်ပေးခဲ့ပါတယ်။ ဒီနှစ်အတွက် နာပိုလီအသင်းတွေနဲ့ ချန်ပီယံဆု ယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိ တပ်ရောက်ခဲ့ပြီး ကိုပါအီတလီမှာတော့ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒီနှစ်ဟာ နေပယ်သားတွေ အတွက် အမှတ်ရစရာ ပျော်စရာတွေ ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။

၂.အင်တာမီလန်

အင်တာမီလန် အသင်းအနေနဲ့ ဖလားသုံးလုံး ရယူနိုင်မယ့် အခွင့်အရေးဟာ လက်တကမ်းမှာ ရောက်ရှိနေပါပြီ။ ကိုပါအီတလီ ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့သလို အီတလီ စူပါဖလား မှာလဲ နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတာပါ။ အခုလက်ရှိ ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်နေပြီ ဖြစ်တာကြောင့် ဒီနှစ်ဟာလဲ မီလန်မြို့ အပြာဘက်ခြမ်းမှာ ကြယ်ရောင်စုံ ညတွေ ဖြစ်နိုင်မယ့် အလားပါပဲ။ အသင်းရဲ့ ကစားသမားအင်အားဟာ ကြယ်ပွင့်တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပဲ အသင်းကြီးတွေရဲ့ အပယ်ခံတွေ ကို ကြယ်ပွင့်အလား တည်ဆောက်ပြီး ချန်ပီယံလိဂ် ဖလားကြီး ရယူပြီး မီလန်မြို့ အပြာဘက်ခြမ်းမှာ ပျော်ရွှင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

၃.ဖီအိုရင်တီးနား

ထူးထူးခြားခြား ကျနော် ဘာလို့ ရိုးမား အသင်းထက် ဖီအိုရင်တီးနားကို ရွေးချယ်လဲဆိုတော့ ဖီအိုရင်တီးနားအနေနဲ့ ဒီလို ဥရောပ ပြိုင်ပွဲ တခုမှာ ဗိုလ်လုပွဲ အဆင့်ထိ ရောက်နိုင်‌အောင်စွမ်း‌ဆောင်ပေးမယ့် ကစားသမား သုံး‌ယောက်လောက်ထဲ နဲ့ မဖြစ်ဖြစ်အောင် လုပ်ပြခဲ့လို့ပါ။ ဒီနှစ် ဒီတောင်ကြီးကိုသာ သူတို့ ကျော်နိုင်ခဲ့ရင်တော့ ၁၉၉၀ နောက်ပိုင်း ဥရောပ ဆုနဲ့ ဝေးကွာနေတဲ့ ဥရောပ ဆုတစ်ခုရပြီး အကောင်းဆုံးရာသီတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဖိအိုရင်တီးနား အနေနဲ့ စီးရီးအေ မှာ အကောင်းဆုံး မပြနိုင်ပေမယ့် ကိုပါအီတလီယာ ဖလားမှာတော့ ဒုတိယ ဆု အရယူနိုင်ခဲ့ပါတယ်။ ဒီတော့ ကွန့်ဖရန့်လိဂ်ပြိုင်ပွဲမှာ အနိုင်ယူပြီး အီတလီက ကောင်တွေ ဆိုတာ ကျိုနဲ့ ကွဆိုပြီး ပြသနိုင်မလား ကြည့်ရပါမယ်။

၄.အေစီမီလန်

အေစီမီလန် အသင်းဟာ ဒီနှစ် ဆုလားတွေ မရပေမယ့် ကျန် အီတလီ အသင်းတွေထက်တော့ သာမယ်ထင်ပါတယ်။ မီလန် အနီဘက်ခြမ်းမှာ ကြယ်တွေစုံတဲ့ ညဖြစ်နိုင်မယ့် အရေးကို မီလန် အပြာဘက်ခြမ်းရဲ့ ဖြိုခွင်းမှုနဲ့ အတူ ပျက်စီးခဲ့ရပါတယ်။ ဒီနှစ်မှာ အေစီမီလန်အသင်းမှာ Rafael Leo , Brahim Diaz , Tonali စတဲ့ ကစားသမားကောင်းတွေ စင်မြင့် ရောက်ခဲ့ရပါတယ်။ ဖလားတွေမရခဲ့ပေမယ့် အထည်ကြီးပျက်အဖြစ်ကနေ မီလန် အနီကောင်တွေ ဘာလဲဆိုတာတော့ သက်သေပြနိုင်ခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။

နိဂုံးချုပ်အနေနဲ့ အီတလီ တခေတ် ပြန်လာ နိုင်မလားဆိုတာ လာမယ့် ဥရောပ ညချမ်းတွေ မှာ ကျနော်‌တို့ စောင့်မျှော်ကြည့်ရှု့လိုက်ရအောင်ဗျာ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon
YANGON